Jul 13, 2013

PATTERN / PIN LOCK အပြင် GMAIL ACCOUNT တွေကို ဖြည်ပေးမဲ့ ဆော့ဖ်ဝဲလ် (ROOT ONLY)

မိမိတို့ရဲ့ Android ဖုန်းတွေမှာ Pattern / Pin lock တွေအပြင် Google Accounts တွေတောင်းနေရင် ဘာမှစိတ်မပူပါနဲ့ 3 မိနစ် အတွင်းနဲ့ အပြီးဖြည်ပေးမည်။မည်သည့် Lock မျှ ဖုန်းကို မကျန်ရှိပါ။

ဒီ.exe file ကို Bat Group မှကို Zahtet Ni ရေးထားသော Software လေးဖြစ်ပါတယ်...။

 လိုအပ်သောလင့်ကို အောက်မှာ ဒေါင်းလော့ဆွဲပါ ...ဒေါင်းလို့ရတဲ့ rar ဖိုင်လေးထဲမှ Remove Pattern Lock & AllAccount .exe ဖိုင်ကိုRunလိုက်ပါ ။ ပြီးရင်တော့ မိမိ ဖုန်းက Root access ရှိဖို့လိုအပ်ပါတယ်ခင်ဗျာ...
ပီးရင်တော့ USB debugging ကို On ထားရပါမယ် ခင်ဗျာ .....
ဟုတ်ကဲ့ပါ အပေါ်က ပြောထားတာတွေ ဖုန်းမှာ အရန်သင့်ရှိနေပီဆိုရင်တော့ Pattern Lock ကို ကလစ်တချက်နှိပ်လိုက်ပါ သူ့အလိုလို Pattern Lock ကို ဖြည်ချပါလိမ့်မယ် ပြီးသွားရင်တော့ ဖုန်းက Reboot ကျသွားပါလိမ့်မယ် ခင်ဗျာ ....
ကဲ ...ပီးရင်တော့ ဖုန်းမှာ မည်သည့် Pattern & Pin Lock လုံးဝ(လုံးဝ) မရှိတော့ပါဘူးခင်ဗျာ....။

အကယ်လို့များ Pattern & Pin Lock အနှိပ်များပီ G Mail အကောင့်တောင်းလျှင်
 အောက်က All Account ကိုနှိပ်လိုက်ပါ .....

(မှတ်ချက် ++ All Account ကိုတော့ ကျွန်တော် မစမ်းကြည့်ရသေးပါခင်ဗျာ Pattern & Pin Lock ကို စမ်းပီးပါပီ :D )

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ   

Ref & Credit  => အောင်ကျော်ခိုင်

IPCop - Firewall _ Content Filter _ Block Porn _ Web Proxy C-1

ဒါ ကတော့  configuration for IPCop - Firewall _ Content Filter _ Block Porn _ Web Proxy C-1

Installation IPCOP 2 0 3

linux base firewall
ဖြစ်တဲInstallation IPCOP 2 0 3 ပါ

ကားဝယ်လျှင် အရှုံးပေါ်မည်ဟု စီးပွား/ကူးသန်းဝန်ကြီး သတိပေး

မြန်မာနိုင်ငံ၏ ကားဈေးကွက်ကို နိုင်ငံတကာပုံစံသို့ ဦးတည် ပြောင်းလဲလျှက်ရှိသောကြောင့် လက်ရှိ အနေအထားတွင် ကားဝယ်မည် ဆိုပါက အရှုံးပေါ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး (စီးပွား/ ကူးသန်း) ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဧရာဝတီသတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ပြောဆိုလိုက်သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာပြီးနောက် နိုင်ငံသားတိုင်း ကားစီးနိုင်ရမည်ဆိုသည့် သမ္မတ ဦးသိန်းစိန်၏ စီမံချက်ဖြင့် ကားဈေးနှုန်းများကို လျှော့ချခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကားဈေးနှုန်းများမှာ ယခင်ထက် အဆပေါင်းများစွာ ကျဆင်းခဲ့ပြီဖြစ်ကြောင်း၊ အစိုးရ၏ ကားမူဝါဒမှာ နိုင်ငံတကာ ကားဈေးကွက်ပုံစံဖြင့် ကားအရောင်း စင်တာများတွင် ပြည်သူများ အခက်အခဲမရှိ ဈေးနှုန်းချိုသာစွာ ၀ယ်ယူနိုင်ရန် ဖြစ်ကြောင်း ဦးဝင်းမြင့်က ရှင်းပြသည်။
“အရင် ကျပ် သိန်း ၃၀၀၀၊ ၄၀၀၀ ရှိခဲ့တဲ့ ကားတွေ အခု သိန်း ၂၀၀ ပဲရှိတော့တယ်။ သိန်း ၂၀၀ နဲ့ ကားကောင်းကောင်း စီးလို့ရပြီ။ အခု ကားဈေးကွက်က တည်တည်ငြိမ်ငြိမ် ဖြစ်မယ့် အခြေအနေတခုကို သွားနေတယ်။ သိပ်မကြာခင် ကာလမှာ နိုင်ငံတကာ ဈေးကွက်ပုံစံကို တဖြည်းဖြည်း သွားနေတယ်။ ချက်ချင်းကြီးတော့ လုပ်လို့မရဘူး။ ဒါပေမယ့် ကျနော် ပြောနိုင် တာက ကားဝယ်ရင် မြတ်မယ့်ခေတ် ကုန်သွားပြီ။ ကားဝယ်ရင် အရှုံးပေါ်မယ်။ ကိုယ်တော့ စီးရတာပေါ့” ဟု သူက ဆိုသည်။
ကားဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် ၎င်းကိုယ်တိုင်ပင်လျှင် ယခင် သိန်းထောင်ချီကားများ လက်ဝယ် ပိုင်ဆိုင်ထားသဖြင့် အရှုံးပေါ်ခဲ့ပါကြောင်း ဦးဝင်းမြင့်က ပြောသည်။
“ကျနော့်မှာလည်း လင့်ခရူဆာ လေးစီးရှိတယ်။ အရင်တုန်းကဆိုရင် သိန်း ထောင်ချီတန်တဲ့ ကားတွေပေါ့။ အခု သိန်း ရာချီလောက်ပဲ တန်တော့တယ်။ ကျနော်လည်းရှုံးတာပါပဲ။ ဒါပေမယ့် ဒါက မလုပ်လို့မရဘူး။ နိုင်ငံက တကယ့်ဒီမိုကရေစီ ဈေးကွက်စီးပွားရေး စနစ်ဆီ သွားနေပြီ။ ၂၀၁၅ ဆိုရင် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့်တွေ လာတော့မယ်။ အစစ အရာရာ ကျနော်တို့က ပြင်ဆင်ရတော့မယ်” ဟု ၎င်းက ဆက်ပြောသည်။
လတ်တလော ကားဈေးကွက် ကားသစ်များ တင်သွင်းနိုင်သော ကားဟောင်းအပ်နှံသော စလစ် ဈေးနှုန်းများ မြင့်တက်လျှက် ရှိသည်ဆိုသော သတင်းများကို စီးပွား /ကူးသန်း ၀န်ကြီးဌာန အနေဖြင့် သိရှိထားကြောင်း၊ အဆိုပါ ၀န်ကြီးဌာန အနေဖြင့်လည်း ကားတင်သွင်း လိုသော နိုင်ငံသားတဦးချင်းစီ အလိုက် ဆက်လက် တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ကားတင်သွင်းခွင့် ပါမစ် လိုင်စင်များကို ပိတ်ပင်ရန် မရှိကြောင်း၊ ကောလာဟလ လွှင့်ကာ ဈေးကစားနိုင်သော
ခေတ်လည်း မဟုတ်ကြောင်း သူက ရှင်းပြသည်။
“ထင်သာမြင်သာရှိရှိနဲ့ ကျနော်တို့လုပ်သွားမယ်။ အခုဆိုရင် ကားစီးရေ ခြောက်သောင်းကျော် တင်သွင်းခွင့်ပြုပြီးပြီ။ အဲဒီမှာ ကားသစ်စီးရေ သုံးသောင်းနီးပါးနဲ့ ကားဟောင်းလဲတာ သုံးသောင်းကျော် ရှိတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။
ကားသစ် များပြားလာခြင်းကြောင့် လမ်းများ ပိတ်ဆို့နေသည်ဆိုသော ပြောဆိုချက်များအပေါ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“ကားလမ်းပိတ်တဲ့ အထဲမှာ စည်းကမ်း မလိုက်နာတွေကလည်း အဓိက အချက်တချက်လို ဖြစ်နေတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အပိုင်းကို သေသေချာချာလေး လုပ်သွားဖို့ရှိပါတယ်။ ဒါပေမယ့်လည်း ကားဈေးတွေ ကျလာတဲ့အချိန်မှာ တော်တော်လေးကို လူတွေ ကားစီးနိုင်လာကြတယ်။ ကျနော့်ဇာတိ တန့်ဆည်ကိုပြန်တဲ့ အချိန်မှာဆိုရင် နယ်က လမ်းတွေပေါ်မှာ ကားကောင်းတွေ တော်တော်များများ တွေ့ရတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။
ကားဝယ်မစီးနိုင်သေးသော ပြည်သူများအတွက်လည်း ခရီးသည်တင်ကား အသစ်များ ၀ယ်ယူတင်သွင်းလျှက်ရှိပြီး လတ်တလော ခရီးသည်တင်ကားသစ် စီးရေ ၁၀၀၀ ကျော် ရောက်ရှိနေကာ ဆက်တိုက် တင်သွင်းခွင့် ပြုသွားရန်ရှိသည်ဟု သိရသည်။
ပြည်တွင်း ဈေးကွက်တွင်မူ ကားသစ်များ တင်သွင်းမှု များပြားခြင်းနှင့် ဆိပ်ကမ်းရောက် ကားတန်ဖိုး ပြင်ဆင် သတ်မှတ် ပေးရန်ရှိခြင်းကြောင့် ကားအရောင်းအ၀ယ် ငြိမ်သက်ပြီး ဈေးနှုန်း တန့်နေသည်။
ယခင် စစ်အစိုးရ လက်ထက်က ကားတင်သွင်းခွင့် ပါမစ်ကို အစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့သောကြောင့် နှစ် ၂၀
ကျော် သက်တမ်းရှိ ကားဟောင်းတစီး၏ တန်ဖိုးသည် ကျပ်သိန်း ၃၀၀ အထက်တွင်ရှိခဲ့ပြီး မော်ဒယ်မြင့် ကားသစ်တစီးလျှင် အနည်းဆုံး ကျပ် သိန်း ၁ ထောင်ကျော် ဈေးပေါက်ခဲ့သည်။
ကိုးကား – ဧရာဝတီ
Ref & Credit  => http://myanmarcarsmarket.com

ကျည်ကာကားဝယ်ယူရန် ကျပ်သန်းနှစ်သောင်းနီးပါး အစိုးရ အသုံးပြုမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

စီမံကိန်းပါ အချက်အလက်များနှင့် အသုံးစရိတ် တင်ပြမှုများ မတိကျဟု ဝေဖန်ခံနေရသည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စု အစိုးရအမျိုးသား စီမံကိန်းမူကြမ်းတွင် ကျည်ကာယာဉ် ၁၇၂ စီး ဝယ်ယူရန် ငွေကျပ်သန်းပေါင်း နှစ်သောင်းနီးပါး အသုံးပြုသွားမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာကံဇော်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။
ယင်းကျည်ကာ ယာဉ်များကို ပြည်ထောင်စုအစိုးရ အဖွဲ့ အသုံးပြုရန် ဝယ်ယူရခြင်းဖြစ်ပြီး ကျပ် ၁၈၄၇၀ ဒသမ ၅၀၄သန်း အသုံးပြုသွားမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ တင်ပြချက် အရသိရသည်။

၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမည့် မြန်မာနိုင်ငံတွင် ဒေသတွင်း အာဆီယံ အစည်းအဝေးများ ပြုလုပ်မည်ဖြစ်သဖြင့် နိုင်ငံတကာခေါင်းဆောင်များ လာရောက်လျှင် လုံခြုံရေးအတွက် ကျည်ကာယာဉ်များ လိုအပ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

အစိုး၏ ကျည်ကာယာဉ်ဝယ်ယူမည့် အစီအစဉ်မှာ အသုံးစရိတ်များသဖြင့် ထက်ဝက်ခန့် လျှော့ချသင့်ကြောင်း ဒိုက်ဦးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ပြည်ထောင်စု လွှတ်တော်တွင် တိုက်တွန်းပြောကြားသည်။
"ထမင်းတစ်နပ် လျှော့စားဖို့ ပြည်သူတွေ လမ်းညွှန်ခံနေရတဲ့ အချိန်မှာ ကျည်ကာကား အသုံးစရိတ်ကို လျှော့သင့်တယ်"ဟု ဦးမင်းဆွေက ဆိုသည်။

အရှေ့အလယ်ပိုင်း နိုင်ငံများကဲ့သို့ ပြည်တွင်းလုံခြုံရေး မစိုးရိမ်ရသည့် မြန်မာနိုင်ငံ တွင် ကျည်ကာယာဉ်များ ဝယ်ယူရေး ထက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ပိုမို သုံးစွဲသင့်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက မှတ်ချက်ပြုသည်။

ပြည်ထောင်စုအစိုးရ ဝယ်ယူမည့် ကျည်ကာယာဉ်များမှာ တာရိုတာကမ်ဘရီ ၂၀၁၂မော်ဒယ်လ် အစီး ၅၀၊ မာစီဒီး ငါးစီး၊ မာစီဒီးပူးမား ၂၀၀၂ နှင့် ၂၀၁၂မော်ဒယ်လ်နှစ်စီး၊ မာစီးဒီး ၃၅၀ မော်ဒယ်လ်အစီး ၄၀ နှင့် အော်ဒီ AG ၂၀၁၃ မော်ဒယ်လ်အစီး ၃၀ တို့ဖြစ်ကြောင်း အမျိုးသားစီမံကိန်း (မူကြမ်း)တွင် ဖော်ပြထားသည်။
Written by 
Ref & Credit  => thevoicemyanmar

MRTV 4 ကို Android မှာ ကြည့်နိုင်မယ့် APK ရပြီ

(MRTV 4)မြန်မာ့အသံအစီအစဉ်ကို အွန်လိုင်းမှာ ကြည့်ရှုနိုင်တော့မယ်ဆိုတော့ တော်တော်များများသိမှာပါ (လောလောဆယ် ကြည့်မရသေး) သူအွန်လိုင်းမှာလွင့်တဲ့အခါမှ ကြည့်လို့ရမယ် 15 ရက်ကျရင် လွင့်မယ်လို့တော့ ပြောတယ် သူအတွက် Apk လေးရှိတယ် ဆရာမ ‪#HtarHtarLwin‬ တင်ပေးထားတာပါ 
ကျွန်တော်မှ ပြန်လည်မျှဝေချင်းဖြစ်ပါတယ် ဆောင်ထားချင်တယ်ဆိုရင် အောက်မှာရယူနိုင်ပါတယ် 
ဒေါင်းရလွယ်အောင် ဘာကြော်ငြာမှ မခံထားပါ  နှစ်ခုလုံး ဒါရိုက်လင့်ပါ
Dwonlaod>>>>http://www.mediafire.com/(or)hotfile
 Ref & Credit  => အောင်ကျော်ခိုင်

Facebook က ကျွန်တော့်ကို ဘယ်တော့မှ Phone နံပါတ် မတောင်းဘူး

တကယ်ပါ ... ကိုယ့်အမည်ကို ကိုယ်ဖော်တယ်ပဲထင်ထင် ကြွားတယ်ပဲဆိုဆို ....
ကျွန်တော်က Facebook နဲ့ ပတ်သက်လာရင် သိပ်ကံကောင်း တယ်လို့ ပြောရမယ်ထင်တယ် ..
ဘာကြောင့်လဲဆိုတော့ ကျွန်တော် Facebook အကောင့်ကို ဘယ်အချိန်ပဲ အသစ်ဖွင့်ဖွင့်
ဖုန်းနံပါတ်အတောင်းခံရတယ်ဆိုတာ လုံးဝမရှိခဲ့ပါဘူး ...
gmail အကောင့်ဖွင့်ရင်တောင် ငါးခုခြောက်ခုလောက်ဖွင့်မှ တစ်ခေါက်လောက်ပဲ ဖုန်းနံပါတ်နဲ့
Verification လုပ်ခိုင်းတာကို ကြုံရတာပါ ..
အဲဒီလို အကောင့်သစ်ဖွင့်တဲ့နည်းတွေကိုလည်း တစ်မျိုးပြီးတစ်မျိုး ရေးခဲ့ဖူးပါတယ် ..
ဗွီဒီယိုဖိုင်တွေတင်ပြီးတော့လည်း ရှင်းပြခဲ့ဖူးပါတယ် ... ဒါပေမယ့်
အချို့အနည်းငယ်အတွက်သာ အဆင်ပြေပေမယ့် ...
အဆင်မပြေတဲ့လူက ပိုများနေတာကို တွေ့ရပါတယ် ..
ကျွန်တော်လုပ်ပြတော့ အဆင်ပြေပြေနဲ့ ရသွားပြီး အခြားလူအချို့လုပ်တဲ့အခါကျတော့
ဖုန်းနံပါတ်တောင်းတာတို့ Security Code တောင်းတာတို့ စတဲ့ စိတ်ညစ်စရာအဆင့်တွေကို
ရောက်ရောက်သွားပြန်ပါတယ် ...

ဒါဟာဘာကြောင့်လဲဆိုတော့ .. ကျွန်တော့်ရဲ့ Browser မှာ History တွေ Cookies တွေ Track တွေ
သန့်ရှင်းနေလို့လို့ ကောက်ချက်ချရမှာဖြစ်ပါတယ် ..
တော်တော်များများက အင်တာနက်သုံးပြီဆိုရင် အဲဒီအသုံးပြုလိုက်တဲ့ Browser မှာ ကပ်ငြိကျန်ခဲ့တဲ့ History တွေ  Cookies တွေနဲ့ Track တွေကို သိပ်ဂရုမစိုက်ကြပါဘူး ..

ကျွန်တော်ကတော့ ကျွန်တော်သုံးနေတဲ့ Browser ရဲ့ သန့်ရှင်းရေးကို သိပ်ပြီး သတိထားပါတယ် ...
ကျွန်တော့်ရဲ့ Browser မှာ Ask.com လို Yahoo.com တို့ Tool Bar တွေ Search Engine တွေ
အပိုမရှိပါဘူး ...
အဲဒီလို Add on Tool bar တွေကိုတော့ Extension တို့ Add-ons တို့ကနေသွားပြီး remove တို့
Disable တို့လုပ်ပစ်နိုင်ပါတယ်
( အဲ .. Ask.com ဆိုတဲ့ Tool bar ကိုတော့ Uninstaller တစ်ခုခုသုံးပြီး Uninstall လုပ်မှ ဖျောက်နိုင်ပါမယ်)
နောက်ပြီး .. ဘယ်လောက်ပဲ အင်တာနက်သုံးသုံး ..
Browser ကို ပိတ်လိုက်တာနဲ့ History တွေလုံးဝကျန်မနေအောင်လို့
Browser ရဲ့ Options ကနေ Privacy ကိုဝင်ပြီး Never remember history လုပ်ထားပါတယ်

ဒါကိုလုပ်ဖို့ အရင်ဆုံး Browser ထဲက Recent histories တွေ အားလုံးကို အရင်ရှင်းရပါမယ်
Browser ရဲ့ ဘယ်ဖက်အပေါ်ဆုံးကိုနှိပ်လိုက်ပြီး ကျလာတဲ့ထဲက History ကနေ Clear Recent History ကိုနှိပ်ပါ

နောက်ထပ်ကျလာတဲ့ထဲမှာ everything ကိုရွေးပေးပြီး အောက်ဆုံးက Clear now ကိုနှိပ်ပေးလိုက်ပါ

ပြီးရင်တော့ Options ကိုသွားပြီး ပွင့်လာတဲ့ထဲက Privacy ဆိုတဲ့အောက်မှာ Never remember history ကိုရွေးပေးပြီး Ok ကိုနှိပ်ပေးလိုက်ရင် Browser ကို Restart ချရမယ့်အကြောင်း Message တက်လာပါမယ်
အဲဒါကိုလည်း Ok နှိပ်ပေးလိုက်ပါ ... Browser ဟာ ပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်

ဒါဆိုရင် .. Browser ကို ပိတ်လိုက်ပြီဆိုတာနဲ့ အဲဒီ Browser မှာရှိနေတဲ့ History တွေဟာ
အလိုလို Delete လုပ်ပြီးသား ဖြစ်သွားပါတယ် ...

အဲ .. အင်တာနက်မှာ ရှာဖွေတုန်းက appdata ဆိုတဲ့ထဲမှာ မှတ်သားထင်ကျန်နေခဲ့တဲ့
Cookies အချို့နဲ့ Track အချို့ကို ရှင်းပစ်ဖို့ကိုတော့ Wipe ဆိုတဲ့ ဆော့ဝဲလေးကို သုံးပါတယ်
Wipe ကို ဖွင့်လိုက်တာနဲ့ History တွေ Cache တွေ Cookies တွေနဲ့ Track ကို အရင်ဆုံး လိုက်ရှာပါတယ်
ရှာပြီးလို့ ငြိမ်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း ပွင့်လာပါတယ် ..

အဲဒီထဲက Continue ကို နှိပ်ပေးလိုက်တဲ့အခါ .. ခဏအကြာမှာ အောက်ကပုံလေး ထပ်ပွင့်လာပါတယ်
Internet Download Manager ထဲက Track တွေကိုရော ရှင်းပစ်မယ်ဆိုရင် Yes ကို နှိပ်ပေးလိုက်ပါ
Resume လုပ်ပြီး ဆက်ဒေါင်းစရာကျန်နေသေးတယ်ဆိုရင်တော့ No ကို နှိပ်ပေးလိုက်ပါ ( အကောင်းဆုံးကတော့ Yes ကို နှိပ်တာ အရှင်းလင်းဆုံးပါပဲ .. )

အဲဒီလို Yes/No တစ်ခုခုနှိပ်ပေးလိုက်တာနဲ့ ခဏအကြာမှာ အောက်ကပုံအတိုင်း ရှင်းလင်းရေး လုပ်ငန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်

အားလုံးငြိမ်သွားပြီဆိုရင်တော့ Exit program ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် Browser အားလုံးမှာ History , Cookies, Cache နဲ့ Track တွေ အားလုံးနီးပါးကို
ရှင်းလင်းပြီးသွားပြီဖြစ်ပါတယ် ..

Wipe ဆိုတဲ့ ဆော့ဝဲလေးရဲက နောက်ဆုံးဗားရှင်းကို အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်

Setup ဖိုင်ကို Install လုပ်ပြီးရင် Crack ဆိုတဲ့ဖိုဒါထဲက wipe ဆိုတဲ့ exe ဖိုင်လေးကို ကော်ပီကူးယူပြီး
C >> Program files >> Wipe 2013 ဆိုတဲ့ဖိုဒါထဲကို Paste လုပ်လိုက်ပါ
Message Box တစ်ခုပွင့်လာတဲ့အခါ Replace ပါတာကို ရွေးပေးလိုက်ပါ
ဒါဆိုရင် Full Version ဖြစ်သွားပါပြီ
အဲဒီလို အပေါ်မှာပြောခဲ့တဲ့အတိုင်း ရှင်းလင်းရေးတွေ လုပ်ဆောင်ပြီးသွားပြီဆိုရင်တော့ Gmail အကောင့်အသစ်တစ်ခုလောက် ဖွင့်ကြည့်ပါ .. (ကောင်းတာက အားလုံးရှင်းပြီးရင် Restart ချလိုက်ဦး)
အဲဒီလိုဖွင့်တဲ့နေရာမှာ www.google.com.mm ကို မသုံးပါနဲ့ www.google.com ကနေပဲသွားပြီး အကောင့်သစ်ဖွင့်ပါ
Phone number အကွက်နဲ့ Location အကွက်တွေမှာ နိုင်ငံအမည်ကို United States ရွေးပေးပါ
(ဖုန်းနံပါတ်တော့ ထည့်စရာမလိုပါဘူး)
အဲဒီလိုဖွင့်ကြည့်ပါ ..
အကောင့်ငါးခုမှာ တစ်ခုလောက်ပဲ Verification တောင်းတာကြုံရပါလိမ့်မယ် ..
များသောအားဖြင့်တော့ Phone နံပါတ်မလိုပဲ အကောင့်တစ်ခု ရသွားတာက များပါတယ် ..
gmail အကောင့်ရသွားရင် Browser ကို ပိတ် ..
အပေါ်ဆုံးမှာပြောခဲ့သလိုပဲ Wipe ကိုသုံးပြီး ရှင်းလင်းရေးလုပ်
Facebook အကောင့်သစ်ကိုဖွင့် .. (နံမည်ကို အင်္ဂလိပ်နံမည်ပုံစံနဲ့ဖွင့်)
အဲဒီလိုလုပ်ကြည့်ပါ ..
အကောင့်သစ်တိုင်းနီးပါးအတွက် ဖုန်းနံပါတ် အတောင်းမခံရတော့တာကို တွေ့ရပါလိမ့်မယ်
နားလည်ထားဖို့က Facebook အကောင့်သစ်ဖွင့်တိုင်း Lock ကျတာပဲဖြစ်ဖြစ်
မသင်္ကာလို့ Phone Verification တောင်းတာပဲဖြစ်ဖြစ်
အကောင့်ရပြီးမှ Security Code တောင်းတာပဲဖြစ်ဖြစ် Browser ထဲက
History တွေ Cookies တွေ Cache တွေနဲ့ Track တွေကြောင့်သာ ဖြစ်လာရတယ်ဆိုတာကို
နားလည်ထားရင် ဘယ်လိုအကောင့်မျိုးမဆို အခက်အခဲမရှိနဲ့ ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်
ကဲ .. အဆင်ပြေကြပါစေဗျာ
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

Ref & Credit  => အိုင်တီမုဆိုး & အောင်ကျော်ခိုင်

Install မလုပ်ဘဲသုံးနိုင်တဲ့ ကောင်းကင်မြေပုံဆော့ဝဲ Google Earth Pro v7.1.1.1871 Portable for Windows XP/7/8

ကွန်ပျူတာတွေမှာအသုံးပြုဖို့အတွက် တစ်ကမ္ဘာလုံးက နိုင်ငံတိုင်း နေရာတိုင်းကို အိမ်တစ်လုံးချင်းကအစအသေးစိတ်ကြည့်ရှုနိုင်တဲ့ ကောင်းကင်မြေပုံ Satellite ဆော့ဝဲဖြစ်တဲ့ Google Earth Pro v7.1.1.1871 ကိုတင်ပေးလိုက်ပါတယ်။ ကောင်းကင်မြေပုံ View နဲ့ကြည့်ရှုနိင်သလို ၊ ရိုးရိုးမြေပုံအနေအထားနဲ့လည်းကြည့်ရှုနိုင်ပါတယ်။ အခုတင်ပေးလိုက်တာက Portable version လေးဖြစ်တာကြောင့် Install လုပ်စရာမလိုဘဲ အသုံးပြုနိုင်ပြီး Memory Stick ထဲမှာထည့်သွင်းယူဆောင်အသုံးပြုနိင်ပါတယ်။ Windows XP/ Windows 7 / Windows 8 စတဲ့ OS အားလုံးမှာအသုံးပြုနိုင်ပါတယ်။ Google Earth Pro v7.1.1.1871 Portable for Windows XP/7/8 ကိုအောက်က link မှာရယူပါ။

Google Earth Pro v7.1.1.1871 Portable for Windows XP/7/8
 
Ref & Credit  => myanmarupdatechannel

ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်က တစ်ဦးလျှင် ရှယ်ယာ သိန်းတစ်သောင်းဖိုးအထိ ရောင်းချမည်

ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်အား အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့ စည်းပြီးဖြစ်ကာ တစ်ဦးလျှင် ရှယ်ယာသိန်းတစ်သောင်းဖိုးအထိ ရောင်းချမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ရှယ်ယာများအား တစ်ဦးတည်းက လက်ဝါးကြီးအုပ်ခြင်းမျိုး မဖြစ်စေရန် အများဆန္ဒနှင့်ကိုက်ညီစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်၏ ဒုတိယဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။ “အစုရှယ်ယာက တစ်စုကို တစ်သောင်းနဲ့ရောင်းမှာပါ။ တစ်ယောက်ကိုဖြစ်စေ၊ ကုမ္ပဏီအဖွဲ့အစည်းတစ်ခုကိုဖြစ်စေ တန်ဖိုးအနေနဲ့ သိန်းတစ်သောင်းဖိုးအထိ ရောင်းပါမယ်။ အကယ်၍ သိန်းနှစ်သောင်းဖိုးဝယ်ချင်ရင် ကုမ္ပဏီနှစ်ခု၊ လူပုဂ္ဂိုလ်နှစ်ဦးဝယ်ပေါ့။ သုံးသောင်းဖိုးဝယ်ချင်ရင် လူပုဂ္ဂိုလ်သုံးဦးဝယ်ပေါ့။ ကန့်သတ်ချက်မထားပါဘူး။ အများပြည်သူတွေကြိုက်သလောက် ပါဝင်နိုင်ပါတယ်။ တံခါးဖွင့်ထားပါတယ်” ဟု ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်၏ တာဝန်ရှိသူကမီဒီယာများ၏ မေးမြန်းမှုကိုဖြေကြားသည်။ Authorized Capital ကို အစုရှယ်ယာပေါင်း ၁ ဘီလီယံထားရှိကြောင်း သိရသည်။
လက်ရှိအများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် လုပ်ဆောင်ရန်ရှိသည်များကို ၃ လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းနောက်ပိုင်းတွင် ရှယ်ယာများကို ရောင်းချသွားမည်ဖြစ်ကြောင်း၊ ရှယ်ယာထည့်ဝင်မှု ပမာဏအနည်းဆုံး သိန်းသုံးထောင်ရှိသူအနေဖြင့် BOD Member ဖြစ်ခွင့်ရမည်ဖြစ်ကြောင်း၊ BOD Member များကို မဲပေးရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။ ရှယ်ယာဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဘဏ္ဍာရေးအစီရင်ခံစံနှုန်းများအတိုင်း ဆောင်ရွက်သွားမည်ဟု သိရသည်။ “အခုလက်ရှိအနေအထားမှာတော့ နိုင်ငံတော်ပိုင်းကပိုင်တာ၊ အမ်ပီတီပိုင်းကပိုင်တာ ၅၁ ရာခိုင်နှုန်း ရှိပါတယ်။ အများပြည်သူပိုင်တဲ့ ကုမ္ပဏီတွေပိုင်တဲ့ ရှယ်ယာက ၄၉ ရာခိုင်နှုန်းရှိပါတယ်။ အခုရှယ်ယာကို သတ်မှတ်ချက်က ၅၁ ဆိုပေမယ့် ကျွန်တော်တို့အများပိုင် မလုပ်ခင်မှာ နိုင်ငံတော်က ထည့်ထားတဲ့ရှယ်ယာပါ။ အများပိုင်ပြောင်းသွားလို့ ကျွန်တော်တို့တယ်လီကွန်းအော်ပရေတာပိုင်းက လုပ်ငန်းကြီးကိုရလို့ အော်ပရေတာလုပ်ဖို့အတွက် လိုအပ်တဲ့အရင်းအနှီး ဒေါ်လာသန်းငါးရာအထက် ရှိပါတယ်။ ဒါကြောင့် ၅၁ ရာခိုင်နှုန်းက နောင်ကျရင်ပုဂ္ဂလိကရှယ်ယာတွေလာရင် လျှော့နည်းသွားမယ်။ နိုင်ငံတော်ပိုင်းက ငါးရာခိုင်နှုန်းထက်မပိုတဲ့ ရာခိုင်နှုန်းကိုပဲ MPT ကယူထားပါမယ်” ဟု တာဝန်ရှိသူက ရှင်းပြသည်။ ကျန်ရှယ်ယာများအား လက်ရှိဒါရိုက်တာများ၊ နောက်ထပ်ဝင်လာမည့် ပုဂ္ဂလိကရှယ်ယာများ၏ ပိုင်ဆိုင်မှုဖြစ်မည်ဟု တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။
ထွန်းထွန်း ရန်ကုန်၊ ဇွန် ၈

- See more at: http://www.myanmarinternetjournal.com/content/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%95%E1%80%B6%E1%80%AF%E1%80%90%E1%80%9A%E1%80%B9%E1%80%9C%E1%80%AE%E1%80%95%E1%80%AD%E1%80%AF%E1%82%94%E1%80%80%E1%80%AF%E1%80%99%E1%81%B8%E1%80%8F%E1%80%AE%E1%80%9C%E1%80%AE%E1%80%99%E1%80%AD%E1%80%90%E1%80%80%E1%80%B9%E1%80%80-%E1%80%90%E1%80%85%E1%80%B9%E1%80%A5%E1%80%AE%E1%80%B8%E1%80%9C%E1%80%BD%E1%80%BA%E1%80%84%E1%80%B9-%E1%80%9B%E1%80%BD%E1%80%9A%E1%80%B9%E1%80%9A%E1%80%AC-%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%90%E1%80%85%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%80%B8%E1%80%A1%E1%80%91%E1%80%AD-%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%99%E1%80%8A%E1%80%B9#sthash.nVw9X4cP.dpuf

Pacific Rim 1.0 (UNLIMITED MONEY) for Android

အသစ်ထွက်ရှိလာတဲ့ Android ဂိမ်းအသစ်ဖြစ်တဲ့ Pacific Rim v1.2 ကိုတင်ပေးလိုက်ပါတယ်။ ကမ္ဘာမြေကို တိုက်ခိုက်လာတဲ့ ဂြိုလ်သား သတ္တ၀ါဆန်းတွေကို စက်ရုပ်တွေနဲ့ကာကွယ်တိုက်ခိုက်ရမှာပါ။ ဇာတ်လမ်းသွားပုံစံဂိမ်းဖြစ်ပါတယ်။ ဂိမ်းရဲ့ရုပ်ထွက်ကလည်း အင်မတန်ကောင်းပါတယ်။ အခု ပိုက်ဆံ hack ထားပြီးသား ဂိမ်းကိုတင်ပေးထားပါတယ်။ Pacific Rim v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Hack ထားတဲ့ပုံ
 
Download Links: (ARMv7 Only)
NORMAL APK+MOD APK+DATA FILES
DataFIleHost
part1  +  part2  +  part3 
 (download အောက်က Use our download manager and get recommended downloads စာတန်းမှ အမှတ်လေးဖျက်ဒေါင်းပါ)
(OR)
ZippyShare
part1  +  part2  +  part3 
rar သုံးဖိုင်ပေါင်းပြီး ဖြည်လိုက်ပါ … apk + data ထွက်လာပါမယ်.. apk ကို mod apk ကိုသုံးပါ  :D
Install APK,
Place data folder in SDCard/Android/Obb/
and Play.

thank for all
YEMIN7

Ref & Credit  => myanmarmobileapp

Followers