Aug 22, 2013

မေးနေကျ မေးခွန်းများ [~FAQs~]


ဘာမှ မမေးသေးခင် ကိုယ်မေးမဲ့မေးခွန်း ဒီထဲပါလား အရင်ရှာကြည့်ပါ။ အထောက်အကူဖြစ်ပါတယ်။ သူများဖြေတာစောင့်စရာမလိုဘူးပေါ့ဗျာ...    General ->>  
  • ဘာဖုန်းဝယ်ရင် ကောင်းမလဲ - www.gsmarena.com မှာ အရင် လေ့လာကြည့်ပါ။ စုံတဲ့ဆိုင်သွားကြည့် ဈေးမေး အခြေအနေကြည့် စကားချိုချိုသာသာပြော ကလိကြည့် ဖုန်းလေးကိုင်ကြည့်လို့ ရင်ဘတ်နဲ့ ထိတာ ၀ယ်ပါ။
 
  • ဘယ်ဖုန်းလေးက ဘယ်ဈေးရှိလဲ - ဒါကတော့ တကယ်ဝယ်မှာ သေချာရင် ပို့စ်တင်ပီး မေးပါ။ ဖြေပေးပါလိမ့်မယ်။ ဒါပေမယ့် ဒီထဲက ပြောတဲ့ ဈေးတိုင်းလဲ အမှန်မရနိုင်ပါဘူး။မြို့တမြို့နဲ့ တမြို့က မတူလို့ပါ။ reference ပဲ ရနိုင်ပါတယ်။
 
  • root / jailbreak လုပ်ရင် ၀ရမ်တီ ပျက်နိုင်ပါသလား။ - ပျက်နိုင်မပျက်နိုင်သေချာမသိပေမယ့် ခုလောလောဆယ် popular ဖြစ်နေတဲ့ ဖုန်း အများစုက stock firmware ပြန်တင်ရင် root/jailbreak အစအနတောင် မတွေ့အောင်လုပ်လို့ရပါတယ်။ အဲ့တော့ စဉ်းစားကြည့်ပေါ့ဗျာ..။jailbreak လုပ်ထားရင်တော့ Apple Store က Warranty မပေးပါဘူးဒါပေမယ့် မပူပါနဲ့ Restore ပြန်လုပ်ပြီးသွားပါ Warranty ပေးပါတယ်
 
  • ဟိုဆော့ဝဲလ်လေး လိုချင်လို့ ဒီဆော့ဝဲလ်လေး လိုချင်လို့- For Android -www.apkmania.com / www.apktop.com / www.1mobile.com . For iOS - iTunes store /www.pandaapp.com / www.mobilefarm.ygn.me / www.apptrackr.cd / iphonecake.com/appcake/en/ / www.idwaneo.org/appsnew/#.UOsl_Ylete4/ store.heaveniphone.com/home.html ရှာကြည့်ပါ။ မရှိမှ ဒီမှာလာမေးပါ။ သြော်မေ့လို့ တခုကျန်ခဲ့တာ www.google.com မှာလည်း ရှာကြည့်ပါ။ အဲ့ဆိုက်ဒ်လေး မဆိုးဘူးဗျ။ ကောင်းတယ် :P
 
  • မြန်မာဆော့ဝဲလ်တွေ ထဲ့ချင်တာ ပိုက်ဆံလဲ မပေးချင်လို့ အဲ့တာ cracked ထားတဲ့ apk / ipa လေး ရှယ်ယာပါဦး။ - ဒီထဲမှာ မြန်မာဆော့ဝဲလ် developer တွေ ရှိပါတယ် သူတို့ကို ရင်နာအောင် မလုပ်ပါနဲ့။
 
  • ဖုန်းဝယ်လာတာ made in vietnam/ made in china ပဲ ဖြစ်နေလို့။ ကျနော်က made in singapore ပဲလိုချင်တာ။ - စင်္ကာပူမှာ ဘယ်brand ဖုန်းမှ စက်ရုံဆောက်ပီး မထုတ်ပါဘူး။
 
  • ကျနော့် ဖုန်းလေးေ၇ာင်းချင်လို့...။ - ဖုန်းအခြေအနေ၊ သုံးထားတာ ကြာမကြာ၊ ဖုန်းရဲ့ ဒဏ်ရာဒဏ်ချက် ဖြစ်နိုင်လျင် ဓါတ်ပုံရိုက်ပီး .. အေ၇ာင်းနိုင်ဆုံး ဈေးကိုပြောပါ။ မဖြစ်နိုင်တဲ့ဈေးပြောရင် ဘယ်သူမှ စိတ်မ၀င်စားပါဘူး။
 
  • MyRingTune ဆားဗစ် ဖြုတ်ချင်လို့/ ထဲ့ချင်လို့ - GSM 0973174488, CDMA 0973174455 ဒီနံပါတ်တွေကိုဆက်လိုက်ပါ။
 
  • Prepaid စနစ်ပြောင်းချင်လို့ - 18812 ကို YES ဟု Message ပို့ပါ။
 
  • GSM ငွေဖြည့်ကဒ်ကို တခြားနံပါတ်ကို လွဲပေးချင်လို့ - *123*pincode*phone number# Call 
 
  • ရွှေဈေး ငွေဈေ ဗေဒင် ဘောလုံးပွဲသတင်း တွေကို Message နဲ့ ပို့ပေးတဲ့ ဝန်ဆောင်မှု့ အကြောင်း အသေးစိတ်သိလိုပါက - 1876 ( Operator ) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
 Android  ->>>  
  • ကျနော်ပို့တဲ့ မြန်မာ မက်ဆေ့ခ်ျက တခြားမှာ ? တွေပဲပေါ်နေလို့- message/setting/input/automatic or unicode လို့ပြောင်းပါ
 
  • ကျနော့် android ဖုန်းမှာ မက်ဆေ့ မထွက်လို့- အလွယ်ဆုံးနည်းက nokia / sony ဖုန်း အဟောင်းတလုံးမှာ မထွက်တဲ့ sim card ထဲ့ပီး message center no +9595930003 or +9595930014 လို့ပြောင်းလိုက်ပါ
 
  • ဗားရှင်းမြှင့်ချင်လို့ - လုပ်ဖူးတဲ့အတွေ့အကြုံ၊ english စာအခြေခံနဲနဲ ရှိရင် google ပါ။ root မလုပ်ထားရင် OTA (over the air) နဲ့ update လုပ်ပါ။ root လုပ်ထားရင် tips -  samsung ဆို ODIN , Huawei ဆို dload , Sony ဆို Flashtools, HTC ဆို RUU ။ ဒေါင်းရမဲ့နေရာကို ဒီမှာစုပေးထားတယ် https://www.facebook.com/groups/MyanmarMobileUsers/doc/501881649836207/
 
  • အင်တာနက် setting ဘယ်လို ထဲ့ရမလဲ - setting/wireless and network/more/APN/ option key > create new apn> name - mpt, APN - mptnet, Authentication type - PAP or CHAP. Save and Reboot ur phone. 
 
  • ဆိုင်မှာ မြန်မာဖောင့်ထဲ့ထားတာ ခုကြည့်ကြည့်တော့ မမှန်လို့- version ကြည့်ပါ။ 4.0+ (ICS) ဆိုရင် ကျန်တဲ့နေရာမှန်ပေမယ့် Facebook နဲ့ အင်တာနက်ဖတ်ရင်ော x် တွေ လွဲပါမယ် ပုံမှန်ပါ။ (သတင်းကောင်းပါ facebook v.2 မှာ newsfeed မှာ မြန်မာဖောင့်မှန်ပါပီ) ။4.1 + (jelly bean) ဆိုရင် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မြန်မာဖောင့် (ော x်) လွဲနေပါမယ် ပုံမှန်ပါ။ကိုင်တဲ့ဖုန်းက sony ericsson ဆိုရင်  -ျ တွေ အပေါ်တက်နေပါ လိမ့်မယ်။ ဒါဆိုရင် android 2.3.6 ဆိုရင် zawgyi installer သုံးပီး မြန်မာဖောင့်ထဲ့ရင် မှန်ပါမယ်။ android 4.0.4 တွေ ဆိုလျင့် ဒီလင့်ခ်မှာလေ့လာပါhttps://www.facebook.com/groups/MyanmarMobileUsers/doc/504237706267268/
 
  • ဖုန်းကို root လုပ်ချင်လို့ သူများလဲ ပိုက်ဆံမပေးချင်လို့/ကိုယ့်ဖုန်းကို ကိုယ့်ဟာကိုလုပ်ကြည့်ချင်လို့- ကိုယ့်ဟာကို လုပ်ကြည့်ချင်ရင် ကိုယ့်ဟာကို အရင် google ကြည့်ပါ မရလျှင် ဒီမှာလာမေးပါ။ အားတဲ့သူဝင်ဖြေပေးပါလိမ့်မယ်။
 
  • ကျနော့် Huawei မှာ google applications တွေ ပါမလာလို့- root လုပ်ရပါမယ် ။ ပီးတော့ cwm ထဲ့ပီး gapps ကို flash ရပါမယ်။ cwm ထဲ့မရတဲ့ huawei တွေ ဆို တော့မရပါ။ talk အစား ebuddy messenger, IM+pro သုံးပါ။
 
  • စက်ရုပ်ထဲကနေ google play store ၀င်မရလို့..။ - ခရစ်စမတ်လက်ဆောင်နဲ့ တူပါရဲ့ Dec 25, 2012 မှာ ပလေးစတိုးက မြန်မာကို ၀င်ခွင့်ပေးလိုက်ပါပီတဲ့ မြန်မာကပိတ်ထားတဲ့ port ကို Proxydroid OR DroidVPN နဲ့ ကျော်နိုင်ရင် ရပါပီ....ဒီလင့်ခ်ကို သွားပါ>> https://www.facebook.com/groups/MyanmarMobileUsers/doc/503133706377668/
 
  • စက်ရုပ်မှာ root မရလို့/ မroot ပဲ မြန်မာဖောင့် မြင်ချင်လို့- for browser - 1st myanmar browser. message -  SMS4MM. for contact and dialer - mmhubdialer, myandialer, mcontact (paid), chat - CHAT4MM
 
  • HD Gameတွေကို စက်ရုပ်ပေါ်ကနေဆော့ချင်တယ်ဗျာ။ဘယ်လိုထည့်ဆော့ရမှန်း မတိလို့ ကူညီဂျပါဗျို့။ - စက်ရုပ်မှာ hd game တွေ ထဲ့တာ ရချင်ရမယ် မရချင် မရဘူး။ ဆိုတော့ ကိုယ့်ဖုန်း gpu ဘာလဲ ဆိုတာ အရင်လေ့လာပါ။ ဒေါင်းလုပ်ဆွဲရမဲ့ ဆိုက်ဒ်တွေမှာ apk+data file တွေနဲ့ တင်ပေးလေ့ရှိပါတယ်။ ဥပမာ note 2 ဆိုရင် Mali GPU ပါ။ for mali ဆိုတဲ့ data ဖိုင်လ်ကို ဆွဲရမှာပါ ရချင်ရမယ် မရချင်မရဘူး။ နောက်တခု ဒီမှာ သွားလေ့လာပါhttps://www.facebook.com/groups/MyanmarMobileUsers/doc/516875015003537/ 
 
  • ဖုန်း ဘက်ထရီ ကြာကြာမခံလို့..။ - သုံးတာ ကြာမကြာ အရင်ကိုယ့်ဟာကို ဆုံးဖြတ်ပါ။ battery calibration လုပ်သင့်လျှင် လုပ်ပါ။ နောက် လင့်ခ်ကိုသွားပီး နံပါတ်၃ ကိုဖတ်ပါ။https://www.facebook.com/groups/MyanmarMobileUsers/doc/504057192951986/
 
  • ကျနော့်ဖုန်းကို ကွန်ပြူတာက မသိလို့/ ဆော့ဝဲလ်လဲ ဘယ်လိုသွင်းရမှန်းမသိလို့ for android -  for android 2.3.6> Setting/application/developemnt/usb debugging on ပါ။။ for android 4.0+> setting/developers option/usb debugging on ပါ။  >setting ထဲမှာ unknown ဆိုတာ ရှာပီး on ပါ။ http://www.wondershare.com/ ကိုသွားပီး PC Suite for android ကို ဒေါင်းရ်ျ ဆော့ဝဲလ်ထဲ့ပါ။ 
   Apple ->>>
  • ios v6.0 + တွေ jailbreak ရပီလား။ - လောလောဆယ် ဒီစာရေးနေချိန် (၈.၁၂.၂၀၁၂) အထိဆိုရင်တော့ iPhone 3GS, iPhone 4 နဲ့ iPod Touch 4 ၃မျိုးအတွက်သာ Tethered Jailbreak ရပါသေးတယ်။ Tethered jailbreak ဆိုတာကတော့ ပါဝါတခါ ပိတ်သွားတိုင်း ကွန်ပျူတာသုံးပြီး redsn0w (သို့) iBooty နဲ့ ပြန်နှိုးပေးရတာမျိုးကို ခေါ်ပါတယ်။
   
  • အိုင်ဖုန်း အိုင်ပတ်တွေမှာ jailbreak မလုပ်ပဲ မြန်မာဖောင့် မြင်ချင်လို့...။ - ဖုန်းရဲ့ နေရာတကာမှာ မမြင်နိုင်ပါ။ for browser - Mogok Browser , for chat – myanchat, Message - Be Patient
 
  • အိုင်ဖုန်းတွေ ၁၉၉ ဒေါ်လာနဲ့ ရတာကို ဒီမှာ ရသိန်း ဂသိန်း ရောင်းပီး အမြတ်ကြီးစားနေတယ် ဘာလို့လဲ - ၁၉၉ ဒေါ်လာဆိုတာ သူတို့ Carrier နဲ့ တွဲရောင်းတဲ့ဖုန်းတွေပါ။ Official unlock ဆို မရပါဘူး။
 
  • အိုင်ဖုန်းမှာ Lock နဲ့ Unlock ဆိုတာဘာလည်းဗျ - လွယ်လွယ်ဖြေရရင်တော့ Unlock မှသာ ကြိုက်တဲ့ ဆင်းကဒ်နဲ့ (ဥပမာ MPT Sim Card) တွဲသုံးလို့ရပါတယ်။ Lock ဆိုရင် သူတို့ တွဲရောင်းတဲ့ Carrier (eg : AT&T) နဲ့ပဲ သုံးရမှာပါ။ 
 
  • ကျနော့် အိုင်ဖုန်း/အိုင်ပတ် လေး ဆိုင်မှာဆော့ဝဲလ် ထဲ့လာတာ ခုဝင်မရတော့ဘူး - ပထမထဲ့ပေးတဲ့ဆိုင်က Official ၀ယ်ထဲ့ထားတဲ့ဆော့ဝဲလ်တွေ ထဲ့ပေးလိုက်ရင် ..ကိုယ့်အကောင့်ဒါမှမဟုတ် နောက်ထပ်ကွန်ပြူတာတလုံးလုံးက တခြားအကောင့်ကို ထဲ့လိုက်ရင် / sync လိုက်ရင် ပထမ အကောင့်မှာထဲ့ထားတဲ့ဆော့ဝဲလ်တွေ ၀င်လိုက်တာနဲ့ပြန်ပြန်ထွက်ကုန်တာပါ။ (cracked တွေ ထဲ့ပေးလိုက်ရင်တော့ ကိစမရှိပါဘူး) ။ ပြန်ဝင်လို့ရချင်ရင်တော့ ပထမဆိုင်ကိုသာ ပြန်သွားပါ။
 
  • iphone မှာ internet setting ထဲ့ချင်ရင် - Setting/General/Cellular/Cellular Data Network မှာ APN နေရာ သုံးခုလုံးမှာ mptnet လို့ရေးရ်ျ restart ချပါ။
 
  • ကျနော့် အိုင်ဖုန်းလေး မက်ဆေ့ခ်ျ အထွက်မရလို့ - **5005*7672*+9595930003# Call and Reboot Your iphone
 
  • iphone မှာ Call Recorder ထဲ့ချင်လို့ - NO!!!
 
  • iphone မှာ bluetooth ပို့ချင်လို့ - မရပါ..။ zapya ဆိုတဲ့ wifi sharing app ဆော့ဝဲလ်လေး store က ဒေါင်းပီးသုံးပါ။ ပိုတောင် မြန်ပါတယ်..။
 
  • ipadက..ဖုန်းပြောလို့..ရလား..ခင်ဗျ - apple က ထုတ်တုန်းကတော့ ဖုန်းပြောလို.မရပါခင်ဗျ
 
  • ကျနော့် i Devices က ဘယ်ကလာလဲ ဘယ်ကထုတ်လဲ official lockလား unlock လား မသိလို့ - ဒီဆိုက်ဒ်မှာ ရှာပါခင်ဗျာ http://iphonefrom.com/
 Symbian OS (Nokia)>>      
  • ဒီအမေးအဖြေတွေကလည်း ဆိုးရွားလိုက်တာ ဒါပေမယ့် ကျနော့်မှာ မေးစရာတစ်ခု ရှိနေသေးတယ် မေးလို့ရမလား - အောက်မှာ ပို့စ်တင်ပီး မေးဖို့ဝန်မလေးပါနဲ့ ;) 


Created By MMUC members..



ဒီထဲမှာမပါသေးဘူး.. ထပ်လဲသိချင်သေးတယ်ဆိုရင်
https://www.facebook.com/groups/MyanmarMobileUsers/doc/505143199510052/

ဒီထဲကိုလာမေးပါ။
လူကြီးမင်းမေးခွန်းက မေးတဲ့သူများတယ်ဆိုရင် ထပ်ပေါင်းထည့်ပေးပါမည်။
 
refer Link =>myanmarmobileusers.com




New Method for Myanmar Font


New Method for Myanmar FontNever overwrite originals, Clean installation method
အရင်က Myanmar font ထည့်နည်းများ ----------
Android ဖုန်းတွေမှာ မြန်မာစာသုံးဖို့အတွက် နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးက စနစ်မကျပါဘူး။

ဘာလို့ စနစ်မကျလဲဆိုတော့ နဂို ရှိပြီးသား Android Font တွေမှာ မြန်မာစာလုံးတွေ မပါတဲ့အတွက် မြန်မာစာလုံးပါတဲ့ Droidsans.ttf နဲ့ Droidsansfallback.ttf ဆိုတဲ့ fonts နှစ်မျိုးကို Zawgyi.ttf နဲ့ အစားထိုးလိုက်လို့ပါ။ ဒါကြောင့် Zawgyi.ttf က Droidsans.ttf ပေါ်မှာ Overwrite ဖြစ်သွားတာကြောင့် နဂို Original font တွေ မရှိတော့ပါဘူး။

အခုနောက်ပိုင်း ICS မှာဆိုရင် Roboto.ttf ဖြစ်သွားတဲ့အတွက် Roboto.ttf နဲ့ Robotofallback.ttf ပေါ်မှာ Zawgyi.ttf ကို Overwrite ပြုလုပ်ကြပါတယ်။ Roboto font က တော်တော်လေးလှပါတယ်။ Zawgyi နဲ့ယှဉ်ရင် English စာလုံးတွေမှာ တော်တော်ကွာပါတယ်။

အဲဒီ့တော့ ဘာလုပ်ကြသလဲဆိုတော့ Roboto.ttf ကို FontCreator Professional Edition လို Fonts ပြုလုပ်လို့ရတဲ့ Software တွေသုံးပြီး Roboto ထဲမှာ Zawgyi ထဲက စာလုံးတွေ ထည့်လိုက်ကြပါတယ်။

Roboto က Series လိုက်ရှိတော့ Roboto Bold တွေရော Roboto Italic တွေမှာပါ Zawgyi ထဲက မြန်မာစာလုံးတွေကို လိုက်ထည့်ရပါတော့တယ်။ Zawgyi ထဲက english စာလုံးတွေမဟုတ်တော့ဘဲ roboto ထဲက english စာလုံးတွေကို မြင်ရလို့ ကြည့်ကောင်းသလိုလိုဖြစ်လာပေမယ့်လည်း တစ်ကယ်တော့ နဂို Roboto.ttf ကို ပြုပြင်ထားတဲ့ မြန်မာစာပါတဲ့ Roboto.ttf နဲ့ အစားထိုးရတာပါပဲ။

အခု နည်းအသစ်မှာ --------------
အခုနည်းက နဂို Roboto Fonts တွေရော Droidsans Fonts တွေကိုရော overwrite လုပ်မှာမဟုတ်ဘဲ Zawgyi-one.ttf ကိုပဲ ထည့်ပေးလိုက်မှာပါ။ ဒါကြောင့် အရင်လို Chinese စာတွေပျောက်သွားတာ Arabic စာတွေပျောက်သွားတာမျိုး လုံးဝ မရှိတော့ပါဘူး။
 အဲဒါအပြင် Zawgyi font တင်မဟုတ်ဘဲ Myanmar 3 font နဲ့ Padauk font တို့ပါ ထည့်ပေးထားပါတယ်။ (myanmar3 နဲ့ padauk သုံးတဲ့ blog တွေကို ဖတ်ရ မရတော့ စမ်းကြည့်ပေးကြပါ။)  Frozen Keyboard ကိုလည်း ထည့်ပေးလိုက်ပါတယ်။
/System/Fonts ထဲမှာ စစ်ကြည့်ရင် Zawgyi-one.ttf, Zawgyi-Sony.ttf, Myanmar3.ttf နဲ့ Padauk.ttf တို့ကို တွေ့ရပါလိမ့်မယ်။


NOTE :ကျွန်တော်က Mobile Phone ဆိုင်မရှိသလို ရင်းနှီးတဲ့ Mobile Phone ဆိုင်လည်း မရှိပါဘူး။ ဒါကြောင့် လောလောဆယ် ကျွန်တော့်မှာရှိတဲ့ Huawei 8825D နဲ့ Galaxy Note တို့နဲ့ပဲ စမ်းဖြစ်ပါတယ်။ (ကျနော့်မှာလည်း ဒါပဲရှိတယ် :) နှစ်ခုလုံး 100%  အဆင်ပြေပါတယ်။
Android Version 4.0 နဲ့ အထက်တွေပဲ ရမှာပါ သူ့အောက်က version တွေဖြစ်တဲ့ 2.3.6 တွေ ရမှာမဟုတ်ပါဘူး။

အဆင်ပြေသွားတဲ့သူတွေက ကိုယ့်ရဲ့ ဖုန်း အမျိုးအစားကို အောက်မှာ comment နဲ့ ဖြည့်ရေးပေးတဲ့နည်းနဲ့ ကူညီပေးပါ။ အဆင်မပြေတဲ့ သူတွေလည်း ဖြစ်တဲ့ ပြဿနာကို ဖြည့်ရေးပေးပါ။
ဒါလေးအတွက် ကျေးဇူးတင်ရင် ကျွန်တော့်ရဲ့ Droid Diary Page https://www.facebook.com/DroidDiary ကို Like လုပ်ပေးပါ။ :D

Download :Drop box
https://www.dropbox.com/s/5pxq1zwcuj928c7/MMfontICS.zip
Installation :Update Zip ပုံစံဖြစ်တာကြောင့် CWM (Clockwork Mod Recovery) တင်ထားတဲ့ ဖုန်းတွေမှာ Recovery Mode ကိုသုံးပြီး Update zip from SD card ဆိုပြီး ဒီ file ကို update ပြုလုပ်ပါ။

refer link =>  myanmarmobileusers

samsung network lock တွေဖြည်ဖို့


ဒီကောင်က galaxy s (i9000), (i9100),(i9300) ရယ်မှာရပါတယ်...
network lock ကျနေတဲ့အလုံးတွေဆိုရင်......

requirement
1.rooted phone
2.root explorer
3.samsung unlocker ရယ်လိုပါတယ်...

အရင်ဆုံး root explorer ထဲကိုဝင်ပါ...ပြီးရင် efs folder ထဲက nv_data.bin လေးကို SD card ထဲကို copy လုပ်ပေးပါ...ပြီးရင် အဲဒီ file လေးကို computer ထဲကူးထည့်ပါ..

samsung unlocker ကိုဖွင့်ပါ...open file နေရာမှာ ခုနက ကူးထားတဲ့ nv_data.bin လေးကိုထည့်ပါ...ပြီးရင် ဖုန်းအမျိုးအစားရွေးပေးပါ....ပြီးရင် generate လုပ်ပါ...patch file လေးထွက်လာပါလိမ့်မယ်..
ပြီးရင် patch file လေးကို SD card ထဲပြန်ထည့်ပါ..root explorer နဲ့ အဲဒီ file လေးကို EFS folder ထဲပြန်ထည့်ပါ...permission ကို rwx--- ပေးပါ... reboot လုပ်ပြီးပြန်တက်လာရင် Network lock မရှိတော့ပါဘူး

ဖုန်းခေါ်လို့ရပါပြီ.....

download လုပ်ဖို့အတွက်..http://www.4shared.com/zip/Muvy6kWr/SamsungUnlocker_v14.html အဆင်ပြေကြပါစေ.....


refer Link=> myanmarmobileusers

New Method for Myanmar Font Installation - Manually

(Never overwrite originals, Clean installation method)
      ကျွန်တော် Galaxy Note ကို ICS Upgrate လုပ်ရင်း System ထဲကို မွှေရင်းနဲ့ အခု မြန်မာစာ ထည့်သွင်းတဲ့ နည်းကို ရှာတွေ့ခဲ့တာပါ။ နည်းသစ်ကို မပြောခင် အရင်တုန်းက မြန်မာစာ ထည့်သွင်းပုံကို မသိသေးသူတွေသိအောင် ပြောပြပါ့မယ်။ (သိပြီးရင် ကျော်ဖတ်လိုက်ပါ)
အရင်က Myanmar font ထည့်နည်းများ ----------
 Android ဖုန်းတွေမှာ မြန်မာစာသုံးဖို့အတွက် နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးက စနစ်မကျပါဘူး။ ဘာလို့ စနစ်မကျလဲဆိုတော့ နဂို ရှိပြီးသား Android Font တွေမှာ မြန်မာစာလုံးတွေ မပါတဲ့အတွက် မြန်မာစာလုံးပါတဲ့ Droidsans.ttf နဲ့ Droidsansfallback.ttf ဆိုတဲ့ fonts နှစ်မျိုးကို Zawgyi.ttf နဲ့ အစားထိုးလိုက်လို့ပါ။ ဒါကြောင့် Zawgyi.ttf က Droidsans.ttf ပေါ်မှာ Overwrite ဖြစ်သွားတာကြောင့် နဂို Original font တွေ မရှိတော့ပါဘူး။
    အခုနောက်ပိုင်း ICS မှာဆိုရင် Roboto.ttf ဖြစ်သွားတဲ့အတွက် Roboto.ttf နဲ့ Robotofallback.ttf ပေါ်မှာ Zawgyi.ttf ကို Overwrite ပြုလုပ်ကြပါတယ်။ Roboto font က တော်တော်လေးလှပါတယ်။ Zawgyi နဲ့ယှဉ်ရင် English စာလုံးတွေမှာ တော်တော်ကွာပါတယ်။
    အဲဒီ့တော့ ဘာလုပ်ကြသလဲဆိုတော့ Roboto.ttf ကို Font Creator Professional Edition လို Fonts ပြုလုပ်လို့ရတဲ့ Software တွေသုံးပြီး Roboto ထဲမှာ Zawgyi ထဲက စာလုံးတွေ ထည့်လိုက်ကြပါတယ်။ Roboto က Series လိုက်ရှိတော့ Roboto Bold တွေရော Roboto Italic တွေမှာပါ Zawgyi ထဲက မြန်မာစာလုံးတွေကို လိုက်ထည့်ရပါတော့တယ်။ Zawgyi ထဲက english စာလုံးတွေမဟုတ်တော့ဘဲ roboto ထဲက english စာလုံးတွေကို မြင်ရလို့ ကြည့်ကောင်းသလိုလိုဖြစ်လာပေမယ့်လည်း တစ်ကယ်တော့ နဂို Roboto.ttf ကို ပြုပြင်ပြီး မြန်မာစာထည့်ထားတဲ့ Roboto.ttf နဲ့ အစားထိုးရတာပါပဲ။
အခု နည်းအသစ်မှာ --------------
    အခုနည်းက နဂို Roboto Fonts တွေရော Droidsans Fonts တွေကိုရော overwrite လုပ်မှာမဟုတ်ဘဲ Zawgyi-one.ttf ကိုပဲ ထည့်ပေးလိုက်မှာပါ။ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ ဘယ် Myanmar Font ကိုမဆို ထည့်နိုင်ပါတယ်။
အခု နည်းအသစ်ရဲ့ အားသာချက်တွေက --------------
   အရင်နည်းမှာ Zawgyi.ttf မှာ English စာလုံးနဲ့ တစ်ခြား ဘာသာစကားတွေ ပါပေမယ့်လည်း မစုံလင်ပါဘူး။ ဒါကြောင့် တစ်ခြား ဘာသာစကားတွေ အပြည့်အစုံမပေါ်တာမျိုး ကြုံရပါလိမ့်မယ်။ တရုတ်စာတချို့ ပျောက်နေတာမျိုးတွေ ၊ ကုလားစာတွေ ပျောက်နေတာမျိုး၊ ကိုရီးယားစာတွေ ပျောက်နေတာမျိုးပါ။
    အခုနည်းမှာတော့ အဲဒီလို မဖြစ်တော့ပါဘူး။ Zawgyi ကို သူ့အတိုင်း ထည့်ပေးလိုက်မှာဖြစ်လို့ မူလ ဖုန်းထဲက font တွေကို ဘာမှ မထိခိုက်တော့ပါဘူး။ နောက်ပြီး တစ်ကယ်ကောင်းတဲ့ အားသာချက်ကတော့ Custom Flip Font တွေ ကြိုက်သလောက် ပြောင်း၊ ဖုန်းထဲမှာ font style တွေ ကြိုက်တာ ပြင်လိုက်ပါစေ မြန်မာစာကို နေရာတိုင်းမှ မြင်ရတာပါ။
လိုအပ်တာတွေက ----------
  •         920 text editor.apk
  •         Root လုပ်ပြီးသား ဖုန်း/tablet
  •         zawgyi.ttf
  •         Root Explorer
    အရင်ဆုံး ဖုန်းက Root ဖြစ်နေဖို့ လိုပါတယ်။ Root လုပ်နည်းကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးရှိတာကြောင့် အဆင်ပြေမယ့်နည်းနဲ့သာ Root လုပ်လိုက်ပါ။ Android ver 4 ICS နဲ့ အထက် version တွေ ဖြစ်ရပါမယ်။ ICS ထက်နိမ့်တဲ့ Gingerbread နဲ့ ရှေ့ပိုင်းဖုန်းတွေ မရပါဘူး။
    နောက်ထပ်လိုတာက မြန်မာစာ unicode ဖြစ်တဲ့ zawgyi.ttf ပါပဲ။ zawgyi font နဲ့ Root Explorer.apk တို့ကို Google မှာ Search လုပ်ပြီး ရှာလိုက်ပါ ပေါပါတယ်။
Install Zawgyi Font
    Zawgyi-One.ttf ကို Zawgyi.ttf ပဲ ဖြစ်ဖြစ် Zawgyi-One2007.ttf ပဲဖြစ်ဖြစ် ကြိုက်တဲ့နာမည်ထားပါ ဘာမှမဖြစ်ပါဘူး။ အဲဒီ့ Zawgyi font ကို Root Explore ကို သုံးပြီး Copy လုပ်၊ ပြီးရင် /system/fonts ထဲမှာ ထည့်ထားလိုက်ရုံပါပဲ။ ဒါဆိုရင် Zawgyi font က ဖုန်းရဲ့ Fonts တွေရှိတဲ့ထဲ ရောက်သွားပါပြီ။ (အရင်တုန်းက DroidSans.ttf ကို root explore နဲ့ ထည့်ခဲ့သလိုပါပဲ။)
Zawgyi ကို သိအောင်လုပ်မယ်
    Zawgyi ကို ခုနက System ထဲကို ထည့်လိုက်ပေမယ့်လည်း Android က Zawgyi Font ကို မသိသေးပါဘူး။ ဒါကြောင့် Android က သိအောင် လုပ်ပေးရပါဦးမယ်။
    Android က fallback font list ကို /system/etc ထဲမှာ ထည့်ထားပါတယ်။ ဒါကြောင့် fallback font list ကို ပြင်ဖို့ အတွက် text editor လေးတစ်ခုလိုပါတယ်။
920 text editor
ကို download လုပ်လိုက်ပါ။ 686 kb ပဲရှိပါတယ်။ Install လုပ်ပြီးရင် ဖွင့်လိုက်ပါ။
    920 text editor က system file ကို ပြင်မှာ ဖြစ်လို့ root access လိုအပ်ပါတယ်။ root access မပေးရင် save လုပ်လို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် 920 မှာ ဖုန်းရဲ့ menu ကို နှိပ်ပြီး ပေါ်လာတဲ့ option တွေထဲက Preference ကို ရွေးပါ။ အဲဒီ့ထဲက Other ကို ထပ်ရွေးပြီး Try run as ROOT မှာ အမှန်ခြစ်ပေးလိုက်ပါ။ အဲဒါဆိုရင် Superuser က request လာတောင်းပါလိမ့်မယ် ပေးလိုက်ပါ။
    920 မှာ အပေါ်ဆုံးက folder ပုံ အဝါရောင်နဲ့ open ကို ရွေးပြီး /system/etc ထဲက fallback_fonts.xml ကို ဖွင့်လိုက်ပါ။ အဲဒီ့ထဲမှာ ရေးထားတာတွေက ရှုတ်ရှက်ခတ်နေတာပဲလား...။ ရပါတယ် အဲဒီ့စာတွေကို ကြည့်မနေပါနဲ့တော့။
 Menu ကိုပဲ နှိပ်ပြီး Search/Replace ကို နှိပ်လိုက်ပါ။  Search box ပေါ်လာရင် Replace ကို ထပ်နှိပ်ပါ။
    Search box မှာ -
           ကို ရိုက်ထည့်ပါ။
    Replace မှာ -
        Zawgyi.ttf
            လို့ရိုက်ထည့်ပါ။ (space မထည့်ပါနဲ့)
     Zawgyi.ttf နေရာမှာ ခုနက fonts ထဲ ထည့်ထားခဲ့တဲ့ font ရဲ့ နာမည်နဲ့ တူရပါမယ်။
ဥပမာ - ခုနက zawgyi-one.ttf လို့ ပေးထားပြီး /system/fonts ထဲ ထည့်ထားရင် အခုနေရာမှာလည်း zawgyi-one.ttf ဖြစ်ရမယ်။
(* လုံဝ စာလုံးပေါင်း မမှာပါစေနဲ့ အထူးသဖြင့်
ကို စာလုံးပေါင်း မမှားပါစေနဲ့ မှားသွားရင် ဖုန်းကို reboot လုပ်တဲ့အခါ ဖုန်းတက်မလာတော့တာမျိုး ကြုံရတတ်ပါလိမ့်မယ်)
    စာတွေရိုက်ပြီး စာလုံးပေါင်းမှားမမှား စစ်ပြီးရင် ဘေးက အပေါ်အောက် မြှားလေးကို နှိပ်လိုက်ရင်
ကို အရောင်နဲ့ ပြပေးလိမ့်မယ်။ အဲဒီ့ အခါ replace ကို နှိပ်လိုက်ပါ။ ဖြည့်လိုက်တဲ့ စာတွေကိုပါ အရောင်နဲ့ ပြပေးပါလိမ့်မယ်။ ရပါပြီ Save ခလုပ် (အပေါ်ဆုံးက အ၀ါရောင်နဲ့ open ဘေးက အပြာရောင် ခလုပ်) ကို နှိပ်လိုက်ပါ။ Successfuly saved! လို့ ပြောရင် save ဖြစ်သွားပါပြီ။ 920 ကို ပိတ်လိုက်လို့ ရပါပြီ။
      အခုဆိုရင် Zawgyi font ထည့်ထားမှန်း Android က သိသွားပါပြီ။ ဖုန်းကို Restart လုပ်ပြီး စမ်းကြည့်ပါ။ keyboard ကိုတော့ frozen keyboard ဖြစ်ဖြစ် အဆင်ပြေတဲ့ မြန်မာစာ ကီးဘုတ်နဲ့ ရိုက်ပါ။ နေရာတိုင်းမှာ မြန်မာစာ ပေါ်သွားပါပြီ။
      ဒီနည်းကို သုံးတဲ့အတွက် ကိုယ့်ရဲ့ Android ဖုန်းမှာ English font ကို ဘာပဲ ပြောင်းလိုက်ပြောင်းလိုက် မြန်မာစာက အမြဲတန်း နေရာတိုင်းမှာ ပေါ်ပါလိမ့်မယ်။ Custom Flip Font လို app တွေကိုလည်း သုံးပြီး ကိုယ့်ရဲ့ ဖုန်းကို ကြိုက်တဲ့ english font ပြောင်းလိုက်လို့ မြန်မာစာ မမြင်ရတော့တာမျိုးတွေလည်း မဖြစ်တော့ပါဘူး။
(Zawgyi font အပြင် ကိုယ်ကြိုက်တဲ့ Myanmar Unicode Font ဘယ် font မဆို ထည့်လို့ရပါတယ်)
     ဒီ Myanmar Font ထည့်နည်း အသစ်ကို ခွင့်တောင်းစရာမလိုဘဲ လွပ်လွပ်လပ်လပ် Share လုပ်နိုင်ပါတယ်။ Internet မှာရော အပြင်မှာပါ Share လုပ်နိုင်အောင်လို့ pdf အနေနဲ့ပါ ရေးပေးလိုက်တာပါ။
    ကျွန်တော်တို့ Myanmar font လိုပဲ တမီးလ် (tamil) font လည်း အစက Android မှာ မပါခဲ့ပါဘူး။ ဒါကြောင့် သူတို့လည်း အရင်က Droidsans.ttf ကို overwrite လုပ်တဲ့နည်းနဲ့ သုံးနေခဲ့ရတာပါ။ အခု Icecream Sandwich က စပြီး Tamil font ကို google က ထည့်ပေးခဲ့တဲ့အပြင် Jelly bean မှာဆိုရင် တမီးလ် keyboard ပါ စ ကတည်းက ပါလာပါတယ်။ ဘာ root မှ လုပ်စရမလိုပါဘူး။ Android ဖုန်းမှန်သမျှမှာ ၀ယ်ကတည်းကစပြီး တမီးလ်ကို သုံးလို့ရသွားပါပြီ။
    သူတို့တွေ တမီးလ် စာ ပေါ်ဖို့အတွက် campaign တွေ လုပ်ခဲ့ကြလို့ အခုတော့ အဆင်ပြေသွားကြပါပြီ။ ကျွန်တော်တို့ မြန်မာတွေသာ ခုထိ root လုပ်ပြီး overwrite လုပ်လို့ ကောင်းတုန်းပဲ ရှိနေပါသေးတယ်။ ဒါကြောင့် Zawgyi.ttf လေးနဲ့ fallback_fonts.xml မှာ Zawgyi font ကို ထည့်ရေးပေးဖို့လေးကတော့ Google အတွက် အပန်းမကြီး မခက်ခဲတာကြောင့် ကျွန်တော်တို့  Google ကို စုပေါင်းပြီး ၀ိုင်းဝန်းတောင်းဆိုသင့်တယ်လို့ ထင်ပါတယ်။ နောက်တော့မှ တဆင့်တက်ပြီး Myanmar Unicode ကို တစ်ကယ်အလုပ်ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုကြတာပေါ့ဗျာ။ အောင်မြင်သွားရင်တော့ ဘယ် Android မှာမဆို Root လုပ်စရာမလိုဘဲ ၀ယ်ပြီးတာနဲ့ မြန်မာစာ တစ်ခါတည်း သုံးလို့ရသွားတော့မှာဆိုတော့ တော်တော်လေး အဆင်ပြေသွားမှာပါ။
    ကျွန်တော့်ရဲ့ facebook page တစ်ခုဖြစ်တဲ့ android အကြောင်းရေးနေတဲ့ Droid Diary  ကို လာလည်ပြီး တစ်ခြား စာတွေလည်း လာဖတ်နိုင်ပါကြောင်း....။ (www.facebook.com/droid-diary)
 by  Aaron
aaron.nandus@gmail.com
ပုံတွေပါ ပါတဲ့ PDF အနေနဲ့ ဖတ်ချင်ရင် -


Jailbroken iDevices တွေအတွက်.. Cydia ထဲမှ.. အနှစ်များ

1. Activator (Source: BigBoss)
  • အရမ်းကိုမိုက်တဲ့ဟာလေးပါ… iDevices မှာပါတဲ့.. မရှိမဲ့ရှိမဲ့.. ခလုတ်ကလေး ၂ ၊ ၃ ခုကို.. နှိပ်စရာမလိုအောင်.. Touchscreen ကိုကောင်းကောင်းအသုံးချလို့ ရသလို… ကိုယ်လိုအပ်သလို ကြိုက်သလို ပက်ပက်စက်စက် Shorcut တွေပေးလို့ ရပါတယ်ဗျာ… သူကအရင်တုန်းကတော့… Settings ထဲမှာဘဲဝင်ကလိရပေမယ့်.. အခုနောက်ပိုင်း အပြင်မှာ icon တစ်ခုအဖြစ်ပါလာတာတွေ့ ရပါတယ်…


2. AppSync for iOS 4.0+ (or) iOS 5.0+ (Source: cydia.hackulo.us)
  • တော်တော်များများသိပြီးသား ဖြစ်မှာပါ.. Cracked လုပ်ထားတဲ့.. App တွေကို.. ပက်ပက်စက်စက် အပူအပင်မရှိ.. ထည့်လို့ ရပါတယ်… (သူ့ Capacity ထက်တော့ ပိုထည့်လို့ မရဘူးပေါ့ဗျာ..) နောက်ပြီး.. သူ့ ကို Sources တော်တော်များများကနေယူလို့ ရပါတယ်.. (e.g.. cydia.xselliza.com, cydia.hackulo.us, h7v.org, etc…)


3. Barrel Cracked (Source: www.sinfuliphonerepo.com)
  • Pages တွေကို တစ်ခုနဲ့ တစ်ခု Swipe လုပ်တဲ့အခါမှာ.. icon လေးတွေအရွှေ့ ကို.. အလန်းလေးတွေဖြစ်အောင်လုပ်ထားတဲ့.. Software ပါ… iDevices သုံးတဲ့သူတိုင်းအတွက် မရှိမဖြစ်လေးပါဗျာ…


4. SBSettings (Source: BigBoss)
  • Wifi ဖွင့်တာပိတ်တာ.. Screen Brightness ချိန်တာ.. Bluetooth အဖွင့်အပိတ်.. ကုန်ကုန်ပြောမယ်.. Power ဒေါင်းတာ.. Reboot လုပ်တာ.. Respring လုပ်တာ.. Airplane mode ပြောင်းတာ.. နိုင်ခြံကားမှာ ဆိုရင်.. 3G နဲ့ .. EDGE ပြောင်းတာကအစ ရတယ်.. (ဒီမှာ သုံးလို့ မှမရတာ).. နောက်ပြီး.. သူက Activator နဲ့ .. ချိတ်ထားတာဆိုတော့.. Activator ရှိရင်ပိုအဆင်ပြေတယ်… တစ်ချက်ပွတ်လိုက်တာနဲ့ .. စားသောက်ဖွယ်မျိုးစုံပါတဲ့.. စားပွဲဝိုင်းကြီးနဲ့ တူတယ်… စစချင်းဆိုရင်တော့.. သူက.. Signal Bar ကနေ.. ဘေးကိုပွတ်လိုက်ရင်ရပြီ… မကျေနပ်သေးရင်.. Activator နဲ့ .. ပက်ပက်စက်စက် ပြင်လို့ ရသေးတယ်..


5. Call Delete Cracked (Source: www.sinfuliphonerepo.com)
  • အိုင်ဖုန်းမှာ… ကိုဖျက်ချင်တဲ့.. Recent Calls တွေကို.. တစ်ခုချင်းဖျက်လို့ မရဘူး… All Clear ပဲရတယ်.. ဒါလေးသွင်းပြီးတဲ့အခါမှာတော့… ကြိုက်တဲ့သူဆီ.. ဆက်ချင်သလောက်ဆက်.. ပြီးရင်.. Swipe To Delete Manually ပဲ.. ကိုယ်ဖျက်ချင်တဲ့.. call ကိုပွတ်လိုက်.. ဘေးမှာ.. Delete လေးပေါ်လာလိမ့်မယ်.. ငါးရံ့ နှစ်ကောင် ဖမ်းချင်သူတွေအတွက်တော့.. လက်မလွှတ်သင့်တဲ့.. အရာလေးပါ… (နို့ မို့ ရင်ဖုန်းစစ်လိုက်တာနဲ့ .. အကုန်မိကုန်မှာ.. ခုတော့.. အေးဆေး)


6. AnyRing Cracked (Source: www.sinfuliphonerepo.com)
  • အိုင်ဖုန်းမှာ.. Ringtone format ပြောင်းနေရလို့ စိတ်ညစ်နေလား.. ဒါလေးသွင်းလိုက်ပါ… Phone Ring လား.. SMS Ring လား.. ကြိုက်တာပြော.. အေးဆေး.. Ringtones အချင်းချင်းလဲ.. Bluetooth နဲ့ ပို့ လို့ ကရသေး.. (Android တွေမပါ.. သန့် သန့် လေးသာဖြစ်သဖြင့်.. iDevices အချင်းချင်းပဲရပါတယ်) ဖုန်းထဲမှာသာ.. Ringtones ကို Playlist လုပ်ပြီးထည့်ထားလိုက်.. ကြိုက်တာပြောင်းပေတော့…


7. iBlacklist Cracked (Source: www.sinfuliphonerepo.com)
  • သောက်ညင်ကပ်နေတဲ့သူ.. အမုန်းကြီးမုန်းနေတဲ့သူတွေဆို… ဖုန်းမပြောနဲ့ .. Message ပါပို့ လို့ မရအောင်.. လုပ်ထားတဲ့.. ဟာပါ.. သူ့ မှာ.. Whitelist နဲ့ .. Blacklist ဆိုပြီး.. ၂ မျိုးပါပါတယ်.. တစ်ခုခုထဲကို.. ကြိုက်တဲ့ Contacts တွေထည့်ထားပြီး.. ကြိုက်တဲ့ဟာကို.. Active list မှာ.. Active လုပ်ထားလိုက်ပါ.. Whitelist နဲ့ .. Blacklist ကတော့.. အဲ့ထဲမှာ ဘာလဲဆိုတာရှင်းပြီးသား.. (မောလာလို့ )


8. Lockdown pro (Source: www.sinfuliphonerepo.com) {not run ios 5xx}
  • iprotect ထက်စာရင်.. ဒါကိုပိုပြီး.. prefer ဖြစ်ပါတယ်… iprotect က.. Settings ထဲထိဝင်လုပ်နေရတဲ့အချိန်မှာ.. ဒီကောင်က.. App တစ်ခုချင်းစီအလိုက်.. Home Screen မှာ.. Lock ပုံလေးကို.. တို့ လိုက်ယုံနဲ့ .. Lock လုပ်ပြီးဖြစ်မှာပါ…


9. Multicleaner Cracked (Source: www.sinfuliphonerepo.com)
  • ဖွင့်ပြီးသား.. app တွေကို.. Home Screen နှိပ်ယုံနဲ့ .. complete exit မဖြစ်ပါဘူး.. အနောက်မှာ.. App က Run နေပါသေးတယ်.. သူ့ တို့ ကိုဖျက်ဖို့ ဆိုရင်.. Home Screen ကို Double Press လုပ်ရပါတယ်.. ပြီးရင်.. App တစ်ခုချင်းစီကို.. ဖိပြီး.. ငြီးငွေ့ စရာကောင်းလောက်အောင်.. လိုက်ဖျက်ရပါတယ်.. ဒါတွေအကုန်လုံးအတွက်.. Multicleaner ကတာဝန်ယူဖြေရှင်းသွားမှာဖြစ်ပါတယ်.. Activator နဲ့ ပေါင်းပြီး. သူက Shorcut လုပ်လို့ ရပါတယ်.. Shortcut တစ်ချက်ထဲနဲ့ .. နောက်မှာ Run နေတဲ့.. app ပေါင်းသောင်းခြောက်ထောင်ကို.. အကုန်လုန်း.. ဖျက်ပေးသွားမှာဖြစ်ပါတယ်..


10. iFile Cracked (Source: www.sinfuliphonerepo.com)
  • iDevice ရဲ့ File Manager ပါ.. System files တွေကအစပါလို့ .. အသုံးမတော်ရင်.. Danger ပါ.. ဒါပေမယ့်.. သူ့ ရဲ့ကောင်းကွက်ကတော့.. ဓာတ်ပုံတွေ.. သီချင်းတွေကို.. bluetooth နဲ့ .. အိုင်ညီအစ်ကို.. အချင်းချင်း.. Share လို့ ရပါတယ်… သူ့ ကိုတော့.. PC မှာ.. 91 တို့ .. DiskAid တို့ နဲ့ .. တွဲရမှာဖြစ်ပြီး.. သုံးတတ်ရင်တတ်သလို တော်တော်အရသာရှိပါတယ်.. .ipa တွေကိုလဲ.. ထည့်သိမ်းထားလို့ ရတော့.. ဂေါ်တာပေါ့ဗျာ..


11. Installous 4 (Source: www.sinfuliphonerepo.com)
  • Cracked လုပ်ပြီးသား app တွေ.. ဂိမ်းတွေ.. အခမဲ့.. ဒေါင်းလို့ ရတဲ့.. browser app လေးပါ.. တော်တော်များများ.. အဲဒီမှာရှိပါတယ်.. သူက.. iFile နဲ့ လဲတွဲသုံးလို့ ရသေးသဗျ… အသေးစိတ်ကတော့.. ကလိသာကြည့်တော့ဗျို့ ..


12. Lockinfo (Source: www.sinfuliphonerepo.com)
  • Lock Screen ကို Android ပုံစံ.. ပြောင်းပြီး.. အမြင်ဆန်းချင်တဲ့.. User များအတွက်ပါ.. Lock Screen ကို.. Weather လေးတွေ Calendar လေးတွေ.. ထားချင်တယ်ဆိုရင်.. Settings ထဲမှာ ၀င်ကလိလို့ ရပါတယ်.. အသစ်လိုချင်သေးရင်.. Plug-in တွေထပ်ဒေါင်းလို့ ရပါသေးတယ်..


13. PasswordPilot (Source: BigBoss)
  • AppStore ကနေ.. ကိုယ့် iTunes အကောင့်နဲ့ .. app တွေဆွဲတိုင်း.. password ရိုက်ထည့်ပေးနေရတဲ့.. ဒုက္ခကကင်းဝေးမှာဖြစ်ပါတယ်… Settings ထဲမှာ တစ်ခါတည်း.. ကိုယ့် password ကိုရိုက်ထည့်ထားလိုက်ရင်.. Password အတွက်.. အချိန်မကုန်တော့ဘူးပေါ့ဗျာ..


14. Wifi Passwords (Source: BigBoss)
  • ကိုယ့် iDevices ထဲကို.. သူများက wifi passwords ကိုကိုယ်မသိအောင် passwords ရိုက်ထည့်ပေးလိုက်ရင်.. ဘာရိုက်လိုက်တယ်ဆိုတာ.. ပြန်ကြည့်လို့ ရတဲ့.. app ပါ…


15. Make It Mine (Source: ModMyi)
  • Singal Bar ဘေးမှာပေါ်နေတဲ့.. Carrier နဲ့ .. နာရီပေါ်နေတဲ့.. Banner နေရာမှာ.. ကိုယ်ကြိုက်တဲ့.. စာသားကို.. ရေးချင်ရာရေး.. ပြီး.. ပေါ်နေအောင်လုပ်လို့ ရပါတယ်..


16. AndroidLock XT (Source: www.sinfuliphonerepo.com)
  • ဘာမှရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး.. Android လိုမှ.. lock ချချင်တဲ့.. အရူးတွေအတွက်.. :P


17. emojiPad (Source: BigBoss)
  • ချစ်စရာ.. Smileys လေးတွေနဲ့ .. keyboard တစ်ခုရမှာဖြစ်ပါတယ်.. သူ့ ကို Enable လုပ်ပြီး.. Settings ထဲမှာ.. Add new keyboard လုပ်ပြီး.. emoji ဆိုတာကိုရှာရွေးလိုက်ရင်.. System keyboard ထဲမှာ.. ချစ်စရာ.. Smiley လေးတွေပါလာမှာဖြစ်ပါတယ်..


18. LabelSlider နဲ့ .. LiveClock (Source: BigBoss)
  • LabelSlider က.. Unlock လုပ်တဲ့ Slide နေရာမှာ.. ကိုယ်ကြိုက်တာရေးထည့်လို့ ရတာ.. LiveClock က.. iphone မှာ Clock Icon က.. Live ဖြစ်သွားတာ..


19. Icon Renamer နဲ့ .. Gridlock (Source: icon renamer က BigBoss, GridLock က.. Sinful)
  • Icon Renamer က.. ကြိုက်တဲ့ icon ကို.. ကြိုက်သလို နာမည်ပေးတာ.. Gridlock က.. Icon တွေကို.. ထားချင်သလို ထားလို့ ရတာ..


============ 7.9.2011 updated by sainyiphyo =============


20. WinterBoard (Source: theme တစ်ခုကို.. ဒေါင်းလိုက်တာနဲ့ ပါပြီးသား)
  • Theme ပေါင်းသောင်းခြောက်ထောင်ကို ဒီကောင်လေးနဲ့ apply လုပ်ရပါမယ်။


21. DreamBoard (Source: cydia.xsellize.com)
  • ဒီကောင်ကတော့ အဆင့်မြင့် theme တွေ apply လုပ်ရင်သုံးတယ်။ ဘယ်လိုအဆင့်မြင့်လဲဆိုတာ ကိုယ်တိုင် စမ်းကြည့်ရင် သိရပါလိမ့်မယ်။


22. Graviboard (Source: cydia.xsellize.com)
  • Home Screen မှာ စက်ကို တချက် shake လိုက်ရုံနဲ့ icon လေးတွေ gravity နဲ့အတူ ရွေ့ချင်တိုင်းရွေ့ပြီး မျောနေတာကို တွေ့ရပါလိမ့်မယ်။ ဖန်စီဆန်ဆန်လေးပါ။ setting အနေနဲ့ Settings> Graviboard> Activation Methods> Motion အောက်က Shake Device ကို အမှန်ခြစ်ပါ။ Settings> Graviboard ထဲဝင်ပြီး Allow Laungching Apps ကလွှဲလို့ ကျန်တာတွေကို On ပေးပါ။ ကျတော်လုပ်သလိုမဟုတ်ပဲ ကိုယ့်စိတ်တိုင်းကျ setting ပေးနိုင်ပါတယ်။


23. Direct Closer Pro (Source: cydia.xsellize.com)
  • ပုံမှန်အရ multitask background ထဲဝင်နေတဲ့ apps ကို ပိတ်ချင်ရင် run နေတဲ့ icon လေးကို wiggling ဖြစ်တဲ့အထိ ဖိရပါတယ်။ ဒီ tweak လေးရှိရင် တခါထဲ close လုပ်လို့ရမှာပါ။


24. GPower Pro (Source: cydia.xsellize.com)
  • Power key ကို ၂.၅ စက္ကန့်ကြာကြာနှိပ်ထားရင် ပုံမှန်အားဖြင့် slide to power off ဆိုတဲ့ စာတန်းလေးတစ်ခုပဲပေါ်ပါတယ်၊ ဒီ tweak သွင်းထားရင်တော့ slide to power off အပြင် slide to reboot နဲ့ slide to respring ဆိုတဲ့ စာတန်းနှစ်ကြောင်း တိုးလာပါမယ်။


25. Infinidock (Source: repo.biteyourapple.net)
  • Home Screen ရဲ့ dock မှာ icon, 4 ခုပဲ ထားနိုင်လို့ အားမလိုအားမရဖြစ်နေရင်တော့ ဒီ tweak က ဖြေရှင်းပေးပါလိမ့်မယ်။ dock ကို page တွေနဲ့ ခွဲထားလို့ရသလို dock page တစ်ခုစီတိုင်းမှာ အများဆုံး icon, 10 ခု ထားလို့ရနိုင်ပါတယ်။


26. Infinifolders (Source: repo.biteyourapple.net)
  • iOS 4 မှာ default အနေနဲ့ folder တစ်ခုကို icon, 12 ခု (iPad မှာဆို 20 ခု) သာ လက်ခံ ထဲ့သွင်းနိုင်ပါတယ်။ ဒီ tweak ရှိနေရင်တော့.. Folder တစ်ခုထဲမှာ icon ကြိုက်သလောက် ထဲ့ထားလို့ရပါတယ်။


27. CallController (Source: repo.biteyourapple.net)
  • အရေးကြီးကိစ္စပြောနေရင်း ဖုန်းလာလို့ ရုတ်တရက်ကပြာကယာ ဖြစ်ရတာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ ဒီ tool လေး သုံးပြီးတော့ ဖုန်းလာတဲ့အချိန် ဖုန်းကိုတဖက်မှောက်လိုက်တာနဲ့ silent ဖြစ်စေနိုင်ပြီး.. shake လိုက်တာနဲ့ network busy ဖြစ်စေနိုင်ပါတယ်။ ကျတော်ကတော့ setting ကို Flip Over > Mute Ringer နဲ့ Shaking > Busy Signal ဆိုပီး ပေးထားပါတယ်။


28. Click2Call (Source: repo.biteyourapple.net)
  • အရေးကြီးပုဂ္ဂိုလ်ထူး ဘယ်သူဘယ်ဝါလေးတွေကို အလွယ်တကူဖုန်းခေါ်နိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ Home Screen မှာ shortcut တင်.. ပီးရင် အဲ့ဒီလူနာမည်ကို တချက် နှိပ်ပြီးခေါ်ရုံပဲ။


29. iShakeLock (Source: BigBoss)
  • ဖုန်းကို Lock/ Unlock လုပ်ဖို့အတွက် Power ခလုပ်နှိပ်စရာနည်းလမ်းတစ်မျိုးပဲ ရှိတာမဟုတ်ဘူး ဆိုတာ ဒီ tweak လေး သုံးကြည့်ရင် သိရပါလိမ့်မယ်။ နားကြပ်က controller buttom နှိပ်ပြီး lock/ unlock လုပ်လို့ရသလို.. status bar (အပေါ် ဘက်ထရီပုံပေါ်တဲ့နား) ကို ဖိထားပြီး (သို့) အပေါ်မှအောက်သို့ဆွဲပြီး (သို့) ဘယ်မှညာ (သို့) ညာမှဘက်သို့ဆွဲပြီးတော့လဲ လုပ်ဆောင်နိုင်ပါတယ်။ ပြောနေရင် ရှုပ်တယ်၊ ကိုယ်တိုင် လက်တွေ့စမ်းကြည့်ရင် နားလည်သွားပါလိမ့်မယ်။ iShakeLock Settings ထဲမှာ Destination ကို sleep လို့ပေးပီး vibrate ကို off ထားရင် ပိုအဆင်ပြေတယ်။


30. Move2Unlock (Source: repo.biteyourapple.net)
  • Lock ဖြည်ဖို့အတွက် လွယ်လွယ်ကူကူနဲ့ ရိုးရိုးရှင်းရှင်း လုပ်ဆောင်ပေးမှာပါ။ Lock Screen တစ်ခုလုံးရဲ့ ကြိုက်တဲ့နေရာကနေပြီး.. အတိုင်းအတာတစ်ခုထိ slide လုပ်လိုက်ရင် lock ပွင့်သွားတယ်။


31. Celeste Bluetooth File Sharing (Source: ModMyi) ($$$)
  • App Store ကဟာတွေနဲ့မတူဘူး၊ ဒီ tweak က ပုံမှန်ဖုန်းတွေမှာလိုပဲ.. Bluetooth သုံးပြီး iPod တွေ Photo တွေထဲကနေ တိုက်ရိုက် သီချင်း၊ ဓါတ်ပုံ၊ ဗွီဒီယိုတွေ ပို့လို့ရတယ်။ လက်ခံလို့လဲရတယ်၊ ထွက်တာက ဒီနှစ်.. March လ လောက်ကထဲကလားမသိဘူး၊ အခုထိ အဆင်ပြေတဲ့ crack မပေါ်သေးဘူး.. တခုမဟုတ် တခု ဖောက်နေတာပဲ.. ရေလျှံနေသူများ ၉ ဒေါ်လာနဲ့ဝယ်ပြီး စမ်းကြည့်ကြပေါ့ဗျာ.. :)


32. PwnTunes (Source: BigBoss) ($$$)
  • iTunes နဲ့ ချိတ်စရာမလိုပဲ.. ပုံမှန် မန်မိုရီကတ်(သို့)စတစ်ခ် တွေထဲ သီချင်းကူးသလိုပဲ သီချင်းတွေ ကော်ပီကူးထဲ့လိုက်လို့ရနိုင်ပါတယ်၊ storage device တစ်ခုအနေနဲ့လဲ သုံးလို့ရပါတယ်။ သူလဲအဆင်ပြေတဲ့ crack မထွက်သေးပါဘူး ။


33. BiteSMS (Source: repo.biteyourapple.net)
  • SMS ဝင်လာရင် လျင်မြန်စွာ reply လုပ်နိုင်တယ်၊ vol key နှိပ်ပီး screen ကို ထိလိုက်တာနဲ့ လျက်မြန်စွာ sms compose လုပ်နိုင်တယ်။ sms word counter ပါတယ်။ ကိုယ်မမြင်စေချင်တဲ့ contact နဲ့ပတ်သက်တဲ့ conversation တွေကို hide လုပ်ထားလို့ရတယ်။


34. Android Delete (Source: repo.biteyourapple.net)
  • App တွေကို ဖျက်တဲ့အခါမှာ Android လိုပဲ အမှိုက်ပုံးလေးထဲ ထဲ့ပေးရတဲ့ စတိုင်လ် လုပ်ထားပါတယ်။


************** 14/10/2011 updated by အက်စ်အိုအီးအမ်အိုင်အန် **************


35. Cyntact (Source: cydia.xsellize.com)
  • iphone ထဲမှာရှိတဲ့ contact တွေရဲ့ဘေးမှာ ကိုယ်ထည့်ထားတဲ့ Contact Picture လေးတွေပေါ်အောင်လုပ်ထားတဲ့ tweak ပါ။


36. Magnifier for Safari (Source: repo.biteyourapple.net)
  • iphone/ipod နဲ့ Safari သုံးတဲ့အခါ Font Size တွေကို Adjust လုပ်လို့ ရတဲ့ tweak ပါ။ Original Site ကိုက Font ကို Fix လုပ်ထားရင်တော့ Adjust လုပ်လို့ မရပါဘူး။ Font Size ကို Adjust လုပ်ချင်ရင် Safari ဖွင့်ပြီးရင် အလယ်တည့်တည့်က Bookmark လုပ်တဲ့ icon လေးမှာ Adjust FontSize ဆိုတာ ပါလာပါလိမ့်မယ်။


37. MultiIconMover (Source: BigBoss)
  • iDevice တွေမှာ Icon တွေကို Move လုပ်ရာမှာ တစ်ခုချင်းစီဆွဲပြီး Move လုပ်ရလို့ စိတ်ညစ်နေပါသလား။ ဒီ tweak လေးကိုသုံးလိုက်ပါ။ အရင်ဆုံးကိုယ် Move လုပ်ချင်တဲ့ icon လေးကိုဖိထားလိုက်ပါ။ icon လေးတွေ လှုပ်လာပြီဆိုရင် ကိုယ် Move လုပ်ချင်တဲ့ icon တွေကို လိုက်တို့ ပြီး Select လုပ်ပါ။ ပြီးရင် ကိုယ်ရွှေ့ ချင်တဲ့ Page ကိုသွားပါ (ဒီမှာ ပြောစရာကတော့ ကိုယ်ရွှေ့ ချင်တယ့် Page မှာ လွတ်နေတဲ့ icon နေရာက ၅ ခုဆို ၅ ခုဘဲ Select မှတ်ပါ။ ၄ ခုဆို ၄ခုပဲ မှတ်ပါ။) ပြီးရင် Home Button ကိုနှိပ်လိုက်ပါ။ Select လုပ်ထားတဲ့ icon တွေအားလုံး အဲဒီ Page ကို ရွှတ်ခနဲ ရောက်သွားပါလိမ့်မယ်။ 


38. PictureMe (Source: cydia.xsellize.com)
  • iphone နဲ့ ကိုယ့်ဟာကိုပြန်ရိုက်ရင် Front Camera က Resolution မကောင်းပါဘူး။ Back Camera နဲ့ ရိုက်ဖို့ ကလဲ အလယ်က Camera ပုံလေးကို Touch လုပ်နိုင်မှ။ အဲဒါတွေကို ဖြေရှင်းပေးမယ့်ဟာပါ။ သူက Camera မှာ Settings တစ်ခုအပိုပါလာပါတယ်။ အဲဒီ Settings ထဲမှာ Timer, Time Delay, Rapid Shot နဲ့ Amount ဆိုပြီးပါပါတယ်။ Timer ကိုဖွင့်ပြီး Time Delay ကို 25 Sec ထိထားလို့ ရပါတယ်။ ကိုယ့်ဟာကို Back Camera နဲ့ ရိုက်မယ်ဆိုရင် Touch ကိုလိုက်ရှာပြီး ထိစရာမလိုတော့ဘူးပေါ့။ Timer လေးနဲ့ ဆို အငြိမ်ဘဲ။ Rapid Shot နဲ့ Amount ကတော့ ကိုယ့်ဟာကို ကလိသာကြည့်တော့ဗျာ။


39. iAP Cracker (Source: repo.insanelyi.com)
  •  ဒါကတော့ iPod, iPhone, iPad တွေရဲ. apps တွေ Games တွေ တော်တော်များများကို in-App Purchase ကို Free လုပ်လို.ရမဲ. application လေးပါ.. တော်တော်အဆင်ပြေပါတယ်.. သူနဲ.အဆင်ပြေတဲ. application list ကို ဒီမှာ www.insanelyi.com/topic/5891-iap-cracker-compatibility-list/ မှာကြည်.လို.ရပါတယ်..

—————————30/May/2012 Updated by Zin Minn ————————-

40. IntelliScreenX($$$)
  • ဒါကတော့ IOS built-in notification center ထက်အများကြီးလန်းတဲ့ notification center အသစ်ပါ။ ဖန်ရှင်တွေစုံလွန်းသလို security ပိုင်းမှာလည်းသေချာလုပ်ထားတာမို့ အခုထိ ဘယ် source မှ cracked version မတင်နိုင်သေးပါဘူး။ သွင်းပြီးရင် NC ကနေတဆင့် facebook, twitter တို့ကို အဆင်သင့်သုံးနိုင်သလို quick compose message shortcut တွေ၊ RSS feed တွေလည်း ပါပါသေးတယ်။ ဒါ့အပြင် sbsetting ထက် ပိုမိုလှပတဲ့ theme ပါတဲ့ quick setting( 3g,wifi, airplane mode) ကိုလည်းထည့်ပေးထားပါတယ်။ 9.99 ဒေါ်လာဖြစ်ပြီး ရေလျှံနေသူများအတွက် ၀ယ်သာဝယ်ပလိုက်ပါ လို့ပြောပါရစေ။

41. Reveal (Source: repo.insanelyi.com)
  • lockscreen မှာ message တွေ၊ noti တွေတက်ရင် စာလုံးတွေအရမ်းများတဲ့အခါမှာ အပြည့်အစုံမပေါ်ပါဘူး။ ဒီ tweak လေးက အပြည့်အစုံပေါ်အောင်လုပ်ပေးပါတယ်။

41. Unlockize (Source: repo.insanelyi.com)
  • တော်တော်လန်းတဲ့ lock tweak ပါပဲ။ ပုံစံ ၆မျိုးလောက် ထည့်ထားပေးသလို အဲ့ဒီပုံစံအားလုံးကို တပြိုင်ထဲ on ပေးထားရင်လည်း tweak ကနေပြီး အလှည့်ကျလုပ်ပေးလို့ သင့်ဖုန်းကို unlock လုပ်တိုင်း ပုံစံတစ်မျိုးစီနဲ့ unlock style ကိုခံစားရမှာပါ။

43. Springtomize 2 (Source: repo.insanelyi.com)
  • သင့် springboard ကို ပုံစံမျိုးစုံနဲ့ app တစ်ခုထဲက ကလိချင်ရင် springtomize 2 ကိုသာသွင်းလိုက်ပါ။ icon size ပြောင်းတာ၊ animation တွေချိန်းတာ၊ font တွေချိန်းတာ၊ NC ကို theme ပြောင်းတာ၊ tv tube animation တွေ အပြင် feature များစွာပါဝင်ပါတယ်။

44. iSwipe (Source: repo.insanelyi.com)
  • Android မှာပါတဲ့ swype ကို သင့် ios ပေါ်မှာမြည်းစမ်းခွင့်ပေးမယ့် tweak ပါ။ beta အဆင့်ပဲရှိသေးလို့ android ကဟာလောက်တော့ မကောင်းနိုင်ပါဘူး။ install လိုက်ရင် စကားလုံးအသစ်တွေထည့်ဖို့ app တစ်ခုကိုလည်းပဲ springboard ပေါ်တင်ပေးပါတယ်။ setting တွေဘာတွေ ချိန်းစရာမလိုပါ။

45. iCleaner (Source:BigBoss repo)
  • PC မှာလူသုံးအလွန်များတဲ့ CCleaner လိုမျိုးလို့ဆိုရင် သိကြမယ်ထင်ပါတယ်။ Log တွေ unnecessary file တွေကိုရှင်းထုတ်ပေးပါတယ်။

46. NCSettings (Source: modmyi.com/cydia/)
  • SBSettings လိုမျိုး setting တစ်ခုပါပဲ။ sbsettings လောက်လုပ်ဆောင်ချက်တွေမပါဝင်သလို addon တွေလည်းထပ်ထည့်လို့မရပါဘူး။ သာတာတစ်ခုပဲရှိပါတယ်။ သူ့ရဲ့ theme က သပ်သပ်ရပ်ရပ်ရှိပါတယ်။

47. Zephyr (Source: repo.insanelyi.com)
  • အကောင်းဆုံး multitasking ပါပဲ။ screen ဘယ်ညာအစွန်ကနေ slide ဆွဲပြီး switch လို့ရသလို screen bottom ကနေ အပေါ်ကို slide ရင် switcher bar တက်လာပါလိမ့်မယ်။ သင့်ဖုန်းရဲ့ home button နာတာကို အရမ်းသက်သာစေပါတယ်။ သွင်းကိုသွင်းသင့်တဲ့ tweak လို့ပြောချင်ပါတယ်။

48. DashboardX (Source: repo.insanelyi.com)
  • Android တွေမှာလို widget တွေကို screen ပေါ်မှာထားချင်ရင် ဒီtweak ကိုသုံးပါ။ ထွက်ထားတာသိပ်မကြာသေးတဲ့ tweak ဖြစ်လို့ addon တွေသိပ်များများစားစားမရှိသေးတာက အားနည်းချက်တစ်ခုပါ။

49. OpenBackup (Source: modmyi.com/cydia/)
  • သင့်ဖုန်းကို jailbreak အသစ်တစ်ခုထွက်တိုင်း restore လုပ် jailbreak အသစ်ပြန်လုပ်ပြီးရင် source တွေ tweak တွေ တစ်ခုချင်းစီ ပြန်သွင်းနေရပါသလား။ openbackup က သင့်ရဲ့cydia ထဲက source တွေနဲ့ tweak တွေအားလုံးနီးပါးကို backupလုပ်ထားရင် တစ်ချက်နှိပ်ရုံနဲ့ အပြီးအစီးသွင်းပေးပါတယ်။

50. CallBar (Source: repo.insanelyi.com)
  • သင့်ဖုန်းကို ကလိနေတာပဲဖြစ်ဖြစ် ဂိမ်းနှိပ်နေတုန်းမှာဖြစ်ဖြစ် တစ်ဖက်ကဖုန်းဝင်လာရင် အနှောက်အယှက်ဖြစ်တာကြုံဖူးမှာပါ။ callbar က သင့်ဖုန်းဆီ အ၀င်call လာရင် သင့်အလုပ်ကို အနှောက်အယှက်မဖြစ်စေဘဲ notification banner နေရာကနေ သင့်ကိုအသိပေးမှာပါ။

51. MyAssistant (For Siri users only) (Source: repo.insanelyi.com)
  • Siri ကို ငါဒီလိုမေးရင် ဒီလိုဖြေပါလို့ ကိုယ့်ရဲ့ custom answer တွေထည့်ထားပေးလို့ရပါတယ်။ ၀ိုင်ဖိုင်ဖွင့်တာ သရီးဂျီဖွင့်တာကို siri ကနေခိုင်းလို့ရပါတယ်။

52. International Locations for Siri (For Siri users only) (Source: repo.insanelyi.com)
  • Siri က location တွေနဲ့ပါတ်သက်လာရင် us map ကိုပဲ default enabled ထားလို့ အခြားနိုင်ငံတွေမှာအသုံးမ၀င်ပါဘူး။ ဒီ tweak ကတော့ US အပြင်အခြားနိုင်ငံတွေမှာပါ location ရှာနိုင်အောင် enabled လုပ်ပေးတယ်လို့ ဆိုပါတယ်။ (မစမ်းကြည့်ရသေးပါ)

53. AssistantServer Installer (Source: repo.insanelyi.com)
  • Siri alternative for iDevices below 4s ပါ။ ဒါပေမယ့် Google ရဲ့ Speech to text API ကိုသုံးထားလို့ Apple ရဲ့ siri ဆာဗာတွေကိုမချိတ်ဆက်ပဲ google ရဲ့ ဆာဗာကိုပဲ direct ချိတ်သွားမှာပါ။ အဲ့ဒီအတွက် 4s ဆီက token တွေမလိုတော့ပါဘူး။ စမ်းသုံးကြည့်တာကတော့ မဆိုးပေမယ့် siri လောက် အာလာပသလာပ မပြောနိုင်ပါဘူး။ နောက်ပြီး စကားပြောရင် 10 sec အောက်ဖြစ်ရပါမယ်။ API ရဲ့ limit ကြောင့်ပါ။ p.s spire ကိုအရင်သွင်းထားဖို့လိုအပ်ပါမယ်။

54. vWallpaper 2 ( Source: repo.insanelyi.com)
  • Video တွေ effect တွေကို springboard ပေါ်မှာ live wallpaper အနေနဲ့လုပ်ပေးပါတယ်။ panorama wallpaper လည်းရှိပါတယ်။ ဒီtweak က ကျွန်တော့်အတွက်တော့ သိပ်အကောင်းကြီးမဟုတ်ပါဘူး။

55. Zeppelin (Source: modmyi.com/cydia/)
  • MM 900 ဆိုတဲ့ နာမယ်ကြီးကို မြင်ပြင်းကပ်နေပါသလား။ any carrier name ကို logo လေးတွေနဲ့အစားထိုးပေးမယ့် tweak ပါ။ cydia ပေါ်မှာ သူ့အတွက် logo ပေါင်းသောင်းခြောက်ထောင်ရှိပါတယ်။ ဘောလုံးဝါသနာပါလား ဘောလုံးအသင်းလိုဂိုတွေတင်ထားလို့ရတယ်။ ရုပ်ရှင် ဇာတ်ကောင်တွေရဲ့ logo တွေလည်းရှိပါတယ်။

56. Forecast (Source: xsellize repo)
  • Notification center ထဲမှာbuilt in ပါတဲ့ weather widget ကို lockscreen ပေါ်မှာထားပေးပါတယ်။

57. WeatherIcon (Source: BigBoss repo)
  • Springboard ပေါ်က weather app ရဲ့ အိုင်ကွန်မှာ မိုးရွာရင် မိုးရွာနေတဲ့ပုံ။ နေသာရင် နေလုံးပုံ စတဲ့ live weather info တွေကိုပြပေးပါတယ်။

58 .Belfry (Source: BigBoss ) only for ipad
  • iphone native apps တွေဖြစ်တဲ့  Weather,Clock,Stocks,Calculater,Voice Memo’s, and Compass … အဲဒါတွေကို Ipad ပေါါ မှာသုံးလို့ ရမှာပါ……

59. Spire (Source BigBoss )
  • Non iphone4S တွေအတွက် Siri  ဆိုတဲ့  personal assistant ပါ Siri ကို ကြိုက်တဲ့လူတွေအတွက်တော့အရမ်းကောင်းပါတယ်……

60. Phone Buzzers (Source BigBoss repo)
  • ကိုယ်တစ်ယောက်ယောက်ကို ဖုန်းခေါ်တဲ့အချိန်မှာ တစ်ဖက်က ကိုယ့်ရဲ့ဖုန်းကိုလက်ခံလိုက်တဲ့အချိန် vibrate ပြီးတော့ အချက်ပေးပါတယ်။

61. Safari Download Enabler ( Source BigBoss )
  • ios5+ Device  တွေအတွက် safari ကနေ down ချင်တဲ့downloader များအတွက်အဆင်ပြေပါတယ် ifle dropbox logmein တို့ နဲ့လဲလင့်ချိတ်လို့ ရပါတယ်…..
refer=> http://mobilerootshare.blogspot.com/2013_02_01_archive.html

Followers