Jan 17, 2014

android phone ကို ကိုယ်ပိုင် boot file လေးနဲ့ လန်းကြမယ်


android phone တွေကို ကိုယ်ပိုင် boot file လေးနဲ့ လန်းချင်သူများအတွက်ပါ အခု နည်းလေးက photoshop ကိုလည်း အသုံးပြုတတ်တဲ့ user တွေမှ အဆင်ပြေမယ့် နည်းလေးဖြစ်ပါတယ် ဘာလို့လဲဆိုတော့ boot file လုပ်ရတာ photo shop မဟုတ်တောင် boot animation creator လို ဆော့ဝဲလ်တွေနဲ့ လုပ်ရတာဆိုတော့ အနည်းဆုံးဆော့ photo shop ကို ကျွမ်းကျင်မှ ရပါမယ် တကယ်လို့ photo shop ကို မကျွမ်းတဲ့ user တွေအတွက်ကို တစ်မျိုးတင်ပေးပါမယ် ကျွမ်းတဲ့ သူတွေကတော့ ကိုယ့်စိတ်ကြိုက် ဆွဲပေါ့နော် မကျွမ်းသော သူတွေ အတွက် အဓိက ပို့စ် ပေးသွားပါမယ်
ကဲ စလိုက်ကြရအောင်
ပထမဆုံး phone ကို root ထားရပါတယ် မ root ရသေးတဲ့ ဖုန်းတွေအတွက် v root tool v 1.7.4 ကို ဒေါင်းလိုက်ပါ။ ဘာလို့လဲဆိုတော့ root explorer apk ကို အသုံးပြုရမှာမို့ပါ။ root explorer apk ကို ဒီနေရာ မှာ ဒေါင်းလိုက်ပါ။ ဒေါင်းပြီးရင် root explorer apk ကို ဖွင့်လိုက်ပါ။ ပြီးရင်
System>media
 ထဲကို သွားလိုက်ပါ အဲဒီထဲက bootanimation.zip ကို copy ကူး ပြီး sd ကဒ်ထဲကို ထည့်လိုက်ပါ။ အဲဒါဆိုရင် SD ကဒ်ထဲက bootanimation.zip ကို computer ထဲကူးပြီး zip ကို ဖြည်လိုက်ပါ။ ဖြည်ပြီးရင် ကိုယ့်ဖုန်းရဲ့ တက်လာရင် မြင်ရတဲ့ ပုံစံလေးကို အဆင့်ဆင့် မြင်ရမှာပါ 
part0, part1, part2 .. etc 
part က အမျိုးမျိုး ဖြစ်နိုင်ပါတယ် တစ်ခုတည်းလည်း ဖြစ်နိုင်တယ် 5 ခုအထိ ဖြစ်နိုင်ပါတယ် ကိုယ့်ဖုန်းရဲ့ boot length အတိုင်းပေါ့နော် အဲဒါကို နမူနာကြည့်ပြီးတော့ photo shop ကျွမ်းကျွင်သူတွေက ကိုယ့်စိတ်ကူးနဲ့ ဆွဲ မကျွမ်းတဲ့ သူတွေကတော့ အဲဒီ boot file လေးကို photoshop လေးနဲ့ နည်းနည်း edit လေးလုပ်လိုက်ပါ့ ဥပမာ ကိုယ့်နာမည်လေးကို ပြေးနေတာလေး တွေ့ချင်ရင် main boot အောက်နားလေးမှာ ဘယ်ဘက်အစွန်းမှာတစ်ခု အလယ်မှာတစ်ခု ညာဘက်အစွန်းမှာတစ်ခု ထားလိုက်ပေါ့ အဲဒါဆို ရင် ကိုယ့်နာမည်လေး ပြေးနေတာပေါ့ေိေိ
အဲဒါလေးကို စိတ်ရှည်ရှည်နဲ့ လုပ်ရပါလိမ့်မယ်
အဲဒါလေးလုပ်ပြီးသွားရင် zip ဖိုင်နဲ့ တစ်ခါနည်း zip လိုက်လို့မရပါဘူး 
bootcreator software လေးကို ဒေါင်းလိုက်ပါ ဒေါင်းပြီးရင် 
အဲ software လေးကို ဖွင့်လိုက်ပါ

next ကို နှိပ်လိုက်ပါ


choose folder မှာ ခုနက ဖိုင်ဖြည်ထားတဲ့ folder ကို ရွေးပေးရမှာပါ
ဥပမာ ခုနက ဖိုင်ကို D>boot>part1,part2... လို သိမ်းထားတယ်ဆိုရင် boot ဆိုတဲ့ ဖိုဒါကို ရွေးပေးလိုက်ပါ


 အဲဒါရွေးပေးလိုက်လို့ မှန်တယ်ဆိုရင် good ဆိုတာ ပြပါလိမ့်မယ် ဖိုဒါရွေးဒါ မှာနေရင် အနီရောင်စာတန်းနဲ့ ပြပါလိမ့်မယ်

ဒီအဆင့်မှာတော့ Set the properties အောက်က 480,854,30 ဆိုတာကို select မှတ်ပြီး edit ကို နှိပ်လိုက်ပါ အဲဒီမျာ ကိုယ့်ဖုန်းရဲ့  height နဲ့ width ကို ထည့်ပါ pixels နဲ့ပါ ပြီးရင် 30 ဆိုတာကတော့ animation speed ကို ပြောတာပါ ပြောင်းချင်လဲပြောင်းပေါ့ 30 ထက်တော့ မကျော်ပါနဲ့ အရမ်းမြန်သွားရင် မကောင်းတော့ဘူး အဲ ပြီးရင် Add a loop ဆိုတာကို နှိပ်လိုက်ပါ 
အဲဒီမှာ choose a folder မှာ part1 တွေ part2 တွေ ပေါ်နေလိမ့်မယ် အကုန်လုံးကို အစဉ်လိုက် ထည့်လိုက်ပါ ပြီးရင် bootanimation ဆိုတဲ့ နာမည်နဲ့ save လိုက်ပါ
 save ပြီးသွားရင် အဲဒီ zip လေးကို SD ကဒ်ထဲ copy ကူးထည့်လိုက်ပါ။
ကူးထည့်ပြီးရင် root explorer လေးကို ဖွင့်လိုက်ပါ ခုနက ထည့်ထားတဲ့ bootanimation.zip လေးကို 
System>media
ထဲကို ပို့လိုက်ပါ ပြီးရင် အဲဒီ zip ဖိုင်လေးကို ဖိပြီးတော့ permissions ဆိုတာကို နှိပ်လိုက်ပါ ပြီးရင် 


ကို အဲဒီလိုလေး ပြောင်းလိုက်ပြီး phone ကို restart ချလိုက်ပါ phone က ကိုယ်လုပ်ခဲ့တဲ့ boot file လေးကို အစားထိုးပြီး တက်လာပါလိမ့်မယ်
သတိပေးချက် ..... အခန့် မသင့် ရင် Boot သေတက်ပါတယ် ခင်ဗျာ.
အားလုံးကို လေးစားလျှက်
credit & refer by www.aungkyaw.net

Followers