Aug 30, 2014

Nova Launcher Prime v3.1 Final Apk

ဒီ Launcher လေးကတော့ အပြင်အဆင်တော်တော်များတဲ့ Launcher လေးပါ။ Go launcher သုံးကြလားမသိဘူး။ Go Launcher လိုမျိုးပါပဲ။ စက်ရုပ်ဖုန်း ကိုင်သူတွေ အတွက် အလန်းစား  Launcher တစ်ခုလေးဖြစ်ပါတယ် .. app drawer,gestures,hide apps,dock swipes, စတဲ့ features တွေ ပါဝင်ပြီး သုံးစွဲရတာ ရိုးရှင်းလွယ်ကူပါတယ် …ဒါအပြင် scroll effects များစွာနဲ့
သုံးစွဲသူအကြိုက်တွေ့မှာပါတစ်ခုရှိတာက Android version 4 နဲ့အထက် (ICS) ပဲရပါတယ်ဗျာ။ ဘာတွေစွမ်းဆောင်ပေးနိုင်လဲအောက်မှာ ဖတ်ကြည့်ရအောင်။

၁။ Homescreen မှာကော Drawer ထဲမှာပါ Folder တည်ဆောက်လို့ရပါတယ်။ Folder design နဲ့ folder ပေါ်က icon အထားအသို design ပါပြောင်းလို့ရပါတယ်။

၂။ Homescreen transition ရွေးချယ်လို့ရတယ်။

၃။ Homescreen ပေါ်က icon တွေကို နံမည်ပြန်ပြင်ပေးလို့ရတယ်(မြန်မာလို့ပါရ၏)။ icon gesture လဲရတယ်။
၎။ Homescreen မှာ google search bar ကို အသေ အနေနဲ့လဲထားလို့ရသလို တစ် page ပဲလဲထားလို့ရတယ်။ အသေအနေနဲ့ဆိုတာက Page တိုင်း page တိုင်းမှာ google search bar လေးကိုထားထားတာပါ။ Widget သဘောမျိုးပေမဲ့ widget မဟုတ်ပါဘူး။ bar လေးကို ဖိထားပီး widget လိုဖယ်ရှားလို့ မရပါဘူး။
၅။ Dock ထား/ဖယ်ရှား လို့ရသလို dock page ကို သုံးခုထိရပါတယ်။
၆။ Drawer က ပုံမှန် iCS မှာဆို app နဲ့ widget ပဲ အပေါ်ကTab မှာ ပါရာကနေ ဒီLauncher လေးကတော့ ကိုယ်ကြိုက်သလိုက် tab လေးတွေခွဲထားလို့ရတယ်ဗျာ။ Group လေးတွေခွဲတာပေါ့။
၇။ Drawer transition လဲရွေးချယ်လို့ရပါတယ်။
၈။ Drawer မှာ app တွေကို hide ထားလို့ရတယ်။
၉။ Launcher ရဲ့ theme ကိုလဲပြောင်းလို့ရပါတယ်။ ပုံမှန် ICS ကအပြာရောင်ကို အခြေခံထားပေမဲ့ ဒီlauncher လေးကတော့ စိတ်ကြိုက်အရောင်ကို ရွေးချယ်လို့ရပါတယ်။

၁၀။ နောက်တစ်ခုက Gesture ပါ။ Prime (pro version) မို့လို့ အများအပျား သုံးလို့ရပါတယ်။

Followers