ဖွင့်ထားတဲ့ app အကုန်လုံးကို တစ်ခါတည်းပိတ်လို့ရတဲ့ shortcut key ရှိလားတဲ့ ရှိပါတယ်….
Command-Option-Control-Media Eject (⏏)
အဲ့တော့ Media Eject (⏏) က macbook pro CD drive ပါတဲ့ အဟောင်းတွေမှာပဲပါတာတဲ့ … အဲ့တော့ စားပီပေါ့….

ဒါပေမယ့် destop ပေါ်မှာ app shortcut လေးတစ်ခုတင်ထားပီ… double
click နှိပ်တာနဲ့ quit all applications ဖြစ်မဲ့ app တစ်ခု
ဖန်တီးကြည့်ရအောင်လား…. ငါးကြင်းဆီနဲ့ပဲ ငါးကြင်းပြန်ကြော်ကြည့် ကြတာပေါ့
ပထမဦးဆုံး LaunchPad ထဲက other folder ထဲက Automator
ဆိုတာလေးရွေးလိုက်ပါ …. ပြီးတာနဲ့ သူက မေးပါတယ် on iCloud လား on my mac
လားမေးရင် on my mac ကို ရွေးပီး done နှိပ်လိုက်ပါ… ပီးတာနဲ့
ပထမအဆင့်အနေနဲ့ menubar ပေါ်မှာ file ထဲက new
ကို ရွေးလိုက်ရင် အောက်ကပုံအတိုင်းကြလာပါလိမ့်မယ်…

Applications ကိုရွေးပီး chose နှိပ်ပီး ရွေးချယ်ပေးလိုက်ပါ…

ဒုတိယအဆင့်ကတော့ automatorရဲ့ search မှာ Quit all applications ကို ရိုက်ပီး double click ပေးပီး select လုပ်လိုက်ပါ…

တတိယအဆင့် ဆိုရင် အပေါ်က ပုံအတိုင်း quit all လုပ်မဲ့ အချိန် မဖြစ်မနေ
run ထားရမဲ့ app တွေကို do not quit အတွက် မိမိတို့လိုအပ်မဲ့
appကို ရွေးချက်ပါ… ပီးတာနဲ့ အပေါ်ဘက်ထောင့် ညာဘက်က run
ဆိုတာကိုနှိပ်လိုက်ပါ …Run နှိပ်လိုက်တဲ့အချိန်မှာ အောက်က
msg လေးတစ်ခုတတ်လာပါလိမ့်မယ်… ok ပေးလိုက်ပါ…

နောက်ဆုံးအဆင့်အနေနဲ့ quit all app လေးကို destop ပေါ်မှာ shortcut
အနေနဲ့ saveလုပ်ဖို့အတွက် menubar>>file>> saveကိုရွေးချယ်
ရပါမယ်..save နှိပ်လို့ ကျလာတဲ့အခါ အောက်ကပုံအတိုင်း
save as : QuitAll
Where : Destop
File Format : Application ရွေးပီး saveနှိပ်ပါ…
အဆင့်အားလုံးပီးသွားရင် destop ပေါ်မှာ QuitAll
shortcut လေးရောက်နေပါလိမ့်မယ်… ဖွင့်ထားတဲ့ app တွေအကုန်လုံးကို Double
Clickနှိပ် တာနဲ့အကုန် quit လုပ်လို့ရသွားပါပီ …..
Refer http://www.apple4mm.com/quit-all-application-for-double-click/