Jun 20, 2014

Adobe Premiere Pro CC 7.0.0





 ဗွီဒီယိုတည်းဖြတ်တဲ့ဆော့ဝဲတွေထဲမှာ နာမည်ကြီးတစ်ခုဖြစ်တဲ့ Adobe Premiere Pro CC 7.0.0 ကိုတင်ပေးလိုက်မယ်။
ဒေါင်းရမည့်ဖိုင်တွေကတော့ နည်းနည်းကြီးမယ်။ 1 GB လောက်ရှိတယ်။ အောက်ကပေးထားတဲ့လင့်ကနေ ဒေါင်းယူနိုင်
သလို Adobe Premiere.com မှာလဲ အကောင်းဖွင့်ပြီး trial အနေနဲ့သွားဒေါင်းလို့ရနိုင်ပါတယ်။ ကျနော်ပေးထားတဲ့လင့်
ထဲမှာ ခရက်ခ်ဖိုင်ပါပြီးသားဖြစ်တယ်။ ဖိုင်သုံးပိုင်းတွင် ပထမဖိုင်နဲ့ ဒုတိယဖိုင်ကတော့ MB 500 လောက်ရှိပြီး တတိယ
ဖိုင်ကတော့ MB 30 လောက်သာရှိမယ်။ လိုအပ်တဲ့သူများအတွက်လွယ်လင့်တကူဒေါင်းနိုင်အောင်တင်ပေးခြင်းသာဖြစ်
တယ်။ ကျနော်ကတော့ တည်းဖြတ်တဲ့နေရာမှာ Sony Vegas ကိုလက်ရှိမှာ လက်ကိုင်ပဲလို့ပြောရမယ်။

Download :
Part 1
Part 2
Part 3

Download only Crack:
ခရက်ခ်သီးသန့်

Sawlinux

Optical CD/DVD Drive မပါသော Samsung Laptop မှာ Boot Option ချိန်းနည်း

ကျနော်အခုတင်ပြချင်တာက Optical CD/DVD Drive မပါသော Samsung Laptop မှာ Boot Option ချိန်းနည်းလေးပါ။
အခုနောက်ပိုင်းတစ်ချို့ Samsung Notebook Handset တွေမှာ ဘော်ဒီပါးပါးလေးနဲ့ CD/DVD Drive မပါတာများတယ်။
အဲလို CD/DVD Drive မပါသော Samsung Notebook Handset တွေမှာ Window Reinstall ပြန်လုပ်ချင်တယ်ဆိုရင်
သေချာပေါက် External USB CD/DVD ဒါမှမဟုတ် USB Memory Stick (USB HDD, Removeable Disk) နဲ့ အသုံးပြု
ရပါလိမ့်မယ်။

သို့သော် ဒီ CD/DVD Drive မပါသော Samsung Notebook Handset တွေမှာ Boot Option ထိုင်ပုံက နည်းနည်းထူး
ခြားတယ်လို့ပြောရမယ်။ ဘာဖြစ်လဲဆိုတော့ ပုံမှန်ဆိုရင် Boot Option မှာ First Boot, Second Boot ...(ဒါမှမဟုတ်)
1. HDD Hard Disk, 2.CD/DVD Drive, 3. USB HDD စသည်ဖြင့် တွေ့ရမှာဖြစ်ပါတယ်။ အဲလိုဆိုရင် Boot Option
ချိန်းရတာ အခက်အခဲမရှိနိုင်ပါဘူး။

အခု CD/DVD Drive မပါသော Samsung Notebook Handset တွေမှာ Boot Option က အဲလိုမထိုင်ပါဘူး။ ချိန်းရ
တာ အတွေ့အကြုံမရှိသေးသောပုဂ္ဂိုလ်များအတွက် အခက်အခဲရှိမှာသေချာပါတယ်။ ဒါကြောင့် ဒီ Boot Option ချိန်း
နည်းကို မသိသေးသောပုဂ္ဂိုလ်များအတွက် ဝေငှပေးခြင်းဖြစ်ပါတယ်။

အဆင့် (၁)

ကဲ...ထုံးစံအတိုင်း Window Reinstall ပြုလုပ်လိုသောပုဂ္ဂိုလ်များအနေနဲ့ USB CD/DVD Drive (သို့မဟုတ်) USB
HDD စက်မှာတပ်လိုက်ပါ။ Laptop Brand အများစုကတော့ Boot Setup ၀င်ဖို့ ကီးဘုတ်ပေါ်က F2 နှိပ်ပါ။ HP Brand
ဆိုလျှင် ကီးဘုတ်ပေါ်က F10 နှိပ်ပါ။ အောက်ပါပုံအတိုင်း Boot Setup Menu ရောက်ပြီးဆိုလျှင်...

Advanced ကိုရွေးပြီး Fast BIOS Mode ကို ရွေးပြီး Enter ခေါ်က်ပါ။ ပြီးလျှင် Disabled ကိုရွေးပါ။ ထိုနောက် ကီးဘုတ်
ပေါ်က Esc ကိုနှိပ်ပြီး Boot Menu ပြန်သွားပါ။

အဆင့် (၂)
Boot Menu တွင် Boot ကိုရွေးပါ။ အောက်ပါပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

ဒီပုံမှာကြည့်လိုက်ရင် အရင်ကပုံမှန် Boot Option Priorityies ကိုရွေးပြီး Enter ခေါက်လိုက်တာနဲ့ အထက်ကဆိုခဲ့တဲ့
အတိုင်း First Boot, Second Boot ...တွေ့ရမှာမဟုတ်ပါ။ ဆိုတော့ USB Boot ရွေးဖို့အတွက် Boot Option ကိုရွေး
ပြီး Enter ခေါက်ပါ။ ဒီနေရာမှာ
Window Boot Manager.....
Disabled ဆိုပြီး နှစ်ခုတွေ့ရမယ်။
ထိုနောက်ပေါ်လာသောဘောက်စ်တွင် Disabled ရွေးပါ။ ပြန်ထွက်ဖို့ Esc ကိုနှိပ်ပါ။

အဆင့် (၃)
တစ်ဆက်တည်းပဲ ၎င်း Boot Option အောက်က Secure Boot ကိုနှိပ်ပြီး Disabled ကိုရွေးပါ။

အဆင့် (၄)
၎င်း Secure Boot အောက်က OS Mode Selection ကိုရွေးပြီး Enter ခေါက်ပါ။ ၎င်းပေါ်လာသော Menu တွင်
CSM OS
UEFI OS
CSM OS and UEFI OS ဆိုပြီးတွေ့ရမည်။ အထူးသတိပြုရန်မှာ...CSM OS သည် USB Port အတွက်ဆိုလို
တာပါ။ UEFI OS သည် HDD Hardisk အတွက်ဆိုလိုခြင်းဖြစ်သည်။ ထို (၃)မျိုးတို့တွင် CSM OS ကိုရွေးပြီး
Enter ခေါက်ပါ။

အားလုံးပြင်ဆင်ပြီးလျှင် ကီးဘုတ်ပေါ်က F10 ကှိုနှိပ်ပြီး Enter ခေါက်လိုက်ရင် USB Port ကနေ Window တွေ
တင်လို့ရပါပြီခင်ဗျာ။

Boot မလည်အောင် (၀ါ) အစဉ်တကျဖြစ်အောင်ပြန်ထားနည်း....

မပြီးသေးဘူးနော် ထပ်ပြီးပြောလိုက်အုန်းမယ်...Window Installation အဆင့်ရောက်လို့ ပထမကွန်ပျူတာ Restart
ကျတာနဲ့ Boot Setup Menu ကိုပြန်ဝင်ပါ။ အထက်ကဆိုခဲ့တဲ့အတိုင်း Boot Menu > Advanced> Fast Boot Mode
ကို Enabled ပြန်ရွေးပါ။

ထိုနောက် Boot Menu > Boot > Secure Boot အောက်က OS Mode Selection ကိုရွေးပြီး Enter ခေါက်ပါ။ UEFI OS ကိုရွေးထားလိုက်ပါ။

Secure Boot ကိုရွေးပြီး Enter ခေါက်။ ထိုတွင် Enable ကိုပြန်ရွေးပါ။
Boot Option Priorityies > Boot Option ကိုရွေးပြီး Enter ခေါက်။ Window Boot Manager.....ပြန်ရွေးပြီး Enter
အားလုံးပြီးလျှင် ကီးဘုတ်ပေါ်က F10 ကိုနှိပ်ပြီး Enter ခေါက်လိုက်ရင် Window Installation လုပ်ငန်းစဉ်တွေကို
ဆက်လုပ်ဆောင်ပါလိမ့်မယ်။

အဆင်ပြေပါစေ...
စောလင်းနက်စ်

It Virus Remover v3.1



ဒီဆော့ဝဲလေးကတော့ USB Pen Drive တွေမှာ တွေ့ရများတဲ့ပြဿနာပါပဲ။ မိမိ usb drive မှာ shortcut ဗိုင်းရပ်စ်ကူးစက်
ခံရပြီးဆိုလျှင် ၎င်းဒရိုက်၏ဖိုလ်ဒါမှာရှိတဲ့ ဖိုင်၊ဖိုလ်ဒါအားလုံးကို အမှန်ခြစ်တွေလိုဖြစ်သွားပါတယ်။ ဖွင့်လိုက်ရင်လဲအဆင်မ
ပြေတော့ဘူး။ အဲလိုshortcut virus ကို ဒီဆော့ဝဲနဲ့အရမ်းအဆင်ပြေပါတယ်။ အသုံးပြုနည်းကတော့...လွယ်ပါတယ်။
ဒီဆော့ဝဲသည် Portable ဖြစ်သည့်အတွက် အင်စတောထည့်သွင်းစရာမလိုပါ။ ဒီဆော့ဝဲကိုအသုံးပြုလိုလျှင် မိမိစက်ရဲ့ ဒ
ရိုက်တစ်ခုခုမှာထည့်ထားလိုက်ပါ။ ပြီးလျှင် ၎င်းဆော့ဝဲ၏ ရှော့တ်ကပ်တ်အိုင်ကွန်ကို ဒက်စ်တော့ပ်ပေါ်မှာတင်ထားလိုက်
ပါ။
၎င်းဆော့ဝဲ၏ ရှော့တ်ကပ်တ်အိုင်ကွန်ကို Right Click > Run as Administrator ကိုနှိပ်ပါ။ ၎င်းပေါ်တွင် usb ကိုစစ်မှာ
ဖြစ်သည့်အတွက် Pen Drive ကိုနှိပ်ပါ။ မိမိစစ်လိုတဲ့ usb drive ကိုရွေးပြီး Scan ကိုနှိပ်ပါ။ ပြီးလျှင် ဗိုင်းရပ်စ်ကူးစက်ခံ
ရတဲ့ဖိုင်တွေဖေါ်ပြပေးမှာဖြစ်တယ်။ ထိုနောက် Delete ကိုနှိပ်။

အဆင်ပြေပါစေ...

Download :
Shortcut Virus Remover v3.1

refer http://www.sawlinux.org/2014/06/shortcut-virus-remover-v31.html#.U6PoOUAn_YQ 

How to Remove "New Win32 Virus"

ကျနော်ခရီးထွက်တာနဲ့ ပို့စ်တွေသိပ်မရေးဖြစ်တော့ဘူး။ မြန်မာနိုင်ငံမှာ ကန်နက်ရှင်နဲ့ပတ်သက်ရင်သိကြတဲ့အတိုင်းပါပဲ။
ဘာမှတင်လို့အဆင်မပြေတာနဲ့ ဘာမှမတင်ဖြစ်တော့ဘူး။ အခုကန်နက်ရှင်ကောင်းတဲ့နေရာပြန်ရောက်တော့ လိုချင်
တာလေး သိချင်တာလေးလိုက်ရှာရင်းကောင်းနိုးရာရာကို ဘလော့မှာသိမ်းထားတဲ့သဘောပါပဲ။ လိုအပ်တဲ့ပုဂ္ဂိုလ်များ
ရှိရင်လဲ ယူလို့ရအောင်ပေါ့။



"New Win32 Virus" ကူးစက်ခံရတဲ့စက်ထဲမှာ စက်တွေလေးလံလာမယ်။ နောက်ပြီး မိမိအင်တာနက်အသုံးပြုပြု
သူဆိုလျှင် မိမိကိုယ်ပိုင်အချက်အလက်တွေကို ခိုးယူပြီး ဟက်ကာတွေအန္တရာယ်ကိုလည်းစိုးရိမ်ရပါတယ်။ ဆိုတော့
ဒီဗိုင်းရပ်စ်မျိုး မိမိစက်မှာကူးစက်ခံရပြီးဆိုလျှင် အမြန်ရှင်းထုတ်ဖို့လိုအပ်ပါမယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းထုတ်နိုင်တဲ့
နည်းလမ်းတစ်ချို့ကို ehow.com မှာရေးပြထားအတိုင်း ကျနော်ပြန်လည်ရှယ်ပေးလိုက်တယ်။ လိုအပ်လျှင် စမ်းသုံး
ကြည့်ပေါ့ဗျာ။

How to Remove "New Win32 Virus"

Instructions

End Processes
1. Press \"Ctrl-Alt-Delete.\"
2. Click on the \"Task Manager,\" then click on the \"Processes\" tab.
3. End the following processes. To end a process, right-click on it and select \"End Process.\"

\"Windir\\INETINFO.exe\"
\"Windir\\messenger\\messenger.exe\"

Delete Registry Values
4. Hold down the Windows key and press \"R\" (or click \"Start\" and then \"Run\"). A dialog box opens.
5. Type \"regedit\" (without the quotation marks) into the box and click \"OK.\" The Registry Editor opens.
6. Locate the following registry values in the left pane of the Registry Editor and delete them. To delete a registry value, right-click on it and select \"Delete.\"

\"[HKEY_LOCAL_MACHINE\\SOFTWARE\\Microsoft\\Windows\\CurrentVersion\\Run]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\ControlSet001\\Enum\\Root\\LEGACY_NETRA\\0000\\Control]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\ControlSet001\\Enum\\Root\\LEGACY_NETRA\\0000]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\ControlSet001\\Enum\\Root\\LEGACY_NETRA]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\ControlSet001\\Services\\netra\\Enum]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\ControlSet001\\Services\\netra\\Security]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\ControlSet001\\Services\\netra]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\CurrentControlSet\\Enum\\Root\\LEGACY_NETRA\\000\\Control]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\CurrentControlSet\\Enum\\Root\\LEGACY_NETRA\\0000]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\CurrentControlSet\\Enum\\Root\\LEGACY_NETRA]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\CurrentControlSet\\Services\\netra\\Enum]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\CurrentControlSet\\Services\\netra\\Security]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\CurrentControlSet\\Services\\netra]\"
\"[HKEY_CURRENT_USER\\Software\\Microsoft\\Windows\\CurrentVersion\\Run]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\ControlSet001\\Control\\ServiceCurrent]\"
\"[HKEY_LOCAL_MACHINE\\SYSTEM\\CurrentControlSet\\Control\\ServiceCurrent]\"

Delete DLL Files
7. Hold down the Windows key and press \"R\" (or click \"Start\" and then \"Run\"). A dialog box opens.
8. Type \"cmd\" (without the quotation marks) into the box and click \"OK.\" The Command Prompt opens.
9. Type \"regsvr32 /u licxnoc\" (without the quotation marks) at the Command Prompt and press \"Enter.\"
10. Type \"regsvr32 /u temp\" (without the quotation marks) and press \"Enter.\"

Delete Files
11. Click \"Start.\"
12. Click on the \"Search Programs and Files\" box.
13. Search for and delete the following files. To delete a file, right-click on it and select \"Delete.\"

\"System\\Setup\\licxnoc.dll\"
\"Windir\\inf\\pp3.inf\"
\"ProgramFiles\\Windows NT\\fsdd.log\"
\"Windir\\INETINFO.exe\"
\"Windir\\messenger\\messenger.exe\"
\"System\\temp.dll\"

ref: http://www.ehow.com/how_6225758_remove-new-win32-virus.html

မြန်မာဘလော့သမားများအတွက် အသုံးဝင်မယ့် Myanmar Font Converter Tool

ဒီနေ့ Share ပေးလိုက်တဲ့ Software လေးကတော့ ဘလော့မိတ်ဆွေတစ်မှ တောင်းဆိုထားတဲ့ Myanmar Text Tools.exe Software လေးကို တစ်ချို့မသိသေးတဲ့/လိုချင်ကြတဲ့ မိတ်ဆွေများရှိခဲ့ရင် အလွယ်တကူ ယူသုံးလိုပရအောင် ပို့(စ်)တစ်ခုနေဖြင့် ထပ်မျှဝေပေးလိုက်တာပါ။ ဒီ Myanmar Text Tools.exe Software လေးကို Myanmar Developer_ Ko Soe Min မှ ရေးဆွဲအားထုတ်လိုက်တဲ့ Myanmar Text Tools Software ကောင်းလေးပါ။ Website နှင့် Blog ပိုင်းဆိုင်သူတွေအတွက် ဆောင်ထားသင့်တဲ့ Software လေးပါ။ ပြီးတော့ Online မှာ မြန်မာစလုံးလေးဖြင့် 3D ရေးဆွဲတာ Video Movie လုပ်တာ ၀ါသနာ ပါတဲ့ သူတွေအတွက်လည်းအသုံးဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသုံးများတဲ့ Zawgyi-One Font တွေဟာ Support မလုပ်တဲ့ နေရာများနေတာကြောင့်ပါ။

File Size: 3.98 Mb

မှတ်ချက်။    ။ Download ပုံလေးပေါ် Mouse Pointer လေးတင်ပြီး Right Click ချပါ ပေါ်လာတဲ့ Box ထဲ က Save Target as... ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။ download ကျလာလာပြီးဆိုရင် Save ပေါ့၊ နောက်တစ်နည်း Download ပုံလေးကို Mouse Pointer ဖြင့် ဒေါင့်မှာ ထိပြီး Title မှာ Free Download File By Mr ThangMing ပေါ်ပြီးဆိုရင် Click လို့ရပါပြီး။ Download ပုံလေးကို Mouse Pointer ဖြင့် အလယ်မှာ ထိရင်တော့ Title မှာ Pin On Pinterest လို့ပေါ်ပြီး  Pinterest သို့ရောက်သွားပါသည်။ မရှင်းရင် အောက်ပုံကို ဆက်ကြည့်ပါ။


iOS 8 ထွက်လာရင် Jailbreak လုပ်စရာလိုဦးမှာလား

မြန်မာပြည်မှာ iPhone ကိုင်တဲ့သူတော်တော်များများ Jailbreak လုပ်ကြပါတယ်။ Jailbreak လုပ်တဲ့အဓိကအကြောင်းအရင်းကတော့ Zawgyi Font နဲ့ Keyboard ထည့်ချင်လို့ပါ။ iOS 7 မှာ jailbreak မလုပ်ပဲ zawgyi font ထည့်နိုင်သော်လည်း keyboard ထည့်နိုင်ခြင်းမရှိပါဘူး။ အဲ့ဒါကြောင့် jailbreak လုပ်ကြပါတယ်။ ဒုတိယအကြောင်းကတော့ cracked apps တွေသုံးချင်လို့ပဲဖြစ်ပါတယ်။ Online Banking နဲ့မရင်းနှီးခဲ့တဲ့မြန်မာနိုင်ငံမှာ iTunes Gift Card တွေလွယ်လွယ်ကူကူသုံးနိုင်ပေမဲ့လဲ App တစ်ခုကို ဝယ်သုံးရမယ်ဆိုတဲ့ အသိမရှိသေးပါဘူး။ အဲ့ဒါကြောင့် cracked apps တွေကို သုံးရန်အတွက် jailbreak လုပ်ကြပါတယ်။ Tongbu, PP အစရှိတဲ့ software တွေကနေ jailbreak မလုပ်ပဲ cracked apps သွင်းနိုင်သော်လည်း ခဏခဏ error  တက်ပြီး fix လုပ်လုပ်ပေးနေရတဲ့အတွက် အဆင်မပြေလှပါဘူး။ တတိယတစ်ချက်ကတော့ Cydia Tweaks တွေကို အသုံးပြုချင်လို့ပဲဖြစ်ပါတယ်။
ပထမတစ်ချက်ကိုအရင်ဆုံးကြည့်ပါမယ်။ iOS 8 မှာ custom keyboard တွေအသုံးပြုနိုင်ပြီဖြစ်တဲ့အတွက် Zawgyi, Unicode Keyboard တွေကို စိတ်ကြိုက်ထည့်သွင်းနိုင်မှာပါ။ ဒါပေမဲ့ အခုအချိန်အထိ iOS 8 မှာ Font Profile  အလုပ်မလုပ်တဲ့အတွက် Font ရမရတော့မသေချာသေးပါဘူး။ အကယ်၍ iOS 8 ထွက်ရှိလာပြီး Custom Font သွင်းနိုင်ပြီဆိုပါက မြန်မာစာပြဿနာအတွက် Jailbreak လုပ်စရာမလိုတော့ပါဘူး။ မြန်မာဖောင့်နဲ့ ကီးဘုတ်ရရင် iOS ကို jailbreak မလုပ်ပဲသုံးမဲ့သူတော်တော်များများ ရှိမယ်လို့ ထင်ပါတယ်။
ဒုတိယအချက်ကတော့ Cracked Apps ပါ။ iOS အသုံးပြုနိုင်တယ်ဆိုထဲက App အတွက် ပိုက်ဆံသုံးရမှာ မနှမြောသင့်ပါဘူး။ App မဝယ်ချင်ဘူးဆိုရင်လဲ Tongbu, PP အစရှိတဲ့ software တွေကိုသုံးနိုင်ပါတယ်။ ဒါအပြင် App ကိုအစမ်းသုံးကြည့်ချင်ရင်လဲ Tongbu, PP ကိုအသုံးပြုနိုင်ပါတယ်။
တတိယအချက် Cydia Tweaks တွေကတော့ jailbreak လုပ်မှပဲရမှာပါ။ ဒါပေမဲ့ iOS 8 မှာ Cydia Tweaks တွေတော်တော်များများကို တရားဝင်ထည့်ထားပါတယ်။ ဒါမှမဟုတ်ပဲ ကလိချင်တယ်ဆိုရင်တော့ jailbreak လုပ်မှပဲရမှာပါ။ ဒါပေမဲ့ jailbreak လုပ်ရင်ဖြစ်လာမဲ့ ဆိုးကျိုးနဲ့ cydia tweaks နဲ့လဲလှယ်ဖို့မတန်ပါဘူး။ ဖုန်းကို ကလိချင်တယ်ဆိုရင်တော့ Android သာသုံးဖို့အကြံပြုပါရစေ။
ဘာလို့ Jailbreak မလုပ်သင့်လဲဆိုတော့ iOS ကို jailbreak လုပ်ရင် Warranty ပျက်ပါတယ်။ Restore ပြန်လုပ်ရင် warranty ပြန်ရပေမဲ့ hardware error တစ်ခုခုကြောင့် restore လုပ်မရတဲအခြေအနေမှာ jailbreak လုပ်ထားတယ်ဆိုရင် နစ်နာဆုံးရှုံးနိုင်ပါတယ်။ နောက်ပြီး jailbreak လုပ်ထားတဲ့ device တစ်ခုကို backup လုပ်တဲ့အခါ cydia file တွေကိုပါ backup လုပ်ပါတယ်။ အဲ့ဒါကြောင့် iTunes ထဲမှာကြည့်ရင် ဘာမှမထည့်ထားပဲနဲ့ Other ဆိုပြီး အဝါရောင်နဲ့ နေရာတော်တော်များများယူသွားတာပါ။ Disk Space တွေဆုံးရှုံးပါတယ်။ နောက်တစ်ချက်က OTA Update မရတဲ့အတွက် Update လုပ်ဖို့ PC ဖြစ်ဖြစ် Mac ဖြစ်ဖြစ်လိုအပ်ပါလိမ့်မယ်။ download ဆွဲရတာလဲ OTA ဆို 50 MB လောက်သာရှိပြီး ipsw တစ်ခုဆွဲရင် 2 GB နီးပါး (iOS 8) ရှိလာပါပြီ။ ကျွန်တော်ကတော့ iOS 8 မှာ zawgyi font နဲ့ ကီးဘုတ်ရရင်တော့ jailbreak မလုပ်တော့ပါဘူး။
 refer link http://imyanmarnews.info/

iCloud Lock က user တွေကိုဘယ်လိုအကျိုးပေးသလဲ

refer http://imyanmarnews.info/

IOS သမိုင်းကြောင်း



Steve Jobs iPhone ကိုစတင်မိတ်ဆက်တာ ၇ နှစ်ရှိပြီဖြစ်ပါတယ်။ 2007 ခုနှစ် ဇန်နဝါရီလမှာ iPhone ဆိုတဲ့ smart phone ကိုစတင်မိတ်ဆက်ခဲ့ပြီး smart phone လောကတစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့တဲ့အပြင် အခုဆိုရင် Android ရဲ့အကူအညီနဲ့ Apple ရဲ့လမ်းအတိုင်း ကုမ္ဗဏီတော်တော်များများလိုက်နေရပြီဖြစ်ပါတယ်။ iPhone ကိုတင်မိတ်ဆက်ထဲက iOS ကိုမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့တုန်းက iPhone မှာသုံးထားတဲ့ operating system ကို iOS လို့မခေါ်ပဲ OS X လို့ပဲ အသုံးပြုခဲ့ပါတယ်။ Apple Computer Inc. ကိုလဲ Apple Inc အဖြစ်နာမည်ပြောင်းခဲ့ပါတယ်။

iPhone မှာဘာတွေအသုံးပြုလို့ရလဲဆိုတော့ Touch Screen, Multitask, GPS, Google Maps, Safari Browser, iPod အစရှိသည်ပါဝင်ခဲ့ပါတယ်။ ဘာမှမထူးဆန်းပေမဲ့ အဲ့ခေတ်က revolutionary product တစ်ခုဖြစ်တဲ့အပြင် slide to unlock လုပ်ပြတာတောင် လူတိုင်းအံအားသင့်ခဲ့ရပါတယ်။ ဒါပေမဲ့ Wallpaper တောင်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါဘူး။ iPhone ဟာ Apple ရဲ့ ရှယ်ယာတွေကို တစ်ဟုန်ထိုးမြင့်တက်သွားစေခဲ့ပါတယ်။

iPhone နောက်ထပ်အသစ်တစ်မျိုးထွက်လာတော့ 3G အသုံးပြုနိုင်တဲ့အတွက် iPhone 3G လို့နာမည်ပေးခဲ့ပြီးအသုံးပြုထားတဲ့ OS ကို iPhone OS 2.0 လို့ခေါ်ခဲ့ပါတယ်။ iPhone OS 2.0 မှာ App Store စတင်ပါဝင်ခဲ့ပြီး Developer တွေအနေနဲ့ iPhone App စတင်ရေးသားနိုင်ခဲ့ပါတယ်။ iTunes မှာလဲ App Store ပါဝင်လာပြီး App Sync လုပ်နိုင်လာခဲ့ပါတယ်။

iPhone 3GS ထွက်လာတဲ့အခါမှာတော့ iPhone OS 3.0 ကိုအသုံးပြုခဲ့ပါတယ်။ iPhone 2.0 ကိုများစွာအဆင့်မြှင့်တင်မှုတွေပြုလုပ်ခဲ့ပြီး သိသိသာသာပြောင်းလဲခဲ့တာမျိုးမရှိပါဘူး။ ဒါပေမဲ့ iPhone OS 2.0 မှာမပါဝင်တဲ့ feature အခု ၁၀ဝ ကျော်ပါဝင်ခဲ့ပါတယ်။ Spotlight Search, Cut, Copy, Paste အစရှိတာတွေပါဝင်ခဲ့ပါတယ်။ Application တွေအတွက် push notification, badge အစရှိတာတွေပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ iPhone 3GS သုံးတဲ့သူများလဲပေါ်ပေါက်လာပါတယ်။ iPad ကိုစတင်မိတ်ဆက်ခဲ့ပြီး iPhone OS 3.2 ကိုအသုံးပြုခဲ့ပါတယ်။

iPhone OS 4.0 ထွက်လာတဲ့အချိန်မှာတော့ iOS 4 လို့ပြောင်းလဲခေါ်ဆိုစေခဲ့ပါတယ်။ Multitasking ကိုစတင်အသုံးပြုနိုင်လာပါတယ်။ Developer တွေရဲ့ App ကို background run နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကန့်သန့်ချက်အချို့နဲ့ပါ (ဥပမာ Music Player)။ Retina Display ကိုစတင်အထောက်အပံ့ပေးပြီး iPhone 4 မှာ retina display အသုံးပြုခဲ့ပါတယ်။ Facetime ကိုလဲစတင်မိတ်ဆက်ခဲ့ပါတယ်။ iPhone 4 ထွက်တဲ့အချိန်မှာတော့ ကျွန်တော့သူငယ်ချင်းတော်တော်များများ အထက်တန်းကျောင်းမှာ iPhone ကိုင်နေကြပါပြီ။

iOS 5 မှာတော့ Siri လို့ခေါ်တဲ့ voice command ကိုစတင်မိတ်ဆက်ခဲ့ပြီး အလွန်လူကြိုက်များခဲ့ပါတယ်။ iPhone 4S ကို A5 CPU နဲ့မိတ်ဆက်ခဲ့ပြီး Camera ကို 8 MP ပြောင်းလဲအသုံးပြုခဲ့ပါတယ်။

iOS 6 ကိုတော့ 2012 ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး iPhone တွေအနေနဲ့ iPhone 3GS, iPhone4, iPhone 4S မှာအသုံးပြုနိုင်ခဲ့ပါတယ်။ Siri ကိုပိုမွန်ကောင်းမွန်အောင်ပြုလုပ်ခဲ့ပါတယ်။ Passbook App အသစ်ပါဝင်လာပါတယ်။ iOS 6 မှာ အထူးခြားဆုံးအချက်ကတော့ Google Maps ကိုဖြုတ်ချခဲ့ပြီး Apple Maps နဲ့အစားထိုးခဲ့ပါတယ်။ Apple Maps ဟာ feature တွေအသုံးဝင်လှပေမဲ့ မြေပုံမှားယွင်းနေတာကြောင့် ပြဿနာတော်တော်များများဖြစ်ပွားခဲ့ပါတယ်။ Screen Size ကြီးမားလာတဲ့ iPhone 5 ကို ထုတ်လုပ်ခဲ့ပါတယ်။

iOS 7 ထွက်ပေါ်လာတော့ Steve Jobs မရှိတော့ပါဘူး။ ဒါပေမဲ့ Tim Cook အနေနဲ့အကောင်းဆုံးလုပ်ပြသွားခဲ့ပါတယ်။ iTunes Radio ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။UI ကိုအစအဆုံးပြောင်းလဲပစ်ခဲ့ပါတယ်။ သာမာန်အားဖြင့် UI ကိုပြောင်းဖို့ဆိုတာ တော်တော်လေးစဉ်းစားရတဲ့ ကိစ္စဖြစ်ပြီး Tim Cook အနေနဲ့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပုံပါပဲ။ ထွက်ထွက်ခြင်း flat UI ကိုမကြိုက်သူများပြီး နောက်ပိုင်းမှာတော့ အဆင်ပြေသွားခဲ့ပါတယ်။ သုံးရတာ ပိုမိုအသုံးဝင်ပြီး ပိုမိုလှပပါတယ်။ Control Center ကိုထည့်သွင်းခဲ့ပြီး toggle တွေကို အဖွင့်အပိတ်ပြုလုပ်ရာမှာပိုမိုမြန်ဆန်စေခဲ့ပါတယ်။ လက်ဗွေရာစနစ်အသုံးပြုနိုင်တဲ့ iPhone 5S ကိုမိတ်ဆက်ခဲ့ပါတယ်။ မြန်မာဖောင့်ကို jailbreak မလိုပဲ iOS 7 မှာစတင်အသုံးပြုနိုင်ခဲ့ပါတယ်။

iOS 8 ကိုတော့ ဒီနှစ် WWDC မှာ မိတ်ဆက်ခဲ့ပြီး iOS သမိုင်းတလျှောက်အကြီးမားဆုံးပြောင်းလဲမှုတွေကိုပြုလုပ်ခဲ့ပါတယ်။ Message ကို notification ကနေတိုက်ရိုက် reply လုပ်နိုင်ခဲ့ပါတယ်။ Quick Type Keyboard အပါအဝင်တစ်ခြား features တွေများစွာထည့်ခဲ့ပါတယ်။ Health Kit, Home Kit အစရှိတဲ့ app အသစ်တွေလဲပါဝင်လာပါတယ်။ Third Party Keyboard တွေအသုံးပြုနိုင်ပြီဖြစ်တဲ့အတွက် jailbreak မလိုပဲ မြန်မာကီးဘုတ်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Swift လို့ခေါ်တဲ့ iOS Programming Language အသစ်ကိုမိတ်ဆက်ခဲ့ပြီး Objective C ထက်များစွာရိုးရှင်းပါတယ်။
ref:http://imyanmarnews.info
http://www.thantoeaung.com/2014/06/ios.html

iOS 8 မှာ ဓာတ်ပုံများဖွက်နိုင်


OS 8 မှာဓာတ်ပုံတွေကို Third Party App သုံးစရာမလိုပဲ ဖွက်နိုင်ပြီဖြစ်ပါတယ်။ iOS အသုံးပြုသူအများစုဟာ ဓာတ်ပုံတွေကို ဖွက်ချင်တယ်ဆိုရင် အရင်က ဖွက်မဲ့ app ကနေ ဓာတ်ပုံတွေကို import လုပ်၊ ပြီးမှ ဖွက်၊ ပြီးရင် camera roll ထဲကနေ ဓာတ်ပုံပြန်ဖျက် အစရှိတဲ့ အဆင့်ပေါင်းများစွာကိုပြုလုပ်ခဲ့ကြရပါတယ်။ iOS 8 မှာတော့ ဓာတ်ပုံတွေကို တစ်ခါတည်း ဖွက်နိုင်မှာဖြစ်ပြီး ဖွက်ချင်တဲ့ ဓာတ်ပုံတွေကို camera roll ထဲကနေ select လုပ်ကာ hide ကိုနှိပ်ပြီးလွယ်လွယ်ကူကူဖွက်နိုင်ပြီဖြစ်ပါတယ်။

 
ဒါပေမဲ့ Album ခွဲထားရင်တော့ Album ထဲမှာမြင်နေရဦးမှာပဲဖြစ်ပါတယ်။
ref:http://imyanmarnews.info
http://www.thantoeaung.com/2014/06/ios-8.html

Window 8.1pro Download နဲ့ Active ပြုလုပ်နည်း



Window 8.1 last version os တစ်ခုပေါ်ထွက်လာပြီး ခင်မျာ
အရင် ဆုံး full version မပြု လုပ်မှီ window 8.1 os အောက်က လင့်မှ တိုက်ရိုက်ဒေါင်းသွားနိုင်ပါတယ်ခင်မျာ Download Links

32 Bit

http://pc.cd/FIb

64 Bit
 
http://pc.cd/UIb

Keys:
334NH-RXG76-64THK-C7CKG-D3VPT
Or
 XHQ8N-C3MCJ-RQXB6-WCHYG-C9WKB

Window install ပြုလုပ်နည်းကို ကျွန်တော်ပြောပြ ဖို့ မလိုလောက်တော့ဘူးထင်ပါတယ်
အရေးကြီးဆုံ အချက်တစ်ချက်တော့ရှိပါတယ်ခင်မျာ window 8.1 ဟာအခြားversion တွေ နဲ့ မတူဘဲ install ပြုလုပ်ချိန်မှာ အသုံးပြုမဲ့ user အနေနဲ့ မရှိမဖြစ် microsoftရဲ့ အကောင့် ဖွင့်ထားဖို့လိုအပ့်ပါမယ် http://goo.gl/ngctOh မှာ အကောင့်အသစ်ဖွင့်လိုက်ပါ ခင်မျာ ထို အကောင့်ဖြစ် install လုပ်ချိန်မှာကော နောက်အပြီးသတ်settion ၀င်ဖို့မရှိမဖြစ်လိုအပ့်ပါတယ်
ကျွန်တော် အခုပြောချင်တာ full version (Activation ) ပြုလုပ်နည်းကိုပြောပြ ချင်တာပါ ခင်များ ပထမဦးဆုံး winact 1.4.1 ဆိုတာလေးကို လက်ရှိ ၀င်ဒိုးခွေပေါ်မှာ ပါလာတဲ့ installation key ကို ဖယ်ရှားပေးရမှာဖစ်ပါတယ် winact 1.4.1 ဖွင့်လိုက်ရင်MesaBytes box လေးကြလာပါလိမ့်မည် tab သုံးခုမှာ အလယ်က tab options ကို နှိပ့်ပါ အဲနေရာ uninstall product key ကို နှိပ့်ပါ(REMOVE installation key first using "Winact 1.4.1" (Right Click "Run as administrator")
အဆင့်(၂) က A9600E-pro install လုပ်ရမှာဖစ်ပါတဲ့ အဲနေရာမှာ ကျွန်တော်ပြောချင်တာက မိမိ ကွန်ပျူတာရဲ့ bit အမျိုးအစားအလိုက် ရွေးချှယ်ပေးရမှာဖစ်ပါတယ် ကျွန်တော်က 32 bit ကို install လုပ်ပါမယ် ခင်မျာ (Run A9600E (for x64 A9600E.bat) (Right Click "Run as administrator") and wait. Check your Computer properties, Windows is now activated
Install ပြုလုပ်ပြီးသွားပြီးဆိုရင် အရင်ဆုံး computer ပေါ်မှာ right click နှိပ့်ပြီး properties ကို နှိပ့်လိုက်ပါ Activated ဖြစ် မဖြစ်အရင်စစ်ဆေးကြည့်ပါ
ဒါဆိုရင် activated ဖစ်သွား ပါပီး ဒါပေမဲ့ window 8.1 build 9600 ဆိုတာ ကတော့ desktop ပေါ်မှာ ရှိနေပါလိမ့်မယ် အဲဒါကို ကျွန်တော်တို့ ဖြေရှင်းရမှာ ဖစ်ပါတယ်
အဲ window 8.1 build 9600 ကို ဖြေရှင်းဖို့ My WCP Watermark Editor ဆိုတာကို သုံးရမှာပါ
My WCP Watermark Editor ကို right click နှိပ့်ပေးပါ >run as administrator ကို click နှိပ့်ပေးပါ ပီးရင် remove all watermark ဆိုတာလေးကို အမှန် ခြစ်ပေးပါ> ပီးရင် အောက်က apply new settings ဆိုတာကို click နှိပ့်ပေးပါ ပီးရင် အချိန်ခဏစောင့်ပေးလိုက်ပါ restart ချခိုင်း ပါလိမ့်မယ်
ဒီလောက်ဆို window 8.1 activated ဖစ်သွားတာကို မြင်တွေ့ရပါလိမ့်မယ် ခင်မျာ
အဆင်ပြေပါစေဗျာ ဒီ post လေးကို ဖြစ်ထွန်းအောင် ထောက်ပံပေးသောဆရာ https://www.facebook.com/aungthan.oo.127 ကိုလည်း အထူးကျေးဇူးတင်ပါသည် ဒီpost ဖစ်အောင် ကျွန်တော်နဲ့ ကျွန်တော်ရဲ့ အကိုလို ဆရာလို ဖစ်သော Aung Than Oo ကိုလည်း ဒီကနေ့ ရှိခိုး ကန်တော့လိုက်ပါရစေ ခင်မျာ
activated ပြုလုပ်နည်းကို pdf အနေနဲ့ သိမ်းထားချင်ပါတယ်ဆိုရင်တော့>>>>>>https://app.box.com/s/ntbrki0xdt594bjfsml4
activated ဖစ်အောင် ပြုလုပ်ရမဲ့ software လေးပါ >>>>>>>>https://app.box.com/s/643sbf3tf9c82wuyul3w
 

ref:AC VS DC

http://www.thantoeaung.com/2014/06/window-81pro-download-active.html

DriverEasy Professional v4.7.2.18340 With Patch


 Driver Easy Professional နောက်ဆုံးထွက် Version လေးတင်ပေးလိုက်ပါဗျာ။ ကွန်ပြူတာတစ်လုံးမှာအရေး ကြီးဆုံးကတော့ Driver လိုပြောလို့ရ ပါတယ်ဗျာ။ ဒါကြောင့် မိမိကွန်ပြူတာမှာရှိတဲ့ 100,000,000 hardware device's တွေရဲ့ Driver အတွက်ဒေါင်းယူထားပါ။
လိုအပ် တဲ့ Driver တွေကိုရှာဖွေပေးပြီး Auto Installation လုပ်ပေးမှာဖြစ်ပါတယ်။လိုအပ်တာတွေကို ရှာဖွေဖို့အ အတွက် အင်တာနက်ကွန်နရှင် အသင့်အတင့်ရှိထားဖို့လိုအပ်ပါတယ်ဗျာ။ Windows XP, Vista,  7, 8 (both 32-bit & 64-bit) အားလုံးမှာအသုံးပြုနိုင်ပါတယ်ဗျာ။ အမြဲတမ်း အသုံးပြုနိုင်အောင် Full Version အဖြစ် Patchကိုပါထည့်သွင်းပေးထားပါတယ်။

DriverEasy is an application that you can use to locate missing drivers and download them on your computer. Once you initiate the program with the user-friendly interface, you can view system information that focuses on the machine, operating system, RAM, processors and motherboard. But you can also view data about hardware, such as video cards, monitors, hard disk, network card and audio card.
So, all you have to do is initiate the scanning process and DriverEasy will start locating your missing drivers (e.g. keyboards, mice and other pointing devices, sound, video and game controllers, human interface devices, display adapters).

Your One-Stop Driver Solution:
· Driver Easy is design for quickly and easy to identify unknown device's drivers, and keep your driver in latest version. Much more, we have implement driver backup, driver restore, and driver uninstall feature, to ensure your driver secure and safe.

Detect Unknown Device Driver:
· Driver Easy has a huge online database, which include over 100,000,000 hardware device's driver, with it revolutionary driver detect engine, it help you download the unknown device driver, help you fix the driver issue.

Keep Existing Driver Up-to-Date:
· With our daily update driver database, your system will improve the performance, fix the blue screen problem, add more enhance feature by install the latest drivers.

Backup & Restore Drivers:
· Do not worry about it if you lost the driver disc, Driver Easy can backup the driver your current installed, you can restore it after system reload. This is an benefit feature if you not sure are the new driver compatible your system or not, you can backup existing driver, and roll-back it later.

Uninstall Removed Hardware Driver:
· When you replace the graphic card, do you know Windows still keep your old one driver, and will launch it each time, when Windows start up. This will case the system slowing boot up, and may case some system conflict. Driver Easy allow you uninstall the removed hardware, to clean up your system.

Download Here
===

Android ဖုန်းတွေအတွက် Viber Sticker Enabler v4.0



Android ဖုန်းတွေအတွက် Viber Sticker Enabler v4.0 ကိုထုတ်ဝေပေးလိုက်ပါပြီ။ ၀ယ်ရတဲ့ Viber Sticker တွေကို free ရယူလိုတဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် ရည်ရွယ်ရေးသားပေးလိုက်တာပါ။ ယခု version အသစ်မှာတော့ ၀ယ်ရမယ့် နောက်ဆုံးထွက် Sticker အသစ် ၁၀ ခု ထပ်ထည့်ပေးထားပါတယ်။ Viber Sticker Market ကနေ၀ယ်ယူသုံးစွဲရမယ့် Sticker စုစုပေါင်း ၄၃ ခုကို ဒီ app ကိုအသုံးပြု၍ ၀ယ်စရာမလိုဘဲ free ရယူနိုင်ပါတယ်။
Viber Sticker Enabler ကိုအသုံးမပြုခင်မှာ Viber ဆော့ဝဲထဲကနေထွက်ထားပါ။ ( **Background process မှာပင် run မနေစေအောင်ထွက်ထားပါ**)
ပြီးရင် Viber Sticker Enabler ဆော့ဝဲကိုဝင်ပြီး “Hack Me” ကိုနှိပ်ပြီးတာနဲ့ Viber ဆော့ဝဲထဲပြန်ဝင်ပြီး Sticker Market ထဲက Paid Sticker တော်တော်များများကို free ရယူနိုင်ပါပြီ။ ပိုက်ဆံနဲ့ဝယ်ရမယ့် sticker ထဲဝင်လိုက်တာနဲ့ Download လုပ်ပြီးဖြစ်ပါလိမ့်မယ်။
Viber Sticker Enabler Application သည် Myanmar Mobile App Store (www.myanmarmobileapp.com) ၏ Product တစ်ခုဖြစ်ပြီး ဒီ application မှာအသုံးပြုထားတဲ့ sticker hacking method အနေနဲ့ ကိုထူးဇော်ဖြိုး ရဲ့ Viber Sticker Hacking Method ကိုအသုံးပြုထားခြင်းဖြစ်ကာ Viber Sticker Enabler Application အား ရေးသားသူမှာ ကိုသက်နိင်စိုး (http://www.facebook.com/thetnaing.mmas) ဖြစ်သည်။ Viber Sticker Enabler v4.0 for Android ကို download ရယူလိုသူများအတွက် အောက်က link ကနေရယူနိုင်ပါပြီ။
Viber Sticker Enabler v4.0 for Android အားရယူရန်



(C) MMAS
 
Refer သန်းတိုးအောင် နည်းပညာ
++++++++++++++++++++++++++++++++++++++++++++++++++++

Abex Document Converter Pro v3.9.0 With LicenseKey


ဒီကောင်းကတော့ Document Converterတွေအားကြီးလုပ်ပေးနိုင်ဗျာ PDF document, Word, Excel, PowerPoint, HTML, Text, Imageတွေအကောင်းဆုံးဖြစ်အောင်းလုပ်ပေးနိုင်တယ်။ formats တွေးအများ
ကြီးသုံးနိုင်ပါတယ်နော်။PDF, DOC, DOCX, DOCM, XLS, XLSX, XLSM, PPT, PPTX, PPTM, PPS,
PPSX, PPSM, HTML, HTM, Textလည့်ပြုလုပ်နိုင်သလို နောက်ပြီးJPG, JPEG, BMP, PNG, PSD, TIFF, GIF, EMF, WMF, JP2, J2K, PCX etc.စသည်တွေနှင့်Document Converterအကောင်းဆုံးပြုလုပ်ပေးနိုင်
ပါတယ်။Full ဖြစ်ရန်အတွက် licensekeyကိုထည့်ပေးရမယ်ဖြစ်ပါတယ်။အဆင်မပြေဘူးဆို၇င်အောက်မှာ
ဆက်ဖတ်လိုက်ပါတော့ဗျာ။
Abex Document Converter Pro is an All-in-One document conversion tool that convert any PDF document, Word, Excel, PowerPoint, HTML, Text, Image to other formats with high good quality. Abex Document Converter giving you a fast and easy way to convert documents between PDF, DOC, DOCX, DOCM, XLS, XLSX, XLSM, PPT, PPTX, PPTM, PPS, PPSX, PPSM, HTML, HTM, Text and other image types like JPG, JPEG, BMP, PNG, PSD, TIFF, GIF, EMF, WMF, JP2, J2K, PCX etc.

And it is designed to recognize the text in your Image files to editable Word, RTF, HTML, Text document. It supports recognition of several languages including English, French, German, Italian, Spanish and Portuguese.

-It provides user-friendly interface.
-Standalone software, Adobe Acrobat and Reader NOT required.
-Fast converting speed and high quality conversion.

Input Format:
• PDF
• MS-Word 97-2003 2007 2010 2013 ( DOC, DOCX, DOCM)
• MS-Excel 97-2003 2007 2010 2013 (XLS, XLSX, XLSM)
• MS-PowerPoint 97-2003 2007 2010 2013 (PPT, PPTX, PPTM, PPS, PPSX, PPSM)
• RTF
• TXT
• HTML, HTM
• Image (JPEG, JPG, BMP, PNG, TIFF, TIF, GIF, EMF, WMF, PSD, PCX, JP2, J2K)

Output Format:
• PDF
• MS-Word 97-2003 2007 2010 2013 ( DOC, DOCX, DOCM)
• MS-Excel 97-2003 2007 2010 2013 (XLS, XLSX, XLSM)
• MS-PowerPoint 97-2003 2007 2010 2013 (PPT, PPTX, PPTM, PPS, PPSX, PPSM)
• RTF
• TXT
• HTM
• SWF
• Image (JPEG, JPG, BMP, PNG, TIF, GIF, EMF, WMF, PSD, PCX, DCX, JP2, J2K, ICO)

 Download Here
===

Gmail, Facebook နှင့် အခြား ဝက်ဘ်ဝန်ဆောင်မှုများကို အဝေးထိန်းစနစ်ဖြင့် Log Out ပြုလုပ်ခြင်း

 
Gmail နှင့် Facebook တို့ကို ကိုယ်ပိုင် ကွန်ပျူတာတွင် မဟုတ်ဘဲ အင်တာနက်ကဖေးလိုမျိုး နေရာများတွင် log in ပြုလုပ်ပြီး အသုံးပြုကြသူများ အနေဖြင့် account များကိlog out ပြုလုပ်ရန် မေ့လျော့သွားသည့်အခါ အခြားသူများက account များကို ထိန်းချုပ်တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည်။ ထို့ကြောင့် Google, Facebook နှင့် Twitter တို့ကို log out ပြုလုပ်ရန် မေ့လျော့သွားသည့်အခါ အဝေးထိန်းစနစ်ဖြင့် log out ပြုလုပ်နိုင်သည့် နည်းလမ်းကို ဖော်ပြလိုက်ပါသည်။
 
အဝေးထိန်းစနစ်ဖြင့် Gmail ကို log out ပြုလုပ်ခြင်း 
 
-Gmail ကနေ log out ပြုလုပ်ရန် အတွက် Gmail ကို log in လုပ်ပါ။ စာမျက်နှာ အောက်ဆုံးသို့သွားပြီး “Last account activity” အောက်က “details” link ကို နှိပ်ပါ။ 
 
-Window တစ်ခုပေါ်လာတဲ့အခါ “Sign out all other sessions” ခလုတ်ကိုနှိပ်ပါ။
 
အဝေးထိန်းစနစ်ဖြင့် Facebook ကို log out ပြုလုပ်ခြင်း 
 
-Facebook account တွင် log in လုပ်ပါ။ ပြီးလျှင် menu bar ညာဘက်ထိပ်နားက Down arrow ကိုနှိပ်ပြီး Settings ကို ရွေးပါ။
 
 
-“Security” settings ကိုသွားပြီး “Where you’re logged in” section ကို နှိပ်ပါ။
 
 
-Log in ပြုလုပ်ခဲ့ဖူးသည့် ကွန်ပျူတာ၊ တည်နေရာနှင့် အချိန်တို့ကို တွေ့ရမည်။ “End Activity” link ကိုနှိပ်ပြီး log in အားလုံးကို log out ပြုလုပ်နိုင်သည်။ 
 
 
အခြား ဝက်ဘ်ဝန်ဆောင်မှုများ
 
-Dropbox account ကို desktop browser တွင် log in လုပ်ပါ။ - နာမည်၏ အောက်ဘက်ရှိ “Settings” link ကိုနှိပ်ပါ။ - “Security” tab ကို နှိပ်ပါ။ - စာမျက်နှာ အောက်ဘက်သို့သွားပြီး “Sessions” တွင် log in လုပ်ထားသည့် session များကို ရှာပါ။ - အခြား browser တွင် log in လုပ်ထားသည့် Dropbox account ကို log out ပြုလုပ်လိုလျှင် entry ဘေးနားရှိ ကြက်ခြေခတ်ကို နှိပ်ပါ။ Twitter and LinkedIn Google, Facebook နှင့် မတူညီသည့်အချက်က LinkedIn နှင့် Twitter တွင် အခြား ကွန်ပျူတာများ၌ log in ပြုလုပ်ထားသည့် session များကို အလိုအလျောက် log out လုပ်နိုင်သည့် option မပါဝင်ပေ။ သို့သော်လည်း LinkedIn/Twitter password ကို မည်သည့် browser တွင်မဆို ပြောင်းလဲလိုက်သည့်အခါ active session အားလုံး ပိတ်သွားမည် ဖြစ်သည်။
 
 
(C) myanmarinternetjournal
++++++++++++++++++++++++++++++++++++++++++++++++++++

Hardware သမားတွေအတွက် Huawei Diagram များ

blog
 
ဖုန်း Hardware သမားတွေအတွက် Diagram ရှိထားမယ်ဆိုရင် ဖုန်း တွေ အတွင်းပိုင်း ဖြုတ်တပ် လုပ်ရာမှာ
အလွန်အသုံးဝင်ပါတယ် Begineer တွေအတွက် power ic, touch ic,, Condenser, Resister,coil စသဖြင့် ဘယ်ကောင်ကဘယ်နားလေးမှာရှိတာ တွေကို အလွယ်တကူရှိကြည်ရှုနိုင်လို့ပါ။ ခု .. Huawei ဖုန်းတော်တော်များများ ပါဝင်တဲ့ Diagram တွေကို စုစည်းပြီးတင်ပေးလိုက်ပါတယ် ဆိုဒ်ကတော့ 132 Mb ရှိပါတယ်..GSM ကွန်နက်ရှင်နဲ့မို့ တော်တော်သည်းခံတင်လိုက်ရပါတယ်..ဘာပဲဖြစ်ဖြစ် အသုံးဝင်သွားခဲ့မယ်ဆိုရင် တင်ရကျိုးနပ်ပါတယ်ခင်ည။
rar password ကတော့ sayyoethe.blogspot.com  ပါ
ပို့စ်ရေးသူ-HanWaiLinn-www.sayyoethe.blogspot.com
လိုအပ်မယ်ဆိုရင်တော့…….
 
ref ; http://www.winkabarkyaw.net/
ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်
အထောက်အကူဖြစ်မယ်ဆိုရင် ကျေနပ်ပါတယ်။
………::::: အဆင်ပြေပါစေ :::::……….

Font Pack Apk ……………..For Android

images

Font Pack Apk ……………..For Android


Screenshot_2014-06-14-16-45-27
ဒီတခါတော့ Font style apk လေးတွေစုစည်းပေးလိုက်ပါတယ်။
ယခုပေးထားတဲ့ .zip ထဲမှာ apk ၄ ခု ပါဝင်ပါတယ်
Apk   ၁ ခုမှာ Font style အခု (၅၀) ပါဝင်ပါတယ်။
အာ့ကြောင့် စုစုပေါင်း 200 ပါမှာပေါ့နော်။
Font style ချိန်းရတဲ့ ဖုန်းတွေဖြစ်တဲ့ Samsung တို့ LG တို့မှာရမှာပါ
ကျွန်တော်ကတော့ Note 3    4.3 နဲ့ 4.4.2 မှာစမ်းထားပါတယ်
အဆင်ပြေမပြေကတော့ ဒေါင်းပြီးစမ်းလိုက်ကြပါဦးနော်
Screenshot_2014-06-14-16-45-21
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဆင်ပြေပါစေ

မြန်မာစာ language ပါဝင်လာသော Super Su v 2.20 for android



မြန်မာစာ language ပါဝင်လာသော Super Su v 2.20 for android


Android phone/Tablet ကိုင်ဆောင်သူများအတွက် နောက်ဆုံးထွက် မြန်မာဘာသာ ပါဝင်တဲ့ Super su ကိုတင်ပေးလိုက်ပါတယ်၊Root ဖောက်ထားသူတိုင်း super su ကိုupdate လုပ်ထားသင့်ပါတယ်။အခုနောက်ပိုင်းမော်ဒယ်မြင့်ဖုန်းများ CF auto root နဲ့ Root ပြုလုပ်ပြီးသော်လည်း super su update မဖြစ်သောကြောင့် Root လိုအပ်တဲ့ဆော့ဝဲလ်များ(ဥပမာ font changer )သုံးတဲ့အခါမှာ Root မပေါက်သေးကြောင်း ပြတတ်ပါတယ်။အဲဒီလိုဖြစ်တဲ့အခါမှာ supersu ကို update လုပ်ပေးလိုက်ပါ။အောက်မှာရယူနိုင်ပါတယ်

ဆော့ဝဲလ်အားရယူရန်(uploaded by ကရင်ဆင်းရဲသား(Myanmar Mobile Users Group)

VRoot_1.7.8.7753_Setup (Latest Version)

indexယနေ့မှအသစ်ထွက်လာတဲ့ Root master V Root လေးပါ
V Root ဆို အသိသလောက်ရှားပါတယ် ဖုန်းအမျိုးပေါင်းများစွာကို ကလစ် တစ်ချက်နဲ့ ဖောက်နိုင်တဲ့ Root Tools ပါ
အခု V Root 1.7.8.7753 အသစ်ကို တင်ပေးလိုက်ပါတယ်
လိုချင်တယ်ဆိုရင် အောက်မှာရယူနိုင်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
d
~~~~~~~~~~~~~~~~~~~~~~~~~
အဆင်ပြေပါစေ

Followers