Jul 15, 2013

REPAIR DEAD BOOT SAMSUNG I9300,I9500,I337, N7100

REPAIR DEAD BOOT SAMSUNG I9300,I9500,I337, N7100
BY SPECIAL MEMORY CARD AND WITHOUT OPEN YOUR MOBILE

Samsung Galaxy S (How-To Unbrick *USB JIG Method*)

XDA JIG Links: http://forum.xda-developers.com/showt...

http://forum.xda-developers.com/showt...

http://forum.xda-developers.com/showt...

BlackBerry A10 (Aristo)ရဲ့ ဒီဇိုင်း

Image of the most powerfull ‘Berry”…
http://i-cdn.phonearena.com/images/articles/89363-image/BlackBerry-A10-Aristo.jpg
လက်ရှိ အချိန်အထိ BlackBerryက လျှို့ဝှက်ထားဆဲ ဖြစ်တဲ့ သူ့ရဲ့ မော်ဒယ်သစ်ဖုန်း A10ရဲ့ ဒီဇိုင်းပုံစံကို BGRက ဖော်ပြလိုက်တာ တွေ့ရပါတယ်။ အနည်းငယ်တော့ မှုန်ဝါးနေတဲ့ ဓါတ်ပုံ ဖြစ်နေပေမယ့် ဒီဇိုင်းသစ်ကို ပထမဆုံး မိတ်ဆက်လိုက်တာမို့ ထူးခြားမှု ရှိပြီး လူကြိုက်များနေတာ တွေ့ရပါတယ်။ ဖုန်းအသစ်ရဲ့ မျက်နှာပြင်ဟာ ၅လက်မ အရွယ် ဖြစ်ပြီး Dual Core Processorတပ်ဆင် အသုံးပြုထားမှာ ဖြစ်သလို သီးခြား GPUလည်း ပါဝင်မှာ ဖြစ်ပါတယ်။
Screen အမျိုးအစားမှာ AMOLEDဖြစ်ပြီး Resolutionနှုန်းမှာ 1280×720ရှိမှာ ဖြစ်တာကြောင့် Displayအပိုင်း အားနည်းချက် အနည်းငယ် ရှိမှာ ဖြစ်ပါတယ်။ BlackBerryရဲ့ ပြောကြားချက်အရတော့ လက်ရှိ ဈေးကွက်မှာ အောင်မြင်နေတဲ့ Z10ထက် ပိုမို အောင်မြင်မှု ရရှိလိမ့်မယ့်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ နောက်ပြီး BlackBerry 10 OSစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
Ref : http://www.businessinsider.com/blackberry-a10-2013-7 ,http://www.myanmarict.com/news/design-of-new-blackberry-a10-aristo/#.UePU-azzOJQ

Huawei Service Center ကို ထပ်မံဖွင့်လှစ်သွားရန်ရှိ

မြန်မာနိုင်ငံတွင် ပထမဦးဆုံး Huawei Show Room ဖွင့်ပွဲကို ဒီနေ့ မနက် ၁၀နာရီက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ထဲက ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေး ကွန်ဒိုတွင် ဖွင့်လှစ် ကျင်းပခဲ့သည်။ ဖွင့်လှစ်သည့် Show Roomတွင် Huawei Handset မျိုးစုံအပြင် Media Padနှင့် Mobile Broad Bandများကိုလည်း ရရှိနိုင်ပြီး အဆိုပါ Show Room ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဖွင့်ပွဲနေ့တွင် ဝယ်ယူ အားပေးကြသူများကို Huawei Media Pad, C8813နဲ့ Y 300တို့အပြင် အခြား ဆုမဲများကိုလည်း မဲဖောက် ပေးခဲ့သည်။ အဆိုပါဆိုင်တွင် မေလ ၅ရက်နေ့က စတင်ကာ ၁၂ရက်နေ့အထိ ဝယ်ယူအားပေးသူများကို အထူး လက်ဆောင်များ စီစဉ်ထားကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောဆိုကာ Huawei Handsetများကို ဝယ်ယူအားပေးကြသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် Huaweiမှ Distributorများနှင့် ပူးပေါင်းပြီး Branded Shop ဆိုင် ၂၀ကျော်နဲ့ Service Centerများကိုလည်း မကြာမီ ကာလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ 
Ref & Credit  => http://www.myanmarict.com/news/open-again-huawei-service-center/#.UePQ7qzzOJQ

အိမ်ရာဝယ်ယူလိုသူများအတွက် အများပိုင် အိမ်ရာဘဏ် ဇူလိုင် ၁၅တွင် ဖွင့်မည်

public housing
forumblog.org
ရန်ကုန်မြို့တော်တွင် လူဦးရေ တိုးတက်မှုနှုန်း မြင့်မားလျက်ရှိရာ အခြေခံ ပြည်သူများ၏ အိမ်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အိမ်ရာဘဏ်ကို ဇူလိုင် ၁၅ရက်တွင် ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန၊ အိမ်ရာဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ဇူလိုင် ၁၂တွင် စံတော်ချိန်သို့ ပြောကြားသည်ဟု သိရသည်။အဆိုပါ ဘဏ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ရန်ုကုန်မြို့၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန အဆောက်အဦး၏ မြေညီထပ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အစုရှယ်ယူများကို ထုတ်ရောင်းကာ အများပိုင်ဘဏ်အဖြစ် ရပ်တည်သွားမည်ဟု ဆိုသည်။
“အဓိက ဒီဘဏ်ဖွင့်လှစ်တော့ ပြည်သူလူထုရဲ့ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ဆောက်လုပ်ရေးကဆောက်တဲ့ အိမ်ရာထပ်ယူလိုတဲ့ ပြည်သူတွေကို အရစ်ကျစနစ်နဲ့ ၀ယ်နိုင်အောင် ကူညီဖို့အတွက်ပါ။ အိမ်ရာဝယ်လိုတဲ့သူတွေအနေနဲ့ ဒီဘဏ်မှာ ဘဏ်စာရင်းတစ်ခု အရင်ဆုံး ဖွင့်ထားဖို့ လိုပါတယ်။ အခု လက်ရှိ အကောင်အထည်ဖော်နေတဲ့ ဧရာဝဏ်၊ ရတနာစတဲ့ တန်ဖိုးသင့်အိမ်ရာတွေ စတင်ရောင်းချတဲ့အခါ ဒီဘဏ်မှာ လျှောက်လွှာတင်ပြီးတော့ ၀ယ်ယူနိုင်မှာပါ” အိမ်ရာ ညွှန်ကြားရေးမှူးက ပြောကြားသည်။
တန်ဖိုးသင့်အိမ်ရာများ ရောင်းချပေးမည့်စနစ်တွင် ကိုယ်ပိုင်ဝင်ငွေရှိသူများ၊ လက်ရှိ အစိုးရ၀န်ထမ်း (သို့မဟုတ်) အငြိမ်းစား၊ ကုမ္ပဏီဝန်ထမ်း (လက်ရှိ)နှင့် ပြည်သူလူထုဟူ၍ သုံးမျိုးခွဲခြားထားကြောင်း၊ အိမ်ရာဝယ်ယူလိုသူများသည် ၀ယ်ယူခွင့် ရရှိပြီးပါက အိမ်ရာတန်ဖိုး၏ သတ်မှတ်ရာခိုင်နှုန်းအလိုက် ပထမအရစ်ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေများကို ဘဏ်စာရင်း (သို့) အရစ်ကျ လစဉ်ပေးသွင်းသွားရမည် ဖြစ်သည်။
ထို့အတူ အိမ်ရာဘဏ်ကို အများပိုင် ဘဏ်အဖြစ် ရပ်တည်သွားမည်ဖြစ်ရာ အစုရှယ်ယူတစ်ခုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် လူတစ်ဦးလျှင် အများဆုံးအစုရှယ်ယာ အရေအတွက် တစ်သိန်းအထိ ၀ယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း သိရပါသည်
 Ref & Credit  => http://www.myanmarict.com/news/public-housing-bank-for-who-want-to-bought-home-will-be-open-at-july-15/#.UePTyazzOJQ

HTC One ဖုန်းအသစ်ရောင်းချပွဲ

HTC Onethenextweb.com
HTC ၏ Zoe နည်းပညာ ထည့်သွင်းထားသော HTC One မိုဘိုင်းလ်ဖုန်းအသစ် ဖြန့်ချိရောင်းချသည့်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ Junction Square တွင် ဇူလိုင် ၁၄ရက် နံနက် ၉နာရီ တွင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ HTC One ဖုန်းအသစ်ကို ပထမဦးဆုံး ဝယ်ယူအားပေးသည့် အလုံး၃၀၀ အား Discount ဖြင့်ရောင်းချပေးမည် ဖြစ်ပြီး  လက်ဆောင်များလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် Celebrities အနုပညာရှင်များက Performance များဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကာ ပျော်ပွဲရွှင်ပွဲများလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Ref & Credit  => http://www.myanmarict.com/news/new-htc-one-promotion-show/#.UePTu6zzOJQ

ဆက်သွယ်ရေး ဗိုလ်လုပွဲအလွန်




Written by  Reported by ရဲရင့်အောင် Written by ခွန်းသု

သိလိုနေကြသော လုပ်ငန်းနှစ်ခု၏ အမည်နာမများကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ နော်ဝေ အခြေစိုက် Telenor နှင့် ကာတာ အခြေစိုက် Ooredoo (အူရီဒု)။ သူရဦးရွှေမန်း ခေါင်းဆောင်သော ပြည်သူ့လွှတ်တော်နှင့် ဆက်သွယ်ရေးဆိုင်ရာ အငြင်းပွားဖွယ်ရာ ကိစ္စရပ် အချို့အကြား ကမ္ဘာ့ ခေတ်အနောက်ကျဆုံး ဆက်သွယ်ရေးစနစ် ပိုင်ဆိုင်ထားသော မြန်မာဈေးကွက် သို့ဝင်ရန် ယင်းကုမ္ပဏီနှစ်ခု၏ အမည်ကို တင်ဒါကော်မတီက ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကြေညာလိုက်ခြင်း ဖြစ်သည်။
လုပ်ပိုင်ခွင့် သက်တမ်းကို ၁၅ နှစ် ချထားပေးပြီး ယင်းကုမ္ပဏီနှစ်ခု သတ်မှတ်ချက်အတိုင်း တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်ပါက အစားထိုးနိုင်ရန် ပြင်သစ် Orange ကုမ္ပဏီနှင့် Marubeni တို့ကိုမူ အရန်အဖြစ် ရွေးချယ်ထားသည်။

ဘယ်လိုရွေးသလဲ


မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့များ ပေးလျက်ရှိသော နော်ဝေနိုင်ငံ၏ ရှယ်ယာ ထက်ဝက်ကျော် ပိုင်ဆိုင်ထားသော Telenor နှင့် အာရပ်ကမ္ဘာမှ ကာတာ အစိုးရပိုင် Ooredoo တို့ကို ချထားပေးမှုကြောင့် တင်ဒါကြေညာချက် ထုတ်ပြန်ပြီးနောက် လူထုအကြား စောကြောမှုများစွာ ရှိလာခဲ့သည်။
သို့သော် တင်ဒါကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ယင်းကိစ္စများနှင့် တင်ဒါ ရွေးချယ်မှု ဆက်စပ်မှု မရှိကြောင်း ရှင်းလင်း ပြောဆိုသည်။
“(ရွေးချယ်ရာမှာ) အကူအညီရယ်၊ အစိုးရချင်း ဆက်ဆံရေးရယ်၊ ဘာသာရေးရယ်ကို လုံးဝထည့်မတွက်ဘူး” ဟု ၎င်းက ဆိုသည်။
အမြင်ရှုထောင့် ဒိုင်မန်းရှင်း ရှစ်မျိုး၊ စံသတ်မှတ်ချက် နှစ်ရာကျော်ဖြင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ကို စိစစ်ရွေးချယ်ခြင်း ဖြစ်ပြီး အသေးစိတ်ကို မကြာမီ ရှင်းလင်း ထုတ်ပြန်သွားမည် ဖြစ် ကြောင်း ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း တင်ဒါခေါ်ယူရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ရှင်းပြသည်။
“အပြင်မှာ Marketing တွေ ဘယ်လိုလုပ်လုပ်၊ ဘယ်လို ကတိတွေပေးပေး အဲဒါတွေကို မူတည်ပြီး ရွေးတာ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့ပဲ လုပ်သွားတာ” ဟု သူကဆိုသည်။
အဆိုပါ ကုမ္ပဏီများသည် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် တပ်မတော်ပိုင် MEC Tel တို့ ပူးပေါင်းထားသည့် Myanmar Telecom၊ ပြည်တွင်းတွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများ စုပေါင်းထားသော ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီ တို့နှင့် လူဦးရေ သန်း ၆၀ ကျော်ရှိသော နိုင်ငံအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုတိုက်ပွဲ ဆင်နွှဲရတော့မည် ဖြစ်သည်။
ပြည်တွင်းတွင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲရန် ပြင်ဆင်နေသော ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့အတွက် ကြီးမားသော စိန်ခေါ်မှုလည်း ဖြစ်သည်။
မြောက်ဥက္ကလာပ မြို့နယ်မှ အသက် ၃၀ အရွယ် လခစား ဝန်ထမ်းတစ်ဦး ဖြစ်သူ ကိုဖြိုးဝေဦး အတွက်မူ မည်သည့်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရသည် ဖြစ်စေ ကိစ္စမရှိ။
“အဓိကကျတာက ဖုန်းဈေးနှုန်း သက်သာဖို့ရယ်။ ခေါ်ဆိုခတွေလည်း သက်သာဖို့ရယ်ပဲ” ဟု ၎င်းကဆိုသည်။
သူစိုးရိမ်နေသကဲ့သို့ မြန်မာနိုင်ငံတွင် ကမ္ဘာ့အံ့ဖွယ် ဖုန်းကတ်ဈေးနှုန်းကား ဖြစ်စရာမရှိတော့။ မည်သည့် ကုမ္ပဏီ၊ လုပ်ငန်းက ဖုန်းပြောဆိုခ အသက်သာ အကြည်လင်ဆုံး၊ ဝန်ဆောင်မှု အကောင်း ဆုံး ပေးနိုင်ဆိုမည်ကိုသာ စောကြောရဖွယ် ရှိသည်။
တင်ဒါဝင်ရောက် ယှဉ်ပြိုင်စဉ်က ကုမ္ပဏီအချို့က ဝန်ဆောင်မှုလုပ်ငန်း လုပ်ခွင့်ရလျှင် ကျသင့်မည့် ဖုန်းပြောခ နှုန်းထားကို ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ယခု တင်ဒါအောင်ထားသည့် ကုမ္ပဏီများ ကမူ ကြိုတင် ပြောဆိုထားခြင်း မရှိသေးပေ။

Telenor - ဘယ်လိုဝန်ဆောင်မှုပေးမလဲ


နော်ဝေအစိုးရ၏ ရှယ်ယာ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော Telenor ကုမ္ပဏီက လူတိုင်း မိုဘိုင်းလ်လ်ဖုန်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လွယ်ကူအဆင်ပြေ သက်သာစွာ ကိုင်ဆောင် သုံးစွဲခွင့် ရရှိစေရ မည်ဟု ကတိပေးထားသည်။
အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ရှိ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား အစရှိသော နိုင်ငံတို့တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံတွင် မြန်မာဘာသာ၊ မွန်ဘာသာတို့ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးခြင်းနှင့် Call Center များဖြင့် ဝန်ဆောင်မှု ပေးခြင်းတို့ ဆောင်ရွက်နေသည်။
“လက်ရှိ ပြဿနာတွေကို ဖြေရှင်းပြီး ဘယ်လို လုပ်ရကိုင်ရမယ် ဆိုတာကို သိပြီးသား ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အတွက်လည်း ဒီလိုလုပ်ဆောင်ပေးနိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မိုဘိုင်းလ်လ် ဆက်သွယ်ရေးကြာင့် လူတွေ အကျိုးအမြတ်ရအောင် ကူညီချင်ပါတယ်” ဟု Telenor OuuX Jon Fredrik Basksaas နေပြည်တော်တွင် ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် The Voice နှင့် သီးသန့် တွေ့ဆုံစဉ် ပြောကြားထားသည်။
တစ်နိုင်ငံလုံး တာဝါတိုင် တစ်သောင်း စိုက်မည်။ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ကမ္ဘာ့အဆင့်မီရန် မြန်နှုန်းမြင့် မိုဘိုင်းလ်ဖုန်း အင်တာနက်စနစ် HSPA နှင့် LTE (4G) နည်းပညာများကို အသုံးပြုသွားမည်ဟု တင်ဒါ အောင်မြင်ပြီးနောက် Telenor က ကြေညာခဲ့သည်။
မိုဘိုင်းလ် ကွန်ရက်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် စီစဉ်ထားပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီမှ ဇွန်လ) အတွင်း စတင်ဖြန့်ဖြူး ရောင်းချနိုင်သွားမည်ဟု ဆိုသည်။
ဝန်ထမ်း ခန့်ထားရန်နှင့် ရေရှည် မွေးထုတ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တယ်လီနော်ပိုင် dtac ကုမ္ပဏီ သင်တန်းကျောင်းတွင် မြန်မာ သင်တန်းသားများ လက်ခံသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံသား အများစုကို အလုပ်အကိုင် ဖန်တီးပေးမည် ဖြစ်ကြောင်း မြန်မာနှင့် လိုက်ဖက်သော ကုမ္ပဏီ အမည်တစ်ခု ထပ်ပေးမည်ဆိုသည့် Telenor က ဆိုသည်။
ထိုင်းတွင် dtac ဟု အမည်တပ်ထားသည်။
သို့သော် dtac က ထိုင်းနယ်မြို့များတွင် လိုင်းမကောင်း။ ပြတ်တောင်းပြတ်တောင်း ဖြစ်လေ့ရှိကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တက္ကသိုလ်ကျောင်းသူ တစ်ဦးက ပြောကြားသည်။ “dtac က မြို့ပေါ်မှာ လိုင်းကောင်းတယ်” ဟု ၎င်းကဆိုသည်။

Ooredoo ဘာလုပ်မလဲ


ယခင် Q tel နှင့် Qatar Telecom အမည်ရခဲ့သော Ooredoo မှာ ကာတာ နိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး ကာတာနိုင်ငံ ဒိုဟာတွင် အခြေစိုက်သည်။
ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံ ရှိပြီး လက်ရှိဝန်ဆောင်မှု သုံးစွဲသူ ၉၁ သန်းကျော် ရှိကြောင်း Ooredoo က တင်ဒါအောင်ပြီးနောက် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စကာတင်စာရင်း ဝင်ခဲ့သော်လည်း အခြားဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ မဟုတ်ဘဲ တချိန်လုံး တိတ်ဆိတ်နေခဲ့သော အာရပ် ကမ္ဘာ့အခြေစိုက် Ooredoo မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တင်ဒါ အောင်ပြီးနောက် “အလွန်အမင်း စိတ်လှုပ်ရှား” နေကြောင်း ဆိုခဲ့သည်။
Ooredoo ၏ ပြည်တွင်းပြည်ပ အတွေ့အကြုံများနှင့် ဗဟုသုတများကို မြန်မာနိုင်ငံအတွင်း ယခင်နှင့် မတူသော မိုဘိုင်းလ်ကွန်ရက် အသစ်တစ်ခုကို ဖန်တီးပြီး သုံးစွဲသူများထံ လွယ်ကူပြီး ဆန်းသစ် သောအရာများ ပို့ဆောင်ပေးရေး ထိရောက်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Telenor နောက် အတန်ငယ် နောက်ကျမှ ထုတ်ပြန်ခဲ့သော သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ooredoo ၏ ရင်းနှီးမြုပ်နှံမှုမှ တဆင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည့်အပြင် ၎င်းနှင့် ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်း ဖြန့်ချိရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသော နယ်ပယ်များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်း မြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။
“လူသားတွေရဲ့ လူမှုဘဝတွေ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးမှာ ဖြစ်လို့ မြန်မာနိုင်ငံဟာ Ooredoo ရဲ့ အဓိကဈေးကွက် ဖြစ်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်” ဟု Ooredoo ၏ ဥက္ကဋ္ဌ Mr.Sheikh Abdullah Bin Mohammed Bin Saud Al-Thani က မြန်မာဈေးကွက်တွင် လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ပြီးချိန်တွင် ပြောဆိုသည်။
အဆိုပါ ကုမ္ပဏီသည် နာမည်ကျော် အင်တာနက် ဖုန်းခေါ်ဆိုမှု Software များကို VOiP နှင့် Skype ကဲ့သို့သော ဝန်ဆောင်မှုများကို ပိတ်ပင် တားမြစ်ဖူးကြောင်း Wikipedia တွင် ဖော်ပြထားသည်။ Ooredoo ကို ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေ အများဆုံး အင်ဒိုနီးရှားနိုင်ငံတွင် အဓိက အသုံးပြုသည်။

မြင်းလေးကောင်နှင့် မြန်မာ့အနာဂတ်


ကြော်ငြာအားကြောင့် မြန်မာလူထုအကြား ရေပန်းစားခဲ့သော Digicel ကမူ တင်ဒါမအောင်ခဲ့သည့် အတွက် စိတ်ပျက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Myanmar Telecom ငွေ၊ အရင်းအနှီးနှင့် နည်းပညာ ချို့တဲ့ဆဲ ဖြစ်သောကြောင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ လက်ခံသွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်ဟိန်းက ဆိုထားရာ တင်ဒါလက်လွှတ်ခဲ့ရသော ကုမ္ပဏီများ အနေနှင့် တင်ဒါလုပ်ပိုင်ခွင့်ရ ကုမ္ပဏီလေးခုအနက် တစ်ခုခုဖြင့် ချိတ်ဆက် လုပ်ကိုင်ရန် ကြိုးစားဖွယ်ရှိသည်။
ယခုအချိန်ထိတော့ မြန်မာနိုင်ငံရှိ တယ်လီဖုန်း သုံးစွဲနှုန်း သိပ်သည်းဆသည် အာဆီယံနိုင်ငံများတွင် ‘ဘိတ်ချီး’။ တစ်နိုင်ငံလုံး လူဦးရေ၏ ၉ ရာခိုင်နှုန်းသာ ရှိသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီလေးခုသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ ၃၉ သန်းခွဲ ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ သန်းခွဲ တပ်ဆင်ပေးရမည် ဖြစ်သည်။
တစ်နည်းဆိုရသော် ပြည်တွင်း ကုမ္ပဏီနှစ်ခုနှင့် ပြည်ပကုမ္ပဏီနှစ်ခု စုစုပေါင်း မြင်းလေးကောင်ဖြင့် လင်းပွင့်စ မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ တိုးတက်ရေး ဆက်သွယ်ရေး ကွန်ရက်ဖြင့် ဆွဲတင်နိုင်ရမည် ဖြစ်သည်။
သူမကြား၊ ကိုယ်မကြား ဆက်သွယ်ရေးစနစ်ဖြင့် နှစ်ပေါင်းများစွာ စခန်းသွားခဲ့ရသော မြန်မာပြည်သူများ၏ မျှော်လင့်ချက်ကို ဆွဲတင်ပေးရမည် ဖြစ်သည်။
“ပြည်သူတွေ ဈေးနှုန်းသက်သာစွာ သုံးနိုင်မယ်။ ပြည်သူတွေစိတ်ကြိုက် ရွေးချယ်သုံးစွဲနိုင်မယ်။ ဖုန်းသုံးစွဲမှု မြင့်တက်ရင် GDP တက်မယ်” ဟု တပ်မတော်(လေ) ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးမြတ်ဟိန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရေး တစ်ကမ္ဘာလုံးရှိ ထိပ်သီးလုပ်ငန်းများနှင့် ကျားကုတ်ကျားခဲ ယှဉ်ပြိုင် လုပ်ပိုင်ခွင့် ရရှိခဲ့သော Telenor နှင့် Ooredoo တို့ လုပ်ပိုင်ခွင့် ရရှိသည်နှင့် ၎င်းတို့ပေးအပ်မည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မြန်မာပြည်သူများကို ယေဘုယျ ကတိကဝတ်ပြု ပြောဆိုပြီး ဖြစ်သည်။
သို့သော်မည်သို့မျှ အားထုတ်ရန် မလိုဘဲ အရန်သင့် လုပ်ပိုင်ခွင့် တစ်နေရာစီ ရရှိပြီး ဖြစ်သည့် ပြည်တွင်း ကုမ္ပဏီနှစ်ခု ဖြစ်သည့် Myanmar Telecom နှင့် ရတနာပုံ ဆက်သွယ်ရေး ကုမ္ပဏီတို့မှာမူ တုပ်တုပ်မျှ မလှုပ်သေးပေ။ ကုမ္ပဏီများစတင် အခြေတည်စ ရှိသေးသည်။
တင်ဒါအောင်သည့် ပြည်ပကုမ္ပဏီများတွင် ပြည်တွင်း ဖက်စပ်ကုမ္ပဏီများ မပါရှိသည့်အတွက် ‘ပြည်တွင်းနည်းဖြင့် လူလည်ကျ ခံရနိုင်ချေ’ နည်းသည့်အတွက် ပိုမိုဝမ်းမြောက်ကြောင်း ဆိုလာသူမှာ ရန်ကုန် အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သူ ဦးသက်နိုင်က ဖြစ်သည်။
“ဝန်ဆောင်မှုခြင်း အရမ်းကွာ၊ ပြောခချင်း အရမ်းကွာနေရင်တော့ အခုသုံးနေတဲ့ ဖုန်းကတ်ကို နောက်ဖေးမြောင်းထဲက ကန်စွန်းခင်းထဲ လွှင့်ပစ် လိုက်တော့မယ်” ဟု လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ WCDMA ကို လက်ရှိ သုံးစွဲနေသူ ၎င်းက ဆိုလေသည်။
Ref & Credit  =>thevoice

Facebookက Toolအသစ် တစ်ခုဖန်တီး

Facebook’s new Adress : 1601…
http://mirolta.com/wp-content/uploads/2011/12/facebook-hq-menlo-park.jpg
ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက အမေရိကန် နိုင်ငံ ဗာဂျီးနီးယားမှာ Facebook Accountတွေ အတိုက်ခိုက်ခံခဲ့ရတာ မှတ်မိသေးရဲ့လားဗျာ။ Facebookရဲ့ တာဝန်ရှိသူတွေက CPU Utilizationကို ရာနှုန်းပြည့်သုံးပြီး ဖြေရှင်းလိုက်တော့ ပြေလည်သွားခဲ့တာလေ။ ဒီဖြစ်ရပ်ကြောင့်လဲ Software အင်ဂျင်နီယာတွေက ပိုမိုကောင်းမွန်တဲ့ စနစ်တစ်ခုကို ထပ်မံလုပ်ဆောင်ဖို့၊ လိုအပ်ရင် ပူးပေါင်း လုပ်ဆောင်မှုတွေ လုပ်ဆောင်ဖို့ တိုင်ပင်ဆွေးနွေး လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီထဲမှာ အသစ်လုပ်ဆောင်မယ့် Toolသစ်ဟာ ပြင်ပ သတင်း အချက်အလက်တွေ ဖြစ်တဲ့ အပူချိန်တွေ၊ စွမ်းအင် သုံးစွဲမှုတွေ၊ CPU, Storageနဲ့ Memoryအကြောင်းတွေကို Accountထဲထိအောင် ဆွဲခေါ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကလဲ Facebookဟာ သူ့ရဲ့ Data Center Infrastructure Management (DCIM)အကြောင်း ထုတ်ပြန်ကြေညာထားခဲ့ပြီး အဆိုပါ စနစ်သစ်ဟာ Dataတွေကို စုစည်းမှုဆိုင်ရာတွေ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Toolအသစ်ဟာ နည်းလမ်းနှစ်မျိုးနဲ့ သုံးစွဲသူတွေကို ကူညီပေးနိုင်မှာ ဖြစ်ပြီး အင်ဂျင်နီယာတွေ အတွက် အချိန်ကုန် သက်သာစွာ လုပ်ဆောင်ဖန်တီးနိုင်မှာ ဖြစ်ကြောင်းနဲ့ ယခင်က ၁၂နာရီကြာအောင် လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်တွေကို နာရီဝက်နဲ့ပြီးအောင် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Facebookဟာ အဆိုပါ Toolအသစ်ကို လာမယ့် ဇန်န၀ါရီလလောက်မှ အသုံးပြုနိုင်အောင် ဖန်တီးသွားမယ်လို့ သိရပြီး လူအများသုံးစွဲနိုင်အောင်လည်း ဖြန့်ချိမှုများ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သုံးစွဲသူများဘက်ကလည်း အဆိုပါToolအသစ်နဲ့ ပတ်သက်ပြီး အတွေးအခေါ်ဆိုင်ရာ အကြံပြုချက်များ ပေးနိုင်ကြောင်း ကုမ္ပဏီက ကြေညာထားတာလည်း တွေ့ရပါတယ်။
Ref : http://gigaom.com/2013/07/12/facebook-builds-a-tool-to-manage-data-on-both-facilities-and-servers/ , myanmarict

ရန်ကုန်တက္ကသိုလ်တက်ရန် ပုံမှန်ဝင်ခွင့် လျှောက်ထားသည့်အတိုင်း လျှောက်နိုင်


Yangon University
www.thithtoolwin.com
ရန်ကုန်တက္ကသိုလ် ပုံမှန်သင်တန်းများကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ရာ နည်းပညာတက္ကသိုလ်ကဲ့သို့ တိုက်ရိုက်လျှောက်ထားရန် မလိုဘဲ ပုံမှန်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသည့်အတိုင်းသာ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန် တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက “တက္ကသိုလ်ဝင်လျှောက်တဲ့အတိုင်းသာ လျှောက်ရမှာပါ။ ဘာမှ ထူးချွန်ပြီး မလုပ်ထားဘူး။ သတ်သတ်ကြီး လျှောက်ရမယ်ဆိုတာ မဟုတ်ပါဘူး။ တက္ကသိုလ်ဝင် လမ်းညွှန်စာအုပ်ထွက်ပါလိမ့်မယ်။ အဲဒီမှာ ပါတဲ့အတိုင်း လျှောက်ရမှာပါ။ တချို့တက္ကသိုလ် ကောလိပ်တွေကတော့ သတ်သတ်လျှောက်ရတာ ရှိပါတယ်”ဟု ပြောသည်။
ယခင်က ရန်ကုန်တက္ကသိုလ် (ပင်မ)အား ဒီပလိုမာ သင်တန်းများနှင့် ဘွဲ့လွန်ဂုဏ်ထူးတန်းများသာ သင်ကြားပေးရာမှ ယခု ပညာသင်နှစ်မှစ၍ ပုံမှန် သင်တန်းများ စတင် ဖွင့်လှစ်တော့မည် ဖြစ်ပြီး နည်းပညာတက္ကသိုလ်၊ စစ်တက္ကသိုလ်များနှင့် အချို့ဝန်ကြီးဌာနများ လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်များမှာ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသည့် (သထုံလမ်း)အတိုင်း မဟုတ်ပဲ သီးသန့် လျှောက်ထားရမည် ဖြစ်ပါသည်။
သတ်မှတ်ချက်များ အနေဖြင့် သိပ္ပံဘာသာရပ် ခုနှစ်ခုက စုစုပေါင်း ၇မှတ် ၄၉၀၊ နိုင်ငံတကာ ဆံဆက်ရေး၊ ဥပဒေပညာ၊ နိုင်ငံရေးသိပ္ပံ၊ မြန်မာစာက စုစုပေါင်း ၄၇၀မှတ်၊ ကွန်ပျူတာသိပ္ပံက ရမှတ်ပေါင်း ၄၈၀မှတ်၊ ပထဝီ၊ သမိုင်း ဆိုသည့် ဝိဇ္ဇာဘာသာများက ၄၃၀မှတ်၊ အင်္ဂလိပ်စာက အမြင့်ဆုံးဖြစ်ပြီး၊ စုစုပေါင်း ၅၀၀မှတ် သတ်မှတ်ထားကြောင်း ထူးချွန်ကျောင်းသားများအတွက် သီးသန့် ၁၅ဦး အနေဖြင့် သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ် တက်ရောက်မည့် နယ်မှ ကျောင်းသားများအား အဆောင်များ နေထိုင်ရန် အဆင်ပြေပါက အဆောင်ပေးနေခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် မည်သည့်ဘာသာရပ်မျိုးဖြင့် အောင်မြင်သည်ဖြစ်စေ၊ ဘာသာတွဲများမှ ရမှတ်အပေါ် အခြေခံကာ သတ်မှတ်ချက်များနှင့် အညီ ဝင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
 Ref & Credit  => myanmarict

Facebook မှာ ကို Like ထားတဲ့ Page တွေ ဖွက်ထားနည်း


အသိတစ်ယောက်က အခုလို လုပ်ချင်နေတာနဲ့  လုပ်ပေးကြည့်လိုက်တာ မိုက်တယ်ဗျ

ဟုတ်တော့ဟုတ်တယ်နော ။ ကိုယ့်သူငယ်ချင်းက  မိန်းကလေးတစ်ယောက်ဖြစ်တယ်

သူ့ စာမျက်နှာသွားပီးကြည့်လိုက်  သူ like လုပ်ထားတဲ့ဟာတွေက Sexy Page တွေ

ကိုယ့်သဘောနဲ့   ကိုယ်ဆိုပေမယ့်လည်း  သူများမြင်တော့ မကောင်းဘူးထင်ပါတယ်

Like လုပ်တယ်ဆိုတာကကိုယ်သဘောကျ ကြိုက်နှစ်သက်တဲ့  Page ကိုပဲ လုပ်တာ

ဒါနဲ့ ကျနော်လည်း  သူငယ်ချင်းတွေဆီလျှောက်သွားပီး ဘယ်သူက  ဘယ်လိုဟာတွေ

Like လုပ်ထားလဲကြည့်ကြည့်တယ် ။ စပ်စုကြည့်တာပေါ့  အခုတော့   စပ်စုမရအောင်

ကျနော်ပိတ်ထားလိုက်တယ် ။ ဒါဆို အခုကျနော့စာမျက်နှာလာကြည့် မမြင်ရတော့ဘူး

ကျနော်   ဘယ်လိုဟာတွေ   Like လုပ်ထားလဲ  သူများကြည့်မရတော့ဘူး  ဖွက်ထားပီ


တိတ်တိတ်လေးနဲ့  ဖလမ်းဖလမ်းထတာပေါ့ ။ ဆိုတော့ကာ  သူငယ်ချင်းတွေထဲမှာလဲ


အခုလို ဖျောက်ထားချင်တယ် သူများကိုမသိစေချင်ဘူးဆိုရင်   ဖွက်ထားလိုက်ကြပေါ့


ကိုယ့်သူငယ်ချင်း ဘယ်သူတွေဆိုတာမသိစေချင်ရင် ကိုယ့်သူငယ်ချင်းဘယ်လောက်


မသိစေချင်ရင်လည်း  ဖျောက်ထားလို့ ရတယ် လျှိုဝှက်သိုသိပ်စွာ နေထိုင်းနည်းလေး


တစ်မျိုးပါပဲ ။ တချို့ ကောင်မလေးတွေ  Sexy Page တွေ  အများကြီး Like တယ်ဗျ


ပြောတော့ မပြောပါဘူး  ။  ဘယ်သူတွေ ဘာ Like လည်း   ပတ်မွှေကြည့်လိုက်တာ


ကဲ ..အမွှေမခံချင်  ၊ သူများမသိစေချင်ရင်  ဖျောက်ထားလိုက်တော့   အေးဆေးပါပဲ


1 - like ထားတဲ့ဟာတွေရဲ့ ညာဘက်အပေါ်နားမောက်စ် တင်ပီးနှိပ်လိုက်



2 -  Edit Privacy ထဲဝင်ပီး အကုန်လုံး Only me ပြောင်းပေးလိုက်ရင်ရပြီ

http://www.zwmnna.com/2013/06/facebook-liked.html ,http://www.aungkyaw.net/2013/07/facebook-liked.html

System Control Pro


Android Phone,Android Tablet အသုံးပြုသူများအားလုံး မရှိမဖြစ်လိုအပ်မယ့်Application လေးဖြစ်ပါတယ်..CPU ကို Control ပြုလုပ်နိုင်တာကြောင့် မိမိတို့ရဲ့ Device ကို လေးလန်ခြင်းမရှိအောင်ပြုလုပ်နိုင်တာပေါ့ဗျာ
Move To SD စနစ်ကိုလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်…
မလိုအပ်တဲ့ Cache တွေကိုရှင်းလင်းပေးပါတယ်

 
Reboot Options အနေနဲ့
Reboot
Recovery
Download
Bootloader
Shutdownအစရှိတာတွေပါဝင်ပါသေးတယ်
CPU info,Memory info တွေကိုလဲ ပြည့်စုံစွာမြင်ရမှာဖြစ်တဲ့ အတွက်ကြောင့်
ကဲ…ဒီလောက်အသုံးဝင်တဲ့ Application ကို သုံးသင့်တယ်လို့ မထင်ဘူးလား
ဆိုက်ကလဲဘာမှမရှိပါဘူး သေးသေးလေးပါလိုခြင်တယ်ဆိုရင်တော့ အောက်ကလင့်မှာဒေါင်းပါဗျာ….
 Screenshots:





 အသုံးသင်တဲ့Features တွေကတော့ အများကြီးကျန်ပါသေးတယ် ဒေါင်းပြီးသုံးကြည့်လိုက်ပါ ထူးခြားတာကို တွေ့မြင်ရမှာပါ

Click Here To Download>>>System Control Pro
Ref & Credit  => http://www.aungkyaw.net/2013/07/android-system-control-pro-300kb.html

အားလုံး အတွက် 2013 ထုတ် တရုတ် သိုင်းကား ကောင်းကောင်းလေး မျှ ဝေပေးလိုက်ပါတယ်--
IP Man ဇာတ်ကားတွဲ တွေထဲမှာမှ နောက်ဆုံး ထွက် အကြည်ဖြစ်ပါတယ်-- 1.1GB ရှိပါတယ်--
အခုတော့ မူရင်း ရလာပါ ပြီ-- အသံက  ရုပ်ရှင်ရုံ Dolby Digital အဆင့် ဖြစ်ပါတယ်-- ရှာမှ ရှားတဲ့ ကားတစ်ကားပါပဲ-- အောက်ပါလင့်မှာ Download ရယူနိုင်ပါတယ်-
Subtitle ကို လဲ တချို့ Bro တို့က လိုချင်တယ် ပြောလို့ တပါးထဲ ရှာကြံ ထည့်ပေးလိုက်တယ် နော်--

Genre:  Action | Biography | Drama
Quality: good HDRip
Format:mkv Size:1.1GB
Ratings: 5.8/10
Country:  Hong Kong
Language:  Cantonese
Subtitle :available
Stars:  Jordan Chan, Eric Tsang, Anthony Wong Chau-Sang

Review >> In postwar Hong Kong, legendary Wing Chun grandmaster Ip Man is reluctantly called into action once more, when what begin as simple challenges from rival kung fu styles soon draw him into ...

Preview >>


Password တောင်းလျှင် www.fullpremiumnowfree.com ကိုထည့်ပေးရမည်

For download Subtitle, Click Here !

To Download From FileDap >> Click Here !
[FileDap က နေ မဒေါင်းဖူးရင် ဒေါင်း ဖို့ အရင် ဒီမှာဒေါင်းနည်း ကို ကြည့်ပေးပါ]

အခြားလင့်တွေကတော့ လိုချင်မှပဲ ထပ်တင်ပေးပါ တော့မယ်- တင်ရတာ အဆင်မပြေလို့ပါ--
လိုချင်သေးရင်တော့ www.FullPremiumNowFree.com မှာ လာရောက် တောင်းခံနိုင်ပါတယ်--


Download Link Provider >> www.FullPremiumNowFree.com << No.1 Premium Movie Sharing Site In Myanmar.
 Ref & Credit  => http://www.aungkyaw.net/2013/07/download-movie-ip-man-final-fight-2013.html


Man Of Steel 2013 အကြည်ရလာပါပြီ။ DVDrip နဲ့ Webrip အနေနဲ့တော့ မထွက်သေးပါဘူး။ အခုတင်ပေးမဲ့ ကောင်လေးက ရုံ ခိုး ကူးမဟုတ်ပါဘူး။ Line R6, Good TS အဆင့်ရှိတဲ့ ကောင်လေးပါ။
Man Of Steel Movie အတွက် Dollar ပေါင်း million ကျော် အကုန်ခံရိုက်ထားတယ်လို့လည်း သိရပါတယ်-- Effect ကောင်းကောင်းနဲ့ Sci-Fi ကားလေး တစ်ကားပါ--
Line R6, Good TSအဆင့်ရှိတဲ့ ကောင်လေးပါ။
ဒေါင်းပြီးကြည့်မယ်ဆိုလဲ ဒေါင်းရကျိုးနပ်တာကို တွေ့မြင်ရမှာပါ--


Genres: Action | Adventure | Fantasy | Sci-Fi
Release Date:  14 June 2013 (USA)
Format: Mp4 or MKV
Language: English
Quality: R6, TS (Tsync)
Run time:  148 min
Director: Zack Snyder Stars: Henry Cavill, Michael Shannon, Amy Adams


မွေးစားခံ ခဲ့ ရတဲ့ ကောင်လေး တစ်ယောက် မိမိ မှာ သူများနဲ့ မတူ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတာ သိရှိရပြီး ကမ့္ဘာ အပြင် ဘက်က သူ့ ရန်သူ တွေ ရှိတာ သိလိုက်ရတဲ့ အချိန်-- ရန်သူတွေကို ဘယ်လို ကာကွယ် တိုက်ထုတ်ခဲ့ သလဲ ဆိုတော့--

Watch Trailer ::


Password တောင်းလျှင် www.fullpremiumnowfree.com ကို ထည့်ပေးဖို့ မမေ့ပါနှင့်


To Download From FullPremiumNowFree >> Click Here !


To Download From Filedap >> Click Here !

[FileDap က နေ မဒေါင်းဖူးရင်  ဒေါင်းနည်းဒီမှာ အရင် သွားဖတ်ပေးပါ]


To Download From Davvas >> Click Here !

[Davvas က နေ မဒေါင်းဖူးရင်  ဒေါင်းနည်းဒီမှာ အရင် သွားဖတ်ပေးပါ]

အကယ်လို့ လင့်တွေ သေနေရင် ဒါကိုနှိပ်ပြီး ကို သွားယူလိုက်ပါ-- နောက်ထပ် Mirror link ကနေ ထပ်တင်ပေးထားပါတယ်--

အဆင်ပြေပါစေခဗျာ--
Download Link Provider >> www.FullPremiumNowFree.com << No.1 Premium Movie Sharing Site In Myanmar.

Appleက iWatchကို နောက်နှစ်မှာ ဖြန့်ချိနိုင်ဖို့ အင်ဂျင်နီယာ တစ်ယောက်လိုနေ

businessinsdier
http://www.businessinsider.com/apple-hiring-spree-for-iwatch-2013-7
Appleဟာ လက်ရှိမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက်နေတဲ့ iWatchကို ရှေ့နှစ်ထဲမှာ ဖြန့်ချိနိုင်အောင် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပြီး ဒီဇိုင်းပိုင်းမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ဖို့ အတွက် ကျွမ်းကျင် အင်ဂျင်နီယာ တစ်ယောက်လိုအပ်နေကြောင်း Financial Timesရဲ့ ဖော်ပြချက်များ အရ သိရပါတယ်။ သတင်းစာရဲ့ ဖော်ပြချက်မှာ Appleဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေ ကတည်းက စီမံကိန်းမှာ အင်ဂျင်နီယာ တစ်ယောက် လိုအပ်နေခဲ့ကြောင်း၊ ၀တ်ဆင် သယ်ဆောင်နိုင်မယ့် ပစ္စည်းသစ် အတွက် လုပ်ဆောင်မှု အပိုင်းတွင် တိုးတက်မှုများစွာ ရှိနေပြီ ဖြစ်ကြောင်း၊ သို့သော်လည်း ၀တ်ဆင် သယ်ဆောင်နိုင်မှု ပစ္စည်းသစ်အတွက် အကောင်းဆုံး ဒီဇိုင်းပုံစံကို Appleက မရရှိသေးကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
ဒါ့အပြင် Appleကြုံတွေ့နေရတဲ့ အခက်အခဲကြောင့် ၂၀၁၄ခုနှစ် ကုန်ပိုင်းကာလလောက်အထိ iWatchကို မိတ်ဆက်နိုင်လောက်မှာ မဟုတ်ကြောင်း သုံးသပ်မှု ပေးထားတာလည်း တွေ့ရပါတယ်။ Appleဟု အဆိုပါ ပြဿနာအား ဖြေရှင်းနိုင်ရန် မကြာသေးခင်က ဖက်ရှင် ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Yves Saint Laurentရဲ့ CEOအား ဒုတိယ ဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သေးပြီး လက်ရှိ အချိန်အထိတော့ အကောင်းဆုံး အင်ဂျင်နီယာ တစ်ယောက် လိုအပ်နေသေးတယ်လို့ ဆိုပါသေးတယ်။
Ref : http://www.businessinsider.com/apple-hiring-spree-for-iwatch-2013-7,http://www.myanmarict.com/news/apple-now-need-an-engineer-to-build-up-iwatch-for-next-year/#.UePL9qzzOJQ

မြန်မာနိုင်ငံမှာ ကြည့်လို့မရတဲ့ Web Site တွေ Access Denied ဖြစ်နေတဲ့ Site တွေကို ဒီ Browser လေးသုံးပြိး ပေါ့ပါးစွာကျော်ကြည့်တာပေါ့ဗျာ။

ကျွန်တော်တောင် IT Bank Site လေးမှာ Post တွေ မရေးဖြစ်သွားတာ တော်တော်ကြာနေပြီနော်။ကျွန်တော့ စာဖတ်ပရိတ်သတ်တွေလဲ ကျွန်တော့ကို စိတ်ဆိုးနေလောက်ပြီပေါ့နော်။စိတ်မဆိုးပါနဲ့ဗျာ။အခု ကျွန်တော်ပေးမဲ့ Software လေးက စာဖတ်ပရိတ်သတ်တွေ ဘ၀င်ခိုက်သွားစေမဲ့ Auto Detect Proxy Browser လေးပါဗျာ။ဒီ Software လေးက ကျွန်တော်အခု သုံးနေတာ တော်တော်ကြီးကို အဆင်ပြေတယ်ဗျ။ဒီ Software လေးရဲ့ ကောင်းကျိုးလေးနဲ့ အသုံးပြုပုံတွေကို ကျွန်တော် အသေးစိတ်မဟုတ်ရင်တောင် စာဖတ်သူတို့ နားလည်သဘောပေါက်အောင် ရှင်းပြပေးပါ့မယ်ဗျာ။ကျွန်တော်တို့ တစ်ခါတစ်လေ ပိတ်ထားတဲ့ Web Site တွေ Access Denied ဖြစ်နေတဲ့ Web Site တွေဆိုရင် ကျွန်တော်တို့က များသော အားဖြင့် UltraSurf တို့လို Software မျိုး ကိုယ် အသုံးပြုတဲ့ Browser ပေါ်မူတည်ပြီး Add-Ons တွေ အသုံးပြုတာမျိုးတွေ ရှိတက်ပါတယ်။အဲ့ဒီတော့ ဘာပြဿနာတွေ ကျွန်တော်တို့တွေ ကြုံတွေ့လာရသလဲဆိုရင် Add-Ons တွေ အသုံးများလာတဲ့ အခါ ကျွန်တော်တို့ အသုံးပြုနေတဲ့ Browser တွေဟာမလိုအပ်တဲ့အချိန်တွေမှာလဲ Javascript Code တွေတော်တော်များများကို အလုပ်လုပ်ပေးရတာကြောင့် မလိုလားအပ်တဲ့ Error တွေတက်လာပါတယ်။ပြီးတော့ ကျွန်တော်တို့ Internet အသုံးပြုမှုတွေမှာလဲ နှေးကွေးစေပြီး လေးလာပါတယ်။အဲ့ဒီလို ပြဿနာတွေ မဖြစ်အောင် ပြီးတော့ ကိုယ်ကြည့်ချင်တဲ့ Access Denied ဖြစ်နေတဲ့ Web Site တွေကိုလဲ လွတ်လွတ်လပ်လပ်ကြည့်ချင်တယ်ဆိုရင်တော့ အခုကျွန်တော် ပေးတဲ့ Tor Browser လေးက အလွန်အသုံးတည့်တဲ့ Browser လေးတစ်ခု ဖြစ်ပါလိမ့်မယ်။အခု ကျွန်တော်ဆို www.serials.ws ဆိုတဲ့ Serial Web Site ကိုဖွင့်ကြည့်လိုက်တယ်။အောက်က ပုံအတိုင်းပြနေတယ်ဆိုရင်တော့ ဒီ Browser လေးကို အမြန်ဆုံး Download ဆွဲပြီးတော့သာ သုံးလိုက်ပါတော့နော်။အဆင်ပြေသွားပါလိမ့်မယ်။အသုံးပြုနည်းလေးကလဲ တကယ်ကို ရိုးရှင်းပါတယ်။

Fig ~ 1
အရင်ဦးဆုံး ပထမ အဆင့်မှာ ကျွန်တော်တို့ Download ယူလို့ရလာတဲ့ ဖိုင်ကို Click နှစ်ချက်နှိပ်ပြီး ဖြေလိုက်ပါ။အဲ့ဒီလို ဖိုင်ဖြေတဲ့ နေရာမှာ ကိုယ် Save သိမ်းထားချင်တဲ့ နေရာကို ရွေးလိုက်ပါ။ပြီးသွားရင်တော့ Ok >> Extract ကိုနှိပ်လိုက်ပါ။ကျွန်တော်ကတော့ Windows ရဲ့ System File တွေသိမ်းထားတဲ့ C://Program File နေရာမှာ သွားသိမ်းထားပါတယ်။အဲ့ဒါကတော့ မိမိတို့ စိတ်ကြိုက်နေရာမှာ Save သိမ်းထားလို့ရပါတယ်။ကျွန်တော်အောက်မှာ ပုံနဲ့ တကွပြပေးထားပါတယ်ဗျာ။
Fig ~ 2
ပြီးသွားရင်တော့ Tor Browser exe ဖိုင်ဖြေတုန်းက မိမိစိတ်ကြိုက် Save သိမ်းထားတဲ့ File ပတ်လမ်းကို သွားလိုက်ပါ။ပြီးရင် အောက်က ပုံလေးအတိုင်း File 5 ဖိုင်ကို တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီ ဖိုင် 5 ခုထဲက အောက်ဆုံး ဖိုင်ဖြစ်တဲ့ Start Tor Browser ကို နှိပ်လိုက်ပါ။ပြီးရင်တော့ ခဏလေး စောင့်ပေးပါ။Auto Detect Proxy တစ်ခုခုကို ရှာနေတာဖြစ်လို့ပါ။အဲ့ဒီ ပုံထဲက အစိမ်းတန်းလေး ပြည့်သွားရင်တော့ Tor Browser ရဲ့ Start Page ထွက်လာမှာ ဖြစ်ပါတယ်။
Fig ~ 3
ဒါဆိုရင် ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ်တွေ အနေနဲ့ ကြည့်လို့မရတဲ့ Web Site တွေ အပိတ်ခံထားရတဲ့ Web Site တွေကို ဘာမှ ထွေထွေထူးထူးလုပ်စရာမလိုအပ်ဘဲ ဒီ Tor Browser လေးဖွင့်လိုက်ယုံဖြင့် လွယ်ကူစွာဖြင့် ကြည့်ရှူနိုင်မှာဖြစ်ပါတယ်ဗျာ။အော်.....ကျွန်တော်မေ့နေတာဗျ။ဒီ Browser လေးရဲ့ Download Link လေးပေးရဦးမယ်နော်။

For Windows Download ~  Download Mirror  ,   Download Mirror

For Apple MAC OS Download ~ Download Mirror

For GNU/Linux OS Download ~ Download Mirror

For All OS Download ~ Download Mirror

ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အားလုံး ကျွန်တော်ပေးတဲ့ Browser လေးကို အသုံးပြုပြီး အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။အဆင်မပြေရင်လဲ ပြန်ပြောပေါ့ ဟုတ်လား။
ကြိုးစားလျက်.....!
 (Yekyawphyo)
Ref & Credit  =>http://welcometoitbank.blogspot.com/2013/06/web-site-access-denied-site-browser.html

Gmail Account တစ်ခုတည်းနဲ့  Facebook Account တွေ အများကြီးဖွင့်ကြမယ်

http://rack.3.mshcdn.com/media/ZgkyMDEyLzEyLzA0L2VhL2ZhY2Vib29rdGVzLjdNQy5qcGcKcAl0aHVtYgk5NTB4NTM0IwplCWpwZw/53c85f27/4d1/facebook-testing-new-timeline-format-with-single-column-of-posts-updated--8395815038.jpg


တကယ်တော့ အားလုံးသိထားကြတာ gmail account တစ်ခုကို facebook account တစ်ခုပဲ ဖွင့်လို့ ရတယ် လို့ ပဲ သိထားကြတယ်။

တဂယ်လဲ facebook က mail တစ်ခုကို account တစ်ခုပဲ ပေးဖွင့်တယ်။

ဒါပေမယ့် ကျနော့်မှာ mail account တစ်ခုတည်းနဲ့  facebook account တွေ အများကြီးဖွင့်လို့ ရတဲ့နည်းရှိတယ်။

အရင်ဆုံး အသုံးပြုမယ့် mail က ဥပမာအနေနဲ့  koalpha@gmail.com ပဲဆိုပါစို့ ။

www.facebook.com ကို သွားပြီးတော့ sign up လုပ်ပါ။

အဲ့လို sign up လုပ်တဲ့နေရာမှာ name တို့  Date of Birth စသည်ဖြင့် အားလုံးကို ပုံမှန်အတိုင်းပဲဖြည့်လိုက်ပါ။

ဒါပေမယ့် email address ဆိုတဲ့နေရာမှာ Fake email ဒါမှမဟုတ် မရှိတဲ့ mail address တစ်ခုကို ဖြည့်လိုက်ပြီး sign up လုပ်လိုက်ပါ။ အခြား sign up လုပ်တဲ့ step တွေကိုလည်း ပုံမှန်အတိုင်းပဲ အဆင့်ဆင့်လုပ်သွားပါ။

အဲ့ဒါဆိုရင် email address နဲ့ ပတ်သတ်ပြီး သင်ထည့်လိုက်တဲ့ mail ကို verify လုပ်လို့ မရဘူး mail မှားနေတယ်လို့  error message ကျလာပါလိမ့်မယ်။

အဲ့အခါကျမှ change email address ကို နှိပ်လိုက်ပြီးတော့ ခုနက တကယ် အသုံးပြုမယ့် mail ဖြစ်တဲ့          ( kogyichartape@gmail.com ) အစား kochartape@gmail.com လို့ ဖြည့်လိုက်ပါ။

ဒါဆိုရင် ဘာဖြစ်သွားမယ်ထင်လဲ verification mail က kochartape@gmail.com ကို verify လုပ်သွားမှာဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုရှိတာက တိုက်တိုက်ဆိုင်ဆိုင် အဲ့ k.ochartape@gmail.com က တကယ် ရှိနေရင်တော့ မရဘူးပေါ့ဗျာ ဒါကလဲ တော်တော်တိုက်ဆိုင်မှပါ။

ဒီလိုဆိုရင်တော့ kochartape@gmail.com ကို အသုံးပြုပြီးတော့ facebook account တစ်ခုရသွားပြီဖြစ်ပါတယ်။

ဒါဆို နောက်ထပ် facebook account တစ်ခု ထပ်ဖွင့်ရအောင်

အထက်က sign up လုပ်တဲ့ အဆင့်တွေအတိုင်းပဲ လုပ်ပါ

ဒါပေမယ့် ပထမတစ်ခါတုန်းက kogyichartape@gmail.com နဲ့  လုပ်ရင်နောက်တစ်ခါ kochartape@gmail.com နဲ့ ပြောင်းလုပ်ပါ။ ဒါလဲအတူတူပဲ kochartape@gmail.com ကို ပဲ verification ပေးမှာပဲ

အဲ့လိုနည်းနဲ့  dot တွေကို နေရာပြောင်းပြောင်းပြီး facebook account များစွာကို ဖွင့်သွားလို့ ရပါတယ်
verification mail ကတော့ တစ်ခုတည်းပေါ့

ပိုမို သိလိုသူများ ဒီလင့်မှာ သွားရောက်လေ့လာ ပါ.. ( Click Here )

ကွန်ပြူတာ Hard Disk မှ PS II Game စက်ဆီသို့ EBook ( မြန်မာလို )

ဆရာသံလုံးငယ်ရေးသားသည့် PS 2 ဂိမ်းစက်နှင့် ကွန်ပျူတာ ချိတ်ဆက်အသုံးပြုနည်းစာအုပ်ဖြစ်ပါတယ်..

သဘောတရား - PS II game စက်များကို ခွေထည့်ပြီး ကစားမယ့်အစား အဲဒီခွေကို ကွန်ပျူတာ hard disk မှာ သိမ်းထားပြီး
network လမ်းကြောင်းမှ ယူသုံးစေတာပဲဖြစ်ပါတယ်။
အားသာချက် -
(၁) ခွေမသုံးရတဲ့အတွက် Game စက်ရဲ့ ခွေဖတ်မှန်ဘီလူး (lens) တွေ ပျက်စီးမှု သက်သာပါတယ်။
(၂) CD/DVD ခွေ ကူးရ၊ ၀ယ်ရ သက်သာပါတယ်။
(၃) ခွေကန့်သတ်မှု မရှိတော့ပါဘူး။ (ဥပမာ - ဆိုင်မှာ စက်ဆယ်လုံးရှိတယ်။ FIFA 2011 ကို ၁၀ လုံး စလုံး တစ်ပြိုင်တည်း
ကစားမယ်ဆိုရင် အဲဒီခွေကို ၁၀ခွေကူးထားရမှာ အမှန်ပဲ။ ဘယ်ဆိုင်မှ ကူးမထားနိုင်ပါဘူး။ အဲဒီအခါမှာ ဟိုဘက်စက်ကပြီးမှယူ
ဆိုတာမျိုး ခွေအရေအတွက် ကန့်သတ်ချက် ရှိပါတယ်။ PC ဖြင့် network ချိတ်ဆက် အသုံးပြုပြီ ဆိုတာနဲ့ hard disk ထဲမှာရှိသမျှ
game အားလုံးကို ကြိုက်တဲ့ခွေ ကြိုက်သလောက် ကစားပဲ။ ခွေကန့်သတ်ချက် မရှိတော့ပါဘူး)
(၄) loading time မြန်ပြီး ခွေထစ်တာ မရှိတော့တဲ့အတွက် အသုံးပြုသူတွေ စိတ်ချမ်းသာစေပါတယ်။
(၅) PC ကို Sever အနေနဲ့ အသုံးပြုရတယ် ဆိုပေမယ့် windows sever သုံးစရာ မလိုပါဘူး။ ရိုးရိုး windows ပဲ သုံးပြီး hard disk
ကို share ပေးထားတာပဲ ဖြစ်ပါတယ်။ CPU နှင့် RAM usage မများတဲ့အတွက် သာမာန်အနိမ့်စား PC နဲ့တောင် အသုံးပြုနိုင်ပါတယ်။

ကဲ.. လေ့လာလိုသူများ Download ရယူနိုင်ကြပါပြီ.. Ref & Credit  => http://www.aungkyaw.net/2013/07/hard-disk-ps-ii-game-ebook.html

Download Man Of Tai Chi 2013 ရုံတင်ကား R6 DVDSCR (373MB)


အားလုံးကို July 5 ရက်နေ့ကမှ ရုံတင်သွားတဲ့ Man Of Tai Chi ကို တင်ပေးလိုက်ပါပြီ-
အရမ်းမိုက်ပါတယ်--ယုံရင် Trailer အရင် ကြည့်ကြည့်ပါ-- Action ကား ကောင်းကောင်းလေးပါ--Quality အနေနဲ့ Line R6 DVDSRC Quality အနေနဲ့ပဲ  ရုံ ခိုးကူး မဟုတ်ပါဘူး- Size က လည်း 373MB ပဲ ရှိပါတယ်--
မကြည့်ရသေးတဲ့ ကိုကို မမ တွေ အောက်မှာ Download ရယူပြီး ကြည့်လို့ ရပါပြီ

>>
Underground Fighting Club မှာ ဘယ်သူမှ ယှဉ်ပြိုင် နိုင်စွမ်း မရှိတဲ့ လူငယ်လေး တစ်ယောက်ကို မြင်တွေ့လို ပါသလား ? Fighting Skill အပြည့်နဲ့ လူငယ်လေးကို Man Of Tai Chi မှာ တွေ့မြင်နိုင်ပါတယ်--
>>
Genre: Action
Size : 373MB
Format:mkv
Rating:8/10
Duration: 105 min
Release Date: 5 July 2013 (China)
 Stars: Keanu Reeves, Iko Uwais, Tiger Hu Chen

Underground Fighting Club မှာ ဘယ်သူမှ ယှဉ်ပြိုင် နိုင်စွမ်း မရှိတဲ့ လူငယ်လေး တစ်ယောက်ကို မြင်တွေ့လို ပါသလား ? Fighting Skill အပြည့်နဲ့ လူငယ်လေးကို Man Of Tai Chi မှာ တွေ့မြင်နိုင်ပါတယ်--

Intertional Trailer:



Password တောင်းလျှင် www.fullpremiumnowfree.com ကို ထည့်ပေးဖို့ မမေ့ပါနှင့်

To Download From FileDap >> Click Here !
[FileDap ကနေ ဒေါင်းနည်း မသိရင် ဒီမှာနှိပ်ပြီး အရင် သွားကြည့်ပေးပါနော်]

အခုလင့်သေသွားလို့ အခြား Mirror လင့် ကနေ လိုချင်ရင်တော့ ဒီမှာ နှိပ် ပြီး သွားရောက် ဒေါင်းပေးပါ

အဆင်ပြေပါစေ
Download Link Provider >> www.FullPremiumNowFree.com << N0.1 Premium Moie Sharing Site In Myanmar.

Wondershare MobileGo , Moborobo တို့ထက်ရေလည်လန်းတဲ့ Mobogenie All In One Android PC Manger Software လေးပါ။






ကျွန်တော် ဒီတစ်ခါ IT Bank Site က စာဖတ်ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ Software လေးကတော့ Mobogenie All In One Android PC Manger လေးပါပဲ။သူကတော့ Android Phone နဲ့ Tablet တော်တော်များများကို PC ပေါ်ကနေ Apk File များကို Install ပြုလုပ်နိုင်ခြင်း Photo များ Music များ Video များကို PC ကနေတစ်ခါတည်းထည့်သွင်းနိုင်ခြင်း Google Play က Application များ Game များကို PC အတွင်းသို့ တစ်ခါတည်း Download ပြုလုပ်နိုင်ပြီး ဖုန်းနဲ့ ချိတ်ဆက်ကာတစ်ခါတည်း Install ပြုလုပ်နိုင်ခြင်း ဖုန်း Contact တွေကို Backup/Restore အဖြစ်ရယူသိမ်းဆည်းနိုင်ခြင်း ဖုန်းအတွက် Wallpaper များကို မိမိ စိတ်ကြိုက်ပုံကို ရွှေးချယ်၍ Download ရယူနိုင်ခြင်း ဖုန်းအတွက် Ringtone များကိုလဲ စိတ်ကြိုက်ရွေးချယ် Download ရယူနိုင်သလို မိမိ ဖုန်းအတွင်းက SMS/Massage တွေကို Backup သိမ်းဆည်းထားလို့ရပါသေးတယ်ဗျာ။Wondershare Mobile Go တို့ Moborobo တို့လို Serial Number တို့ Crack တို့မတောင်းပဲ Free Version ဆိုတော့ တော်တော်လေးလန်းတဲ့ Software လေးလို့ပြောလို့ရပါတယ်ဗျာ။မသိသေးတဲ့ သူတွေ ရှိနေသေးလို့ ကျွန်တော်က IT Bank စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ။အောက်က ပုံလေးတွေကတော့ Screen Short လေးတွေပါဗျာ။Download ရယူချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ သွားယူလိုက်ပါနော်။

Fig ~ 1
Fig ~ 2
Fig ~ 3


Fig ~ 4


အဲ့ဒီ Software လေးအကြောင်းကို အသေးစိတ် ဒီထက် သိချင်တယ် လေ့လာချင်တယ်ဆိုရင်တော့ အောက်မှာ Offical Web Site လိပ်စာလေးရှိပါတယ်။အဲ့ဒီမှာ သွားရောက်လေ့လာနိုင်ပါတယ်ဗျာ။အဆင်ပြေကြပါစေဗျာ။

ကြိုးစားလျက်....!
(Yekyawphyo)

မလေးရှားနိုင်ငံ့၌ ကျင်းပသော အာဇာနည်နေ့ အကြိုစာပေဟောပြောပွဲတွင် ကိုမင်းကိုနိုင်နှင့်ကိုဂျင်မီတို့ ဟောပြော



မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊ ကိုတာရာယာကုန်တိုက်အနီး(SM) ခန်းမတွင် ယနေ့ ကျင်းပသော ၆၆-နှစ်မြောက် အာဇာနည်နေ့ အကြိုစာပေဟောပြောပွဲတွင် ၈၈-မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ဒုဥက္ကဋ္ဌဒေါ်သန်းမြင့်အောင်တို့ တက်ရောက်ဟောပြောခဲ့သည်။ စာပေဟောပြောပွဲအခမ်းအနားသို့မလေးရှားရောက် မြန်မာမိသားစုများ၊ လူမှုရေး၊နိုင်ငံရေးအသင်းအဖွဲ့များပါဝင်တက်ရောက် ကြကာ သိုက်သိုက်ဝန်းဝန်းကျင်းပခဲ့ကြသည်။

Ref & Credit: Pouplar Myanmar News Journal,Myanmar Update Channel

တေးသံရှင် ဆိုတေး အမြန်လမ်းတွင်ကားမှောက်

Photo: ယနေ့မနက် ၁၁နာရီခွဲခန့်က တေးသံရှင်အဆိုတော် ဆိုတေး (So Tay) ဟာ တောင်သာမြို့သို့ ပွဲဆိုဖို့သွားစဉ် ၄င်းစီးလာသော ကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာပါ။ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရသော ဆိုတေးမှာ ယနေ့ညနေ ၄နာရီခွဲအထိ သတိရခြင်းမရှိသေးကြောင်း သိရပါတယ်။

အေးချမ်းမွန် Copy & Credit To >Myanmarcelebrity< Thank
Re-post By ACM 14-7-2013

ယနေ့မနက် ၁၁နာရီခွဲခန့်က တေးသံရှင်အဆိုတော် ဆိုတေး (So Tay) ဟာ တောင်သာမြို့သို့ ပွဲဆိုဖို့သွားစဉ် ၄င်းစီးလာသော ကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာပါ။ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရသော ဆိုတေးမှာ ယနေ့ညနေ ၄နာရီခွဲအထိ သတိရခြင်းမရှိသေးကြောင်း သိရပါတယ်။
 ဆိုတေး ယနေ့  ညနေ (၆း၁၅) တွင် ခွဲခန်း ဝင်သွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ယာဉ်မှောက်မှုကြောင့် ခေါင်းတွင် သွေများယိုနေသည်။
"ဆိုတေး က ဦးလေး တို့ ကို အဖေ နဲ့  ကွမ်းယာဆိုင်မှာ မအိပ် ပါ နဲ့ တော့ ဆိုပြီး တိုက်ခန်း ဝယ်ပေးထားတယ် အခု တိုက်ခန်း ကို ကြွေပြားတွေ ကပ်နေပြီ တိုက်ခန်းပြီးရင် အဖေ တို့ ကို Sky Net လည်း တပ်ပေးဦးမယ် လို့  ဦးလေး ကို ပြောသေးတယ် မနေ့ က သူ့ ကောင်မလေး မွေးနေ့ မို့ လို့ ဦးလေး တို့ ကို မုန့် တွေ လာပို့ တယ် ပြီးတော့အ လုပ်သမား ခ တွေ လည်း ရှင်းပေးခဲ့တယ် ဦးလေး တောင် သူ့  မိချော ကို ဆုတောင်းပေးလိုက်သေးတယ် သမီးလေး အသက်ရာကျော်ရှေ ပါစေ ဆိုပြီးတော့ ဆုတောင့်ပေးလိုက်တယ် သူတို့  ခရီးသွားခါနီး ဦးလေး တို့ ကို ကန်တော့ သွားတယ် ဦးလေး တောင် သူတို့ လာပို့ တာ စားရင်း နဲ့ ငါ့သားလေး သွားရာလာရာမှာ ဘေးမသိ ရန်မခပါစေ နဲ့ လို့ ဆုတောင်းပေးနေသေးတယ် တကယ် ကို လိမ္မာတဲ့ သားလေး ပါ အခု ဦးလေး တို့ လည်း ဘုရားမှာ ဆုတောင်းနေတယ် အခုတော့ သူ့  အကိုတွေ အမ တွေ မန္တလေး ကို လိုက်သွားပါပြီ မန္တလေး အမျိုးတွေ အားလုံးလည်း အခု ဆေးရုံ ကို ရောက်နေပါပြီ " ဟု ဆိုတေး ၏ ဖခင် မှ Myanmar News International သို့ ပြောကြားခဲ့သည်။


Photo: တေးသံရှင် ဆိုတေး လိုက်ပါလာတဲ့ မော်တော်ကားဟာ မိတ္ထီလာမြို့နယ် အတွင်း မိုင်တိုင် ၂၉၁ သုံးဖာလုံနဲ့ လေးဖာလုံကြားမှာ ယနေ့ နေ့လည် ၁၂နာရီခွဲက တိမ်းမှောက်ရာ အမျိုးသမီးတစ်ဦးသေးဆုံးပြီး ဆိုတေးပါဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
သေဆုံးသွားတဲ့အမျိုးသမီးဟာ ဆိုတေးရဲ့ဇနီး မချောချော ဖြစ်ပြီး မိတ္ထီလာဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တာဖြစ်ပါတယ်။ တေးသံရှင်ဆိုတေးဟာလည်း ခေါင်းကို ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့ပြီး ယခုအထိ သတိမရသေးဘူးလို့ ရန်ကုန်-မန္တလေး အမြန်လမ်း ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။
ကားပေါ်မှာ လူလေးဦးလိုက်ပါလာပြီး ကျန်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို မိတ္ထီလာဆေးရုံကတဆင့် မန္တလေးဆေးရုံကြီးကို သယ်သူပို့ဆောင်ရာ ညနေ သုံးနာရီခွဲမှာ မန္တလေးဆေးရုံကြီးကို ရောက်ရှိခဲ့ပါတယ်။

အေးချမ်းမွန် Copy & Credit To >The Modern News Journal < Thank
Re-post By ACM 14-7-2013 

Ref & Credit: Myanmarcelebrity, Myanmar News International ,myanmar update channel

မြန်မာစာတန်းထိုး Fast and Furious 6 ဇာတ်ကားကိုရယူနိုင်ပါပြီ။

Fast and Furious 6 မြန်မာစာတန်းထိုး ရုပ်ရှင်ကြည့်ချင်တဲ့ သူငယ်ချင်းတွေအတွက် 
တင်ပေးလိုက်ပါတယ် you tube မှာ တင်ပေးတာ ဘလော့လုပ်ခံထိလို့ 
အဆင်ပြေမယ့်လင့်မှာတင်ပေးလိုက်ပါတယ် သူငယ်ချင်းတို့အဆင်ပြေအောင် 
ကိုးရီးယားကားလို အပိုင်းလိုက်ခွဲပြီးတင်ပေးလိုက်ပါတယ် 
ရုပ်ရှင် ကြာချိန်က နှစ်နာရီရှိပါတယ် အဲဒါကို မိနစ် နှစ်ဆယ်ဆီ ခြောက်ပိုင်း  ခွဲပြီးတော့ တင်ပေးထားပါတယ်
တစ်ပိုင်းဆီ Download လုပ်ပြီးတော့ ကြည့်လို့ရပါတယ် 
အပိုင်း 1 Dwonload>>>>>mirrorcreator (or)solidfiles (or)sendmyway (or)tusfiles
အပိုင်း 2 Dwonload>>>>>mirrorcreator (or)solidfiles (or)sendmyway (or)tusfiles
အပိုင်း 3 Dwonload>>>>>mirrorcreator (or)sendmyway (or)tusfiles
အပိုင်း 4 Dwonload>>>>>mirrorcreator(or)zippyshare(or)sharebeast
အပိုင်း 5 Dwonload>>>>>mirrorcreato(or)solidfiles(or)sendmyway (or)tusfiles 
အပိုင်း 6 Dwonload>>>>> Download






Followers