Dec 10, 2014

Window တက်တက်ချင်းမှာ Check Disk ကို Disable လုပ်ခြင်း

ကျွန်တော်တို့ ၀င်းဒိုး XP မှာကတည်းက ခုချိန်ထိ ကွန်ပျူတာကို
ပါဝါဖွင့်လိုက်တယ်ဆိုရင် အောက်ပါပုံအတိုင်း
Checking Disk ဆိုပြီးမြင်ဖူးကြမှာပါ။ ဒီလိုအချိန်မှာ ကျွန်တော်တို့က
ကီးဘုတ်ကနေ ESC Key ကို မနှိပ်မိဘူးဆိုရင် အချိန်အနည်းငယ်ကြာ
မြင့်စွာစောင့်ဆိုင်းရတတ်ပါတယ်။ ဘာကြောင့် ဒီလိုမျိုး Check Disk
ဖြစ်ရသလည်းဆိုတဲ့ အကြောင်းရင်းကို အနည်းငယ်ရှင်းပြရရင် သင့်ရဲ့
HDD မှာ ပုံမှန် Defragments မလုပ်ထားတာတွေရယ် နောက်ပြီး Data
တွေ သွင်းလိုက် ဖျက်လိုက်များတာတွေရယ်၊ အဆိုးဆုံးတစ်ခုကတော့
သင့်ရဲ့ HDD မှာ အနည်းငယ် Error တက်လာလို့တို့ပဲဖြစ်ပါတယ်။
ဒါကြေ င့် တစ်ကြိမ်တစ်ခါလော်ကတော့လုပ်သင့်ါပတယ်။ သို့ပေသော်
ညားလည်း အမြဲတမ်းကြီး အဲ့လိုတက်နေရင် User အတွက် စိတ်အနှောက်
အယှက်ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် အခုကျွန်တော်က ဒီလို Disk Check
ကိုဘယ်လိုပတ်မလည်းဆိုတာကို Registry ကနေတစ်မျိုး၊ Commend Line
ကနေတစ်မျိုး လွယ်ကူစွာလုပ်ဆောင်နိုင်အောင် ရေးသားပေးပါ့မယ်။
ကဲစလိုက်ရအောင် အရင်ဆုံး Run Box ထဲမှာ "regedit" လို့ရိုက်လိုက်ပါမယ်။
ထို့နောက်တော့ Enter ခေါက်လိုက်တဲ့အခါမှာ ကျွန်တော်တို့က အောက်ပါ
ပုံအတိုင်း
Registry Editor ပေါ်လာမှာဖြစ်ပါတယ်။ သွားရမယ့် Location ကတော့
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control
\Session Manager အတိုင်းဖြစ်ပါတယ် အထက်ပါပုံအတိုင်းပေါ့…
ထို့နောက်တော့ ကျွန်တော်တို့က BootExcute ဆိုတာကို Double
Click နှိပ်လိုက်ပါမယ်။လက်ရှိအတိုင်းဖြစ်နေမှာကအောက်ပါပုံအတိုင်း
ဖြစ်ပြီးတော့ ကျွန်တော်တို့ပြင်ရမှာကတော့ ထို စာသားထဲမှာ * နဲ့ k ကြား
ထဲမှာ ပြင်ရမှာဖြစ်ပါတယ်။ဘယ်လိုပြင်ရမလည်းဆိုတော့
အထက်ပါပုံအတိုင်း /K:C ဆိုပြီး ဖြစ်ပါတယ်။ /K ရဲ့ အဓိပ္ပါယ်ကတော့
Switch to Disable ဖြစ်ပြီး :C ဆိုတာကတော့ လက်ရှိ သင့်ရဲ့ကွန်ပျူ
တာစနစ်လုပ်ဆောင်နေတဲ့ System Partition ဖြစ်ပါတယ်။ အကယ်လို့
သင်ဟာ အခြား Data Partition တွေကိုလည်း Check Disk လုပ်တာ
ပိတ်ထားချင်တယ်ဆိုရင်တော့
အထက်ပါပုံအတိုင်း နောက်တစ်ကြောင်း ရိုက်ပေးရမှာဖြစ်ပါတယ်။ D
ဆိုတာကတော့ Data Partition ကို ရည်ညွန်းတာဖြစ်ပါတယ်။ ပြီးသွား
ရင်တော့ OK ကိုနှိပ်ပေးလိုက်ရုံပါပဲ။နောက်တစ်နည်းကတော့ CLI Mode
ထဲကနေလုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ဟာ ကီးဘုတ်ကနေ
Run Box ကိုဖွင့်လိုက်ပါ။ ပြီးသွားရင်
အထက်ပါပုံအတိုင်းရိုကလိုက်ပါမယ်။ ဒါဆိုရင် Command Prompt ကို
Administrator Mode ဖြင့် Run တာကိုတွေ့ရမှာပါ။ ထို့နောက် ရိုက်ရ
မယ့် Command ကတော့
အထက်ပါပုံအတိုင်းဖြစ်ပါတယ်။ အကယ်လို့ သင်ဟာ Data Partition
တွေကိုပါ ပိတ်ချင်တယ်ဆိုရ်ငတော့ ရိုက်ရမှာက
အထက်ပါပုံအတိုင်း ဖြစ်ပါတယ်။ ကဲအားလုံးပဲ အဆင်ပြေမယ်ထင်ပါတယ်
ယခုတင်သော Post နှင့်ပတ်သက်ပြီးမရှင်းလင်းသည်များကို အချိန်မရွေး
မေးမြန်းနိုင်ပါတယ်။ ဒီ Post လေးကို ဟိုးအရင် ဆရာ အောင်သန်းဦး မဆုံးပါး
ခင်က ကျွန်တော် အဲ့ဒီ Error ကိုဖြစ်လို့ ဆရာက ဘယ်လိုရှင်းရမလည်းဆို
တာကို ပြောပြထားခဲ့ဖူးပြီးသားပါ သို့သော်လည်း အခုမှ ကျွန်တော်ဂရုတစ်ခု
မှာမေးထားတာတွေ့လို့ ဆရာ့ကို သတိရတဲ့စိတ်ဖြစ်လာပြီး ရေးဖြစ်သွားတာ
ပါ။
အားလုံးကိုလေးစားလျှက်
Cristiano Zarni@ဦးဇာနည်

Reshared#ဆော့ဝဲမြို့တော်

Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်ရယူရန် နည်းလမ်းကောင်း

ကျွန်တော်တို့ ကွန်ပျူတာမှာ မမျော်လင့်ပဲ မှားဖျက်မိလိုက်တဲ့ DATA ဖိုင်များကို ပြန်လည်ရယူနိုင်ဆော့ဝဲလ်တွေကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်လေးဟာဆိုရင် ကွန်ပျူတာထဲက DATA File တွေတင်မကပဲ  memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဝဲလ် ဖြစ်ပါတယ်။
ဒီဆော့ဝဲကို အသုံးပြုနည်းကတော့ အောက်မှာပုံတွေနဲ့ပြထားပါတယ်
ဆော့ဝဲလ်ကို စက်ထဲထည့်သွင်းနည်းကိုလေ့လာလိုပါက
ဒီကနေဝင်သွားလိုက်ပါနော်
ဆော့ဝဲလ်ကို အောက်မှာဒေါင်းယူရန်
ဒေါင်းယူရန် DOWNLOAD
၁။ ။ ကွန်ပျူတာထဲမှ Pandora ဆော့ဝဲလ်ကိုဖွင့်လိုက်ပါ 
၂။ ။ Pandora ဆော့ဝဲလ်ဖွင့်လာတာကိုမြင်တွေ့ရမှာပါ ပုံမှာမြှားပြထားတဲ့ NEXT ကိုဆက်နှိပ်ပေးပါ။
၃။ ။ နံပါတ်(1) က No,I did not find my file.ဆိုတဲ့စာတန်းကိုရွေးပေးပါ
နံပါတ်(2) က မြှားပြထားတဲ့ NEXT ကိုနှိပ်ပါ
၎။ ။ ပြီးရင်တော့ နံပါတ်(1) မိမိမှားဖျက်မိလိုက် Memory Card, Micro SD ကိုရွေးပြီးကလစ်ပေးထားပါ
နံပါတ်(2) က မြှားပြထားတဲ့ NEXT ကိုနှိပ်ပါ
၅။ ။ (1) Search: I want to search for one of the following ကိုရွေးပေးပါနော်
(2) က မြှားပြထားတဲ့ NEXT ကိုနှိပ်ပါ
၆။ ။ ဒီနေရာမှာတော့ဖိုင်များကို ပြန်ရှာရန် မြှားပြထားတဲ့ Search ကို နှိပ်လိုက်ပါ
၇။ ။ ဒီနေရာကတော့ ကိုယ်မှားဖျက်မိလိုက်ဖိုင်များဖော်နေခြင်းဖြစ်ပါတယ်
ကိုယ်ပြန်လိုချင်တဲ့ ဖိုင်ပေါ်တွင် Click ပေးပြီး Right နှိပ်ပါပြီးရင်  Recover to ဆိုတာကို နှိပ့်လိုက်ပါ
၈။ ။  (1) ကတော့ မိမိဖိုင်များကို ဘယ်နေရာမှာ သိမ်းထားချင်လဲဆိုတာကိုပြပေးထာပါ
(2) မှာတော့ Recover Now ကိုနှိပ့်ပေးပါ
 ၉။ ။ ဒီအဆင့်ရောက်ရင်တော့ Close ကိုနှိပ့်ပေးပါနော်
ဒါဆိုရင် ဖိုင်ကိုပြန်ရယူလို့ပြီးဆုံးပါပြီ
အားလုံးကို ကျေးဇူးတင်ပါတယ်
မရှင်းတာများရှိခဲ့ရင် aungkyawonline@gmail.com ကိုအပ်ပြီး မေးမြန်နိုင်ပါတယ်

MP3,MP4များကို Converter ပြုလုပ်တဲ့နေရာမှာနာမည်ကြီးနေတဲ့ Format Factory အသစ်ထွက်ပြီနော်


Format Factory အသစ်ထွက်ရှိလာလို့ အခုပဲတင်ပေးလိုက်တာပါ ဒီFormat Factory ဆော့ဝဲလ်လေးကတော့ MPG, WMV, 3GP, FLV, SWF, MP4, AVI  WAV, WMA, OGG, MP3, AAC, AMR များကို ပြုပြင်ပြောင်းလှဲနိုင်ယုံတင်မကပဲ ဓါတ်ပုံများကို PNG, JPG, TIF, ICO, BMP, GIF, TGA, စတဲ့ ဆိုဒ်များကို ပြောင်းလဲနိုင်ပါတယ်ခင်ဗျာ
ဒီဆော့ဝဲကို အင်စတာလုပ်တဲ့အခါမှာ မလိုအပ်တဲ့အရာတွေပါနေလို့
အင်စတာလုပ်နည်းပါ ပုံနဲ့ပြထားပါတယ်ခင်ဗျာ ပုံထဲကအတိုင်းလုပ်သွားစေချင်ပါတယ်ခင်ဗျာ
ဆော့ဝဲလ်ကိုအောက်မှာဒေါင်းယူနိုင်ပါတယ်
 ဒေါင်းယူရန် DOWNLOAD








အားလုံးကို ကျေးဇူးတင်ပါတယ်
မရှင်တာများရှိရင် CBOX မှာ ပြောခဲ့ကြပါနော်

Followers