Showing posts with label techniques. Show all posts
Showing posts with label techniques. Show all posts
Jun 24, 2015
Power Supply ကိုMeter တိုင်ခြင်း
pcstatsPSUtest Power supply မှ DCV အပြည့် ထွက်၊မထွက်ကို Meter နဲ့ စမ်းသပ်ပြပေးသွားမှာဖြစ်ပါတယ်။ ပထမဦးစွာ Power supply ကို casing အတွင်းမှ ဖြုတ်ယူပြီး P1 connector ကိုWire ကြိုး အစိမ်းနှင့် အနက်ကို ကြေးနန်းကြိုးနှင့် ထိုးထားပါ။ Power supply ကို power onပေးပါ။ ဒါဆို power supply က fan လည်လာပါလိမ့်မယ်။ပထမအဆင့်အနေနဲ့ Power supply ကောင်းမွန်တယ်လို့ ယူဆလို့ရပါတယ်။ Powersupplyကောင်းတာတော့ ဟုတ်ပါပြီ Power supply မှ အထွက် Wire ကြိုးတွေကရောသတ်မှတ်ထားတဲ့ DC volt တွေ အပြည့်ထွက်ရဲ့လား ဆိုတာကို ဒုတိယအနေနဲ့စစ်ဆေးရပါအုံးမယ်။ Power supply က AC မှ DC သို့ ပြောင်းလဲပေးတာ ဖြစ်တဲ့အတွက်မီတာနဲ့တိုင်းတဲ့အခါ DC ကိုသာကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် meter channel ကို DCVolt သို့ ဦးတည်ပြီးလှည့်ပေးရပါမယ်။ ဟုတ်ပြီ။ DC Volt ကို လှည့်ထားပြီးပြီဆိုပါစို့။
မည်သည့် volt ကို တိုင်းမှာလဲ။ မီတာမှာတော့ DC volt ကို 0.5 volt မှ 1000 volt အထိပြသထားပါတယ်။ သင့်လျော်တဲ့ volt အားကို မှန်ကန်စွာ ရွေးချယ်တိုင်းတာရမှာ ဖြစ်ပါတယ်။ကွန်ပျူတာမှာရှိတဲ့ power တွေက အများဆုံး 12V ထိပဲ အသုံးပြုပါတယ်။ အဲဒီတော့သင့်အနေနဲ့ 10 volt ထက်နည်းတဲ့ wire ကြိုးတွေကို 10 volt နဲ့တိုင်းပြီး၊ 12 volt ကိုတော့50 volt နဲ့တိုင်းရပါလိမ့်မယ်။
ကွန်ပျူတာမှာရှိတဲ့ Power supply က wire ကြိုးတွေရဲ့ အလုပ်လုပ်ပုံတွေကိုလည်းသိထားရမှာ ဖြစ်ပါတယ်။ ကြိုးတွေကို အရောင်တွေနဲ့ ခွဲခြားထားပါတယ်။အရောင်တွေမတူသလို volt တွေလည်း မတူပါဘူး။ အရောင်က ခုနှစ်မျိုးရှိပြီး၊ အ၀ါရောင်က+12 volt၊ အနီရောင်က 5 volt၊ လိမ္မော်ရောင်က 3.3 volt၊ အညိုရောင်က 3.3V sense၊အပြာရောင်က -12 volt၊ အဖြူရောင်က -5 volt၊ ခရမ်းရောင်က +5 volt၊ အစိမ်းရောင်က power on၊ မီးခိုးရောင်က power good၊ အမည်းရောင်က ground  တို့ဖြစ်ကြပါတယ်။
ဒါကြောင့် ကွန်ပျူတာမှာ 12V ပဲ အများဆုံး သုံးတယ်လို့ ပြောခဲ့တာပေါ့။ Meter channelလေးကို အနီးဆုံး 10V ကို ရွှေ့ပေးလိုက်ပါ။ ဒါဆို စပြီး တိုင်းကြည့်ကြရအောင်။အရင်ဆုံးအနေနဲ့ power connector ကို စစ်ကြပါစို့။ Meter မှ အနီနှင့် အနက် Jerk pinလေးနှစ်ခုကို ယူပြီး jerk pin အနက်ကို P1 connector မှာရှိတဲ့ wire အမည်းကြိုးကိုထိုးထားလိုက်ပါ။ ကြိုက်သည့် အမည်းရောင်ကြိုးမှာ ထိုးနိုင်ပါတယ်။ မီတာက jerk pinအနီကို  P1 connector မှ အနီရောင်ကြိုးကို ထိုးလိုက်ပါ။ ဒါဆို  မီတာ Box မှာ DCV တွင်+5V ပြပါလိမ့်မယ်။ ဒါဆို power supply က power အပြည့်ထွက်ပါတယ်။ အကယ်၍ 3Vလောက် ပြနေလျင်တော့ power အထွက် မကောင်းတော့ပါဘူး။
၎င်းနည်းအတိုင်းပဲ အခြားသော wire ကြိုးတွေမှာလည်း သတ်မှတ်ထားတဲ့ volt အားထွက်၊မထွက် တိုင်းတာပေးရပါမယ်။ 5V ရှိတဲ့ wire တွေကို တိုင်းတဲ့အခါ 5V ရှိရပါမယ်။ 3.3Vရှိတဲ့ wire တွေကို တိုင်းတဲ့အခါ 3.3V ရှိရပါမယ်။ 12V ရှိတဲ့ wire တွေကိုတိုင်းမယ်ဆိုလျင်တော့ မီတာရဲ့ channel ကို 50V ကို ပြောင်းလဲပြီး ဦးတည်ပေးရပါလိမ့်မယ်။မီထာ box မှာ မီတာကိုကြည့်တဲ့အခါ DC ရဲ့ 10V မှာ ဆိုလျင် 0,2,4,6,8,10 ဆိုပြီး ရှိပါတယ်။သင်က 5V ကို တိုင်းခြင်းဆိုလျင်တော့ မီတာတံလေးက 4 နှင့် 6 ကြားမှာ ပြပါလိမ့်မယ်။ 3.3Vကို တိုင်ခြင်းဆိုလျင်တော့ 2 နှင့် 4 ကြားမှာ ပြပါလိမ့်မယ်။ DC ကို 10V ထက်ကျော်ပြီးတိုင်းမယ်ဆိုလျင်တော့ မီတာရဲ့ channel ကို 50 မှာ ထားရမှာပါ။ 50 မှာ ထားတဲ့အခါ0,10,20,30,40,50 ဆိုတဲ့နေရာတွေမှာ ကြည့်ရမှာ ဖြစ်ပါတယ်။ 12V ကို တိုင်းတာလျင်တော့မီတာတံက 10 နှင့် 20 ကြားမှာ ပြနေပါလိမ့်မယ်။ P4 connector၊ Molex connector၊ Mini-Molex connector တို့ကိုလည်း အထက်ပါ နည်းအတိုင်းပဲ တိုင်းရမှာ ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ DCV တွေလည်း ထွက်ရမှာ ဖြစ်ပါတယ်။ အဓိက အရေးကြီးတာကတော့မည်သည့် Wire ကြိုးကိုပဲတိုင်းတိုင်း မီတာရဲ့ Jerk pin အနက်ကိုတော့ power supply ရဲ့အနက်ကြိုးမှာပဲ ထိုးထားရမှာ ဖြစ်ပါတယ်။ DC 12V ထိပဲရှိတဲ့အတွက် လူကို အန္တရာယ်မဖြစ်နိုင်ပေမယ့်  wire pin များ ပူးသွားလျင်တော့ လျော့ဖြစ်သွားနိုင်ပါတယ်။ သတိထားပြီးကိုင်တွယ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Source: Product of MYDATA Game & Software CD /DVD
Credit https://zawhlainghtun.wordpress.com
Jun 9, 2015
ဆရာ အိမောင်ရဲ့ Professional-Web-Developer Ebook လေ့လာခြင်သူများအတွက်
 ဒီစာအုပ်လေးကို ဖတ်ရင် Adobe Reader နဲ Foxit Reader လေးနဲဖတ်ကြပါလိုအကြံပေးလိုက်ပါတယ်။Professional-Web-Developerဖြစ်ခြင်သော သူများအတွက် ဒီစာအုပ်လေးကတော့ ဆရာကောင်း တစ်ယောက်လို ပါပဲ လေ့လာရင် လေ့လာသလောက် Web နဲပတ်သက်ပြီး တိုးတက်လာပါလိမ်မယ်။ ပညာဒါန Share ပေးလိုက်တာပါ ။ဘာကြော်ငြာ Link မှမခံထားပါဘူး။ Solidfile က Download လုပ်ရင်နည်းနည်း ခက်သလိုထင်ရပေမယ့်
  Download Guide ကိုသေခြာဖတ်ပြီး Download လုပ်ရင် အရမ်းလယ်ကူ ပါတယ်။
ကျွန်တော် တင်ပေးလိုက်တဲ့  EBook အသစ်လေးကို လေ့လာပြီး
 ကောင်းကောင်း အသုံးချနိုင်ရင် ကျေနပ်ပါပြီးခင်ဗျာ..။
လူကြီးမင်းမ်ားအားလုံး မဂင်္လာပါခင္ဗ်ာ။
 ဒီနေ့ကျန်ြတော် တို့ Myanmar IT Academy 
(Network,Computer Training & Service Center) 
၂နွစ်ျပည့်တဲ့ အထိမ်းအမွတ်
(Myanmar IT Academy Second Anniversary)
Download Guide
Adobe Reader နဲ့ ဖတ်လို့ အစဉ်ပြေအောင် ပြန်တင်ပေးထားပါတယ်..
EBook Download Here
Credit by Myanmar IT Academy
Apr 23, 2015
uTorrent PRO 3.4.3 Build 39944 Full + Crack (All Windows)
ဒီကောင်လေးကိုတော့သိကြမှာပါ။အခုကောင်လေးက Final Pro 3.4.3 လေးဖြစ်ပြီး
Speed ကောင်းကောင်းနဲ့အသုံးပြုနိုင်ရန် Crack ဖိုင်လေးကိုတွဲတင်ပေးလိုက်ပါတယ်။
အင်စတောလုပ်နည်း ။ ။ မိမိမှာရှိနေတဲ့အဟောင်းကိုအရင်ထုတ်လိုက်ပါ။ပြီးရင်ဒီကောင်
လေးကိုအင်စတောလုပ်ပါ။တကယ်လို့ 3.4.3 Build 39944 အင်စတောလုပ်ပြီးသား
ဖြစ်ပါကထုတ်စရာမလိုပါ။ Crack ဖိုင်ကို Run ပြီးအဆင့်ဆင့်သွားလိုက်တာနဲ့အဆင်ပြေ
ပါတယ်။အခုမှစတင် အသုံးပြုသူတွေအတွက် uTorrent  အရင်အင်စတောလုပ်ပါ။ပြီးရင်
Taskbar မှာပေါ်နေတဲ့ "Tray Icon" ကိုညာဘက်ကလစ်နှိပ်ပြီး Exit နဲ့ထုတ်လိုက်ပါ။
(အင်စတောမလုပ်ခင် ကွန်နရှင်ကိုခဏပိတ်ထားပါ)အင်စတောလုပ်ပြီးသွားတာနဲ့
update လုပ်နေတာကိုခဏစောင့်ပြီးတာနဲ့ Hight Speed နဲ့အသုံးပြုနိုင်ပါပြီ။
Description:
µTorrent – a (very) tiny BitTorrent client for Windows sporting a very small footprint. µTorrent is an efficient, feature rich and built for speed. That means ultra-efficient downloads of mega-sized files. The program was designed to use as little CPU, space and memory as possible while offering all the functionalites expected from advanced clients. With µTorrent, you can download files faster and contribute by sharing files and bandwidth. Most of the features present in other BitTorrent clients are present in µTorrent, including bandwidth prioritization, scheduling, RSS auto-downloading and Mainline DHT. Additionally, µTorrent supports the Protocol Encryption joint specification and peer exchange. µTorrent was written with efficiency in mind. Unlike many torrent clients, it does not hog valuable system resources.
Various icon, toolbar graphic and status icon replacements are available, and creating your own is very simple. µTorrent also has support for localization, and with a language file present, will automatically switch to your system language. If your language isn’t available, you can easily add your own, or edit other existing translations to improve them!
Features:
• Tiny. µTorrent size is about 1 MB (smaller than a digital photo!). It installs ultra-fast with a light footprint on your computer, and runs super-efficiently.
• Easy. Simple and straightforward – that’s µTorrent. With its purpose-built interface, downloading torrents is a snap.
• Accessible. Access µTorrent from anywhere with µTorrent Remote. Easily access your home clients securely (using ultra-private authentication and key-exchange).
• Innovative. Since µTorrent is offered by the team who invented the BitTorrent open source protocol, you know you will always have access to the latest and greatest technologies.
• Fast. Expertly designed for fast downloads. Avoids hogging valuable system resources, runs quietly in the background, and doesn’t interfere with your work, play etc.
• Cutting Edge. Incorporating groundbreaking µTP technology, µTorrent maximizes bandwidth and reduces congestion – so you have the smoothest, quickest downloads possible and don’t make your internet connection slow to a crawl.
• Intelligent. µTorrent is instinctively smart. It auto-adjusts bandwidth usage based upon your network and the Internet. Use Skype, play games, stream video etc., all without interference.
• Plug-n-Play. The program is a snap to install on your home network. In most cases, it’s plug-n-play. We also use UPnP and NAT-PMP technologies to prepare your router for torrent access.
• Protect your computer with integrated antivirus
• Get the codecs you need to enjoy HD video
• Easily move files to your favorite devices
• No advertisements
Requirements:
OS: Windows All
HomePage - http://utorrent.com
Install Notes:
==> DisConnect Internet
==> Install Program (no need - previous version uninstall)
==> When Finish Installation, Close Application "Tray Icon" From Taskbar
==> Run Crack
==> Connect Internet
==> Then Run Application & Wait to update
==> Enjoy ...
Click to Download Below (အောက်မှာဒေါင်းပါ)
★★နည်းပညာမြို့တော်★★
Feb 10, 2015
Internet Download Manager (IDM) 6.22 Crack & Patch Full Version Size(7.2MB)
Internet Download Manager 6.22  တဲ့ အသစ်ထွက်ရှိလာပပါပြီခင်ဗျာ။Full version လေးဖြစ်ပါတယ်။အသစ်ကိုနှစ်သက်ပြီး ဗားရှင်းအသစ်တွေကိုမှ သုံးချင်ကြသူများအောက်မှာဒေါင်းယူသွားနိုင်ပါတယ်
ထိုင်းရောက်ခေတ္တ
http://www.aungkyaw.net/
Jan 28, 2015
Passmark PerformanceTest 8.0 Build 1044 With Keygen Full VerSion Size(26MB)
ကွန်ပျူတာကိုအသုံးပြုရတာ ပိုမိုမြန်ဆန်လာအောင်လုပ်ပေးနိုင်တဲ့ Passmark PerformanceTest ဆော့ဝဲဖြစ်ပါတယ်။ဒီကောင်လေးက ကွန်ပျူတာထဲမှာရှိတဲ့ ကွန်ပျူတာကို လေးလန်စေတဲ့အမှိုက်များကို ပုံစံအမျိုးမျိုးဖြင့် ရှင်းလင်ပေးနိုင်ပါတယ်။
CD,DVD Drive များကို လျင်မြန်အောင်ပြုလုပ်နိုင်ပါတယ်။
www.aungkyawthu.net
priPrinter 6.2.0 Build 2333 Professional With Keygen Full Version Size(4.5MB)
ကွန်ပျူတာမှာ ဓါတ်ပုံတွေ စာရွတ်စာတမ်းတွေကို အလွယ်ကူးဆုံး Print ထုတ်ချင်သူများအတွက် priPrinter 6.2.0 Build 2333 Professional အသစ်ထွက်လာလို့တင်ပေးလိုက်ပါတယ်။ဒီအသစ်မှာတော့ ဓါတ်ပုံများကို passport ပုံများကဲ့သို့ ပုံတူပွားယူနိုင်ပါတယ် နောက်ပြီး ဓါတ်ပုံကို ထုတ်တဲ့နေရာမှာလည်း အလွန်မြန်ဆန်ပြီး ရုပ်ထွက်ကောင်းမွန်စွာ ထုတ်ယူနိုင်ပါတယ် ။ထို့အပြင် ဓါတ်ပုံများကိုလည်း 3D နည်းပညာနဲ့ပြန်လည်ပြင်ဆင်လို့ရပါတယ်လိုအပ်ရင်တော့ထုံးစံအတိုင်းအောက်မှာဒေါင်းယူနိုင်ပါတယ်
http://www.aungkyaw.net
cFosSpeed 10.02 Build 2180 Full Version Size(5MB)
ကွန်ပျူတာမှာ အင်တာနက်လိုင်း နှေးနေသူများအတွက် ဒီဆော့ဝဲလေးနဲ့သာအသုံးပြုလိုက်ပါ။သိသိသာသာမြန်ဆန်လာမှာဖြစ်ပါတယ်။ Upload Speed နဲ့ Download Speed ကိုလိုင်းငြိမ်သက်စွာကစားနိုင်မှာဖြစ်ပါတယ်ဒီဆော့ဝဲလေးက အင်တာနက်လိုင်းကို ငြိမ်အောင်လုပ်ပေးနိုင်ပါတယ်။
https://userscloud.com/xe2x1pzil836
www.aungkyawthu.net
Dec 31, 2014
Desktop ပေါ်မှ ဖျက်မရတဲ့ ဖိုင်များအား CMD Command ဖြင့် ရအောင် ဖျက်နည်း
 11 Sep 13, 03:26 PM
ထက်နိုင်:
အစ်ကိုရေ .. ကျနော့် PC မှာ Desktop ပေါ်က Folder ကို ဖျက်လို့ မရဘူး ဖြစ်နေတယ်။ သူငယ်ချင်း စက်မှာရောပဲ။ Shift+Del နဲ့လည်း မပျက်ဘူးဖြစ်လို့ ဖျက်လို့ရမယ့် နည်းလမ်းလေး ရှင်းပြပေးပါဦး အစ်ကို။
တခါတရံမှာတော့ ကျနော်တို့ Desktop ပေါ်က ဖိုင်တွေ၊ ဖိုဒါတွေကို ဖျက်မရတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်..။ ဖိုင်တွေ ဖွင့်ကြည့်ရင်လည်း ဘာမှမရှိဘူး..၊ သုံးလို့လည်း မရ၊ ဖျက်ပစ်လို့လည်း မရတတ်တဲ့ အခါမျိုးတွေမှာ ဒီပိုစ့်ကနည်းလေးက အတော်လေး အဆင်ပြေတဲ့နည်းလေးပါပဲ..။ အခုလက်ရှိမှာတော့ ကျနော့် Desktop ပေါ်မှာ ဖျက်မရတဲ့ ဖိုင်မျိုး မရှိသေးပါဘူး..။ ဒါပေမယ့်လည်း ဒီလုပ်နည်းကို အသုံးပြုတတ်အောင်
ဒီပိုစ့်မှာ ဖိုင်တခုကို ဒီ CMD Command နည်းနဲ့ ဖျက်ပြထားပါတယ်..။ ဒီနည်းလေးကို အသုံးပြုတတ်သွားရင်တော့ Desktop ပေါ်က ဖိုင်မှ မဟုတ်ပါဘူး.. ဝင်းဒိုးတခုလုံးမှာ ရှိတဲ့ ဘယ်နေရာက ဖိုင်ကိုမဆို (ဝင်းဒိုးရဲ့မူရင်းဖိုင်တွေကလွဲလို့ တခြားဆော့ဝဲလ်တွေရဲ့ ဖိုင်တွေကို) ဒီနည်းနဲ့ အလွယ်တကူ ဖျက်ပစ်လို့ ရမှာ ဖြစ်ပါတယ်..။
တခြားအသုံးပြုလို့ ရတဲ့နည်း ကတော့ ဆော့ဝဲလ်နဲ့ ဖျက်တဲ့နည်းပါ..။ အရင်တုန်းက ပိုစ့်တင်ပေးခဲ့ဖူးတဲ့ Unlocker ဆော့ဝဲလ်လေးနဲ့လည်း Desktop ပေါ်က ဖျက်မရတဲ့ ဖိုင်တွေကို ဖျက်ပစ်လို့ ရပါသေးတယ်..။ ပုံလေးတွေနဲ့ အသုံးပြုတတ်အောင် ရှင်းပြပေးထားတဲ့ Unlocker အသုံးပြုနည်း ပိုစ့်ကို ပြန်လည်လေ့လာကြည့်လိုတဲ့ သူများကတော့ ကလစ်ပြီး ပြန်ကြည့်နိုင်ပါတယ်..။ အခု ဒီပိုစ့်က CMD Command နဲ့ ဖိုင်တွေ ဖျက်နည်းကို အောက်မှာ ပုံလေးတွေနဲ့ အသုံးပြုတတ်အောင်ပါ  တခါတည်း ပြပေးထားလို့ လေ့လာလိုသူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။
ဒီပုံလေးကတော့ Delete နဲ့ ဖျက်မရတဲ့ ဖိုင်တွေကို ဖျက်တဲ့အခါမှာ ပေါ်လာတတ်တဲ့ စာသားမျိုးတွေနဲ့ ဘောက်စ်လေးပါပဲ..။ Try again ကို နှိပ်ပေမယ့်လည်း ဖျက်ပစ်လို့ မရပါဘူး..။ အဲ့ဒီလို ဖျက်ပစ်လို့ မရတဲ့ ဖိုင်တွေကို ဒီ CMD Command နည်းကို အသုံးပြု၍ အလွယ်တကူ ဖျက်ပစ်လို့ ရမှာ ဖြစ်ပါတယ်..။
အရင်ဆုံး Search (or) Run မှာ cmd လို့ ရိုက်ထည့်ပြီး ကလစ် (or) OK နဲ့ CMD ဘောက်စ်ကို ဖွင့်လိုက်ပါ..။ အောက်ကပုံလေးတွေ အတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။
CMD ဘောက်စ်ပေါ်လာရင် အောက်ကပုံလေးအတိုင်း အရင်ဆုံး [ cd /d ] စာသားကို ရိုက်ထည့်ပြီး စာလုံးခြား (Space) ထားပါ..။ နောက်ပိုင်း ရိုက်ထည့်တဲ့ စာသားတွေမှာလည်း Space ခြားရမယ့် နေရာတွေကို သေချာကြည့်ပြီး၊ စာလုံးခြားပြီးမှ မှန်အောင် ရိုက်ထည့်ပေးပါ..။
ဒီအဆင့်မှာတော့ မိမိတို့ ကွန်ပျူတာရဲ့ User Name အမှန်ကို သိဖို့ လိုပါတယ်..။ တကယ်လို့ မိမိတို့ User Name မှာ နာမည်မပြောင်းထားဘူးဆိုရင် အောက်ကပုံလေးအတိုင်း ကလစ်ပြီး ကြည့်လို့ ရမှာ ဖြစ်ပါတယ်..။ နာမည် ပြောင်းထားပြီးသားဆိုရင်တော့ အရင်နာမည်ကို တွေ့အောင် ရှာပါ..။ ကျနော်ကတော့ အောက်ကပုံ ၂-ပုံ အတိုင်း ရှာယူပါတယ်..။
အောက်ကပုံကတော့ ဖျက်မရတဲ့ ဖိုင်ကို ဖွင့်လိုက်ပြီး မျှားပြထားတဲ့ နေရာကို ကလစ်လိုက်ရင် အောက်က ဒုတိယပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။
ဒီလို ဖိုင်တွေ ဖွင့်ကြည့်လို့ ရတဲ့ စက်တွေမှာ အောက်ကပုံအတိုင်း ဖွင့်ပြီး ဒီဖိုင်ရဲ့ လမ်းကြောင်းကို [ C:\Users\Lwinminbo\Desktop ] နေရာထိ စလက်ဆွဲပြီး copy ယူလိုက်ပါ..။
ဖွင့်ကြည့်လို့လည်း မရတဲ့ ဖိုင်မျိုးတွေဆိုရင်တော့ သူ့ရဲ့ဖိုင်လမ်းကြောင်းကို သိရအောင် ဒီအတိုင်း ရှာယူရမှာပါ..။ မိမိတို့ computer ကိုဖွင့်လိုက်ပါ..။ (C:) အပိုင်းကို ထပ်ဖွင့်ပါ..။ Users ကနေ အဝါရောင် သော့ပုံလေး ရှိတဲ့ဖိုင်ကို ဖွင့်ပါ..။ ပြီးရင် Desktop ဖိုင်ကို ထပ်ဖွင့်လိုက်ရင် ရပါပြီ..။ အောက်ကပုံမှာ (C:) ထဲကနေ သွားပြီး ဖိုင်လမ်းကြောင်းရှာတတ်အောင် ပုံတွေအားလုံး စုပြီး ပြပေးထားလို့.. သိပ်မမြင်ရရင်တော့ အောက်ကပုံကို ၂-ချက်ကလစ်ပြီး ပုံကြီးချဲ့ကြည့်နိုင်ပါတယ်..။ ပိုပြီး ကြီးကြီးကြည့်လိုရင်တော့ မိမိတို့စက်ထဲကို ရောက်အောင် Right Click >> Save image as နဲ့ သိမ်းပြီး မိမိတို့ စက်ထဲမှာ ပုံကြီးချဲ့ ကြည့်နိုင်ပါတယ်..။ ဒါကတော့ အပေါ်ပိုင်းက ပုံတွေနဲ့ ဒီအောက်ကပုံမှာ နောက်စက်တလုံးနဲ့ User Name မတူတာကို ပြပေးထားတာပါ..။ အဓိကကတော့ ဖိုင်လမ်းကြောင်း ရှာယူတတ်ဖို့ပါပဲ..။
အောက်ကပုံမှာ မြင်နေရတဲ့ [ cd /d ] စာသားနောက်မှာ အပေါ်ပုံတွေမှာ ရှာယူထားတဲ့ ဖိုင်လမ်းကြောင်း  [ C:\Users\Lwinminbo\Desktop ] ကို copy-paste နဲ့ ထည့်ပေးလိုက်ပါ..။
အောက်ကပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ ပြီးရင်တော့ Enter တချက်ခေါက်ပေးလိုက်ပါ..။
Enter ခေါက်ပြီးရင်တော့ အပေါ်ပုံအတိုင်း ဆက်မြင်ရမှာ ဖြစ်ပြီး.. အဲ့ဒီနေရာမှာ [ dir /x ] စာသားကို ရိုက်ထည့်ပြီး Enter ခေါက်ပါ..။
အပေါ်ပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ အဲ့ဒီမှာ မိမိတို့ ဖျက်ပစ်လိုတဲ့ ဖိုင်နာမည် အတိုကောက်ကို ယူရမှာ ဖြစ်ပါတယ်..။ Desktop မှာ ပြထားတဲ့ ကျနော် ဖျက်ပစ်မယ့် ဖိုင်နာမည်ကို ဒီ CMD ထဲမှာလည်း ပေါ်နေတာ မြင်ရပါပြီ..။ အပေါ်ပုံမှာ အဝါရောင်နဲ့ မျှားထိုး ပြထားတဲ့ အတိုကောက်စာလုံးတွေကို [ rmdir /q /s (File Name) ] rmdir /q /s စာသားနောက်က Name နေရာမှာ အတိုကောက် စာလုံးတွေကို မှန်အောင် တလုံးချင်း ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးအတိုင်း ဖြစ်ရမှာပါ..။
အပေါ်ပုံအတိုင်း စာလုံးတွေ မှန်အောင် ရိုက်ထည့်ပြီးသွားရင်တော့ Enter ခေါက်လိုက်တာနဲ့ Desktop ပေါ်က ဖျက်မရတဲ့ ဖိုင်လေးကို ဒီနည်းနဲ့ ဖျက်ပစ်လိုက်လို့ ရသွားပါပြီ..။ အောက်ကပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။
မိမိတို့ အသုံးမလိုတော့ဘူး ဆိုရင်တော့ အပေါ်ကပုံအတိုင်း CMD ကို Exit ရိုက်ထည့် Enter နှိပ်ပြီး ထွက်လိုက်လို့ ရပါပြီ...။ ဒီနည်းလေးကို အသုံးပြုတတ်သွားရင်တော့ ဖျက်မရတဲ့ ဖိုင်တွေကို ဖျက်လို့ ရသွားပါပြီ..။ အားလုံးပဲ အသုံးပြုတတ်၍ အဆင်ပြေပါစေ..။
copy from>>:http://lwinminbo.blogspot.com >>thanks
Core i3,Core i5,Core i7 ကွာခြားချက်များ
Core i3 , core i5 , core i7 အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….
Core i series Architecture
Core i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture ဆိုပြီးရှိပါတယ်.. ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး ထုတ်လုပ်ပါတယ်…Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ စပြီးထုတ်ခဲ့ပါတယ်..
Core i series code name
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။
Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..
Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology
1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..
7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...
Nehalem microarchitecture based
Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..
Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..
Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..
Sandy Bridge microarchitecture based
Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..
Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..
Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..
အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်..ညီအစ်ကို မောင်နှများအားလုံး knowledge ရကြပါစေခင်ဗျာ..
ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်) 
Dec 30, 2014
How to change myanmar font in iTunes
iTunes 10 မှာ မြန်မာဖောင့်တွေ မြင်ရအောင် လုပ်တဲ့နည်းလေးကို အတတ်နိုင်ဆုံးရှင်းလင်းစွာ တင်ပြပေးလိုက်ပါတယ်။ မြန်မာလို နံမည်တပ်ထားသော သီချင်းစာရင်းလေးများကို တွေ့မြင်ရတာ iTunes မှာ တစ်မျိုး အမြင်ဆန်းနေစေပါတယ်။
လုပ်ငန်းစဉ်
၁) C:\Program Files\iTunes\iTunes.Resources\en.lproj (folder) ကိုသွားပါ။ (Window 7 ဖြစ်ပါက Program Files (x86) တွင်ရှိပါသည်)။
၂) အောက်ဆုံးနားမှာ "TextStyle.plist" ဆိုသော file ကိုတွေ့ပါလိမ့်မည်။ အဲဒီ file ကို Right click ခေါက်ပြီး Open with မှာ Note Pad ကို (Default program) အဖြစ် ရွေးပြီး ဖွင့်လိုက်ပါ။
မှတ်ချက်။ ။ ဤ file ကို ပြုပြင်ပြီးသွားရင် Save နိုင်ရန် အတွက် Note pad သည် Default program ဖြစ်ဖို့လိုအပ်ပါသည်။
၃) Note pad နှင့် ဖွင့်ထားသော "TextStyle.plist" file ကို ခတ္တပြန်ပိတ်လိုက်ပါ။
၎) Start up Menu ရှိ Search box တွင် "Note Pad" ဟုရိုက်ပါ။ "Note Pad" ကိုတွေ့ပါက Right click ခေါက်ပြီး "Run as administrator" ကိုရွေးပေးလိုက်ပါ။
၅) ထို့နောက် "TextStyle.plist" file ကို ပြန်ဖွင့်ပါ ဒီတစ်ခါ Note pad နှင့် အလိုလျှောက် ပွင့်လာပါမည်။
၆) Edit -> Replace ကိုနှိပ်ပါ အောက်ပါပုံအတိုင်း Box တစ်ခုကျလာပါမည်။
ဒီနေရာမှာ ကျွန်တော်တို့ Font လေးမျိုးကို ပြင်ဆင်ပေးရပါမည်။ (Tahoma, Lucida, Grande, Segoe UI) တို့ပဲဖြစ်ပါတယ်။
၇) Box ထဲက Find what : တွင် Tahoma ကိုရိုက်ထည့်ပြီး Replace with : နေရာတွင် Zawgyi-One ဟုရိုက်ပါ၊ ပြီးနောက် 'Replace All" button ကိုနှိပ်ပါ။
၈) အဆင့် (၇) တွင် ဖော်ပြထားသကဲ့သို့ ကျန်ရှိနေသေးသော (Lucida, Grande, Segoe UI) font သုံးမျိုးတို့ကို တစ်လှည့်စီ ပြောင်းပေးပါဦး။
၉) အားလုံးပြီးသွားပါက Save လုပ်လိုက်ပါ။
ကဲပြီးသွားရင် မိမိ iTunes ထဲကို မြန်မာလို အမည်ပေးထားတဲ့ သီချင်းလေးတွေ ထည့်ကြည့်ပါဦး အောက်ပါအတိုင်း မြင်တွေ့ရပါလိမ့်မယ်။
ချွင်းချက်ကတော့ iTunes Library ထဲက Music တစ်ခုထဲမှာသာ မြန်မာလို အမည်ပေးထားတဲ့ သီချင်းလေးများကို မြင်ရမှာဖြစ်ပြီး Movie, Books တို့မှာတော့ မြန်မာလို အမည်ပေးထားသော်လည်း လေးထောင့်တုံးများသာ ပေါ်နေပါမည်။
windows 7 မှာ Missing operating system ဖြေ ရှင်း နည်း
windows 7 မှာ Missing operating system ဖြစ် ပြီး windows ပြန် တက် မလာ တော့ တဲ့ ပြသနာ ဖြေ ရှင်း နည်း လေး ပါ။ Windows 7 DVD ခွေတစ် ခု ကို အသုံး ပြု ပြီး command prompt  က နေ ပြန် လည်  ဖြေ ရှင်း နည်း လေး ပါ။
အဆင့်  ( ၁ ) 
---------------------------------
windows 7 dvd ခွေ ကို သင့် ကွန်ပျူ တာ ထဲ ကို ထည့် ပေး ပါ။
အဆင့်  ( ၂ )
----------------------------------
restart ချ ပြီး ပုံမှန် windows တင် သလို ပဲ မိမိ တို့  ကွန်ပျူ တာ မှ သက် ဆိုင် ရာ key များ ကို နိုပ် ပြီးBIOS ထဲ ကို ဝင်ရောက် လိုက် ပါ။BOOT ORDER ကို ချိန်း ပေးပါ။BIOS ထဲ ကို ဝင် လို့  ရ မဲ့  သက်ဆိုင် ရာ KEY တွေ ကို မသိ သေး ရင် ဒီမှာ လေ့ လာ ပေး ပါ။
အဆင့်  ( ၃ )
-------------------------------
WINDOWS ပုံမှန် ပြန် တင် လို့ ရ မဲ့  နေ ရာ ကို ရောက် တာ နှင့်  ကျ နော် တို့  REPAIR COMPUTER 
ကိုနိုပ်ပေးရပါ မယ်။
အဆင့်  ( ၄ ) 
------------------------------
အောက်ပုံ မှာ ပြ ထား တဲ့ use recover tool လေး ကိုအမှန် လေး ခြစ် ပေး ပြီး next ကို နိုပ်ပေးပါ။
အဆင့်  ( ၅ ) 
-----------------------------
“System Restore” or “System Image Recovery”
Read more at: http://windows7themes.net/en-us/missing-operating-system-windows-7/ © windows7themes.net
“System Restore” or “System Image Recovery”
Read more at: http://windows7themes.net/en-us/missing-operating-system-windows-7/ © windows7themes.net
System Restore” or “System Image Recovery”.
Read more at: http://windows7themes.net/en-us/missing-operating-system-windows-7/ © windows7themes.net
system Restore or system image recovery မလုပ်ပါနဲ့ command prompt လေး ကို ဖွင့် ပါ။
အဆင့်  ( ၆ )
----------------------------
command prompt လေး ထဲ မှာ အောက် က စာ တွေ ကို ရိုက် ထည်း ပေး ပါ။ entre ခေါက်ပါ။
chkdsk c: /f/r
/f /r will both fix errors and recover lost data.
/f will only fix errors on your disk
/r will only recover lost data
Read more at: http://windows7themes.net/en-us/missing-operating-system-windows-7/ © windows7themes.net
chkdsk c :/f /r
/f/r
/f
/r
  ပြီးရင် restart ချ ပြီး ပြန် သုံး ကြည့် ပါ။ အဆင် ပြေ သွား ပါ ပြီ။
Followers