Sep 18, 2014

IOS 8 Firmware Download


 ThanToeAung 

How to install iOS 8 For iPhone, iPad, and iPod touch


How To Install Myanmar Keyboard In iOS 8 (Pre-Guide)

iOS 8 ကတော့ ပျော်ရွှင်စွာနဲ့ ကခုန်ထွက်လာပါပြီ...
တစ်ကမ္ဘာလုံးက Apple ချစ်သူတွေရဲ့ ဝိုင်းဝန်းအားပေးမှုကြောင့် Apple server ကြီးတောင် လေးလံနှေးကွေးပြီး App တွေ Download, Upload လုပ်မရအောင် ဖြစ်ရပါတယ်။ iOS 7 နောက်ပိုင်းကစလို့ Jailbreak tool တွေကို ထုတ်ပေးနေတဲ့ "Pangu Team" ကလည်း iOS 8 အတွက် Jailbreak ရစေရမယ်ဆိုပြီး အတည်ပြုပေးထားပါတယ်..

ဒါကြောင့် iOS 8 ဟာ သူ့ရဲ့ လုပ်ဆောင်မှု ဒီဇိုင်း အသစ်တွေနဲ့ စိတ်ကို ကြည်နူးစေမှာဖြစ်သလို Jailbreak အတွက်လည်း ပူပင်စရာမလိုတဲ့အတွက် iOS အသစ်သမိုင်းမှာ User တွေ အတွက် စိတ်ချမ်းသာစရာ အကောင်းဆုံး version လို့ ပြောလို့ရနိုင်ပါတယ်...

ဒီထက်မက စိတ်ချမ်းသာရမယ့် အကြောင်းတွေလည်း ရှိနေပါသေးတယ်..

Apple ရဲ့ iOS device တွေကို ကျွန်တော်တို့ (မြန်မာတွေ) အဓိက Jailbreak လုပ်ရတဲ့ အကြောင်းရင်းကတော့ မြန်မာစာကို ရေးချင်၊ ဖတ်ချင်ကြလို့ပဲ ဖြစ်ပါတယ်။
ယခု iOS 8 ရဲ့ လုပ်ဆောင်မှု အသစ်မှာ နှစ်သက်ရာ Custom Keyboard ကို install လုပ်နိုင်အောင် ခွင့်ပြုထားတဲ့ အတွက် iDevice ကို သန့်သန့်လေး အသုံးပြုလိုသူများ မြန်မာစာ အတွက်နဲ့ Jailbreak လုပ်စရာ မလိုတော့ပါဘူး...

iOS စတင်ပေါ်လာခဲ့တဲ့ ကနဦးထဲက မြန်မာစာကို အမြဲရရှိအောင် အစဉ်ကြိုးပမ်းပေးခဲ့သူ Myanmar Developer "ကိုစေတန်" က iOS 8 အတွက် Keyboard ကို အသင့် ရေးသားထားနှင့်ပြီး ဖြစ်ပါတယ်။
Application အဖြစ် တင်ဆက်လိုက်တဲ့ keyboard App ကို Apple ၏ အတည်ပြုချက်ကို စောင်းစားနေဆဲဖြစ်ပါတယ်။ သူ့ရဲ့ Page မှာ iOS 8 အတွက် App အသစ်တွေ ထုနဲ့ထယ်နဲ့ တင်နေကြလွန်းလို့ ယခုချိန်ထိတော့ Approve မဖြစ်သေးဘူးလို့ ပြောပါတယ်။


လက်ရှိ "ကိုစေတန်" ရေးသားထားတဲ့ Keyboard မှာ "Zawgyi" အတွက် ဖြစ်ပြီး Apple က Approve ဖြစ်ရင်တော့ အောက်ပါ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Keyboard ကို သွင်းယူနိုင်လိမ့်မယ်လို့ အသိပေးခဲ့ပါတယ်။
  • support click sound
  • remove --- in keyboard
  • add pink color for keyboard
  • fixed go back to normal keyboard after press key on shift keyboard

ယခု version မှာ smart zawgyi အတွက်တော့ ကြိုးပမ်းဆဲဖြစ်ပြီး အဆင်သင့် မဖြစ်သေးကြောင်းနှင့် Unicode အတွက်ကတော့ အများကြီး အားထုတ်ရဦးမှာ ဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။


မည်သို့ပင်ဖြစ်စေကာမူ မြန်မာ Apple ချစ်သူများအတွက် အစဉ်ကြိုးပမ်း ပေးလျှက်ရှိသော "ကိုစေတန်" ကို အားလုံးရဲ့ ကိုယ်စား "မိုးသိကြား" မှ ကျေးဇူးအထူးတင်ကြောင်း ဤဆောင်းပါးလေးမှ တစ်ဆင့် ပြောကြားလိုက်ပါရစေ...

***************************************************

မြန်မာ Developer များရဲ့ ကြိုးပမ်း အားထုတ်မှုကြောင့် Myanmar Keyboard ရလာပါပြီတဲ့ ကျွန်တော်တို့ ဘယ်လို Install လုပ်ကြမလဲ....?
iOS 8 အတွက် Myanmar Keyboard ရလာတဲ့အခါမှာ အဆင်သင့် Install လုပ်နိုင်အောင် နည်းလမ်းလေးကို ကြိုတင် ဖော်ပြပေးလိုက်ပါတယ်..

>>How To Install Custom Keyboard<<

ယခုလက်ရှိမှာ iOS 8 အတွက် အဆင်သင့် ဖြစ်နေသော third-party keyboard App များမှာ (SwiftKey, Swype, Keymoji, Fleksy, Minuum, TextExpender, KuaiBoard, TouchPal) တို့ ဖြစ်ပြီး အချို့မှာ "Free" နှင့် အချို့မှာ "Paid" App များ ဖြစ်ကြသည်။

**လုပ်ငန်းစဉ်**

ပထမဦးစွာ မိမိသွင်းယူလိုသော Keyboard App ကို AppStore တွင် Download/Install လုပ်ပါ။

Activate New Keyboard

၁) Download လုပ်ထားသော Keyboard App ကို ဖွင့်ပါ။

၂) ထို့နောက် Exit App လုပ်ပြီး Settings ကိုသွားပါ။

၃) General -> Keyboard -> Keyboards -> Add New Keyboard ကို နှိပ်ပါ။

၎) မိမိ Install လုပ်ခဲ့တဲ့ third-party Keyboard ကို list တွင်ရှာဖွေပါ။

၅) တွေ့တဲ့အခါမှာ Activate လုပ်ဖို့ နှိပ်ပေးလိုက်ပါ။ အကယ်၍ Keyboard က support လုပ်ခဲ့ရင် မည်သည့် Lauguage ကို သုံးမည် ဆိုတာပါ ရွေးချယ်နိုင်ပါလိမ့်မည်။



Custom Keyboard Activate ဖြစ်သွားတဲ့အခါမှာ အသုံးပြုဖို့ဆိုရင် ထုံစံအတိုင်း ကမ္ဘာလုံးပုံလေးကို နှိပ်ပြီး ရွေးချယ်လိုက်ရုံပါပဲ။
အကယ်၍ custom keyboard ကို မသုံးချင်တော့ဘူးဆိုပါက Settings ရဲ့ Keyboard မှာ ဘယ်ဖက်ကို swipe လုပ်ပြီး delete လုပ်နိုင်ပါတယ်။

iOS 8 နှင့် မြန်မာစာ ချစ်သူများ Myanmar Keyboard ရလာတဲ့အခါ အဆင်ပြေပြေ သွင်းယူနိုင်ကြစေရန် စေတနာကောင်းဖြင့်...



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....


မိုးသိကြား

Followers