Jul 18, 2013
Ascend Mate(MT1-U06) Official firmwareများ
Huawei ရေနင်နဲ့တော့ ရူးချင်တယ်။လာပြန်ပြီနောက်တစ်မျိုး။ Ascend Mate တဲ့။
ဆွဲထားကြဦးဘော်ဒါတို့ရေ။
Ascend Mate(MT1-U06,Android 4.1,Emotion UI,V100R001CHNC00B119)
Ascend Mate(MT1-T00,Android 4.1,Emotion UI,V100R001CHNC00B110)
Ascend Mate
 Ref & Credit  =>http://www.myanmarmobiletutorial.com/search?updated-max=2013-07-02T17:55:00%2B06:30
Samsung Galaxy Grand နှင့် အခြားမော်ဒယ်မြင့် Samsung ဖုန်းများအားလုံးတွင်မြန်မာစာစနစ်တရားဝင် ထည့်သွင်းပေးလိုက်ပြီဟုဆို
Photo Credit: MinThu Naung
Samsung Galaxy S4 များကို Official မြန်မာစာ Support ပေးပြီးသည့် နောက် တစ်ပတ်အကြာ ၂၀၁၃ ဇူလိုင်လမှစတင်၍ Samsung Galaxy Grand (GT 9082) ဖုန်းနှင့် အခြား Android 4.1 နှင့်အထက် Official update ပေးသည့် Samsung ဖုန်းများကိုလည်း Samsung မှ မြန်မာစာတရားဝင်ထည့်သွင်းပေးလိုက်ပြီဟု သိရသည်။ Root လုပ်မထားသော မိမိတို့ Galaxy Grand ဖုန်းများကို Online မှတိုက်ရိုက် Update ပြုလုပ်လိုက်ပါက Update အသစ်တွင် မြန်မာစာပါဝင်လာပြီဟုသိရသည်။ မိုဘိုင်းကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ကိုမင်းသုနောင်ကလည်း “Galaxy Grand (GT 9082) ကို ယနေ့ နေ့လယ်မှစတင်ကာ
မြန်မာစာ update ပေးလိုက်ပါပြီ။ Galaxy Grand (CDMA+GSM) မြန်မာစာ ပါတဲ့ဖုန်း ၀င်လာပြီးတဲ့ နောက်ပိုင်းမှာ Samsung က ကျန်တဲ့ ဖုန်းတွေရော တရားဝင် မြန်မာစာစနစ် ထည့်သွင်းပေးလိုက်ပါပြီ။ 4.1 Jelly Bean နဲ့အထက် Samusung ဖုန်းတွေ အကုန်လုံး ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သူငယ်ချင်းတို့ ထဲမှာရှိရင် စမ်းသပ်ကြည့်ကြပါ။ ကျွန်တော့် Galaxy Grand လေးတော့ Built-in မြန်မာစာ စနစ် ရသွားပါပြီ။ဘာ app မှ သုံးစရာမလိုဘဲ system update ပြုလုပ်ရုံနဲ့ မြန်မာစာနဲ့ပတ်သက်တာ အကုန်လုံး အဆင်ပြေသွားမှာဖြစ်ပါတယ် ” လို့ပြောပါတယ်။ Samsung Galaxy Grand အပြင် Samsung ကလက်ရှိ မြန်မာစာ ပါဝင်သည့် Update ကို Online မှမြှင့်ရန်အဆင်မပြေပါက Samsung Show ROM များတွင်သွားရောက် Update လုပ်နိုင်ကြောင်းလည်းသိရသည်။ HTC ပြီးလျှင် Samsung ဖုန်းများသည် မြန်မာစာစနစ်တရားဝင်ပါဝင်လာသော ဒုတိယမြောက်နာမည်ကြီး ဖုန်းအမျိုးအစားလည်းဖြစ်သည်။
သက်နိုင်စိုး
Myanmar Mobile App Store (www.myanmarmobileapp.com)
samsung galaxy trend(SCH-I699) ကို Root နည်း
အရင်ဆုံး ကွန်ပျူတာမှာ Samsung USB Driver တင်ထားလိုက်ပါ
ပြီးပြီဆိုရင် ဖုန်းကို Download Mode ၀င်ပါ ( Power Off >> Volume Down+ Home+Power) အဲဒီ၃ခုကိုတွဲနှိပ်ပေးထားလိုက်ပါ
699
Downloading ဆိုတာပေါ်သွားရင် ကွန်ပျူတာနဲ့ကြိုးချိတ်ဆက်လို့ရပါပြီ  
Odin ကို RUN လိုက်ပါ
Odin ကနေ ဖုန်းကိုသိပြီဆိုရင် ( Message Box အောက်မှာ Add.. လေးပေါ်သွားပြီဆိုရင်) စလို့ရပါပြီ
i699- root1.tar ဖိုင်လေးကို Odin ရဲ့ PDA သွင်းထည့်လိုက်ပါ
ပြီးရင် Start ကိုနှိပ်လိုက်ပါ ..PASS ပြသွားပြီး Reboot ကျသွားပါလိမ့်မယ် အဲဒါဆိုရင် ပထမအဆင့်ပြီးပါပြီ
ဒါပေမယ့် ဖုန်းက Kernel ချိန်းထားတာမို့ စကရင်မှာ ဘာမှပေါ်လာမှာမဟုတ်ပါဘူး မစိုးရိမ်ပါနဲ့ 
အဲဒီအတိုင်းနဲ့ပဲ အခုထည့်ပေးထားတဲ့ E Root လေးနဲ့ Root လိုက်ပါ
Unlock ROot ရှိတယ်ဆိုရင် Unlock Root နဲ့ Root လိုက်ပါ
ပြီးသွားပြီဆိုရင်တော့ ကြိုးဖြုတ်လိုက်ပါ…..အရှင်းဆုံး ဖြစ်အောင် Battery ဖြုတ်လိုက်ပါ ခဏစောင့်ပြီးပြန်တပ်လိုက်ပါ
ပြီး၇င် Download Mode ပြန်ဝင်ပြီးကြိုးချိတ်လိုက်ပါ….ပြီးရင် Odin ရဲ့ PDA မှာ i699- root.tar ဖိုင်လေးကိုသွင်းပေးပြီး Start နှိပ်လိုက်ပါ
PASS ပြသွားပြီဆိုရင် အဆင်ပြေပါပြီ..
ဖုန်း Boot ပြန်တက်လာပြီးရင် ကြည့်လိုက်ပါ.. Super User လေးကို တွေ့ပါလိမ့်မယ်
အဲဒါဆိုရင်တော့ Root လို့ပြီးပါပြီ ..
SCH-I699 Root Zip  => Download Link 
===============Note================
ဒီနည်းနဲ့ Root ပြီးရင်တော့ Wifi Error နဲ့ Hotspot Error တက်နိုင်ပါတယ်
အဲလိုမဖြစ်အောင်အခြားနည်းနဲ့ Root တာကလဲအဆင်မပြေတော့ဒီကောင်လေးကိုပဲသုံးလိုက်ရပါတယ်
အဲဒီတော့ အဲဒီဖြစ်တဲ့ Error တွေကိုဘယ်လိုရှင်းမလဲ. ?????
Kernel I699 <==  ဒီKernel ဖိုင်လေးကို Odin’ PDA မှာသွင်းပေးပြီး Flash ပေးလိုက်ပါ
အဲဒါဆိုအဆင်ပြေသွားပါလိမ့်မယ်  
Ref &Credit=>http://www.myanmarmobiletutorial.com/2013/07/samsung-galaxy-trendsch-i699-root.html
Flash Gordon v1.2 for Android
Android ဖုန်း Service သမားတွေကြိုက်နှစ်သက်မယ့် application လေးတစ်ခုပါ။ Flashable Zip တွေကို Clock WorkMod Recovery ကနေ၀င်ပြီး သွင်းစရာမလိုတော့ပါဘူး။
လုပ်နည်းကတော့
1။ flashable zip ဖိုင်ကို ဖုန်းရဲ့ SD Card ထဲထည့်။
2။ ပြီးရင် Flash Gordon v1.2 ထဲဝင်
3။ ပြီးရင် ထည့်ထားတဲ့ zip ဖိုင်လေးကို ဒီဆော့ဝဲထဲကနေရွေးပြီး “Flash Now” နှိပ်လိုက်ရုံပါပဲ။
4။ Flashable zip ဖိုင်မှန်သမျှကို ဒီဆော့ဝဲအသုံးပြုပြီး flash နိုင်ပါတယ်။
    Flash Gordon ဆော့ဝဲလေးကိုအသုံးပြုဖို့အတွက် ဖုန်းက Root ဖြစ်နေရမှာပါ။ ခုပေးထားတဲ့ version မှာတော့ Custom ROM zip ဖိုင်တွေကို Flash လုပ်လို့ မရသေးပါဘူး ။
အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
FlashGordon-proof_of_concept-v1.2 ကိုဒေါင်းရန်
Ref & Credit  =>http://www.myanmarmobiletutorial.com/
Phone Firmwares-Softwares®: Huawei C8650 Plus Firmware
Phone Firmwares-Softwares®: Huawei C8650 Plus Firmware: C8650E (Android 2.3.6)V100R001C92B866SP01(China Telecom)(05010UBA) C8650E (Android 2.3.6)V100R001C92B866SP02(China Telecom)(05010UB...
Phone Firmwares-Softwares®: How To Update Samsung GT-N5110 Galaxy Note 8.0 Wi-...
Phone Firmwares-Softwares®: How To Update Samsung GT-N5110 Galaxy Note 8.0 Wi-...: This Guide will teach you: How you can update the firmware version of your N5110 Galaxy Note 8.0 Wi-Fi to any wanted version, We used simpl...
Huawei Y310-T10 Y310S CWM + ROOT
Huawei Y310-T10 Y310S CWM + ROOT ပါ pac နဲ့ လုပ်ရပါမယ်လိုအပ်ဒါလေးတွေ အောက် ကလင့်မှာဒေါင်းလိုက်ပါ
Y310S Y310-T10 CWM
Y310S_Y310-T10_CWM_Upload_By_Chitsanmg19.rar
SuperSU-PRO-1.25.zip
SuperSU-PRO-1.25.zip
Y310S Y310-T10 ResearchDownload
R2.9.7005_Upload_By_Chitsanmg19.rar
Cwm သွင်းနည်းကတော့ Y220T Root လုပ်တုန်းကလိုပါဘဘဲ Cwm သွင်းပြိးပြိ ဆိုရင်
SuperSU-PRO-1.25.zip  ကို sd card ထံ ထည့်ပါ Vol down + powerိကိုနိုပ်ထားပါ CWM ထဲရောက်သွားပါမယ်
 တရုတ်စာကြားက Zip ဆိုတဲ့ စာပါတဲ့ စာကြောင်းကနေ  install လုပ်ပေးလိုက်ပါ
ပြိရင်း Reboot လုပ်လိုက်ပါ ဖုန်းပြန်တက်လာရင် Root ပြိးပါပြိး
အားလုံးအစဉ်ပြေပါစေ
Ref & Credit  =>myanmarmobiletutorial
Y310S Y310-T10 အတွက် B026 Ready ROOT Firmware လေးတင်ပေးလိုက်ပါတယ်
Firmware ကိုအောက်ကလင့်မှာဒေါင်းပါ
http://www.mediafire.com/download/sapmbcxtnovcoyq/Y310S_Y310-T10_B026_Ready_ROOT_Upload_By_Chitsanmg19.rar
Y310S Y310-T10 ResearchDownload ကိုအောက်ကလင့်မှာဒေါင်းပါ
http://www.mediafire.com/download/3lx0h2exghq9m7v/Y310S_Y310-T10_ResearchDownload_-_R2.9.7005_Upload_By_Chitsanmg19.rar
အားလုံးဒေါင်းပြိးပြိ ဆိုရင် Y220T Root တုန်းကလို့ ဘဲ တင်ရမှာပါ
ResearchDownload နဲ့ ဆိုတော့ အားလုံးသိပြိးလောက်ကါပြိး
Vol down နိပ်ပြိး USB ကြိုးထိုးပေးလိုက်ရု့ပါဘဲ pass ဖြစ်သွားရင် ကြိုးဖြုတ်ပြိး
power on ပေးလိုက်ပါ Root ပြိးသား လေး တွ့ ရပါလိမ့် မယ်
Ref & Credit  =>http://www.myanmarmobiletutorial.com/
Samsung GALAXY GRAND Duos GT – I9082 with Myanmar (Lastest official firmware)
အခုနောက်ပိုင်း ဆန်းဆောင်းဖုန်းတွေဝယ်ရင် အရင်လို မြန်မာဖောင်.ကို
ခက်ခက်ခဲခဲ ထည်.စ၇ာမလိုတောပါဘူး ။Original ပါလာတဲ. zaw gyi
နဲ.ကီးဘုတ် ပြောင်းသုံးလိုက်ရင်ရပါပြီး ။ ဆန်ဆောင်းဖုန်းတိုင်းတော.မပါသေးပါ။
ကဲဒီနေ.တော Samsung GALAXY GRAND Duos I9082 တစ်လုံးရောက်လာလို…….ကလိမိတယ်……..လန်းထှာ…..root လုပ်စရာမလို၊ဖောင်.ထည်.စရာမလိုပဲ…မြန်မာဖောင်.ပါလာသဗျ။။။။အဲနောက်ဆုံး setting တွေပါ မြန်မာဖောင်.ရခြင်ပါတယ်…ဆိုလို…..ဆန်ဆောင် lestဖန်ဝဲးလေးဒေါင်းပြီသွင်းပေးလိုက်တာ……အဆင်ကိုပြေလို…….ခိခိခိခိခိ……………….မသိသေးသောသူများအတွက်ပေါ…….GALAXY GRAND Duos I9082 Firmwareကို  MediaFire link ကပြန်တင်ပေးလိုက်ပါတယ်……အောက်မှာဒေါင်ပါ…….
GRAND DUOS GT- I9082 lastest Original Firmware
Odin3_v3.04
KiesSetup_latest
ဖန်းဝဲးတင်နည်းကတော.{မသိသေးသော သူများအတွက်}အောက်မှလေ.လာပါ။
(1) မိမိတို.ရဲ ဖုန်ကိုပါဝါပိတ်ပါ။
(၂) ဒေါင်းလို.ရလားသော ဖိုင်များကိုဖြေပါ။
(၃) ODIN ကို run ပါ။
(၄)ဖုန်ကို download moad ဝင်ပါ။ power + home+ volume down ကိုတွေဖိထားပြီ Warning !! တက်လာရင် Volume up ကိုဖိ ပေးပါ{continue ပေါ့}
(5) usb ကြိုးသုံးပြီး ဖုန်ကို ကွန်ပျူတာဖြင်.ချိတ် လိုက်ပါ။
(၆) Odin ရဲ. PDA ကိုကလစ်ပြီး….I9082XXAMF5_I9082OLBAMG1_I9082XXAME2_HOME.tar.md5 ဖိုင်လေးကိုရွေးပါ။
Start ကို ကလစ်လိုက်ပါ။ Odin အလုပ်လုပ်နေပါပြီ။။။။။။။ပုံထည်းမှာပါ သလို…..PASS လိုပြလာပြီဆိုရင်တော…..သူငယ်ချင်တို.ရဲ ဖုန်ကိုအောင်မြင်စွာ….မြန်မာဘာသာစကားပါသော ဖုန်လေးတစ်လုံးပိုင်ဆိုင်နိုင်ပါပြီ။
Posted by: စိုင်းမောင်မောင်
Android Version 2.1 ကနေ 4.04 ထိ Root နိုင်တဲ့ LBE Root Tool v2.0.0.1138 green version
LBE Root Tool ဟာတရုတ် Root Tool တစ်ခု ဖြစ်ပါတယ်။ version  2.0.0.1138 green version ဖြစ်ပြီး Error ကင်းတဲ့ Root Tool တစ်ခုလည်းဖြစ်ပါတယ်။ Root လုပ်နည်းကလည်း မခက်ခဲပါဘူး။ မြန်လည်း မြန်တယ်ပါတယ်။
Rooting ကို စမ်းသပ်နေတဲ့သူတွေနဲ့ Service သမားတွေ ဆောင်ထားသင့်ပါတယ်.
လုပ်နည်းကတော့...
၁။ LBE program ကို install လုပ်လိုက်ပါ။ ပြီးရင်ဖွင့်လိုက်ပါ။
၂။ ဖုန်းကို USB ချိတ်ပြီး Start root ကိုနှိပ်လိုက်ပါ။
၃။ အချိန် 3 မိနစ်၊ 5 မိနစ်လောက်စောင့်လိုက်ပါ။
ဒါဆိုရင် Root ဖြစ်သွားပါပြီဗျာ။
lberoots ကိုဒေါင်းရန်
Password က- myanmarmobiletutorial
အဆင်ပြေပါစေ..
နောက်လင့် တစ်ခုဖြည့် ပေးလိုက်ပါတယ်
Lbroots
Posted by: စိုင်းမောင်မောင် (Five Star Mobile)
You might also like:
Galaxy S3 I9300 jellybean 4.2.2 leaked firmware အား root ဖောက်ခြင်း
Galaxy S3 gti 9300 ရဲ့  leaked firmware 4.2.2 အား root ဖောက်ဖို့အတွက် အောက် ကဖိုင်တွေကို အရင် ဒေါင်းပါမယ် …
အားလုံး ဒေါင်းပြီးရင်  Driver ကို  ကွန်မှာ သွင်းထားပါ ..
ပြီးရင်  Odin ကို ကွန်မှာ ရမ်းပါ …   Odin ရဲ့   PDA  အကွက်လေး မှာ အပေါ်မှာ ဒေါင်းထားတဲ့  root ဖိုင်CF-Root-SGS3-v6.4.tar file လေး သွင်းပါ ..  ပြီးရင် ဖုန်းကို ပိတ် download mode ကို   vol-  power  home နှီပ်ပြီး ၀င်ပါ .. အောက်က ပထမ ပုံအတိုင်းပေါ်ပါမယ် ..  vol+ ဆက်နှိပ်ပါ ..အောက်က ဒုတိယ ပုံအတိုင်းပေါ်ပါမယ်..
ဒုတိယပုံအတိုင်းမိမိဖုန်းက ဖြစ်နေပြီဆိုရင်   download mode ရောက်ပါပြီ.. ဖုန်းကို   USB ကြိုးနဲ့ ကွန်မှာ ထိုးလိုက်ပါ …  Odin ရဲ့  ID.com အောက်နားမှာ အောက်က ပုံအတိုင်း အရောင်လေး သမ်းလာရင် ဆက်လုပ်လို့ရပါပြီ ..
အရောင် လေးမတက်ရင်တော့   USB , Driver များကို ပြန်စစ် ပြန်သွင်းပါ .. PDA မှာCF-Root-SGS3-v6.4.tar သွင်းပြီးလား ပြန်စစ်ပါ ..သွင်းပြီးရင် အရောင်လေး တက်လာရင် တော့   Odin ရဲ့   Start ခလုတ်ကို နှိပ်လိုက်ပါ ..ခဏကြာရင်  PASS ပြပါမယ်. အောက် ကပုံအတိုင်းပါ..
အပေါ်က အတိုင်း   PASS ပြပြီး ဖုန်းက restart ကျသွားပါမယ်.. ပြန်တက်လာရင်  မိမိဖုန်း root ဖောက်ခြင်း  ပြီးသွားပါပြီ..app တွေထဲမှာ supersu လေးရောက်နေတာကို တွေ့ရပါလိမ့်မယ် ..
မြန်မာဖောင့် သွင်းချင်ရင်    ဒီမှာ     လေ့လာပါ..
အားလုံးပဲ အဆင်ပြေကြပါစေ..
Ref & Credit  =>myanmarmobiletutorial
C8650+, C8650E Official Firmware စုစည်းမှု
C8650+  စက်လေးထွက်တုန်းက ကျွန်တော်ကိုယ်တိုင်တိုင်ပတ်ခဲ့ဖူးပါတယ်။ C8650+ စက်ထွက်တုန်းက ဒီလိုပါဗျာ။ ခိခိ ဟိုတုန်းကတော့ စိတ်ညစ် တိုင်ပတ်ပေါ့ဗျာ။ ခုတော့လည်း ခိခိ။ ဖြစ်ပုံကဒီလို C8650+ တစ်လုံးထွက်တော့ မန်းလေးမြို့ပေါ်ကနေ စက်တစ်လုံးဝယ်လာပါရောဗျာ။ မြန်မာဖောင့်ထည့်ချင်တယ်တဲ့။ ကျွန်တော်ကလည်းရတယ်ပေါ့ဗျာ။ တင်ပေးမယ်ပေါ့။ အစ်ကိုထားခဲ့လိုက်ပါ မနက်လာယူပေါ့လို့ပြောလိုက်တယ်။ စက်ပိုင်ရှင်က မြို့ထဲမှာတော့ပြောတယ်အစ်ကိုလို့ပြောတယ်။ ဒီဖုန်းကို မြန်မာဖောင့်ထည့်ချင်ရင် ရှော့ ရိုက်ပြီးမှထည့်ရမှာလို့ပြောလိုက်တယ်တဲ့ဗျာ။ ဆိုင်နာမည်တော့မပြောတော့ပါဘူး။ အဲဒီလိုနဲ့ လက်ခံလိုက်တယ်ဗျာ။ ကိုယ်လည်းအရင်လုပ်နေကျအတိုင်း C8650 Root ဖောက်တဲ့ဟာနဲ့ဖောက်လိုက်တာ။ firmware ပါသေသွားရော။ အဲဒါနဲ့ ကျွန်တော်ပြာတောက်သွားတာပေါ့။ အဲဒါနဲ့ဘဲ မန်းလေးနာမည်ကြီးဆိုင်တစ်ဆိုင်သွားအပ်။ ရက်ဘယ်လောက်စောင့်ရမယ်လည်းမေး။ အဲဒီရက်နဲ့ခွာချိန်း။ တစ်ကယ်တန်းကျတော့ အဲ့ဒီဆိုင်လည်းဘာမှလုပ်မပေးနိုင်။ တစ်ပတ်နေလည်းမရ။ နှစ်ပါတ်နေလည်းမရ။ တစ်လနေလည်းမရပေါ့ဗျာ။ အတိုပြောရရင်အဲဒီစက်တစ်လုံး အသစ်ရော်ပေးလိုက်ရပါရော။
မရမရနဲ့ ကြာတော့ကိုယ်ကတင်းလာပြီ။ မရလည်းပြန်ပေးလိုက်ဗျာဆိုပြီး အဲဒီဆိုင်ကနေပြန်တောင်းခဲ့တယ်။ အဲဒီဆိုင်ကပြောတော့ firmware က ဒေါင်းဖို့ ရှာမရသေးလို့ပါတဲ့ဗျာ။ လူတွေကခက်တော့ခက်တယ်နော်။ ဆိုင်ကြီးတွေကျတော့ ဘာမှပြန်မပြောဘူးဗျ။ ပြသနာမရှာဘူး။ ကျွန်တော်တို့လို့ ခပ်ချာချာ ဆိုင်သေးကျတော့ ပြသနာရှာတယ်ဗျာ။ အဲဒီစိတ်နဲ့ရှာလိုက်တာ ညတွင်းချင်း firmware တွေ့တယ်ဗျာ။ ၀မ်းသာလိုက်တာမှမပြောနဲ့။ အားလုံးအဆင်ပြေသွားတယ်။ ကဲ့အခု တစ်ချို့သူငယ်ချင်းတွေကတော့ ရှိပြီးသားဖြစ်မှာပါ။ ဘာလို့လည်းဆိုတော့ (၁)နှစ်ကျော်သွားပြီကို။ ခုသတိရလို့ သူငယ်ချင်းတွေအတွက် အဆင်ပြေအောင်ပြန်တင်ပေးလိုက်ပါတယ်။
အားလုံးအဆင်ပြေပါစေ။
HUAWEI_C8650E_Android_2.3_V100R001C92B875_05010UBA
HUAWEI_C8650E_Android_2.3_V100R001C92B866SP02_05010UBA
HUAWEI_C8650E_Android_2.3_V100R001C92B866SP01
Posted by : စိုင်းမောင်မောင် (Five Star Mobile)
Ref & Credit  =>myanmarmobiletutorial
Telenor ဆင်းမ်ကတ်များတွင် အင်တာနက် တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး လိုင်စင်ရအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်
Telenor ဆင်းမ်ကတ်များတွင် အင်တာနက် တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး လိုင်စင်ရအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်
ဇူလိုင်လ ၁၈ ရက် ၂၀၁၃
Telenor မှ ဆင်းမ်ကတ်များတွင် အင်တာနက် ၀န်ဆောင်မှုပါ တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး ၎င်းတို့ကုမ္ပဏီ အနေနှင့် လိုင်စင်လက်ဝယ် ရရှိအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း Telenor Myanmar ၏ CEO အဖြစ် ခန့်အပ်ခံရသူ မစ္စတာ ပတ်တာဖားဘတ်က ဇူလိုင် ၁၇ တွင် ပြောကြားလိုက်သည်။
"အခုက တာဝါတိုင်တွေဆောက်ဖို့ ပူးတွဲလုပ်ကိုင်မယ့် သူတွေနဲ့ ဆွေးနွေးညှိနှိုင်း နေပါတယ်။ တစ်နိုင်ငံလုံးမှာ 2G ရော 3G ပါ သုံးစွဲနိုင်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆင်းမ်ကတ်ကိုလည်း ၁၅၀၀ ထက်နည်းတဲ့ ငွေကြေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။
တယ်လီနော် မြန်မာကုမ္ပဏီကို တယ်လီနော်မှ ရာနှုန်းပြည့် ပိုင်ဆိုင်မည်ဖြစ်ပြီး ငါးနှစ်အတွင်း တစ်နိုင်ငံလုံးကို ကွန်ရက်ဖြန့်ကြက် သွားမည်ဟု ဆိုသည်။
"ဆက်သွယ်ရေး ဥပဒေက မထွက်သေးဘူး ဆိုပေမယ့် အခုနောက်ဆုံးအဆင့် အစိုးရနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေရာမှာ ဥပဒေကြောင်းရာ တွေကိုလည်း ထည့်သွင်းဆွေးနွေးတာ ရှိပါတယ်။ ဒါ့ကြောင့် လိုင်စင်ရပြီး ရှစ်လကြာတာနဲ့ ၀န်ဆောင်မှုစပေးဖို့ နှောင့်နှေးမှုရှိမှာ မဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။ တယ်လီနော် ကုမ္ပဏီက ၎င်းတို့၏ ဆက်သွယ်ရေး ၀န်ဆောင်မှုအတွက် တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၂၅ ကျပ် သတ်မှတ်ထားသည်။
မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုပေးရာတွင် တစ်နိုင်ငံလုံး အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအနှံ့တွင် ၎င်းတို့၏ ဆင်းမ်ကတ်ကို ၀ယ်ယူနိုင်မည့် နေရာပေါင်း ခုနစ်သောင်းနီးပါးနှင့် ငွေဖြည့်ကတ် ၀ယ်ယူနိုင်မည့် နေရာပေါင်း ကိုးသောင်းမှ တစ်သိန်းကြား ထားရှိနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် တယ်လီဖုန်း အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီနှစ်ခု အနေဖြင့် လိုင်စင်တွင် ပါဝင်သည့် ကတိများအတိုင်း မဆောင်ရွက်ပါက ဒေါ်လာ သန်း ၂၀၀ လျော်ကြေးပေးရမည်ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇူလိုင် ၁၀ ရက်တွင် နေပြည်တော်၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော် ကုမ္ပဏီနှင့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီတို့ကို ပြီးခဲ့သည့် ဇွန် ၂၇ ရက်က ရွေးချယ်ထားသည်။
Ref & Credit  => Eleven,myanmarmobiletutorial
အင်တာနက် Upload Speed ကို ဒီလိုမှင့်လိုက်ပါ
မည်သည့် Software မှမသုံးပဲ Defreeze ကိုပိတ်နည်း
Photo: မည်သည့် Software မှမသုံးပဲ Defreeze ကိုပိတ်နည်း
------------------------------------------------
ဒီနည်းက ကြာပါပြီ အခုပြန်သတိရလာလို့ မသိသေးသူများအတွက်
ဗဟုသုတ အနေနဲ့တင်ပေးလိုက်ပါတယ်....
ထုံးစံအတိုင်း Software မသုံးပဲလုပ်မှာမို့ အလုပ်တော့ နည်းနည်းရှုပ်ပါတယ်
လုပ်ရမယ်ဟာတွေကတော့....
၁။ ကွန်ပျုတာရဲ့ BIOS ထဲကိုဝင်လိုက်ပါ (ဥပမာ- Power ဖွင့်ပြီးပြီးချင်း
    F2 Key ကိုနှိပ်လိုက်ပါ မှတ်ချက် Key အပြောင်းလဲရှိနိုင်ပါသည်။ 
    ကွန်ပျူတာ Boot တက်လျှင်တက်ချင်း BIOS ထဲသို့ဝင်ရောက်နိုင်မည့် 
    Key ကိုဖော်ပြပါရှိပါသည်။)
၂။ ကွန်ပျူတာရဲ့ BIOS ထဲသို့ရောက်လျှင် BIOS ရဲ့ Dateအား   
    ၃  နှစ်လောက် နောက်ဆုတ်လိုက်ပါ ဥပမာ ခုလက်ရှိ ၂၀၁၃ ဆိုပါက
    ၂၀၁၀ ကိုပြောင်းလိုက်ပါ ပြီးလျှင် F10 ကိုနှိပ်ပြီး Save 
    လုပ်ပြီး Yes ဟုဖြေလိုက်ပြီး Restart ချလိုက်ပါ
၃။ ပြန်တက်လျှင်တက်ချင်း F8 Key ကိုခဏနှိပ်ထားပါ Window 
    Mode ရွေးခိုင်းပါလိမ့်မယ်Windows Debugging mode 
    သို့မဟုတ် Safe Mode နဲ့ဝင်လိုက်ပါ
၎။ Window တက်လာလျှင် CTRL+ALT+DEL ကိုနှိပ်ပြီး 
    TaskMananger ထဲသို့ဝင်လိုက်ပါ
    ပြီးလျှင် Process ကိုနှိပ်ပြီး run နေသော Process ထဲတွင် 
    DF5Serv.exe ကိုရှာပါ 
    တွေ့လျှင် Right Click နှိပ်ပြီး End Process နှိပ်လိုပ်ပါ ပြီးလျှင် 
    Restart ချလိုက်ပါ
    (မှတ်ချက်. .Version အပြောင်းလဲကြောင့် Process တွင်း 
     Run နေသော DF5Serv.Exe
     ဟာနာမည်ပြောင်းသွားရင်လဲ Defreeze ဟုထင်ရနိုင်သော 
     အမည်အားရှာပြီး End လုပ်လိုက်ပါ)
၅။ ပြန်တက်လျှင် ပထမနည်းအတိုင်း ကွန်ပျုတာရဲ့ BIOS ထဲသို့ဝင်လိုက်ပါ
    ပြီးလျှင် Date ကိုယခုရောက်ရှိနေသော Date အတိုင်း Date 
    အမှန်ကို ပြန်ချိန်းလိုက်ပါ
    အားလုံးပြီးသွားပါက F10 Key ကိုနှိပ်ပြီး Yes ဟုဖြေလိုက်ပါ   
    Restart ပြန်ကျသွားပါလိမ့်မည်
၆။ ကွန်ပျုတာ ပြန်တက်လာလျှင် Defreeze ဟာ 
    Disable ဖြစ်သွားပါမည် 
     ဘာမှမလုပ်ပဲဒီအတိုင်းသုံးရင်လဲရပါတယ် Defreeze ဟာ 
     အလုပ်မလုပ်တော့ပါဘူး.... :)
Txan Moe
Admin of Full Premium Now Free
#Full_Premium_Now_Free #Txan_Moe #IT #Defreeze
ဒီနည်းက ကြာပါပြီ အခုပြန်သတိရလာလို့ မသိသေးသူများအတွက်
ဗဟုသုတ အနေနဲ့တင်ပေးလိုက်ပါတယ်....
ထုံးစံအတိုင်း Software မသုံးပဲလုပ်မှာမို့ အလုပ်တော့ နည်းနည်းရှုပ်ပါတယ်
လုပ်ရမယ်ဟာတွေကတော့....
၁။ ကွန်ပျုတာရဲ့ BIOS ထဲကိုဝင်လိုက်ပါ (ဥပမာ- Power ဖွင့်ပြီးပြီးချင်း
F2 Key ကိုနှိပ်လိုက်ပါ မှတ်ချက် Key အပြောင်းလဲရှိနိုင်ပါသည်။
ကွန်ပျူတာ Boot တက်လျှင်တက်ချင်း BIOS ထဲသို့ဝင်ရောက်နိုင်မည့်
Key ကိုဖော်ပြပါရှိပါသည်။)
၂။ ကွန်ပျူတာရဲ့ BIOS ထဲသို့ရောက်လျှင် BIOS ရဲ့ Dateအား
၃ နှစ်လောက် နောက်ဆုတ်လိုက်ပါ ဥပမာ ခုလက်ရှိ ၂၀၁၃ ဆိုပါက
၂၀၁၀ ကိုပြောင်းလိုက်ပါ ပြီးလျှင် F10 ကိုနှိပ်ပြီး Save
လုပ်ပြီး Yes ဟုဖြေလိုက်ပြီး Restart ချလိုက်ပါ
၃။ ပြန်တက်လျှင်တက်ချင်း F8 Key ကိုခဏနှိပ်ထားပါ Window
Mode ရွေးခိုင်းပါလိမ့်မယ်Windows Debugging mode
သို့မဟုတ် Safe Mode နဲ့ဝင်လိုက်ပါ
၎။ Window တက်လာလျှင် CTRL+ALT+DEL ကိုနှိပ်ပြီး
TaskMananger ထဲသို့ဝင်လိုက်ပါ
ပြီးလျှင် Process ကိုနှိပ်ပြီး run နေသော Process ထဲတွင်
DF5Serv.exe ကိုရှာပါ
တွေ့လျှင် Right Click နှိပ်ပြီး End Process နှိပ်လိုပ်ပါ ပြီးလျှင်
Restart ချလိုက်ပါ
(မှတ်ချက်. .Version အပြောင်းလဲကြောင့် Process တွင်း
Run နေသော DF5Serv.Exe
ဟာနာမည်ပြောင်းသွားရင်လဲ Defreeze ဟုထင်ရနိုင်သော
အမည်အားရှာပြီး End လုပ်လိုက်ပါ)
၅။ ပြန်တက်လျှင် ပထမနည်းအတိုင်း ကွန်ပျုတာရဲ့ BIOS ထဲသို့ဝင်လိုက်ပါ
ပြီးလျှင် Date ကိုယခုရောက်ရှိနေသော Date အတိုင်း Date
အမှန်ကို ပြန်ချိန်းလိုက်ပါ
အားလုံးပြီးသွားပါက F10 Key ကိုနှိပ်ပြီး Yes ဟုဖြေလိုက်ပါ
Restart ပြန်ကျသွားပါလိမ့်မည်
၆။ ကွန်ပျုတာ ပြန်တက်လာလျှင် Defreeze ဟာ
Disable ဖြစ်သွားပါမည်
၎င်း Defreeze ကို Uninstall လုပ်လို့လျှင်လုပ်လို့ရပါပြီး
ဘာမှမလုပ်ပဲဒီအတိုင်းသုံးရင်လဲရပါတယ် Defreeze ဟာ
အလုပ်မလုပ်တော့ပါဘူး.... 
Ref & Credit  => http://www.fullpremiumnowfree.com/2013/06/how-to-software-defreeze.html
အမျိုးသမီးများ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့ အကျင့် (Drတင့်ဆွေ) www.mmdailytime.com
၁၈ နှစ်ပြည့်မှ ဖတ်ပါ
ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ၊
ရင်ဖွင့်တာပါရှင့်။ ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမ
အရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။ ပြောချင်တာက ကျမ တခါမှ ယောက်ျားနဲ့ တူတူ
မနေဘူးပါဘူး။ ချစ်သူရှိတယ် ဆိုတာကလည်း သူက အဝေးမှာပါရှင့်။ ကျမမှာ
မကောင်းတဲ့အချက်တခုရှိပါတယ်။ ကျမ လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။
ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့
အကျင့် ဖြစ်သွားခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင်ထူထူနဲ့ဟာမျိုးနဲ့ ၁
နှစ်လောက်ထိ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ကိုယ်ပဲ
လုပ်ပါတယ်။ မလုပ်ရင်လည်း ကျမ တကယ် မနေနိုင်တော့လို့ပါရှင့်။ အမှန်ဆိုရင်တော့
အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ အပြစ်ရှိလားရှင့်။ အခု
ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ထင်ရတဲ့ ဘယ်ဘက်ဆီးခုံ အထက်နားက တခါတခါဆိုရင်
အရမ်းနာပါတယ်။ ဆိုင်ကယ် စီးတဲ့အခါမျိုးမှာလည်း နာပါတယ်။ နောက်ပြီး
လိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း ကြောက်လို့ ဘာနဲ့မှ
မလုပ်ဖြစ်ပါဘူးရှင့်။ အဲဒါဆိုလည်း အဲလိုစိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။
အဲဒါ ကျမ သားအိမ်မှာ ရောဂါများ ရနေတာလား၊ ကျမ လိင်ဆက်ဆံချင်တဲ့စိတ်က ခဏခဏ
ဖြစ်တာလည်း ရောဂါလားရှင့်။ နောက်ပြီး ကျမ ရည်းစားနဲ့ အိမ်ထောင်ကျခဲ့ရင်ကော ကျမ
အဲလိုမျိုးတွေ လုပ်ခဲ့ဖူးတာ ပြောပြရမှာလားရှင့်။ ကျမကို ဖြေကြားပေးပါရှင့်။
မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့
ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။
အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey
(အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ
ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ
လေ့လာမှုလုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%
လုပ်ဖူးကြတာ သိရတယ်။
၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက်တွေကို
နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm
(အော်ဂဇင်မ်) လိင်ဆန္ဒပြည့်ဝမှု ဆိုတာ အခွင့်အရေးတရပ် ဖြစ်တယ်လို့တောင် လက်ကမ်း
ကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy
ဆယ်ကျော်သက်-ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်စေဘို့
ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့
လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ
မကူးစက်နိုင်ပါ။
Benefits ကောင်းကျိုးတွေ
• Intercourse တကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လို့
တခြားမသင့်တာမျိုး အားကိုးစရာမလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။
• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေး
အားပေးတယ်။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှုတခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ
သုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။
• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေတာကြောင့် ဗဂျိုင်းနာ၊
သားအိမ်ဝ နဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့
ပိုပြီးအဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး
၁-၄၅ မိနစ်အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကို
ကောင်းကောင်းရောက်စေတယ်လို့ သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။
• Female masturbation ကြောင့် သားအိမ်ဝက အချွဲကို အက်စစ်ဓါတ်ပိုစေတာမို့
ရောဂါပိုးဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။
• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem
ကိုယ့်ကိုယ်ကို ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။
• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန်အလှန် လိင်စိတ်ဖြေပေးကြတာ
ဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကို
ဖေါ်ထုတ်ပေးမယ်။
• (STDs) လိင်ကတဆင့်-ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။
• Masturbation လုပ်ပြီး Sexual climax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါ
ပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleep
အိပ်ပျော်စေမယ်။
• တချို့ဆရာဝန်တွေက (မာစတာဘေးရှင်း) လုပ်တာဟာ Cardiovascular workout
နှလုံး-သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။
• ကိုယ်ဝန်မရစေဘူး။
Risks ဘာတွေကို ဂရုစိုက်ရမလဲ
• လက်ကို မတိုင်ခင် အသေအခြာ ရေဆေးပါ။ လက်သည်းဖြတ်ထားရမယ်။ လက်မှာ အနာအဆာ
မရှိရဘူး။
• အသုံးပြုတဲ့ ကိရိယာပစ္စည်းကြောင့် ဘေးဖြစ်မှာသတိထားပါ။ ဂျာမနီမှာ တခါက
အမျိုးသမီးတယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့
ဆီးသွားပေါက် မှားသွားလို့ဖြစ်တယ်။
• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves
(လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။
စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန်လက်သွားတာ မကောင်းဘူး။
• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ
ကျွတ်ကျန်နေမှာကို သတိထားရတယ်။
Methods နည်းလမ်းတွေ
“ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ” လို့ Paul Joannides
စိတ်အထူးကုဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂)
Vibrators ကရိယာဖြစ်တယ်။ အမေရိကားမှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝ
နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တဝက်ကျော်က Vibrator သုံးတယ်”
လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual Health
Promotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။ သူတို့ဟာ
Masturbation ဖါသာ-အာသာဖြေတာမှာရော Intercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။
Fingering လက်ကိုသုံးတဲ့နည်း
• Vaginal fingering ဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစ်၊
ဥပဒေသုံးလဲဖြစ်တယ်။ လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။
လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။
• Clitoris မ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့
ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။
• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊
ကဲစေဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။
• ဒီလိုလုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တကယ့်လိင်ဆက်ဆံမှုရဲ့
အစိတ်အပိုင်းအဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activities
ကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။
• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေပေးတာမှာလဲ
သုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။
• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulva
မိန်းမကိုယ်နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitoris
မ-အစိကိုပွတ်သပ်ခြင်းဟာ အဓိကအရေးပါတယ်။
• Clitoral body မ-အစိကိုယ်ရော Shaft အရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့်
Skin of the clitoral hood မ-အစိအထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊
စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။
• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာမှန်သမျှကိုလဲ
အသုံးပြုနိုင်တယ်။
Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။
• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့
(ရှေ့ဆိုတာ ပက်လက်အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။
• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။
• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။
• ကိုယ့်ဖါသာကိုယ်လုပ်သူတွေက ဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှုပိုစေမယ်ဆိုတာ
ကိုယ်တိုင်သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစိုစွပ်လာမှာ အမှန်ပါ။
• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra
ဆီးထွက်လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။
• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာ
Antibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostate
ဆီးကျိတ်ကထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျအထိ လက်ထည့်ရမှာမို့
လက်ချောင်းသုံးတာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။
Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း
• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား)
ရောဂါကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ
ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာ
ဖြစ်လာတယ်။
• ၂ဝဝ၉ လေ့လာမှုတခုအရ အမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ
၅၃% ဟာ Vibrator သုံးသတဲ့။
• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက်
Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော
Intercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။
• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကို
ထိမိစေရတာဖြစ်တယ်။ ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။
o G-Spot Vibrator ဆိုတာလဲလာသေးတယ်။ ခပ်ကောက်ကောက်ပုံရှိတယ်။
o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအတိုင်း အရွယ်တူ လုပ်ထားတဲ့
ကစားစရာမျိုးဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber
(ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။
o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။
o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)
ကိုပါ ထိမိစေဘို့ လုပ်တားတယ်။
• ကနေဒါနိုင်ငံက (တိုရွန်တို) လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို
အသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို
Desensitize ပြောင်ပြန်အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်က
သူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့
အကြံပေးတယ်။ Autonomic nervous system အလိုအလျှောက် သက်ရောက်တဲ့
အာရုံကြောစနစ်က အကျင့်ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။
• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။
Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။
တခြားနည်းတွေ
• တချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့
သွားတိုက်တံခေါင်းရဲ့ နောက်ဖက်၊
• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊
• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။
• တခြားနည်းနာတွေလဲ ရှိမှာပါ။
ရောဂါမဟုတ်ပါ
• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာအာသာဖြေဖျောက်တာလုပ်မိတာကို Feel
guilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု
ဆရာဝန်တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။
• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။
Solo sex တယောက်ထဲစခန်းသွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာ
စိတ်ကူးထည့်စရာလဲ မလိုဘူး။
• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။
ကိုယ့်အတွက်ကိုယ်လုပ်တာသာဖြစ်
တယ်။ သူနဲ့နေတဲ့အခါမှာလဲ ပိုပြီးသာလွန်ကောင်းမွန်စေနိုင်
သေးတယ်။
သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။
• ယောက်ျားနဲ့နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။
Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှု နဲ့ Orgasm
(အော်ဂဇင်မ်) တွေမျာ ပိုကောင်းစေတယ်။
• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။
• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများတတ်တယ်။
ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။
• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာ
ရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း)
ထတတ်တယ်။
• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင်
ဖြစ်ချင်တာတွေ ကိုပါ သက်သာစေမယ်။
Masturbation (မာစတာဘေးရှင်း) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၅) ကိုလဲ
ဖတ်နိုင်ပါတယ်။
Ref & Credit  => http://www.fullpremiumnowfree.com/2013/05/dr.html
Dr. တင့်ဆွေ
ဆိုဒ်တွေကို အမြန်ဆုံးပွင့်စေမယ့် DNS Jumper 1.0.5 (516 KB)
ဆိုဒ်တွေကြည့်တဲ့အခါ ကြာနေရင် ဒီကောင်လေးသုံးကြည့်ပါ 
ဆိုဒ်တွေဖွင့်တဲ့အခါ မြန်မြန်ဆန်ဆန်ဖွင့်နိုင်အောင် အထောက်ပံပေးတဲ့ ဆောစ့်ဝဲလ်လေးပါ 
Install လုပ်စရာလည်းမလိုပါဘူး Portable ဆောစ့်ဝဲလ်ဆိုတော့ 
လုပ်ဆောင်ချက်တွေလည်းလွယ်ပါတယ် DNS Jumper 1.0.5 ကိုဖွင့်လိုက်ပါ 
အပေါ်က ပုံအတိုင်းပေါ်လာပါမယ် fastest DNS ကိုကလစ်လိုက်ပါ
 find fastest DNS ကိုကလစ်လိုက်ပါ 
အပေါ်ဆုံကို ရွှေးလိုက်ပါ ပြီးရင် Apply Fastest DNS ကိုကလစ်လိုက်ပါ
လုပ်ဆောင်ချက်တွေ ပြီးဆုံးပါပြီ
ပြီးရင်တော့ အဲဒီဝင်းဒိုးလေးကို မပိတ်ပဲ Minimized လုပ်ပြီး အင်တာနက် သုံးလို့ရပါပြီ
Download>>>>http://www.softpedia.com/ (or)http://www.sordum.org/
အဆင်ပြေပါစေဗျာ
Windows XP / 2003 / Vista / XP 64 bit / 2008 / Vista 64 bit / 7 / 7 64 bit
iphone အတွက် ringtone ကို itune နဲ့ပြုလုပ်နည်း
iphone-ringtones3
iPhone အတွက် Ringtones ကို iTunes ဖြင့် လုပ်လို့ရမယ့်နည်းလမ်းလေး ကို တင်ပြပေးပါရစေ
ပထမဆုံး iTunes ကို ဖွင့်ပါ၊ ပြီးရင်တော့၁) Preferences ထဲက ၂) General အောက်မှရှိတဲ့
၃) Import Settings ထဲကိုဝင်လိုက်ပါ
၎) AAC Encoder ကိုရွေးပြီး
၅) OK ကိုနှိပ်ပါ၊ Preference ထဲက OK ကိုထပ်နှိပ်လိုက်ပါ။
၆) မိမိ Ringtone လုပ်လိုတဲ့သီချင်းကို ရွေးပြီး Rt Click နှိပ်ကာ Get Info ထဲဝင်လိုက်ပါ။
၇) Options ထဲက Start Time မှာ မိမိ Ringtone စချင်တဲ့အချိန်နဲ့ Stop
Time မှာ မိမိ Ringtone ဆုံးချင်တဲ့အချိန်တွေကို ဖြည့်ပါ။ ပြီးရင် OK
ကိုနှိပ်ပါ
(သတိထားရမှတစ်ခုက Ringtone ကြာချိန် စုစုပေါင်းဟာ စက္ကန့် ၄၀ ကျော်နေရင် iPhone ထဲကို ထဲ့လို့မရပါဘူး)
၈) စောစောက Start Time-Stop Time မှတ်ထားတဲ့ သီချင်းဖိုင်မှာ Rt Click လုပ်ပါ။ Create AAC Version ဆိုတာလေးနှိပ်ပြီး ခဏစောင့်ပါ
၉) Converting ဆိုတာလေး ပေါ်လာပါလိမ့်မယ်၊ အဲ့ဒီနောက်မှာတော့ စောစောက
သီချင်းဖိုင်နဲ့ နာမည်တူတဲ့ စက္ကန့် ၄၀ စာဖိုင်လေးတစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။
ပေါ်လာတဲ့ဖိုင်ကို Copy လုပ်ပြီးဖြစ်ဖြစ် Drag လုပ်ပြီးဖြစ်ဖြစ် Desktop
မှာ Save လုပ်ပါ။
၁၀) Desktop ပေါ်ကဖိုင်ရဲ့ Extension ဟာ .m4a ပါ။ Rename လုပ်ပြီး .m4r လို့ပြောင်းလိုက်ပါ။
၁၁) iTunes ထဲမှာ စောစောက အသစ်ပေါ်လာတဲ့ ဖိုင်ကို Delete လုပ်ပါ။
၁၂) .m4r Extension ပြောင်းထားတဲ့ Desktop ပေါ်ကဖိုင်လေးကို Double Click လုပ်လိုက်ရင် iTunes Ringtones ထဲကိုရောက်သွားပါလိမ့်မယ်။
ဒီအချက် ၁၂ ချက် အတိုင်းလိုက်လုပ်လိုက်ရင် iPhone အတွက် မိမိစိတ်ကြိုက်
Ringtone တစ်ခုကို မည်သည့် Software မှထပ်မလိုပဲ iTunes နဲ့တင်
ဖန်တီးနိုင်မှာဖြစ်ပါတယ်။
ပထမ တစ်ကြိမ် နှစ်ကြိမ်မှာတော့ နည်းနည်းခက်တယ်ထင်ရပေမယ့် နောက်ပိုင်းလွယ်ကူ သွားပါလိမ့်မယ်။
 Ref & Credit  => P.S ( Myanmar Mobile User Club မှာ ကို#Thiha Htun တင်ပေးထားတာကိုပြန်ကူးယူထားပါသည်။)Original Post >> http://ygn.me/jT
Window 7 and Window XP အမြန်တင်နည်းလေး
ဘာလည်းဆိုတော့ Window 7 and Window XP အမြန်တင်နည်းလေးပါ
မသိသေးတဲ့သူတွေတွက်ဖြစ်ပါတယ် ပုံးလေ တွေနဲ့တကွရှင်းပြထားပါတယ်
ပုံမှန် ဝင်းဒိုးတင်းတဲ့အချိန် ထပ် ၁၀ မိန်စ် ကျော်ကျော် ၁၅ မိနစ်လောက်အချိန်ကုန်သက်သာစေပါတယ်
ခပ်မြန်မြန် ကြိုက်သူတွေ တွက်ပေါ့ မြန်မြန်ပြီးရင် ကြိုက်တယ် မဟုတ်လား မကြိုက်တဲ့ သူလည်း
ရှိမှာပေါ့...ဟဟ...။
စပြီနော် ဘယ်နေက လုပ်ရမလည်းဆိုတာအရင်ပြောချင်ပါတယ် အောက်က ပုံကိုကြည့်ပါ
Window 7 ကအရင်စမယ်နော် ပုံမှန်တိုင်း install လုပ်နေကျတိုင်းလုပ်ပါ
 အောက်က နေရာရောက်ပြီဆိုရင်
အဲနေရာရောက်ပြီဆို shift + F10 ရယ်နှိပ်ပါ
command prompt ကျလာပါလိမ့်မယ် အောက်ကလိုပေါ့
အဲမှာ ထဲမှာ မှ taskmgr ဆိုတဲ့ command လေးထပ်ရိုက်ပေးပါ အောက်ကလိုလေးပေါ့
အဲလိုလေး ရိုက်ပြီးသွားရင် အောက်ကလိုလေး taskmanager box လေးကျလာမှာပါ
အဲမှာမှ Install Windows မှာ right click နှိပ် go to process ဆိုပြီး နှိပ်ရမှာပါ အောက်ပုံလေးတိုင်းပေါ့
အဲလိုလေးနှိပ်လိုက်ရင် process tab ကိုရောက်သွားပါလိမ့်မယ် အောက်က ပုံကိုကြည့်ပါ
သူ auto select မှတ်ပေးထားတဲ့ setup.exe နေရာမှာပဲ right click ခေါက်ပြီး Set Priority ကို High ကိုပြောင်း လုပ်ပေးရမှာပါအောက်က တိုင်းလေးမေးပါလိမ့်မယ် change priority ကို နှိပ်ပေးလိုက်ပါ
ဒါဆို လုပ်ငန်းစဥ်ပြီး ဆုံးပါပြီး ခုဖွင့်ထားတဲ့ ဘောက်တွေ အကုန် ပြန်ပိတ်လိုက်လို့ ရပါပြီ ။
ပုံမှန်တိုင်း window တင်နိုင်ပါပြီ ဝင်းဒိုး ကိုထိခိုက်ချင်းမရှိပါဘူး ခင်ဗျာ ပုံမှန်တိုင်းသုံးယုံပါပဲ ခုလုပ်တဲ့ priority ကို high လုပ်ပေးရခြင်းက ဒီ window install လုပ်ခြင်း ဦးစားပေးအဆင့်ကို မှင့်ပေးလိုက်တဲ့
သဘောပါ အားလုံးပဲ အဆင်ပြေမယ်ထင်ပါတယ်။
window XP users တွေ အတွက်က တော့ အောက် အဆင့်လေးမှာ အထက်ပါ အတိုင်းလုပ်ဆောင်ပေး
ယုံပါပဲ လုပ်နည်းက တော့တူတူပါပဲ ခင်ဗျာ။
အချိန်ကုန်ခြင်း ကင်းဝေးကြပါစေ...။
အသိပညာ ဗဟုသုတ တိုးပွားကြပါစေ...။
Myanmar IT Development မှကူးယူမျဝေသည်။
iOS 6 အထက်မှာ Jailbreak မလုပ်ပဲ Cracked App သွင်းနည်း
Kuaiyong ဆိုတဲ့ Software လိုပါပဲ Jailbreak မလုပ်ထားတဲ့ iDevice တွေအတွက် Cracked App သွင်း
နည်းပါ။ Kuaiyong ကိုဘာလို့အားမပေးလဲဆိုတော့ သူက download ဆွဲတာကြာပါတယ်။
သူကနေ သွင်းထားတဲ့ software တွေက iPhone/ iPad/ iPod ကို Restart ချလိုက်ရင် ဝင်လို့မရတော့
ပါဘူး။ ပျက်သွားပါတယ်။
PP ကတော့ အဲ့ဒီ့ပြဿနာတွေက ကင်းဝေးမှာပါ။ Download Speed က IDM လိုမျိုး မြန်ဆန်ပါတယ်။ Cracked App တွေမြောက်များစွာရှိပါတယ်။
Jailbreak လုပ်ထားတဲ့ device တွေအတွက် အပြင် Jailbreak မလုပ်ထားတဲ့ device တွေ အတွက်ပါ
သုံးလို့ရပါတယ်။
Jailbreak လုပ်ထားတဲ့ Device တွေအတွက် အောက်ပါပုံကိုကြည့်ပါ။
အပေါ်ဆုံးက P Logo လေးနဲ့ Store က Jailbreak လုပ်ထားတဲ့ Device တွေအတွက်ပါ။
Jailbreak မလုပ်တားတဲ့ Device တွေ အတွက် အောက်ပါပုံကို ကြည့်ပါ။
တရုတ်စာ အနီရောင်လေးနဲ့ Store ကိုဝင်ပါ။ အဲ့တာက Jailbreak မလုပ်ထားတဲ့ Device တွေ အတွက်
ဖြစ်ပါတယ်။
ကိုယ်ကြိုက်တဲ့ App ရှာပြီး အောက်ပါပုံအတိုင်း Download ဆွဲနိုင်ပါတယ်။
အပြာရောင် button ကိုနှိပ်ပြီး download ဆွဲရမှာဖြစ်ပါတယ်။
Download ဆွဲနေစဥ် ဘေးက download မှာ 1 ဆိုပြီးပြပေးမှာဖြစ်ပြီး ဝင်ကြည့်မယ်ဆိုရင် speed တို့ remaining time တို့ပါပြပေးမှာဖြစ်ပါတယ်။
download ဆွဲထားတဲ့ app တွေဆီရောက်သွားပြီဆိုရင် application တစ်ခုဆီရဲ့ ညာဖက်မှာ install ပုံလေးပေါ်ပါတယ်။
အခုကွန်တော့ပုံမှာ iPhone မချိတ်ထားတဲ့အတွက် မပေါ်ပါဘူး။ install ကိုနှိပ်လိုက်ရင် သွင်းသွားတာ
ကိုတွေ့ရပါလိမ့်မယ်။ iOS 6.1.4 ထိ support လုပ်ပါတယ်။
PP ကို Download ဆွဲချင်ရင်တော့ အောက်ကလင့်မှာ ယူနိုင်ပါတယ်။
ghost.25pp
zippyshare
Website: http://www.25pp.com/news/news_5227.html
Ref & Credit  => မောင်စူးစမ်း
from မြန်မာ Mobile Application စတိုး by Myat Min Soe
comand prompt လေး ကို သုံးပြီး model number တို့  serial number တို့ ကြည့် မယ်
ကွန်ပျုတာ တစ်လုံး မှာ အကြောင်းအမျိုးမျိုးကြောင့် model number တို့  serial number တို့ ကို ကြည့် ဖို့ 
အတွက် အခက် အခဲ ရှိတယ် ဆိုရင်တော့  အခုပြောမယ့် နည်း လေး ကတော့ အဆင်ပြေစေ မှာ ဖြစ်ပါတယ်
Command prompt လေး ကိုအသုံးပြုပြီး ကြည့် လို့ ရပါတယ်
Command prompt လေး ကို အသုံပြီး ကြည့် ကြည့် ကြမယ်ဗျာ
ပထမဆုံး ကိုယ့်  ကွန်ပျူတာ ရဲ့ Model Number လေး ကိုကြည့် ကြည့်ကြမယ်
1.    ပထမဆုံး command prompt ကိုခေါ်ဖို့ အတွက် ကီးဘူတ်က Window Key+ R key ကို တွဲ ပြီးနှိပ်လိုက်ပါ။
2.    Run Box လေးတက်လာမှာဖြစ်ပါတယ် Run Box လေး မှာ cmd လို့ ရိုက်ထည့် လိုက်ပါ ပြီးရင် ok ကို နှိပ် ပါ ။ ဒါမှ မဟုတ်ရင် လဲ ကီးဘုတ် မှာ Enter ကိုခေါက်ပေးလိုက်ပါ ။ အောက်မှာ ပုံလေးပြထားပါတယ် ။
3. ပြီးရင်တော့  Comand Prompt လေး ကျလာ ပြီ အောက်ပါအတိုင်း မြင်ရမှာဖြစ်ပါတယ်။
4. အောက်မှာပေးထားတဲ့ စာလေးကိုရိုက်ထည့် လိုက်ပါ ။
wmic csproduct get name ပြီးရင် ကီးဘုတ်မှာ  Enter ကို ခေါက်လိုက်ပါ။
  မြင်ရပါပြီ မိမိ ကွန်ပျူတာ ၏ Model number လေး ကိုပါ။
ဒီတစ်ခါတော့ မိမကွန်ပျူတာ ရဲ့ Serial Number ကိုကြည် မယ် ။
အထက် က ပြောခဲ့ တဲ့  အတိုင်းပဲ Command Prompt လေး ကိုခေါ်လိုက်ပါ။
ပြီးရင်တော့  အောက်က စာလေး ကို ရိုက်ထည့် လိုက်ပါ ။
ပြီးရင်တော့ ကီးဘုတ် က Enter ခေါက်လိုက်ပါ
wmic bios get serialnumber ကဲမြင်ရပါပြီဗျာ မိမိ ကွန်ပျုတာ ၏ Serial Number ကို ..
မောင်အေးလွင် (ဘူးရေမျက်ရွာ) မှ ကူးယူမျှဝေသည်။
Followers