Jul 15, 2013

Huawei Service Center ကို ထပ်မံဖွင့်လှစ်သွားရန်ရှိ

မြန်မာနိုင်ငံတွင် ပထမဦးဆုံး Huawei Show Room ဖွင့်ပွဲကို ဒီနေ့ မနက် ၁၀နာရီက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ထဲက ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေး ကွန်ဒိုတွင် ဖွင့်လှစ် ကျင်းပခဲ့သည်။ ဖွင့်လှစ်သည့် Show Roomတွင် Huawei Handset မျိုးစုံအပြင် Media Padနှင့် Mobile Broad Bandများကိုလည်း ရရှိနိုင်ပြီး အဆိုပါ Show Room ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဖွင့်ပွဲနေ့တွင် ဝယ်ယူ အားပေးကြသူများကို Huawei Media Pad, C8813နဲ့ Y 300တို့အပြင် အခြား ဆုမဲများကိုလည်း မဲဖောက် ပေးခဲ့သည်။ အဆိုပါဆိုင်တွင် မေလ ၅ရက်နေ့က စတင်ကာ ၁၂ရက်နေ့အထိ ဝယ်ယူအားပေးသူများကို အထူး လက်ဆောင်များ စီစဉ်ထားကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောဆိုကာ Huawei Handsetများကို ဝယ်ယူအားပေးကြသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် Huaweiမှ Distributorများနှင့် ပူးပေါင်းပြီး Branded Shop ဆိုင် ၂၀ကျော်နဲ့ Service Centerများကိုလည်း မကြာမီ ကာလအတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ 
Ref & Credit  => http://www.myanmarict.com/news/open-again-huawei-service-center/#.UePQ7qzzOJQ

No comments:

Post a Comment

Followers