May 2, 2014

Windows ကို Android Phone ကတင်မယ်



သင့် android phone ကနေ windows ကို အင်စတောလုပ်ဖို့ နည်းကို ရေးပေးပါမယ်။ သင့်မှာ Windows Cd/Dvd အခွေ၊ USB stick တွေမရှိရင် ဒီနည်းကအသုံးဝင်ပါတယ်။Windows installer disc ကို သင့် ဖုန်း မှာ ဆောင်သွားသလို ပါပဲ ။အဲဒီလို ဆောင်ထားတဲ့အတွက် သင့်ဖုန်းကနေပဲ ၀င်းဒိုး အင်စတောလုပ်တာတွေ၊ ၀င်းဒိုးကို repair လုပ်တာတွေ၊system restore လုပ်တာတွေ၊၀င်းဒိုးကပြဿနာတွေကို အဖြေရှာတာတွေ၊Boot မတက်တော့တဲ့ ကွန်ပြူတာကဖိုင်တွေကို ပြန်လည်ရှာဖွေ သိမ်းဆည်း တာတွေ ကို ပြုလုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် DriveDroid ဆို တဲ့ android application ကိုသုံးပါမယ်။သင့်ဖုန်းဟာ root လုပ်ထားဖို့ လို ပါတယ်။နောက်ပြီး DriveDroid က android 2.2 နဲ့ သူ့ အထက်မှာ ပဲအလုပ်လုပ်ပါတယ်။
သင့်မှာလိုအပ်တာတွေက
DriveDroid (Google Play Store) (or) DriveDroid 0.7.2   (My Dropbox)
4GB free space on your Android phone(Rooted)
A Windows 7 installation disk or ISO  (ဒီဆောင်းပါးမှာတော့ သင့်ဖုန်းကနေ Windows 7 ကိုအင်စတောလုပ်နည်းကို ရေးဖို့ အတွက် Windows 7 ကိုသုံးမှာပါ။တစ်ခြား Windows OS တွေကိုလည်းသုံးနိုင်ပါတယ်။)
A PC with Windows 7 and 7-zip installed (Windows Installer Disc ကို အသုံးပြုမယ့်သူတွေအတွက် 7-zip မလို ပါ။)
Diskpart utility (Windows 7 မှာ နဂိုပါပြီးသားဖြစ်ပြီး မရှိရင် Download လုပ်ပါ။)

Image Creation
သင့်ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။သင့်ဖုန်းက DriveDroid ကို run ပြီး preferences ထဲက USB Mass Storage(UMS) ဆိုတဲ့ check box မှာအမှန်ခြစ်ပေးပါ။


ပြီးရင်  +  button ကိုနှိပ်ပြီး Create blank image ကိုနှိပ်ပါ။Windows 7.img လို့ နာမည်ပေးပြီး 3500 MB လို့ ဆိုက်သတ်မှတ်ပေးပါ။Partition table(MBR) ဆိုတဲ့ check box မှာ အမှန်ခြစ်ဖြုတ်ပေးပါ။နောက်ပြီး file system ဆိုတဲ့ dropdown arrow ကိုနှိပ်ပြီး None ရွေးပေးပါ။ပြီးရင် Create image ညာဘက်က အမှန်ခြစ်ပုံကို နှိပ်ပါ။


ဒါဆိုရင် background မှာ blank image တစ်ခု ဖန်တီးနေပြီး notification bar ကိုဆွဲချပြီးကြည့်ရှုနိုင်ပါတယ်။

Partitioning and Formatting
DriveDroid ကနေပြုလုပ်ပြီးတဲ့ blank image ကို တစ်ချက်နှိပ်ပါ။Option မှာ (read-write) ကိုရွေးပေးပါ။Windows က format ချဖို့ အသိပေးမှာဖြစ်ပြီး Cancel ကိုနှိပ်ပါ။

Start menu ကနေ cmd.exe လို့ ရိုက်ပြီး command prompt ကိုဖွင့်ပါ။ပြီးရင် diskpart လို့ ရိုက်ပြီး enter ခေါက်ပါ။

ချိတ်ဆက်ထားတဲ့ disk တွေကို တွေ့ ရဖို့  list disk ဆိုတဲ့ command ရိုက်ပေးပါ။

ပြုလုပ်ထားတဲ့  3500 mb ဆိုက်ရှိတဲ့ Disk 3 ကို တွေ့ မြင်ရပြီး select disk 3 ကို ရိုက်ပါ။

နောက်တစ်ဆင့်မှာ clean လို့ ရိုက်ပါ။

နောက်တစ်ဆင့်မှာ create partition primary လို့ ရိုက်ပါ။

format fs=ntfs quick လို့ ရိုက်ပြီး ntfs file system အနေနဲ့ format ချပါ။

ပြီးရင် active လို့ ရိုက်ပေးပါ။

exit ရိုက်ပြီး command prompt ကိုပိတ်ပါ။

Copying Files
ဒါဆိုရင် ntfs file system format ပြုလုပ်ပြီးတဲ့ disk တစ်ခုရရှိပါပြီ။ဒီဆောင်းပါးမှာတော့ပြုလုပ်ထားတဲ့ disk ဟာ disk G ပါ။

သင့်မှာ windows installer disc ရှိရင်တော့ အဲဒီ disc ထဲက ဖိုင်တွေကို ပြုလုပ်ထားတဲ့ disk ထဲကို ကော်ပီကူးထည့်ပါ။ISO ဖိုင်အသုံးပြုသူတွေ အတွက် ISO ဖိုင်ကို right click နှိပ်ပြီး 7-zip>Extract files ကိုနှိပ်ပါ။

Destination ကို ပြုလုပ်ထားတဲ့ Disk ကို ရွေးပေးပါ။

ဖိုင်တွေကို extract လုပ်ပြီးရင်တော့  disk ထဲကို ၀င်ကြည့်ရင်အောက်ကပုံမှာလို တွေ့ ရမှာပါ။

ဒါဆိုရင် သင့်ဖုန်း ကနေ windows အင်စတောလုပ်ဖို့ ပြုလုပ်ပြီးပါပြီ။သင်အင်စတောလုပ်ချင်တဲ့ကွန်ပြူတာ က BIOS setting မှာ USB ကနေ boot တက်ဖို့ ရွေးပေးပြီး ၀င်းဒိုးအင်စတောလုပ်လို့ ရပါပြီ။



မှ ကူးယူဖော်ပြထားပါ သည် 

iPhone Pattern & Password ဖြည်နည်း

နည်းလမ်း(၁)


1. ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။

2. iFunBox အသုံးပြုပြီး "Raw File System" (File mgr.) ထဲ ဝင်ပါ။

3. /Library/MobileSubstrate/DynamicLibraries ထဲဝင်ပြီး AndroidLock နာမည်နဲ့အစပြုတဲ့ ဖိုင်နှစ်ခုကို Delete လုပ်ပါ။

4. iDevice ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။

5. မြင်နေကျ "Slide to Unlock" ဆိုတဲ့ screen ကို တွေ့ရပါလိမ့်မယ်။Done!





 

နည်းလမ်း(၂)

ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။

iFunbox ကို ဖွင့်ပါ။ ပြီးလျှင် /var/mobile/Library/Preferences ကို သွားပါ။

com.zmaster.AndroidLock.plist ဆိုတဲ့ File Text Editor တစ်ခုခုနဲ့ ဖွင့်ပါ။

Password

123456 ကြားက နံပါတ်များသည် Password ဖြစ်ပါတယ်။



iTune Down ရန်း http://www.apple.com/itunes/download/

iFunbox Down ရန်း http://dl.i-funbox.com/



Credit to : Mpx Team

Cydia Errors များနှင့် ဖြေရှင်းနည်း


iDevice များကို Jailbreak လုပ်ပြီးကြသောအခါ "Cydia" မှတစ်ဆင့် မိမိနှစ်သက်ရာ "Tweaks / Apps) များကို သက်ဆိုင်ရာ Sources များမှ သွင်းယူကြရပါတယ်...

ထိုကဲ့သို့ Sources များ၊ Tweaks နှင့် Apps များသွင်းယူရာတွင် အများဆုံး ဖြစ်ပေါ် တွေ့ရှိရတတ်သော Cydia error များ၊ အဘယ့်ကြောင့် error ဖြစ်ရပုံနှင့် မည်ကဲ့သို့ ဖြေရှင်းရမည်ကို စုစည်း၍ ဖေါ်ပြပေးလိုက်ပါတယ်...

Failed to Fetch



 
Error သည် အောက်ပါ အခြေအနေများတွင် ဖြစ်ပေါ်တတ်ပါသည်...
  • Source ရှာမတွေ့နိုင်ခြင်း
  • URL မှားယွင်းစွာ ရိုက်သွင်းမိခြင်း
  • Source အပြီးတိုင် ရပ်စဲသွားခြင်း (သို့) Source ပျက်နေခြင်း
ဖြေရှင်းနည်း

များသောအားဖြင့် အဆိုပါ Error သည် အခိုက်အတန့်မျှသာ ဖြစ်နေတတ်ပြီး၊ နာရီအနည်းငယ်ကြာ စောင့်ပြီးနောက် ပြန်လည်၍ Data reload လုပ်ကြည့်ပါ။

အကယ်၍ ဆက်တိုက် ဖြစ်ပေါ်နေပါက Error message ကို သေချာစွာ ဖတ်ရှုပါ၊ URL Repository အလုပ်မလုပ်နိုင်ကြောင်း ဖော်ပြချက်ကို တွေ့ရှိပါက ထို repo ကို Manage > Sources > Edit > Remove လုပ်ပါ။

ဖော်ပြပါနည်းနှင့် Repo ကို Remove လုပ်မရပါက၊ ထို Repo သည် package တစ်ခုအနေနှင့် Installed လုပ်ပြီးသွား၍ ဖြစ်ပါသည်။ ယင်း Repo package ကို ရှာ၍ Uninstall လုပ်ပါ။

POSIX error: Operation Timed Out



ဖြေရှင်းနည်း

မိမိ Device သည် Internet connection Online ချိပ်မိစေရန် သေချာစွာ ပြန်စစ်ပါ။
ဆက်တိုက် ဖြစ်ပေါ်နေပါက Repository server မှာ ယာယီ Offline ဖြစ်နေသောကြောင့် ဖြစ်ပါလိမ့်မည်။ ပြန်လည် ကြိုးစားကြည့်ပါ။
(အကယ်၍ အဆင်မပြေပါက Repo ကို အထက်ပါ နည်းအတိုင်း Remove လုပ်ပါ)

GPG error


သည် Repository နှင့် iOS တွဲဖက်၍ မရသောအခါမျိုးတွင် ဖော်ပြတတ်ပါသည်။
ဤပြဿနာသည် အန္တရာယ်မရှိနိုင်၍ စိတ်ချလက်ချ လစ်လျူရှုထားနိုင်ပါတယ်။ (Remove/Uninstall လုပ်လိုပါက လုပ်နိုင်ပါသည်)

User Unreachable


Error သည် Repo ကို search လုပ်နေသော အချိန်တွင် server overload ဖြစ်၍၎င်း၊ Repo တွင် ပြဿနာရှိ၍သော်၎င်း မကြာခဏ ဖြစ်ပေါ်တတ်ပါသည်။

ဖြေရှင်းနည်း

မိမိ၏ Internet connection ကို ပြန်စစ်ပါ။
ရံဖန်ရံခါ အချိန်စောင့်ဆိုင်းပြီး ပြန်လည် သွင်းယူပါက အလိုလို ပြေလည်သွားတတ်ပါသည်။

HashSum Mismatch


Error ကို App များ Install လုပ်တဲ့အချိန်မှာ တွေ့ကြုံရတတ်ပါတယ်။ ထိုအခါမှာ Internet connection ကို စစ်ပါ။ Connection အားလုံးကောင်းနေသော်လည်း Cydia server overload ဖြစ်နေတဲ့အခါတွင်လည်း ဖြစ်ပေါ်တတ်ပါတယ်။
အချိန်အနည်းငယ် စောင့်ပြီးမှ ပြန်လည် ကြိုးစားကြည့်ပါ။

HTTP/1.1 500


သည် Source package များ၏ hosting Internal server error ကြောင့် ဖြစ်ပေါ်တတ်ပါသည်။
အချိန်အနည်းငယ် စောင့်ပြီးမှ ပြန်လည်၍ ကြိုးစားကြည့်ပါ။

MergeList Problem


"You exceeded the number of packages" message ဟု တက်လာသော ယခု Error သည် လတ်တလောတွင် အဖြစ်အများဆုံး error တစ်ခုဖြစ်သည်။ Source ပေါင်းမြောက်များစွာ သွင်းယူသောအခါမျိုးတွင် ကြုံတွေ့ရတတ်ပါတယ်။
ဤ error သည် Cydia error မဟုတ်ပဲ သွင်းယူထားသော Sources များထဲတွင် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သော source တစ်ခု (သို့) အချို့ ရှိနေသောကြောင့် ဖြစ်ပါတယ်။

ဖြေရှင်းရန်အတွက် ပြဿနာရှိနိုင်သည်ဟု ယူဆသော Source အချို့ကို (Remove/Uninstall) လုပ်ပါ။ 


Sub-process /usr/bin/dpkg returned an error code (1)



Cydia မှ package file များကို သွင်းယူရန်အတွက် လိုအပ်သော Disk space မိမိ Device တွင် မကျန်ရှိတော့သည့်အခါ ဖြစ်ပေါ်တတ်သည်။ မလိုအပ်သော အချို့ file များကို ဖျက်ပြီး storage ကို စစ်ဆေး၍ ပြန်လည် သွင်းယူပါ။
(File များကို ရှင်းလင်းရန် iCleaner pro ကို အသုံးပြုနိုင်ပါတယ်)

Some index files failed to download, they have been ignored, or old ones used instead


သွင်းယူထားပြီး ဖြစ်သော sources များထဲမှ တစ်ခု (သို့) အချို့ source များသည် ယာယီ/အမြဲ ပိတ်သိမ်းသွားသည့် အခါများ၊ URL မှားယွင်း ရိုက်သွင်းမိသည့် အခါများတွင် ဖြစ်ပေါ်တတ်သလို မိမိ၏ connection က source ကို တစ်ခုခုကြောင့် တားမြစ်လက်မခံသည့် အချိန်မျိုးတွင်လည်း ဖြစ်ပေါ်တတ်ပါသည်။

ပြန်လည်ကြိုးစား သွင်းယူကြည့်ပါ။ လုံးဝ အဆင်မပြေတော့ရင် source ကို Remove/Uninstall လုပ်ပါ။

Trying to overwrite ****, which is also in package [package]


မိမိသွင်းယူလိုက်သော package အသစ်တွင် အရင်က သွင်းယူနှင့်ပြီးထားသော package အတွင်းမှ file name များတူနေသည့်အခါ package အသစ်ကို သွင်ယူနိုင်မည် မဟုတ်ချေ။ ထိုအခါမျိုးတွင် တရားဝင် မူရင်းပိုင်ရှင် မဟုတ်သော sources များကို Uninstall လုပ်ပြီးမှသာ သွင်းယူနိုင်ပါလိမ့်မည်။ 

Credit to : မိုးသကြား

IOS တွင် လွယ်ကူစွာ Frimware ပြန်တင်နည်း…..( ကွန်ပျူတာမလို .)

ကျွန်တော် ဒီနေ.တင်ပြချင်တာလေကတော. IOS User တွေလက်၇ှိဖြစ်ပေါ်နေကြတဲ့အခက်အခဲးတစ်ခုကိုလွယ်ကူစွာဖြေရှင်းနည်းလေးပါ။မိမိတို.သွင်းလိုက်သော Cydia App တွေကြောင်. Facebook app တွင် သုံးနေရင်ပြန်ထွက်သွားခြင်း…Safari ဝင်လို.မရခြင်း စသည်.အခက်အခဲးကို…ဖြေရှင်းသောနည်းလမ်တွေ၇ှိသော်၊ ထိုနည်းလမ်းတွေဖြင်.မရပါကနောက်ဆုံးတွင် Restore လုပ်မှအဆင်ပြေကြပါတယ်….Restore ပြန်လုပ်ရာတွင် Computer,IPSW,Itunes,USB ကြိုးလိုအပ်လာပါပြီ။တစ်ခုအဆင်မပြေပါက….Restore လုပ်လို.အဆင်မပြေကြပါ။ Computer မရှိသူတွေကတော.  ဆိုင်ပြေးကြရပါတယ်…..ထိုအခက်အခဲးတွေကိုဖြေရှင်းရန်….ကွန်ပျူတာမလိုပဲ Frimware ပြန်တင်နည်းကို ပုံးလေးတွေဖြင်.ရှင်းပြပေးပါမယ်……
(၁) Cydia တွင် http://cydia.myrepospace.com/komin27/ ကို Add လုပ်ပြီးမိမိ တို. ဖုန်းတွင်….. ilex R.A.T ကို install လုပ်ပေးပါ။” IOS User တိုင် ilex R.A.T ကို install လုပ်ထားစေချင်ပါတယ်…အခက်ခဲဖြစ်ပါက အလွယ်တကူ Restore ပြန်လုပ်နိုင်ပါသည်။.”
install လုပ်ပြီးပါက ထို App ထည်းဝင်လိုက်ပါ။
iLEX R.A.T. (သို.) iLEX RESTORE ကိုဝင်ပြီး ok ပေးလိုက်ပါ။ ခဏစောင်.နေပေးပါခင်ဗျ….၁၀ မီးနစ်လောက်စောင်.လိုက်၇င် Restore ပြုလုပ်ခြင်းအောင်မြင်ပါပြီ ခင်ဗျ။
iLEX R.A.T.
iLEX RESTORE
Credit to : MMAS

Followers