Feb 20, 2015

Administrator တိုင်း သိထားသင့်သည့် Windows 7 Command Line (၁၀) ခု

Windows 7 operating system ကို အသုံးပြုနေကြသူတွေ အတွက် command line တွေဟာ တစ်ခါတစ်ရံမှာ အကောင်းဆုံး ပြဿနာ ဖြေရှင်းနည်းတွေ ဖြစ်နေတတ်ပါတယ်။ Windows 7 desktop ပြဿနာကို လျင်မြန်စွာ ဖြေရှင်းနိုင်ဖို့ အခြေခံ အကျဆုံး command line (၁၀) ခုကို တင်ပြပေးလိုက်ပါတယ်။
(1) System File Checker
Manlicious software ဟာ ကွန်ပျူတာ စနစ် တစ်ခုလုံးကို ထိန်းချုပ်ဖို့ အတွက် အဓိက system file တွေ နေရာမှာ အစားထိုး နေရာယူလေ့ ရှိပါတယ်။ ဒါကြောင့် Windows system file တွေ မှန်ကန်မှု ရှိ၊ မရှိ ဆိုတာကို system file checker နဲ့ အသုံးပြုပြီး စစ်ဆေးကြည့်သင့်ပါတယ်။ System File Checker ကို ခေါ်ယူ အသုံးပြုနိုင်တဲ့ command ကတော့ "sfc/scannow" ဖြစ်ပါတယ်။
(2) File Signature Verification
System မှန်ကန်မှု ရှိ၊ မရှိ ဆိုတာကို စစ်ဆေးဖို့အတွက် သေချာတဲ့ နည်းလမ်း တစ်ခုကတော့ system file တွေ အားလုံးကို ဒီဂျစ်တယ်နည်းနဲ့ အမှတ်အသား ပြုလုပ်ဖို့ပါပဲ။ ဒီလို ပြုလုပ်ဖို့အတွက် File Signature Verification tool ကို အသုံးပြုနိုင်ပါတယ်။ ဒီ tool က command line နဲ့ ခေါ်ယူရတာ ဖြစ်ပေမယ့် GUI interface နဲ့ အသုံးပြုရမှာ ဖြစ်ပြီး ဘယ် system file တွေက အမှတ်အသား ပြုလုပ်ထားတယ်၊ မထားဘူး ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ File Signature Verification tool ကို "sigverif" ဆိုတဲ့ command line နဲ့ ခေါ်ယူနိုင်ပါတယ်။
(3) Driverquery
မှားယွင်းနေတဲ့ device driver တွေဟာ system ပြဿနာ အချို့ကို ဖြစ်ပေါ်စေပါတယ်။ Windows 7 system မှာ ဘယ်လို driver တွေ ထည့်သွင်းထားတယ် ဆိုတာကို driverquery tool နဲ့ ခေါ်ယူ ကြည့်ရှုနိုင်ပါတယ်။ ဒီ tool ကိုတော့ "driverquery" command နဲ့ ခေါ်ယူနိုင်ပြီး အချက်အလက်တွေ ပိုမို ပြည့်စုံစွာ သိရှိလိုတယ်ဆိုရင် "driverquery-v" နဲ့ driver ရဲ့ signature ကို သိလိုတယ် ဆိုရင်တော့ "driverquery-si" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။
(4) Nslookup
Nslookup tool ကတော့ DNS name resolution မှန်ကန်စွာ အလုပ်လုပ်ခြင်း ရှိ၊ မရှိ ဆိုတာကို စစ်ဆေးဖို့ ကူညီပေးနိုင်ပါတယ်။ စစ်ဆေးလိုတဲ့ host name ကို nslookup နဲ့ run လိုက်တဲ့အခါ ဒီ tool က ၎င်း host name နဲ့ ပတ်သက်ပြီး ဖြေရှင်းပေးမှာ ဖြစ်သလို lookup ပြုလုပ်နေစဉ်အတွင်း အသုံးပြုလိုက်တဲ့ DNS server ကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မှန်ကန်မှု မရှိတော့တဲ့ DNS record တွေနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကို အဖြေရှာရာမှာ အလွန် အသုံးဝင်ပါတယ်။ ဒီ tool ကို အသုံးပြုဖို့ အတွက်က်တော့ nslookup command ထဲကို ဝင်ရောက်လိုက်ပြီး ဖြေရှင်းလိုတဲ့ host name ကို နောက်ကနေ ထည့်ပေးလိုက်ရုံပါပဲ။ ဥပမာ "nslookup dc1.contoso.com" ဆိုပြီး ဖြစ်ပါတယ်။
(5) Ping
Ping ကတော့ ကွန်ပျူတာ ချွတ်ယွင်းချက်ကို အဖြေရှာတဲ့ command တွေထဲမှာ အရိုးရှင်းဆုံး ဖြစ်ပါတယ်။ Network host ရဲ့ အခြေခံ TCP/IP ချိတ်ဆက်မှုတွေကို ကြည့်ရှုဖို့အတွက် အသုံးပြုနိုင်ပြီး ping command ထဲမှာ စမ်းသပ်လိုတဲ့ IP address ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ဥပမာ "ping 192.068.1.1" ဆိုတာမျိုးပါ။ ဒီ command အသုံးပြုတဲ့အခါ တစ်ခု သတိထားရမှာက ICMP traffic လို့ခေါ်တဲ့ Internet Control Message Protocol ကို ကွန်ပျူတာ firewall က ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။
(6) Pathping
တကယ်လို့များ firewall က ICMP traffic ကို ခွင့်မပြုတာကြောင့် ping ရဲ့ လုပ်ဆောင်ချက် မအောင်မြင်ခဲ့ဘူးဆိုရင် pathping utility ကို အသုံးပြုပေးနိုင်ပါတယ်။ Pathping ကိုတော့ host တွေအကြားမှာ ရှိတဲ့ တစ်ခုထက်ပိုတဲ့ router တွေရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေး ကြည့်ရှုဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဒီ command ကိုလည်း ping ကို ခေါ်ခဲ့တဲ့ အတိုင်း "pathping 192.168.1.1" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။
(7) Ipconfig
ကွန်ပျူတာ တစ်လုံးရဲ့ IP address တွေကို ကြည့်ရှုဖို့အတွင် ipcofig command ကို အသုံးပြုနိုင်ပါတယ်။ Windows 7 system တစ်ခုလုံးရဲ့ IP configuration အပြည့်အစုံကို သိရှိလိုတယ်ဆိုရင် "ipconfig/all" ကို အသုံးပြုနိုင်ပြီး လက်ရှိ အသုံးပြုနေတဲ့ IP address ကို အသစ် ပြန်လည် ပြုလုပ်လိုတယ် ဆိုရင်တော့ "ipconfig/release ipconfig/renew" ဆိုပြီး ခေါ်ယူနိုင်ကာ DNS resolver cache ကို ဖော်လိုတယ် ဆိုရင်တော့ "ipconfig/flushdns" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။
(8) Repair-bde
တကယ်လို့ Bitlocker နဲ့ encrypt ပြုလုပ်ထားတဲ့ drive ပြဿနာ ဖြစ်လာခဲ့မယ်ဆိုရင် repair-bde command ကို အသုံးပြုပြီး အချက်အလက်တွေကို ပြန်လည် ရယူနိုင်ပါတယ်။ ဒီ command ကို အသုံးပြုဖို့အတွက် အချက်အလက်တွေကို သိမ်းဆည်းပေးမယ့် destination driver တစ်ခုရဲ့ အမည်နဲ့ BitLocker recovery key ဒါမှမဟုတ် recovery password တို့ လိုအပ်ပါတယ်။ ခေါ်ယူနိုင်တဲ့ command ကတော့ "repair-bde-rk|rp" ဖြစ်ပါတယ်။ ဥပမာ "repair-bde c:d:-rk e:\recovery.bek"နဲ့ "repair-bed c:d:-rp 111111-111111-111111-111111-111111-111111" ဆိုပြီး ဖြစ်ပါတယ်။
(9) Tasklist
Tasklist command ကတော့ Windows 7 system မှာ အသုံးပြုနေတဲ့ လုပ်ဆောင်ချက်တွေရဲ့ အချက်အလက်တွေကို ကြည့်ရှုတာပါ။ "tasklist" command မှာ အခြား ရွေးချယ်စရာ ခေါ်ယူစရာ function တွေလည်း များစွာ ရှိပါတယ်။ ဥပမာ လုပ်ဆောင်ချက် တစ်ခုနဲ့ ပတ်သက်ပြီး ၎င်းနဲ့ ဆက်စပ်နေတဲ့ DLL module တွေ အားလုံးကို ဖော်ပြစေချင်တယ်ဆိုရင် "tasklist-m" ကို အသုံးပြုနိုင်ပြီး လုပ်ဆောင်ချက် တစ်ခုချင်းစီကို ထောက်ပံ့ပေးထားတဲ့ ဝန်ဆောင်မှုတွေကို သိလိုတယ် ဆိုရင်တော့ "tasklist-sve" ဆိုပြီး ခေါ်ယူ ကြည့်ရှုနိုင်ပါတယ်။
(10) Taskkill
Taskkill command ကတော့ လုပ်ဆောင်ချက် တစ်ခုချင်းစီကို အမည်နဲ့ ဖြစ်စေ၊ process ID နဲ့ ဖြစ်စေ ခေါ်ယူပြီးတော့ ပိတ်နိုင်စေမှာ ဖြစ်ပါတယ်။ "taskkill" ဆိုတဲ့ command ရဲ့ အနောက်မှာ မိမိ အဆုံးသတတ်လိုတဲ့ လုပ်ဆောင်ချက် တစ်ခုကို ၎င်းရဲ့ အမည် ဒါမှမဟုတ် process ID ဒါမှမဟုတ် ပုံရဲ့ အမည် အစရှိသဖြင့် ထည့်သွင်း ဖော်ပြပြီးတော့ အဆုံးသတ်နိုင်ပါတယ်။ ဥပမာ process ID နဲ့ ခေါ်ယူမယ်ဆိုရင် taskkill command ရဲ့ နောက်မှာ -ipd(process ID) ကို ထည့်သွင်းပြီး ခေါ်ယူနိုင်သလို ပုံနာမည်နဲ့ ခေါ်ယူချင်တယ် ဆိုရင်လည်း -im(image name) ကို taskkill ရဲ့ နောက်ဖက်မှာ ထည့်သွင်းပြီး ခေါ်ယူနိုင်ပါတယ်။
Credit > Original Author

Android OS အကြောင်းကို သိစေဖို့

Android ကို စတင် လေ့လာဖို့ ကျိုးစားနေ သူတွေ အနေနဲ့ အများပြော နေကြတဲ့ 
Bootloader, Firmware, ADB, Stock ROMs,
Custom ROMs, OS Kernel, ClockworkMod, Flashing, 

Rooting, Baseband စ သဖြင့် စာလုံး အထူး အဆန်း တွေချည်း
တွေ့ရလို့ လေ့လာ ချင်စိတ်ကုန် သွားတတ် သလို တစ်လုံးချင်းစီနဲ့ သူတို့ရဲ့ သီးသန့် အလုပ် လုပ်ပုံကို အတိ အကျ မသိရင် နာမည်သာ
ခေါ်နေပေမယ့် အနှစ်သာရ မဲ့နေ တတ်ပါတယ်၊ တကယ်လေ့လာ လိုသူတွေ အနေနဲ့ လဲ တစ်ခုစီရဲ့ အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်
အလုပ် လုပ်ပုံ တို့ကို သေချာ သိကို သိထား ရပါမယ်။

ဒီပို့စ်မှာ အထက်က စာလုံးတွေ အကြောင်း ရှင်းပြပေး သွားပါမယ်၊ တကယ့် ပညာရှင် အဆင့် တက်လှမ်း ချင်သူတွေ အတွက် Open
Source ဖြစ်တဲ့ Android က မည်သူ မဆို ဒေါင်းယူနိုင်ပြီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊ စိတ်ကြိုက် ပြောင်းနိုင်ပြီး မိမိနဲ့ အ
သင့်တော်ဆုံး ဖြစ်တဲ့ System တစ်ခု ဖြစ်သွားတဲ့ အထိ ပြုပြင် ယူလို့ ရပါတယ်။

Bootloader ဆိုတာ ဘာလဲ

Bootloader ဆိုတာက Operation System မစ တင်ခင် အလုပ် လုပ်တဲ့ Code အစိတ် အပိုင်း လေးကို ခေါ်ပါတယ်၊ Bootloader
ထဲမှာ OS kernal ကို စတင် အလုပ် လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေ ပါပါတယ်၊ Bootloader က Internal Memory ထဲ
မှာ ရှိတဲ့ Paratition တွေ အားလုံး ရဲ့ ပထမဆုံး Partition မှာ တည်ရှိတာ ဖြစ်ပြီး အခြား Partitions တွေ အားလုံးကို သွား
မယ့် Check Point ပါပဲ။

Bootloader ဘယ်လို အလုပ် လုပ်တာလဲ

Power စဖွင့် တာနဲ့ ROM ထဲမှာ ရှိတဲ့ Boot ROM Code က စပြီး အလုပ် လုပ်ပါတယ်၊ ပြီးရင် Bootloader လို့ ခေါ်တဲ့ Boot Strap
Firmware ကို နိုးမယ်၊ Boot Strap Firmware ထဲမှာ MBR and GRUB/LILO တို့ ပါဝင်တယ်၊ Bootloader အလုပ် စပြီ ဆိုတာနဲ့
init.S ဖိုင် စ အလုပ် လုပ်တယ် ၊ အရင် ဆုံး BSS segment ကို 0 တန်ဖိုး ရောက် သွားအောင် ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c ဖိုင် စ အလုပ် လုပ်တာနဲ့ hardware အစိတ် အပိုင်း တွေ ဖြစ်တဲ့ clocks, board, keypad, console တို့ကို စတင် စေမယ်၊ ပြီးရင် Linux Tags ကို ဖန်တီးပြီး Linux Kernel image ကို Memory ကနေ ၀င်တင်မယ်။

Botloader ရွေးချယ်မှု

Bootloader က Phone မှာ ပါဝင်တဲ့ အခြားမည်သည့် software မဆိုရဲ့ အဦးဆုံး စတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကို
အသုံးပြုဖို့ အလွန် အရေးကြီး လှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက် ဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီ တွေက သူ
တို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထား ကြပါတယ်၊ Android ဖုန်းတွေ
မှာ ပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊ ဒီလို လုပ်ထား တာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီ တွေကို သူ
တို့ ထုတ်လုပ်တဲ့ ဖုန်းကို သူတို့ထုတ်လုပ်တဲ့ OS version နဲ့ပဲ တွဲသုံး စေချင်လို့ပါ၊ Bootloader ကို Locked လုပ်ထားရင် Custom
ROM install လုပ်လို့ မရပါဘူး၊ ဒါကြောင့် Custom ROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရ ပါတယ်။

Kernel ဆိုတာဘာလဲ

Kernel ဆိုတာက Android တစ်ခုထဲမှာ သာလျှင် ရှိတာ မဟုတ်ပဲ IOS,MacOS,Window,BlackBerry's QNX တို့မှာလဲ ရှိပါတယ်၊ High Level Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင် ပါတယ်၊ ခု ပြောမှာက Android အကြောင်း ဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပြီး ပြောသွား ပါမယ်၊ Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကို သုံးကြပါတယ်၊

ဒါပေမယ့် Linux Operation System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်း မတူပါဘူး၊ Android Kernel မှာ Android အ
တွက် သီးသန့် Build-in code တွေ ပါနေပါတယ်၊ ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေ အတွက် Android Versions
အသစ် တွေကို Android ဖုန်းအဟောင်း တွေမှာထည့်သွင်းပြီး အားလုံး အဆင်ပြေပြေ အလုပ် ဖြစ်အောင်လုပ်ဖို့ အတော့ကို စောင့်ရ ပါတယ်၊

Gingerbred kernel အတွက် သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ် လုပ်မှာ မဟုတ်ပါဘူး၊ ဒီကိစ္စက လဲ အရေးကြီး ပါတယ်၊ Kernel ရဲ့ အဓိက အလုပ်က Hardware ကို ထိန်းချုပ်ဖို့ တာဝန်ကို ယူထား လို့ပါ၊ kernel ကိုရေး
တဲ့ ကုတ်တွေလဲ တကယ့်ကို များလှပါတယ်၊

Kernel ရဲ့ အဓီက တာဝန် ကတော့ Hardware နဲ့ Software တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက် တွေကို နားလည်အောင် လုပ်ကိုင်
ပေးဖို့ပါပဲ၊ Software တစ်ခုက ဘယ်လို အလုပ်မျိုး ကိုမဆို Hardware ကို လုပ်စေချင် တဲ့ အခါကျရင် Hardware ကို တိုက်ရိုက်
အမိန့် မပေးပဲနဲ့ Kernel ကို ညွန်ကြားချက် အရင် လှမ်းပို့ ပါတယ်၊ ဒီနေရာမှာ အလုပ် ဆိုတာက ဖုန်းက လုပ်နိုင်တဲ့ အလုပ် အားလုံး
ကို ညွန်း ပါတယ်၊

ဖုန်း Screen အလင်းရောင် ချိန်တာတို့၊ အသံ အနိမ့် အမြင့် ချိန်တာတို့၊ Raido ကို ချိတ်ဆက်ပြီး ဖုန်းခေါ်ဆို တာတို့၊ ဖုန်း မျက်နှာပြင်
မှာ ပုံဆွဲတာတို့ စသဖြင့် အလုပ် မှန် သမျှကို Software က လုပ် လိုတဲ့ အခါကျရင် Hardware ကို တိုက်ရိုက် မခိုင်းပဲ Kernel ကို
လှမ်းခိုင်း လိုက် ပါတယ်၊ အဲ့ဒီ့ အခါ မှာ Kernal က တဆင့် Hardware ကို လုပ်မယ့် အလုပ်ကို ညွန်ကြား ပါတယ်၊

ဥပမာ ကျွန်တော်တို့ ဖုန်း မျက်နှာပြင် ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ ခလုပ် မှာ ကလစ် တစ်ချက်နှိပ်ပြီး ဓါတ်ပုံ ရိုက်တယ်
ဆိုပါစို့၊ ခလုပ်ကို နှိပ်လိုက်တာနဲ့ကို software က Event တစ်ခုကို နားထောင်လို့ရမယ် ရတဲ့ Event ဖြစ်ပေါ်တဲ့ နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernel ကလဲ ရလာတဲ့ အချက်နဲ့ ပတ်သက်တဲ့ command ကို Camera hardware ကို လှမ်းပို့မယ်၊
Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ် ဒီလို Software တစ်ခု က Input လုပ်လိုက်တာကို Kernel က ယူပြီး Output
တစ်ခု အဖြစ် Hardware ကို ပြန်ပေး ပါတယ်၊

အကယ်၍ Kernel သာ မရှိခဲ့ ရင်တော့ Developers တွေက အလုပ် တစ်ခုစီ အတွက် အလွန့် အလွန် များပြားလှတဲ့ machine Code တွေကို ရေးပြီး Hardware ကို ခိုင်းစေ ရမှာဖြစ် ပါတယ်။

Kernel က ကြားခံ ပေးထားတဲ့ အတွက် Application Developers တွေ အနေနဲ့ Android System API's တွေ ကနေ တစ်
ဆင့် Kernel ဆီကို Resquest တွေ အလွယ်တစ်ကူ ပို့နိုင်ပြီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာ Develop လုပ်ရမှာဖြစ်သလို
Hardware Developers တွေကလဲ သူတို့ Develop လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင် Develop လုပ်ပေး စရာလိုပါတယ်။

CWM ဆိုတာဘာလဲ

CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း နဲ့ Tablet တွေ Recovery လုပ်ဖို့ သုံးပါတယ်၊
ဒီလို CWM သုံးပီး recover လုပ်တာ ကိုပဲ CWM recovery လို့ ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့် Stock Recovery နဲ့
မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root access ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom
ROM ထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့် အလုပ်တွေ အများကြီးကို လုပ်သွားနိုင် ပါတယ်၊ Android အခြေခံ အ
ဆင့် ကို နားမလည် သေးသူတွေအတွက် ClockWorkMod ကိုသုံးပြီး Recovery လုပ်ရင် အခက်အခဲ တွေ့နိုင်သလို CWM recovery
က အစွမ်းကိုလဲ သဘောပေါက်ဖို့ ခက်ခဲနေ ပါအုံးမယ်။

Android Devices တွေ အားလုံး recovery console ကို ဖုန်း အတွင်း ပိုင်း memory ထဲ ထည့်ပြီး ကုမ္မဏီ တွေက ထုတ် လုပ်
ရောင်းချ ပါတယ်၊ recover console ကနေ Boot တက်နိုင် ပါတယ်၊ အကယ်၍ မလိုလား အပ်တဲ့ ပြသနာတွေ တက်လာပြီ ဆိုရင်
ကျွန်တော်တို့ Factory Reset သုံးပြီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ် zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်
နိုင်ပါတယ်၊ ဒီလို အချက်လောက် သာလျှင် လုပ်နိုင်တာပါ Custom Recovery ကတော့ သူ မတူတဲ့ အလုပ် မျိုးကို လုပ်နိုင် ပါတယ်၊
Custom Recovery ကတော့ Stock Recovery လို မဟုတ်ပဲ Stock Recovery လုပ်နိုင် သမျှ ကို လုပ်နိုင်တဲ့ အပြင် ကိုယ် ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့ Options တွေ ပါလာပါတယ်၊

Custom Recovery ကို သုံးရင် တရား ၀င်ကော တရား မ၀င် ROMs တွေကိုပါ Install လုပ်နိုင် ပါတယ်၊ အခြား Application
Update လုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင် အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေ
အားလုံးကို ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခြင်း resotre
နဲ့ Backup မှာ စိတ်ကြိုက် အစိတ်အပိုင်း တွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော အလုပ်တွေ အများကြီးကို စိတ်ကြိုက် လုပ်နိုင်
ပါတယ်၊ ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android ROM Manager ကိုDevelop လုပ်
တဲ့ သူပါပဲ၊ သူ့ရဲ့ Hacking away at Android devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင် ပါတယ်၊

Firmware နဲ့ ပတ်သက် သမျှ

Firmware ဆိုတာက ROM (read only memory) ထဲကို ထည့်ရေး ထားတဲ့ Software program ကို ဆိုလို ပါတယ်၊ Window computer တွေမှာ သုံးတဲ့ window7 install လုပ်သ လိုပါပဲ၊ ဖုန်း အတွက် Firmware Install လုပ်တယ် ဆိုရင်တော့ Froyo,
Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို Android Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ။

ဖုန်းတိုင်းမှာ မတူညီတဲ့ Firmware နဲ့ installation Tool တွေ ရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့ ဖုန်းမှာ ကြိုက်တဲ့ firmware ကို
သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊ တစ်ခုတော့ ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory ကို ဆိုလို ပါတယ်၊ ဒီတော့
read only ဖတ်လို့ပဲ ရမယ် ရေးလို့ မရဘူးဆိုတဲ့ သဘောပေါ့၊ ဒါဆိုရင် ဘယ်လို လုပ်ပြီး ROM ထဲက Firmware ကို Update လုပ်
နိုင် မှာလဲလို့ တွေးစရာပါ၊ သဘော တရား အရတော့ ROM ထဲမှာ Firmware ရှိတယ်ပေါ့ ၊ နောက်ပိုင်း မှာတော့ Developer တွေက
ROM ရဲ့ အပြင်မှာ Firmware ကို ထည့်ရေး ကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲ ခေါ်တယ်၊ အကြောင်း ကတော့ သီအို
သီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ Read Only Menory, ရှေ့ထုတ်ခဲ့တဲ့ ဖုန်းတွေ မှာတော့ Firmware
က ROM ထဲမှာ ရှိတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့ Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal flash meonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး ဒါ့ကြောင့် firmware အသစ် တစ်ခုကို flash လုပ်လို့ ရတာပေါ့၊

Flashing ဆိုတာဘာလဲ

Flashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware ထည့်သွင်းတာကို ဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာ ရှိတဲ့ Data တွေကို ပြန်ရေး ခြင်းပါပဲ၊ Android ဖုန်းမှာ Custom ROMs ကို Stock ROMs အစား Flashing လုပ်ပြီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေး လိုက်တဲ့ Functions တွေကို ပြောင်းလဲ ပြီး ပိုမိုကောင်းမွန်တဲ့ Unlimited ၀န်
ဆောင်မှူကို ရရှိနိုင်ပါတယ်၊

Rooting ဆိုတာဘာလဲ

Android System ရဲ့ Hardware Layer အပေါ်မှာ ရှိတဲ့ Linux Kernel ကို လိုသလို ထိန်းချုပ်လို့ ရနိုင်မယ့် အခွင့် အရေး ရချင်လို့
Root access လုပ် ကြပါတယ်၊ ဒီ အခွင့်အရေး ရယူနိုင်ခြင်း ကိုပဲ Root Access ရတယ်လို့ ခေါ်ပါတယ်၊ Root Access ရသွားရင်
Android File System ကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊

Android File System ထဲမှာ အဓိက ပါဝင်တဲ့ အလွှာ (Partitions) ၆ ခု ကို လိုသလို အသုံးချ နိုင်ရင် Booting နဲ့ ပတ်သက်
တဲ့ Process တွေ အားလုံးကို ထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့ ထိန်းချုပ်မှူ တွေကိုလဲ လိုသလို ပြုပြင်နိုင် ပါပြီ၊
ဒါတင် မကပါဘူး ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper Text Transfer Protocol)
DHCP (Dynamic Host Configuration Protocol) (သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ အ
သုံးပြုနိုင်ပါပြီ။

Android System ရဲ့ လုပ်ဆောင်မူ တွေထဲက ရပ်ချင်သမျှ လုပ်ဆောင်ချက် တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrary commands
တွေလဲ အသုံးပြုနိုင် သွားပါတယ်၊ အခြား အခြား သော အချက်တွေ အများ အများကြီး ကိုလဲ လုပ်နိုင်ပါ သေးတယ်၊ ဒီ အချက်တွေက
Root လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ်

ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကို ရောင်းချတဲ့ အခါ Software restrictions တွေ ပါလာ ပါတယ်၊ ဒီလို Software
Restrictions တွေ ပါလာရတဲ့ အကြောင်း အမျိုးမျိုး ရှိပါတယ်၊ တစ်ချို့ ကုမ္မဏီတွေ ကတော့ သူတို့ ပစ္စည်းကို အသုံးပြုတဲ့ သူတွေကို ကာကွယ် ပေးဖို့ ဆိုပြီး Restrictions ထည့် ပါတယ်၊ ဘယ်လို အကြောင်း ကြောင့်ပဲ ဖြစ်ဖြစ် ကန့်သတ်ချက် တွေ ပါဝင်နေ ခြင်းဟာ
Android ဖုန်း (သို့) Tablet ကို သုံးတဲ့ သူ လိုအပ်တဲ့ ပုံစံအတိုင်း ပြောင်းလဲဖို့ ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့် တဲ့ ပြင်ဆင်မှု
ပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့ အခါမျိုးမှာ ကာဆီး နေတတ် ပါတယ်၊ ဒီလို အကာ အဆီးကို ကျော်ဖြတ်ပြီး စိတ်ကြိုက် ထိန်းချုပ်နိုင်အောင် Root access ရဖို့ကြိုးစားကြပါတယ်။

Rooting လုပ်ခြင်းက Android သုံး ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္မဏီတွေက ကန့်သတ်ထားတဲ့ ကန့်သက်ချက် တွေကို ချိုးဖြတ်ပြီး soft
ware ကို အကန့် အသတ် မရှိ အသုံးပြုခြင်း ပါပဲ၊ ဒီလို Rooting လုပ်ခြင်း အားဖြင့် ကျွန်တော် တို့ကို ကန့်သတ် ထားတဲ့ Android
ပစ္စည်း ရဲ့ အစိတ် အပိုင်းမှာ ရေးချင်တာ ရေးနိုင်သလို ပြုပြင်လို သမျှကို ပြုပြင် သွားနိုင်ပါတယ်။

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ

Stock ROM နဲ့ Custom ROM ဆိုပြီး နှစ်မျိုးရှိမယ်၊ Stock ROM က ဖုန်း ၀ယ်တုန်းက ပါလာတဲ့ Phone Operation System. Stock
ROM မှာ Software Restriction တွေ ထည့်သွင်း ထားတဲ့ အတွက် စိတ်ကြိုက် အသုံးပြုခွင့် မရတဲ့ Operation System ဖြစ်နေ
ပါတယ်၊ Custom ROM ဆိုတာကတော့ OS Version တစ်ခု ပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေ လိုပဲ Android Device တစ်ခု လုံးကို အလုပ် လုပ်စေတဲ့ Kernel ပါတယ်၊ System Applications တွေ ပါမယ်၊ Services တွေပါမယ်၊ တစ်ခုပဲ ကွဲသွား
တာက စိတ်ကြိုက် တည်ဆောက် ထားတဲ့ ROM ဖြစ်ခြင်းနဲ့ Software Restriction တွေ မပါခြင်း ပါပဲ၊ ဒီတော့ Custom ဆိုတဲ့ စ ကားလုံးက က ဘာကို ရည်ညွန်းလဲ၊ Android က Open Source ဖြစ်တဲ့ အတွက် Developers တွေက Stock ROMS တွေ အခမဲ့ ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက် ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊ ထပ်ထည့် လိုတာ ထပ်ထည့်နိုင်တယ်။

အရည် အချင်းရှိရင် ရှိသလောက် စိတ်ကြိုက် ပြုပြင် ပြောင်းလဲပြီး စိတ်ကြိုက် ROM ကို တည်ဆောက် ယူနိုင်တယ်၊ ဒီလို စိတ်ကြိုက် တည်ဆောက် ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ၊

ADB ဆိုတာဘာလဲ

ADB ရဲ့ မူရင်း စာလုံး ကတော့ Android Debug Bridge ပါ၊ သူ နာမည် အတိုင်း ပါပဲ သူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြား ချိတ်ဆက် နိုင်တဲ့ တံတား တစ်စင်းပါ၊ Android Phone က Linux Kernel ကို အခြေခံ ထားပါတယ်၊ ဒီတော့ computer
adb server ကို အသုံးပြုပြီး ကွန်ပြူတာ ကနေ ဖုန်း ရဲ့ adb Client ကို Linux commands တွေ လှမ်းပို့နိုင် ပါတယ်၊ ဒီလို လုပ်ပြီး commands တွေကို အလုပ် လုပ်စေနိုင် ပါတယ် ဖုန်း အလုပ် လုပ်ပုံတွေ မမှန်တော့တဲ့ အခါမျိုးမှာ ဒီနည်းကတော့ အမှား ရှာပြီးပြင်ဆင်
ဖို့ တကယ့်ကို အသုံးဝင် တဲ့ နည်းပါ၊ ဒီနည်း အတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့ ဖုန်းကို Linux Commands တွေ ပို့ပြီး အလုပ် မလုပ်ဖူးသေး ရင်တော့ မိတ်ဆွေ ADB ရဲ့ အသုံးဝင် မှူကို ခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး။

Baseband ဆိုတာဘာလဲ

Baseband ဆိုတာ ကတော့ ဖုန်းတွေမှာ သုံးတဲ့ Raido ကို ဆိုလို ပါတယ်၊ ဖုန်း Version နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido
Version တွေလဲ ကွာပါတယ်၊ Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင် သလို ADB/ODIN တို့ ကလဲ
Flash လုပ်နိုင် ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့ ကိုက်ညီမှု မရှိရင် တော့ MMS, 3G data, VM နဲ့ Network
ပြသနာ တတ်နိုင်ပါတယ်၊

ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့) Modem ကို ရွေးချယ် နိုင်ဖို့ လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့ bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်၊  Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions တွေကို သုံးပြီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက် အသုံးပြုနိုင်စေ ပါတယ်၊ အကယ်၍ ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့ ပြသနာ
မျိုး Android Device မှာ တွေ့ကြုံနေ ရပြီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့ လိုပါပြီ၊ Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှု တွေကို ပိုမိုကောင်းမွန်လာ မှာ ဖြစ်သလို Bettery အသုံးပြုမှု ကိုလဲ ရှော့ချပေးနိုင် ပါတယ်၊

ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေ ပါဝင် ပါတယ်၊ ဒီ Chipsets တွေကို ထိန်းချုပ်ဖို့ အတွက် Software မျိုး
စုံ ကိုလဲ ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက Develop လုပ်ကြပါတယ်။

Credit to BrighterMyanmar

Followers