http://www.businessinsider.com/apple-hiring-spree-for-iwatch-2013-7
Appleဟာ
လက်ရှိမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက်နေတဲ့ iWatchကို
ရှေ့နှစ်ထဲမှာ ဖြန့်ချိနိုင်အောင် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပြီး
ဒီဇိုင်းပိုင်းမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ဖို့ အတွက် ကျွမ်းကျင်
အင်ဂျင်နီယာ တစ်ယောက်လိုအပ်နေကြောင်း Financial Timesရဲ့ ဖော်ပြချက်များ အရ
သိရပါတယ်။ သတင်းစာရဲ့ ဖော်ပြချက်မှာ Appleဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေ
ကတည်းက စီမံကိန်းမှာ အင်ဂျင်နီယာ တစ်ယောက် လိုအပ်နေခဲ့ကြောင်း၊ ၀တ်ဆင်
သယ်ဆောင်နိုင်မယ့် ပစ္စည်းသစ် အတွက် လုပ်ဆောင်မှု အပိုင်းတွင်
တိုးတက်မှုများစွာ ရှိနေပြီ ဖြစ်ကြောင်း၊ သို့သော်လည်း ၀တ်ဆင်
သယ်ဆောင်နိုင်မှု ပစ္စည်းသစ်အတွက် အကောင်းဆုံး ဒီဇိုင်းပုံစံကို Appleက
မရရှိသေးကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
ဒါ့အပြင် Appleကြုံတွေ့နေရတဲ့ အခက်အခဲကြောင့် ၂၀၁၄ခုနှစ်
ကုန်ပိုင်းကာလလောက်အထိ iWatchကို မိတ်ဆက်နိုင်လောက်မှာ မဟုတ်ကြောင်း
သုံးသပ်မှု ပေးထားတာလည်း တွေ့ရပါတယ်။ Appleဟု အဆိုပါ ပြဿနာအား
ဖြေရှင်းနိုင်ရန် မကြာသေးခင်က ဖက်ရှင် ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Yves Saint
Laurentရဲ့ CEOအား ဒုတိယ ဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သေးပြီး လက်ရှိ
အချိန်အထိတော့ အကောင်းဆုံး အင်ဂျင်နီယာ တစ်ယောက် လိုအပ်နေသေးတယ်လို့
ဆိုပါသေးတယ်။
Ref :
http://www.businessinsider.com/apple-hiring-spree-for-iwatch-2013-7,http://www.myanmarict.com/news/apple-now-need-an-engineer-to-build-up-iwatch-for-next-year/#.UePL9qzzOJQ
No comments:
Post a Comment