Jan 22, 2014

iFile ဆိုတာ ဘာလဲ..? ဘယ်လိုသုံးကြမလဲ..?


iDevice တွေကို Jailbreak လုပ်ပြီး သုံးနေကြသူ၊ များသောအားဖြင့် "iFile" ဆိုတာလေးကို ကြားဖူးကြပါလိမ့်မယ် သို့ ပေမယ့် ဘယ်နေရာမှာ သုံးတာလဲ၊ ဘာအတွက် သုံးကြရသလဲ ဆိုတာကိုတော့ သေသေချာချာ မသိသူတွေ အများကြီး ရှိကောင်း ရှိနေကြဦးမှာပါ။

ဒါကြောင့် ယခု "iFile ဆိုတာ ဘာလဲ...?" ဆိုတဲ့ ဆောင်းပါးလေးနဲ့  မသိသေးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ရပါတယ်...

Apple ရဲ့  Mac computer ကို သုံးဖူးသူတွေ အနေနဲ့ တော့ "Finder" ဆိုတာကို ရင်းနှီးကြပြီးသားဖြစ်ပါလိမ့်မယ် (Windows မှာဆိုရင်တော့ "Explorer" ပဲပေါ့)။ "Finder" ကို ရင်းနှီးပြီးသား ဖြစ်မယ်ဆိုရင်တော့ "iFile" ဆိုတာ မစိမ်းတော့ပါဘူး။
"iFile" ဆိုတာဟာ iOS အတွက် "Finder" လိုပဲ မရှိမဖြစ်အရေးပါတဲ့ App တစ်ခုပါ။ ဒါပေမယ့် Jailbreak လုပ်ထားတဲ့ iDevice များမှာသာ "iFile" App ကို သွင်းယူနိုင်ခွင့်ရှိပါတယ်။

"iFile" ရဲ့  လုပ်ဆောင်ချက်တွေကတော့ အများကြီးပါ အဓိကအချက်ကို ခြုံငုံပြောရမည်ဆိုပါက မိမိ iDevice တွင်းရှိ System files များအပါအဝင် အခြား file များကိုပါ "manage" လုပ်နိုင်ပါတယ်။ "manage" လုပ်နိုင်ပြီ ဆိုထဲက File တွေကို မိမိစိတ်ကြိုက် Rename, Edit, Copy, Paste, Creat... အစသည်ဖြင့်တို့  လုပ်ဆောင်နိုင်ပါတယ်။

ဒီအပြင် ".deb" file များကိုလည်း "iFile" မှ နေ၍ တိုက်ရိုက် Install လုပ်နိုင်ပါတယ်။ ဆိုကြပါဆို့  "tweaks" တွေကို ".deb" file အနေနဲ့  website တစ်ခုကနေ download ချဖို့ ကြိုးစားတဲ့အခါ မိမိမှာ "iFile" Install မလုပ်ထားဖူးဆိုရင် "Safari" က error message သာ ပေါ်လာမှာဖြစ်ပါတယ်။
"iFile" ရှိနေပါက အောက်ပါပုံအတိုင်း ပေါ်လာပြီး အဆင်ပြေပြေ download လုပ်နိုင်၊ Install လုပ်နိုင်မှာဖြစ်ပါတယ်။



နောက်ထပ်အရေးပါ သိသာတဲ့ အချက်ကတော့ File တွေကို WiFi, Bluetooth တွေအသုံးပြုပြီး "Transfer" လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ "iFile" က သင့်ကို WiFi server တစ်ခုအဖြစ် ထောင်ခွင့်ပေးပြီး အဲဒီ WiFi မှာ အတူတစ်ကွ အသုံးပြုနေကြသူ အချင်ချင်း မည်သည့် web browser ကိုမဆို အသုံးပြု၍ ချိပ်ဆက်နိုင်ပါတယ်။ Bluetooth အနေနဲ့ ကတော့ "iFile" သွင်းထားတဲ့ iPhone နှစ်လုံးအချင်းချင်း ပေးပို့ နိုင်ပါလိမ့်မယ်။

ဒါကြောင့်မို့  Jailbreak လုပ်ထားကြတဲ့ မိတ်ဆွေများ အားလုံး အတွက် "iFile" ဆိုတာကို မရှိမနေ သွင်းထားဖို့  လိုအပ်ကြောင်း တိုက်တွန်းအပ်ပါတယ်...

iFile ၏ လုပ်ဆောင်ချက်များ ဗွီဒီယို



iFile ရယူနိုင်ရန်အတွက် "Cydia" မှ တိုက်ရိုက် source သွင်းယူ၍၎င်း၊ ".deb" file ကိုရယူ၍ ဤနည်းဖြင့် တစ်ဆင့် သွင်းယူ၍သော်၎င်း ရယူနိုင်ပါသည်။

Cydia တွင် Source အဖြစ် "http://sinfuliphonerepo.com" ကိုသွင်းယူပြီးနောက် "iFile Cracked" ကို ရှာ၍ Install လုပ်ပါ။

>> Download iFile 1.9.1-1.deb



Credit to : iDB


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

 Credit မိုးသိကြား

ImTOO DVD Ripper Ultimate (အတွဲလိုက်ဖြစ်နေသော Video ဖိုင်များ တစ်ပုဒ်ချင်း လုပ်မယ်)

DVD ခွေတွေမှာအတွဲလိုက်ဖြစ်နေသော video ဖိုင်များကို ImTOO DVD Ripper Ultimate အသုံးပြုခြင်းဖြင့် video တစ်ဖိုင်ချင်း ရအောင်ဆောင်ရွက်နိုင်ပါတယ်
Screen Shot:




Download
PASSWORD- technohub
 

IOS တွင် လွယ်ကူစွာ Frimware ပြန်တင်နည်း.....(ကွန်ပျူတာမလို.)


ကျွန်တော် ဒီနေ.တင်ပြချင်တာလေကတော. IOS User တွေလက်၇ှိဖြစ်ပေါ်နေကြတဲ့အခက်အခဲးတစ်ခုကိုလွယ်ကူစွာဖြေရှင်းနည်းလေးပါ။မိမိတို.သွင်းလိုက်သော Cydia App တွေကြောင်. Facebook app တွင် သုံးနေရင်ပြန်ထွက်သွားခြင်း...Safari ဝင်လို.မရခြင်း စသည်.အခက်အခဲးကို...ဖြေရှင်းသောနည်းလမ်တွေ၇ှိသော်၊ ထိုနည်းလမ်းတွေဖြင်.မရပါကနောက်ဆုံးတွင် Restore လုပ်မှအဆင်ပြေကြပါတယ်....Restore ပြန်လုပ်ရာတွင် Computer,IPSW,Itunes,USB ကြိုးလိုအပ်လာပါပြီ။တစ်ခုအဆင်မပြေပါက....Restore လုပ်လို.အဆင်မပြေကြပါ။ Computer မရှိသူတွေကတော.  ဆိုင်ပြေးကြရပါတယ်.....ထိုအခက်အခဲးတွေကိုဖြေရှင်းရန်....ကွန်ပျူတာမလိုပဲ Frimware ပြန်တင်နည်းကို ပုံးလေးတွေဖြင်.ရှင်းပြပေးပါမယ်......

(၁) Cydia တွင် http://cydia.myrepospace.com/komin27/ ကို Add လုပ်ပြီးမိမိ တို. ဖုန်းတွင်..... ilex R.A.T ကို install လုပ်ပေးပါ။" IOS User တိုင် ilex R.A.T ကို install လုပ်ထားစေချင်ပါတယ်...အခက်ခဲဖြစ်ပါက အလွယ်တကူ Restore ပြန်လုပ်နိုင်ပါသည်။."



install လုပ်ပြီးပါက ထို App ထည်းဝင်လိုက်ပါ။


 iLEX R.A.T. (သို.) iLEX RESTORE ကိုဝင်ပြီး ok ပေးလိုက်ပါ။ ခဏစောင်.နေပေးပါခင်ဗျ....၁၀ မီးနစ်လောက်စောင်.လိုက်၇င် Restore ပြုလုပ်ခြင်းအောင်မြင်ပါပြီ ခင်ဗျ။


 iLEX R.A.T.



iLEX RESTORE

အဆင်ပြေပါစေ။ 
credit  KOMIN

Followers