Jul 15, 2013

အိမ်ရာဝယ်ယူလိုသူများအတွက် အများပိုင် အိမ်ရာဘဏ် ဇူလိုင် ၁၅တွင် ဖွင့်မည်

public housing
forumblog.org
ရန်ကုန်မြို့တော်တွင် လူဦးရေ တိုးတက်မှုနှုန်း မြင့်မားလျက်ရှိရာ အခြေခံ ပြည်သူများ၏ အိမ်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အိမ်ရာဘဏ်ကို ဇူလိုင် ၁၅ရက်တွင် ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန၊ အိမ်ရာဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ဇူလိုင် ၁၂တွင် စံတော်ချိန်သို့ ပြောကြားသည်ဟု သိရသည်။အဆိုပါ ဘဏ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ရန်ုကုန်မြို့၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန အဆောက်အဦး၏ မြေညီထပ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အစုရှယ်ယူများကို ထုတ်ရောင်းကာ အများပိုင်ဘဏ်အဖြစ် ရပ်တည်သွားမည်ဟု ဆိုသည်။
“အဓိက ဒီဘဏ်ဖွင့်လှစ်တော့ ပြည်သူလူထုရဲ့ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ဆောက်လုပ်ရေးကဆောက်တဲ့ အိမ်ရာထပ်ယူလိုတဲ့ ပြည်သူတွေကို အရစ်ကျစနစ်နဲ့ ၀ယ်နိုင်အောင် ကူညီဖို့အတွက်ပါ။ အိမ်ရာဝယ်လိုတဲ့သူတွေအနေနဲ့ ဒီဘဏ်မှာ ဘဏ်စာရင်းတစ်ခု အရင်ဆုံး ဖွင့်ထားဖို့ လိုပါတယ်။ အခု လက်ရှိ အကောင်အထည်ဖော်နေတဲ့ ဧရာဝဏ်၊ ရတနာစတဲ့ တန်ဖိုးသင့်အိမ်ရာတွေ စတင်ရောင်းချတဲ့အခါ ဒီဘဏ်မှာ လျှောက်လွှာတင်ပြီးတော့ ၀ယ်ယူနိုင်မှာပါ” အိမ်ရာ ညွှန်ကြားရေးမှူးက ပြောကြားသည်။
တန်ဖိုးသင့်အိမ်ရာများ ရောင်းချပေးမည့်စနစ်တွင် ကိုယ်ပိုင်ဝင်ငွေရှိသူများ၊ လက်ရှိ အစိုးရ၀န်ထမ်း (သို့မဟုတ်) အငြိမ်းစား၊ ကုမ္ပဏီဝန်ထမ်း (လက်ရှိ)နှင့် ပြည်သူလူထုဟူ၍ သုံးမျိုးခွဲခြားထားကြောင်း၊ အိမ်ရာဝယ်ယူလိုသူများသည် ၀ယ်ယူခွင့် ရရှိပြီးပါက အိမ်ရာတန်ဖိုး၏ သတ်မှတ်ရာခိုင်နှုန်းအလိုက် ပထမအရစ်ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေများကို ဘဏ်စာရင်း (သို့) အရစ်ကျ လစဉ်ပေးသွင်းသွားရမည် ဖြစ်သည်။
ထို့အတူ အိမ်ရာဘဏ်ကို အများပိုင် ဘဏ်အဖြစ် ရပ်တည်သွားမည်ဖြစ်ရာ အစုရှယ်ယူတစ်ခုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် လူတစ်ဦးလျှင် အများဆုံးအစုရှယ်ယာ အရေအတွက် တစ်သိန်းအထိ ၀ယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း သိရပါသည်
 Ref & Credit  => http://www.myanmarict.com/news/public-housing-bank-for-who-want-to-bought-home-will-be-open-at-july-15/#.UePTyazzOJQ

No comments:

Post a Comment

Followers