Dec 23, 2013

iOS 7 (iOS 7.0 to iOS 7.0.4) ကို Jailbreak လုပ်နည်း (Step By Step Tutorial)

iOS 7 မှ iOS 7.0.4 အထိ Jailbreak လုပ်နိုင်သော Jailbreak Tool ကို Evasi0n အဖွဲ့မှ ခရစ်စမတ်အမှီထုတ်ပေးလိုက်ပြီဖြစ်သောကြောင့် iOS 7 မှ iOS 7.0.4 အထိတင်ထားသော iPhone/Pad/Pod touch များအားလုံးကို Jailbreak လုပ်နိုင်ပြီဖြစ်သည်။ iOS 7 Jailbreak လုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုကြရအောင်။
အရင်ဆုံး iOS 7 ကို Jailbreak လုပ်ရန်လိုအပ်တဲ့ Evasi0n 7 Jailbreak Tool ကိုအောက်က link ကနေရယူပါ။

Official Mirrors

Server OS Link
box.com Mac OS X SHA1: 6b22e1d94988a76244d08a5592576f61a0cb5ffb
box.com Windows SHA1: 8a4e1fcd7b1fc0084366c182cbcf850dfc45d59f
Mega.co.nz Mac OS X SHA1: 6b22e1d94988a76244d08a5592576f61a0cb5ffb
Mega.co.nz Windows SHA1: 8a4e1fcd7b1fc0084366c182cbcf850dfc45d59f

ပြီးလျှင် မိမိရဲ့ iPhone/Pad/Pod touch ကိုကွန်ပျူတာနဲ့ချိတ်ဆက်ထားပါ။ ပြီးလျှင်အပေါ်မှာ download ရယူခဲ့တဲ့ Evasi0n 7 Jailbreak Tool ဇစ်ဖိုင်ကို ဇစ်ဖြည်ပြီးအထဲက evasi0n 7 exe ဖိုင်ကို run လိုက်ပါ။ အောက်ကပုံအတိုင်းပေါ်လာပါမယ်။
Jailbreak ခလုတ်ကိုနှိပ်လိုက်ပါ။


Device ထဲသို့ Jailbreak data များစတင်ပို့ဆောင်နေပြီး Jailbreak Process စတင်ပါလိမ့်မယ်။


ခဏအကြာမှာအောက်ပါပုံထဲကအတိုင်း မိမိရဲ့ iPhone/Pad/Pod touch ထဲက evasi0n icon ကိုနှိပ်ဖို့ပြောပါလိမ့်မယ်။

မိမိရဲ့ device ထဲမှာပေါ်နေတဲ့ evasi0n icon ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။


iPhone/Pad/Pod touch က reboot ကျသွားပြီး ပြန်တက်လာပြီဆိုရင်တော့ iDevice ရဲ့ home screen ပေါ်မှာ Cydia icon လေးကိုတွေ့ရပါမယ်။




ဒါဆိုရင်တော့ iOS 7 တင်ထားတဲ့ iPhone/Pad/Pod touch ကိုအောင်မြင်စွာ Jailbreak လုပ်နိင်ပြီဖြစ်ပါတယ်
credit by သက်နိုင်စိုး 

iOS 7+ Untethered Jailbreak for All

iOS 7+ Untethered Jailbreak for All
iOS 7 ထွက်ခဲ့သော အချိန်ကတည်းက ယခု iOS 7.0.4 ရောက်လာသည်ထိ လပေါင်းများစွာ စောင့်စားခဲ့ရသော iOS 7+ အတွက် Untethered Jailbreak ကို evasi0n အဖွဲ့မှ မနေ့က (တနင်္ဂနွေ) က ထုတ်ပေးလိုက်ပါပြီ။

evasi0n ရဲ့ Jailbreak Tool က iOS 6+ တုန်းကလိုပဲ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ပြီးစီးသွားနိုင်မယ့် အလွယ်ဆုံးသော Jailbreak နည်းလမ်းဖြစ်ပါတယ်။ ယခု evasi0n Jailbreak Tool နှင့် iOS 7 ကစလို့ iOS 7.0.4 တွင်သာမက Apple က Developer များအတွက် စမ်းသပ်နိုင်ရန် ထုတ်ပေးထားသော iOS 7.1 Beta 1,2 versions များကိုလည်း Untethered နည်းနဲ့ Jailbreak လုပ်ပေးနိုင်ပါပြီ...


  • evasi0n သည် iOS 7 နှင့်အထက် သွင်းထားသော iPhone, iPod touch, iPad and iPad mini များ အားလုံးတို့အတွက် ကောင်းစွာ အလုပ်လုပ်နိုင်ပါလိမ့်မည်။
  • evasi0n ကို အသုံးပြုရန် Windows အတွက် (XP အနိမ့်ဆုံး) နှင့် Mac အတွက် (OSX 10.5/10.6/10.7/10.8) ရှိရန် လိုအပ်ပါသည်။


>> Download evasi0n (Mac & Windows)

** Jailbreak ပြုလုပ်ပြီသည်နှင့် တစ်ပြိုင်နက် SHSH Blobs ကို ချက်ချင်း SAVE လုပ်ပါ **


iOS 7+ အတွက် Jailbreak ထွက်လာပေမယ့် Cydia ကတော့ iOS 7+ အတွက် ပြီးပြည့်စုံစွာ အဆင်သင့်မဖြစ်သေးပါဘူး၊ ဆိုလိုသည်မှာ Cydia ကို install လုပ်သွားပေမယ့် Cydia ၏ အချို့ အဓိကကျတဲ့ Mobile Substrate လို အရေးပါတဲ့ကိစ္စမျိုးတွေ အလုပ်ကောင်းကောင်း မလုပ်နိုင်သေးပါဘူး။ ဒါ့အပြင် သုံးနေကျ နာမည်ကြီး Tweaks အချို့လည်း ကောင်းကောင်း အလုပ်မလုပ်နိုင်သေးပါဘူး။

ဒါတွေအတွက် Cydia ကို မွမ်းမံပြင်ဆင်ရဦးမှာ ဖြစ်လို့ ယခု Jailbreak အပေါ်မှာ အများကြီး မျှော်လင့်လို့ မရသေးပါဘူး။ တစ်ဆက်ထဲမှာပဲ မြန်မာစာရိုက်နိုင်ဖို့ အတွက် ကီးဘုတ်လည်း အလုပ်မလုပ်သေးပါဘူး (ပြင်ဆင်နေဆဲပါ)။

အထူးသတိပြုစေလိုသည်မှာ Tweaks အများစုမှာ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သေးသည့် အတွက် Error များဖြစ်ပေါ်ကောင်း ဖြစ်ပေါ်နိုင်ပါလိမ့်မည်။ သတိပြု၍ သွင်းယူကြပါ။
credit by မိုးသကြား
refer link http://www.moethagyar.info/2013/12/ios-7-untethered-jailbreak-for-all.html

Followers