အားလုံး သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့ G610-U00 က MTK
အလုံးပါ အဲ့တော့ firmware ကို dload > update.app နဲ့မှ
တင်လို့မရတော့ဘူးဆိုရင် နောက်တစ်နည်းအနေနဲ့ sp flash tool နဲ့တင်လို့ရပါတယ်
။ အရင်က အဲ့လိုတင်ဖို့ဆိုရင် volcano box နဲ့ backup အရင်ယူပြီးမှ
တင်ရပါတယ် အခု မလိုတော့ပါဘူး G610-U00 မှာ update.app ကို
ခွဲထုတ်လိုက်တာနဲ့ ဖိုင် တစ်ခု ချင်းဆီ ကျလာမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့
extractor ကို ဒီမှာဒေါင်းပါ ။ XDA ကနေ မလာတာပါ ။
Download Here
ပြီးရင် အဲ့ကောင်လေးကို ဖွင့်လိုက်ပါ။ update file ဆိုတဲ့ စာတန်း
အနောက်ဆုံးနားမှာက open box ပါ။ ကျွန်တော်တို့ ခွဲချင်တဲ့ G610-U00
update.app ကိုရွေးပေးလိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။
ပြီးရင်တော့ right click နှိပ်ပြီး extract all ဆိုတာကိုရွေးလိုက်ပါ ။
dialog box တစ်ခုကျလာပါလိမ့်မယ် ။ အောက်နားမှာ make a new folder ရှိပါတယ် folder အသစ်ဆောက်ပြီး extract လုပ်လိုက်ပါ။
ပြီးရင် sp flash tool ကိုဖွင့်ပါ ။ scatter_emmc.txt file တစ်ခု ကြိုက်ရာတစ်ခုကိုရွေးပေးပါ။
ကျွန်တော်တော့ T8833 ရဲ့  scatter_emmc.txt file လေးကိုရွေးပေးလိုက်ပါတယ်။
ပြီးရင် file တစ်ခုချင်းဆီ အစားပြန်ထိုးပါမယ်။ recovery ဖြည့်မယ်ဆိုရင်
recovery ကို double click နှိပ်ပါပြီးရင် ခုနက ဖြည်ထားတဲ့ file ထဲက
recovery ကိုရွေးပေးပါ။
ပုံမှန်အတိုင်းကတော့ ဖိုင်လေးခုဖြည့်ပေးလိုက်ရင်ကို တင်လို့ရပါပီ ၊
boot.img , recovery.img , Logo , Android တို့ပါ။ Android နေရာမှာ
system.img ကိုထည့်ပေးရမှပါ။ ပြီးရင် download လုပ်ပြီးတင်နိုင်ပါပြီ ။
ကဲ အဆင်ပြေကြပါစေဗျာ။ ကျွန်တော်တစ်ယောက်တည်းရဲ့ 
စိတ်ကူးတော့မဟုတ်ပါဘူးဗျာ ။ ကိုငလူ တို့ ကိုသက်နိုင်စိုး တို့ရဲ့ 
စိတ်ကူးလေးတွေလည်းပါပါတယ်။ ဒီနည်းလမ်းလေးက ။
Post By Hein Maung (MMAS Mobile Service Training Team)
refer link http://www.myanmarmobileapp.com/?p=44454
No comments:
Post a Comment