Oct 7, 2013

DNS Server ပြောင်း နည်းများ

http://2zfzag48f08z9ixyg2gzdgy4z5.wpengine.netdna-cdn.com/wp-content/uploads/2013/09/DNS-Server-720x340.jpg
Domain Name Server (or) DNS ဆိုတာ လူတွေ မှတ်ရလွယ်တဲ့ Web Address (eg. www.google.com)ကို ကွန်ပြူတာတွေ နားလည်တဲ့ IP Addressတွေ အဖြစ်ပြောင်းလဲ ပေးတာပါ။ ဥပမာ သင်က facebook.comလို့ ရိုက်လိုက်တယ်ဆိုပါစို့ ။ DNS Serverက IP Address အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒီအခါကျမှ သင်က facebookကို အသုံးပြုလို့ ရတာပါ။ သင် ၀က်ဆိုက်တစ်ခု ဖွင့်တိုင်း DNS Serverက ကြားထဲကနေ အလုပ် လုပ်ပေးနေတာပါ။ အဲဒီအတွက် အင်တာနက် အမြန်နှုန်းက DNS server ပေါ်မှာလည်း မူတည်ပါတယ်။ လူအများစုက Internet Service Provider(ISP) တွေရဲ့ DNS ကို သုံးကြပါတယ်။ သင့် အင်တာနက် Speed ပိုမိုကောင်းမွန်အောင်လို့ သင့် ISPရဲ့ DNS ကို မသုံးဘဲ တစ်ခြား DNS(google dns,open dns etc:)တွေကို ပြောင်းလဲသုံးနိုင်ပါတယ်။ နောက်ပြီး DNS Serverကို ပြောင်းလဲ အသုံးပြုခြင်းဖြင့် ISPက blocked လုပ်ထားတဲ့ ဆိုက်တွေ၊ region blocked sites တွေကိုလည်း ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ တစ်ချို့ DNS တွေက Phishing Protection, Parental Control စတာတွေလည်း ပါရှိပါတယ်။ DNS Server ကို ပြောင်းလဲအသုံးပြုဖို့  နည်းတွေကို အောက်မှာ ဆက်ဖတ်ပါ။
On Your Router
သင့်ရဲ့ Network တစ်ခုလုံးအတွက် DNS Serverကို ပြောင်းလဲချင်ရင် Routerကနေ ပြောင်းပါ။ အဲဒီ Network တစ်ခုလုံးမှာ ချိတ်ဆက်နေတဲ့ PCs, Smartphones, Tablets, Game Consolesနဲ့ တစ်ခြား Device တွေ အားလုံးက Router က DNS Server ကို အသုံးပြုတာ ဖြစ်ပါတယ်။ Default အားဖြင့်တော့ Router တွေက Internet Service Providerရဲ့ DNS Server ကို အသုံးပြုကြတာပါ။ Router က DNS Server ကို ပြောင်းလဲ သတ်မှတ်ခြင်းဖြင့် အဲဒီ Network ထဲမှာ ချိတ်ဆက်နေတဲ့ Deviceတွေ အားလုံးက သင်သတ်မှတ်ထားတဲ့ DNS Server ကို အသုံးပြု ကြမှာပါ။
ဒီလိုလုပ်ဖို့ Routerရဲ့ Web Interfaceကို အသုံးပြုပါ။ ပြောင်းလဲနည်းကတော့ သင့်ရဲ့ Router ပေါ်မူတည်ပါတယ်။ ဘယ်လို လုပ်ရမလဲဆိုတာ သင်မသိရင် Router’s Manualမှာ Instructions တွေကို ရှာပြီးလေ့လာပါ။ Default Password ကိုလည်း မှတ်သားပါ။
လေ့လာပြီးရင် Pages တစ်ခုခု မှာ DNS Optionကို တွေ့ရှိရမှာဖြစ်ပြီး DNS Serverကို ပြောင်းလဲပါ။ ဒီလို ပြောင်းလဲခြင်းဟာ Network တစ်ခုလုံးကို အကျိုးသက်ရောက်စေပါတယ်။ ပြောင်းလဲအသုံးပြုဖို့ Google DNS, Open DNS စသဖြင့် အမျိုးမျိုးရှိပြီး Google ကနေ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ အောက်ကပုံမှာ တွေ့မြင်ရတာကတော့ Google DNS Server ဖြစ်ပြီး Primary DNS Serverက  8.8.8.8 ဖြစ်ပြီး Secondary DNS Serverက  8.8.4.4 ဖြစ်ပါတယ်။

Windows – Control Panel
တစ်ခြား Device တွေမှာလည်း DNS Serverကို သီးခြား ပြောင်းလဲအသုံးပြုနိုင်ပြီး Windows မှာ Network Adapter တစ်ခုချင်းစီအတွက် သီးခြား DNS Serverတွေ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ သင်က Laptop တစ်လုံးထဲမှာ Wireless, Wired Network Connections နှစ်ခုစလုံး အသုံးပြုတယ်ဆိုရင် Wi-Fi, Ethernetစတဲ့ ကွန်နက်ရှင်တွေအတွက် တစ်ခုချင်းစီ သီးခြားပြောင်းလဲပေးရမှာပါ။ Windows မှာ DNS Server ပြောင်းလဲဖို့  Taskbar က Network Icon ပေါ်မှာ Right Click နှိပ်ပြီး Open Network and Sharing Center ကိုနှိပ်ပါ။

ဘယ်ဘက်မှာရှိတဲ့ Change adapter settings ကိုနှိပ်ပါ။

ပြောင်းလဲချင်တဲ့ Network Adapter ပေါ်မှာ Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။

Properties ၀င်းဒိုးပေါ်လာရင် Internet Protocol Version 4 (TCP/IPv4) ကိုရွေးချယ်ပြီး Properties ကိုနှိပ်ပါ။

“Use the following DNS server addresses” ကို ရွေးချယ်ပေးပြီး “Preferred DNS server:”, “Alternate DNS server:” စတာတွေမှာ သင်နှစ်သက်ရာ DNS Server Addressesကို ဖြည့်ပေးပါ။ DNS Server Addressesတွေကို Google ကနေရှာနိုင်ပါတယ်။ အောက်မှာတော့ Google DNS, OpenDNS နှစ်ခုရဲ့ DNS Server Addresses တွေကို ဖော်ပြပေးထားပါတယ်။
Google DNS
Preferred: 8.8.8.8
Alternate: 8.8.4.4
OpenDNS
Preferred: 208.67.222.222
Alternate: 208.67.220.220

Windows – Quick Switching
DNS Servers တွေကို အပေါ်ကနည်းအတိုင်း ပြောင်းလဲ အသုံးပြုရတာ လုပ်ရတဲ့အဆင့်တွေများပြီး အလုပ်ရှုပ်ပါတယ်။ သင့် ဟာ DNS Servers တွေကို အမြဲပြောင်းလဲပြီး အသုံးပြုသူတစ်ယောက်ဆိုရင်တော့ DNS Jumper ဆိုတဲ့ Freeware ကို အသုံးပြုဖို့ အကြံပေးပါတယ်။
DNS Jumperကို သုံးရင် အလွယ်တကူနဲ့ Google Public DNS, OpenDNS စတာတွေ အပြင်တစ်ခြား DNS (၃၉) ခုကို အလွယ်တကူ ပြောင်းလဲသုံးနိုင်ပါတယ်။ နောက်ပြီး DNS Jumperက Fastest DNS တွေကို ရှာပေးနိုင်လို့ အမြန်ဆုံး DNSကို ရွေးချယ် သုံးနိုင်ပါတယ်။ DNS Jumperကို run ပြီး Fastest DNS ကို နှိပ်ပါ။

Find Fastest DNS ကိုနှိပ်ပါ။

ဒါဆိုရင် အမြန်ဆုံး DNSကို တွေ့ မြင်နိုင်ပြီး Apply Fastest DNSကို နှိပ်ပါ။
Untitled-9
သင့် ISP ရဲ့ DNS ကို ပြန်ပြောင်းချင်ရင်တော့ star iconကို နှိပ်ပြီး Default DNSကို နှိပ်လိုက်ရင် နဂို DNS ကို ပြန်ပြောင်းပေးမှာပါ။

Windows – Command Line
အပေါ်ကနည်းတွေကို မသုံးဘဲ Commandကို အသုံးပြုနိုင်ပါသေးတယ်။ Command Promptကို Administrator အနေနဲ့ Run ပြီးအောက်က Commandကို ရိုက်ထည့်ပေးပြီး Enter ခေါက်ပါ။ ဒီ Commandကို Batch Files အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
netsh interface ip set dns name=”Local Area Connection” static 8.8.8.8

On Your Smartphone or Tablet
Android, iOS Device တွေမှာလည်း DNS Serverကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ဒီလို ပြောင်းလဲအသုံးပြုတာက Single Network တစ်ခုတည်းကိုပဲ အကျိုးသက်ရောက်စေပါတယ်။ သဘောက Home Networkမှာ DNS Server ပြောင်းလဲ အသုံးပြုတယ်ဆိုပါစို့ ။ Wi-Fi Network တစ်ခုကို ချိတ်ဆက်ပြီး အသုံးပြုရင် DNS Serverကို ထပ်ပြီး ပြောင်းလဲပေးဖို့ လိုပါတယ်။
ဒီလိုလုပ်ဖို့ Android ရဲ့ Wi-Fi Network List ကိုဖွင့်ပြီး ချိတ်ဆက်မိနေတဲ့ Network ပေါ်မှာ ဖိထားပါ။ Modify Network ကို နှိပ်ပြီး “Show advanced options” ဆိုတဲ့ Check Box မှာ အမှန်ခြစ်ပေးပါ။ IP Settingsမှာ Static ပြောင်းပေးရင် DNS Server ကို ပြောင်းလဲဖို့ ပေါ်လာမှာ ဖြစ်ပါတယ်။

အပေါ်ကနည်းက သင့်ကို အလုပ်ရှုပ်စေတယ်ထင်ရင် DNS Serverကို အလွယ်တကူ ပြောင်းပေးတဲ့ Applicationကို သုံးနိုင်ပါတယ်။ သင့် Android ဖုန်းက Root လုပ်ထားတယ် ဆိုရင်တော့ Set DNS app ကိုသုံးနိုင်ပြီး သင်ပြောင်းချင်တဲ့ DNS Server ကို အလွယ်တကူ ပြောင်းနိုင်ပါတယ်။ Set DNS က သင့်ဖုန်း Network တစ်ခုကို ချိတ်ဆက်မိပြီဆိုတာနဲ့ DNS Server ကို အလိုလို ပြောင်းပေးနိုင်ပါတယ်။

iOS Device တွေမှာလည်း ဒီနည်းအတိုင်း ပြောင်းနိုင်ပါတယ်။ Wi-Fi Settings ကိုသွားပြီး ချိတ်ဆက်မိနေတဲ့ Networkက Arrowကို Tap တစ်ချက်နှိပ်ပါ။ DNS fieldကို တစ်ချက်နှိ်ပ်ပြီး နှစ်သက်ရာ DNS Serverကို ပြောင်းနိုင်ပါတယ်။
Windows PCမှာ DNS Server ပြောင်းပြီးရင်တော့ အကျိုးသက်ရောက်စေဖို့  DNS Cacheကို Flush လုပ်ပေးရပါမယ်။ ဒီလို လုပ်ဖို့အောက်က Commandကို Command Promptမှာ ရိုက်ပေးပါ။ DNS Jumperကို အသုံးပြုရင်တော့ Flush DNS ပြုလုပ်ဖို့ Function ပါရှိပါတယ်။

refer link http://ict.com.mm

Followers