Jul 17, 2013

.NET Framework Error Solution


NeroStarSmart 12 ဖွင့်လိုက်ရင် အောက်ပါပုံမှာ ပါတဲ့အတိုင်း .NET Framework Require Error တက်လာတယ်..ဖြေရှင်းပေးပါဦးလို့အစ်ကိုတစ်ယောက်က တောင်းဆိုထားတဲ့အတွက် ဒီပိုစ့်လေးကိုတင်ပေးလိုက်ပါတယ်....အောက်ပါ ပုံအတိုင်း Error တက်နေတဲ့ သူများအတွက် ပေးထားတဲ့ Software ကို Download ရယူပြီး Install လုပ်လိုက်တာနဲ့ အဆင်ပြေသွားမှာဖြစ်ပါတယ်..ကွန်ပျူတာ အသုံးပြု
သူတိုင်းလဲ မဖြစ်မနေထည့်သွင်းထားရမယ့် အရေးကြီးဆုံး Program တစ်ခုဖြစ်ပါတယ်..ဒါမှ ကိုယ်သွင်းလိုက်
တဲ့ Software တွေဟာ စွမ်းဆောင်ရည်အပြည့်ရပြီး Error ကင်းစင်မှာဖြစ်ပါတယ်ခင်ဗျာ...
 
 
Ref & Credit  => http://www.mmithelper.com/2013/01/net-framework-error-solution.html

Solve 25 Common Problems in Windows XP with One Software


 Solve 25 Common Problems in Windows XP with One Software
Windows XP မှာ Virus ကြောင့်ဖြစ်စေ..အခြားသော အကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်စေ အသုံးပြုမရတော့တဲ့ Windows Tools တွေကို ပြန်လည်ဖော်ထုတ်ပေးမယ့် Software လေးဖြစ်ပါတယ်..
လူတိုင်းဆောင်ထားသင့်ပါတယ်...လိုအပ်သူများ Download ရယူနိုင်ပါပြီခင်မျာ..

Download=>Solidfiles / Tusfiles
If virus attack to our PC, Task manager, Registry Editor, Run Dialog box will be Disabled. If we open the Task manager or Registry editor a Error message will be displayed.


For example if we open Task Manager, a message will appear as below
"Your Task Manager has been disabled by your Administrator"

We can solve this problem and some other 25 common problems by using "XP Quick Fix".


Those common problems are listed below.

Enable Task Manager
Enable Rejistry Editor
Stop My Document open at start-up
Enable Folder Options
Restore Missing Run Dialog box
Enable Command Prompt
Restore My Computer (Computer) Proprieties
Restore Device Manager
Fix delay in opening Explorer
Restore grayed Explorer and Taskbar toolbar
Restore My Document Proprieties
Remove OEM splash and wallpaper
Restore My Network Place to Desktop
Enable Recovery Console
Restore grayed file association
Fix Right-Click Error
Fix slow network file/shared/remote
Restore Network icon to system tray
Fix slow Hot-keys
Fix CD/DVD drive is missing or not recognized
Fix CD auto-play
Restore "Send To" context menu item
Restore the native ZIP file integration
Fix error 1606 couldn't access network location
Error when trying to access Add or Remove/ program and features program
Ref & Credit  =>http://www.mmithelper.com/2013/02/solve-25-common-problems-in-windows-xp.html

Windows explorer has stopped working error ဖြေရှင်းနည်း



တစ်ခါတစ်ခါ........Computer သုံးနေရင်းနဲ့....Box တစ်ခုတက်လာတယ်.......
Windows explorer has stopped working..ဆိုပြီးတော့.........
ဖြေရှင်းနည်းကတော့ နှစ်နည်းရှိတယ်.......
ပထမနည်းဖြစ်တဲ့.Registry Editor ကနေ ဖြေရှင်းနည်းကိုပြောပြပေးသွားပါ့မယ်.


Registry ထဲမှာ ၀င်ပြင်ပါ့မယ်..
Registry ထဲမှာ ၀င်ပြင်မှာဆိုတော့ ..Window+R ကိုနှိပ်ပြီး. regedit ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ..

Editor ပေါ်လာရင်တော့ HKEY_LOCAL_MACHINE ကိုသွားပါ...

  အောက်မှာမြှားပြထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်နော်...

HKEY_LOCAL_MACHINE >>>Software>>>>Microsoft>>>>Window

Window အောက်က Current Version.....နောက်...Explorer...........
Explorer အောက်က Browser Helper Objects ကို
Right Click နှိပ်ပြီး Delete ကိုနှိပ်လိုက်ပါ။

ပြီးရင် Yes.......  ပေါ့...
ပြီးရင် စက်ကို Restart တစ်ခေါက်ချပေးလိုက်......စက်ပြန်တက်လာတာနဲ့ Error Message ကိုမြင်ရတော့

မှာမဟုတ်တော့ပါဘူးခင်မျာ..

===================================================

နောက်ဆုံးနည်း ဒီမှာ Click ပြီးဝင်ကြည့်ပေးပါ...Error ဖြစ်ရတဲ့အကြောင်းရင်းတွေကို သေချာရှင်းပြထားပြီး
ဖြေရှင်းနည်းတွေကိုလည်း ဝေေ၀ဆာဆာဖော်ပြပေးထားပါတယ်..ဒီလို Error မျိုးက တစ်သတ်မတ်တည်း
ဖြေရှင်းလို့မရနိုင်ပါဘူး...ဖြစ်နိုင်တဲ့အကြောင်းရင်းတွေ အများကြီးမလို့ပါ...အဆင်ပြေကြပါစေခင်မျာ..

 Ref & Credit  => http://www.mmithelper.com/2013/02/windows-explorer-has-stopped-working.html

ကွန်ပျူတာသမားတိုင်းအတွက် Errors & Manual Methods Myanmar Version Ebook




ကွန်ပျူတာသမားတိုင်းအတွက် Software မသုံးပဲ့ manual နည်းဖြင့် ဖြေရှင်းနည်း post များကို ဖတ်သူများ လွယ်ကူအောင် pdf အဖြစ် ပြောင်းရုံပဲ့ပြောင်းထားပါသဖြင့်  စာအုပ်ထဲတွင်ပါသမျှသည် ကျွှန်တော်နဲ့ မသက်ဆိုင်ပါကြောင်း အရင်ကတော့ ကိုယ့်ဟာကို ဖတ်ဖို့ စုထားပေမယ် လိုချင်သူများအတွက်ပါ ရအောင် တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်... လိုချင်သူများ ရယူနိုင်ကြပါပြီခင်မျာ

FireFox Slowing Error Solution !


 Firefox မှာ ဖွင့်ရင် နှေးနေတယ်ဆိုတဲ့အစ်ကိုအတွက် အကောင်းဆုံးဖြေရှင်းနည်းလေး တင်ပေးလိုက်ပါတယ်
ဘာကြောင့် ဒီလိုနှေးသွားသလဲဆိုရင် ဖြစ်နိုင်ခြေတွေက..System Cleaner တစ်ခုခုကို ပုံမှန်အသုံးမပြုခြင်း.. ( C Cleaner ) လို Software မျိုးကို ပုံမှန်အသုံးမပြုခြင်း....အင်တာနက်အသုံးပြုပြီး History များကိုသေချာ မရှင်းထုတ်ခြင်း... .Firefox တွင် Plug In များ.. Add On များ အလွန်များပြားနေခြင်း. ..အဲဒီသုံးချက်ကြောင့် အဖြစ်များပါတယ်.  .. ဒါကြောင့် အထိရောက်ဆုံးဖြေရှင်းနည်းလမ်း များကို ရေးသားပြပါ့မယ်....

ဖြေရှင်းနည်း (၁) >>> Firefox ရဲ့ထိပ်မှာ Tools ဆိုတာရှိပါတယ်...၄င်းကိုနှိပ်ပါ.................
Tools >> Clear Recent History အဆင့်ဆင့် ၀င်လိုက်ပါ..ပြီးတာနဲ့ Time Range To Clear မှာ Everythings
ကိုရွေးချယ်ပါ..ပြီးတာနဲ့ Clear Now ကိုနှိပ်လိုက်ပါ...ခဏစောင့်ပါ.. Firefox ကိုအပီးတိုင်ပိတ်ချလိုက်ပါ..ပြီး
လျှင်ပြန်ဖွင့်ပါ...အဆင်ပြေဖို့များပါတယ်...အဆင်ပြေခဲ့ရင် ..အင်တာနက်သုံးပီးတိုင်း အခု ကျနော်ပြောသလို
အမြဲတမ်းလုပ်ပေးပါ...............

ဖြေရှင်းနည်း (၂) >>>  Speedy Fox Software ကိုအသုံးပြုပါ... ဒီမှာ ဒေါင်းပါ... ..
အသုံးပြုနည်းကတော့ ..Firefox ကိုရော..Chrome ကိုပါ..လုံးဝပိတ်ထားပြီး.. Optimize! ကိုနှိပ်ပြီး ညွှန်ကြား
ချက်အတိုင်းဆက်လုပ်သွားရုံပါဘဲ....။ ဖြေရှင်းနည်း ( ၁ နှင့် ၂ ) ကိုတွဲသုံးပါ....။

ဖြေရှင်းနည်း (၃) >>> Firefox ကို Version အသစ်ပြန်တင်ပါ... Version အဟောင်းကိုဖြုတ်ပစ်ပါ..
Version အသစ်ကို ဒီမှာ ဒေါင်းပါ

ဒီသုံးနည်းထဲက တစ်နည်းနည်းနဲ့အဆင်ပြေသွားပါ့မယ်ခင်မျာ........... Good Luck..!
Ref & Credit  => http://www.mmithelper.com/2013/02/firefox-slowing-error-solution.html
ကျားဖူးဘောင်
၁၉၈၂ နိုင်ငံသား ဥပဒေတွင် ရိုဟင်ဂျာလူမျိုး မရှိဂျောင်း သမတပေါဂွင့်ရ ပုပ်ကိုယ် ဦးရဲထွဋ်မှ ပြောကြားသဖြင့် အီတွန့်ဗွမ် လူမျိုးစာရင်းပေါက်ရန် ကြိုးပမ်းနေသော မဟုတ်တရုတ်သဗုံ ကြေးမုံဂျီး မျှော်လင့်ချက် ဆုံးခန်းတိုင် သွားပြီဖြစ်သည်။  
ပျံရင်ပစ်မယ်
လက်ပံတောင်း အစီရင်ခံစာ ဆောင်ရွက်ချက်များအား ပြည်သူများ မကြေနပ်လျင် လွှတ်တော်ပျံ တင်ပြမည်ဟု ပုလဲအန်အယ်လ်ဒီအမတ် ဒေါ်ခင်စန်းလှိုင်မှ ပြောသောကြောင့် လွှတ်တော်ရှေ့တွင် လေယဉ်ပစ်အမြောက်များ ချထားဂျောင်း လေတပ်ဗိုလ်မှူး ဖားပြုတ်အောင် လေယဉ်ဆီ မှောင်ခိုလာရောင်းစဉ် သိရသည်။
လက်ကြီးနဲ့
UWSA စီးပွားရေး ဌာနဂျီးမှူး မိုက်ခဲကြေးမုံဂျီးနှင့် တြိဂံတိုင်းမှူး စမူဆာကြောင်ကြီးတို့ တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရမှ တောင်းဆိုသော ဝတပ်မြေပုံအစား ကြေးမုံဂျီး၏ စွဲမက်ဖွယ် ကိုယ်အတိုင်းအထွာ ၃၅-၂၃-၃၆ အား ကြောင်ကြီးကိုယ်တိုင် ပေကြိုးတိုင်းခွင့် ရသဖြင့် ပြဿနာ ပြေလည်သွားပြီဖြစ်သည်။
ထင်သားဘ
ဦးကျော်ဆန်းမှာ ရန်သူများခဲ့၍ သမဝါယတွင် ဝံဂျီးဖြစ်လျင် အခက်အခဲတွေ့မည်ဟု အထင်မှားခဲ့ကြောင်း ဗဟိုသမအသင်း အုတ်ကထ ဦးခင်မောင်အေးမှ ပြောကြားသဖြင့် ၎င်းတို့နှစ်ဦး ဆက်သွယ်မှုအား စုံစမ်းခဲ့ရာ မဆလခေတ် ရပ်ကွက်သမအသင်းတွင် သူတို့နှစ်ဦး အုတ်ကထနှင့် ရေနံဆီဝေသူ လုပ်ခဲ့ဂျသည်။
လူဝံပီးဒေါ့မျောက်ဝံ
နယ်စပ်လူဝင်မှု ကွပ်ကဲရေး ဌာနချုပ်အား ဖျက်သိမ်းလိုက်ရာ ဌာနချုပ်မှူး ဆာဒူးဂျီးကပေအား လောင်းကစားမှု ပပျောက်ရေးတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့ခန့်ထားဂျောင်း နိုင်ငံဒေါ်အမိန့်ပြန်တမ်း ထုတ်ပျံသည်။
ကြည့်ဖို့သာပြင်
ဝတပ်နှင့် မြန်မာစစ်တပ်အကြား ပဋိပက္ခမှာ အောက်ပိုင်း အထင်မှားမှု သက်သက်ဖြစ်သဖြင့် နောင်အလားတူ မကြုံစေရန် နှစ်ဖက်အမျိုးသမီးများ စကပ်၊ ထမီ ဝတ်ဆင်ရန်၊ ဘောင်းဘီဖြစ်ပါက ဖင်ကျပ်နှင့် သရီးကွာတား အတိုဝတ်ရန် သဘောတူခဲ့ဂျသည်။
ဒါတော့အသိဝူး
GWအဖွဲ့ အတွင်းရေးမှူး ကိုဝေဖြိုးအား ဆိုင်းငံ့ထားသည့် ၁၉၆၂ ပုံနှိပ်အက်ဥပဒေဖြင့် ပြည်အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီးခြင်းအတွက် ပျံကျားရေးဒုဝံဂျီး ဦးရဲထွဋ်မှ ပြည်ထဲရေးဌာနသို့ တရားဝင် စာပို့မေးမြန်းလိုက်သော်လည်း ရဲတပ်ဖွဲ့ အကျင့်ပျက် ချစားနေမှုများကိုမူ ကိုယ့်ဖာသာကိုယ်မေးရန် သာဒင်းထောက်များအား လွှဲချသွားသည်။
ခြစ်ခြင်းတယား
ရာမာဒန်ဥပုသ်လအတွင်း ဂေဇက်ဗလီဆရာ မာမွတ်ခိုမ်နှင့် ၉၆၉ကြောင်ကြီး အပစ်အခတ် ရပ်ထားသော်လည်း သမီးဒေါ်လေး တယောက်ထဲရှိချိန် ရှာပွတ်အိမ်ဒေါ်အား အလစ်စီးနင်းခွင့်ရှိဂျောင်း ကြားဝင်စေ့စပ်သူ ဂဇက်ရွာ ဘင်္ဂါလီ ကိုယ်ဆားလှယ် ကလိုင်းဖင်မှောင်ထံမှ သိရသည်။
ဝေါ့…
သတင်းကြားဖြတ် အခိုးခံရမှု တားဆီးရန် ရုရှားစပိုင် အေဂျင်စီများမှ လက်နှိပ်စက် အသုံးပြုနေမှုကို အတုယူ၍ ဂေဇက်သဂျီး မာမွတ်ရှာပွတ်ခိုမ်မှ ကိလေသာ ထသည့်အခါ ကွန်ဒွန်ကို ဆိတ်အူဖြင့် အစားထိုး သုံးနေရာ စားပီး နားမလည် ဝါးပီး ထွေးထုတ် မလုပ်ဘဲ ဝက်အူချောင်းတွင် ရီဆိုင်ကယ် ပြုမည်ကို အများစိုးရိမ်နေသည်။
ဖင်လှန်ကောင်းလို့
လိင်တူချသူ ဂျော်လကီအောင်ပုအား ဖင်လှန် လမ်းလျောက်မှုဖြင့် အရေးယူထားရာ တရားရုံးတော်တွင် ၎င်းက ဖင်လန်နိုင်ငံသူကဲ့သို့ မန်းကျုံးဘေး ခါးနွှဲ့လျောက်ခြင်းအား လီဆယ် ဖမ်းဆီးခြင်းဖြစ်ကြောင်း  ထွက်ဆိုသည်။
အခြစ်နဲ့စစ
လာမည့် ရွေးဂေါက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လူငယ်များကိုသာ ဦးစားပေး ရွေးချယ်မည်ဖြစ်ရာ သဂျီးသာမီးဒေါ်ဂလေးနှင့် မောင်ကြောင်ကြီးတို့ ဂေဇက် အန်အယ်လ်ဒီ အမတ်နေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိသည်။
ပေါင်းထားကွ
ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ဂေါင်းဆောင် ဆလိုင်းဖင်ပြောင်နှင့် အိုအိုင်စီအဖွဲ့ အတွင်းရေးမှူး  ပင်လယ်ပျော့တို့ မက္ကာမြို့၌ လျို့ဝှက်တွေ့ဆုံစဉ် ကုတ်ချာကြောင်ကြီးသည် သဂျီးမာမွတ်ခိုမ်၏ ယုံကြည်အားကိုး ခြစ်လှစွာသော သားမက်လေးဖြစ်ကြောင်း၊ ၎င်းကိုပိုင်လျင် ဂေဇက်ရွာကို ရပြီဖြစ်ကြောင်း ပြောဆိုထားသော မှတ်တမ်းအသံဖိုင် ထွက်ပေါ်လာသည်။
ကြောင်သားမက်
ခြစ်ကိုယ်ဂျီး မင်းကိုနိုင်ရေးသော “သူကြီးသားမက်၏သူငယ်ချင်း” ကဗျာစာအုပ်နှင့်အပြိုင် “သူကြီးသူငယ်ချင်း၏ သားမက်” ကချလာစာအုပ်အား ခြစ်တတ်သူကြောင်ကြီးမှ ခံစားရေးဖွဲ့ရန် ဂေဇက်သဂျီးဘော်ဒါ  ကေအိုင်အေ သဗုံဘို ဦးမျိုးသန့်ကို ယောက္ခမအဖြစ် ချိန်ရွယ်ထားကြောင်း သိရသည်။ 
ယောက္ခမ ဦးမျိုး ကြောက်လှ မူးဆိုး...
ယောက္ခမ ဦးမျိုး ကြောက်လှ မူးဆိုး…
Ref&Credit=>http://mandalaygazette.com/180529

ကွန်ပျူတာသမားအားလုံးအတွက် Virus အမျိုးမျိုးသတ်နည်းအကြောင်း





SVCHOST.EXE သတ်နည်း
 
 
SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့အချိန် မရွေးရောက်နိုင်
 
ပါတယ်..သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..

1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..

ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..

တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ် လုပ်နေတဲ့ File ပါ..ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..Antivirus ကလည်းသူ့ကိုရှာ မတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..

ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..

အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..


1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process
လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End
ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို
ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်..
မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process
လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows
ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..

2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter
နှိပ်လိုက်ပါ.. ပြီးရင်
 
Tool>Folder Options ကိုသွားပါ...

ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..

နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်း ပါလိမ့်မယ် Yes ကိုနှိပ်ပါ..အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..
ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..


3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ။startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်..
Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchostအလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restartပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်..



Gtalk Virus


Gtalk virus ဆိုပြီး ခေတ်စားနေတဲ့ private cam အတွက် fix ရပါပြီ
ဒီနေရာမှာ ယူလိုက်ပါ။ ဒီ file ကို run ပြီးရင်တော့ task manager ထဲမှာ private cam နဲ့ စတဲ့ process တွေကို end task လုပ်ပြီး ဒီ file ကို ပြန် run လိုက်ပါ။Folder တွေအောက်မှာ ပုန်းခိုနေတဲ့ .exe တွေကိုတော့ သင်ဖြတ်ပြစ်ဖို့လိုအပ်ပါလိမ့်မယ်။ ဒါပြင် regedit ထဲက [HKCU \Software \Microsoft \Windows\CurrentVersion \Run] ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ file တွေကိုလဲဖြတ်ပြစ်ပါ။ msconfig ထဲက setup မှာလဲ မလိုအပ်တဲ့ file တွေကို uncheck
ပြုလုပ်ပေးပါ။ သင့် computer ကို restart ပြုလုပ်လိုက်ပါ။


Kill Autorun Virus
 

Folder Option ထဲက View မှာ Show Hidden files and folders ကို Tip လုပ်ပါ။ Hide extension for known file type နဲ့ Hideprotected operating system file ကို tip ဖြုတ်ပါ။ ပြီးရင် တော့ Hard Driveထဲက Autorun.inf နဲ့ Virus file ကိုဖြတ် ပစ်ပါ။ဖြတ်လို့မရရင် Task Managerထဲက process မှာ run နေတဲ့ Virus file ကို kill process လုပ်လိုက်ပါ။
Computer ကို restart လုပ်လိုက်ပါ။ ရှင်းသွားပါပြီ။

Virus များအတွက် website


့http://www.scanwith.com scanwith ဆိုတဲ့ website လေးကို လူသိများကြမှာပါ ဗိုင်းရပ် နဲ့ ပတ်သတ်ရင် တော်တော် စုံပါတယ် update, removal tool,antivirus software အားကိုးလောက်တဲ့ site လေးပါ။ မသိသေးသူများ အတွက်
မျှဝေလိုက်ပါတယ်


I love you Virus ကိုသတ်တဲ့ ဆော့ဝဲလ်...

i love you Virus ကို သတ်တဲ့ ဆော့ဝဲလ်လေးပါ။ သိကြတဲ့ အတိုင်းပါပဲ...။ Memory stick ကို ဘာထိပြီ ဆိုရင် ကြည့်လိုက်... ဒီ အိုင်လက်ဖြု ပဲ....။ အခုဟာလေးကတော့ HD ရော Memory stick ကိုရော ရှာသတ်ပေးနိုင်ပါတယ်။ ဒီ မှာဒေါင်းပါ။


Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခု..
 

Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခုပါ။ Loikaw Virus သည် USB Drive များမှ အဓိကကူးပြီး ကွန်ပျူတာကို အသုံးပြုနေစဉ် အချိန်အတွင်း Message Box များဖြင့် အနှောက်အယှက်ပေးခြင်း၊ အသုံးပြုနေသော Program သို့ စာကြောင်းများပေးပို့ခြင်း၊ bat file, cmd file များကို အသုံးပြု၍မရအောင်ပြုလုပ်ခြင်း နှင့် အခြား အနှောက်အယှက် ဖြစ်စေ နိုင် သော ကိစ္စများကို ဖြစ်စေပါသည်။ Loikaw Virus ၀င်ရောက်ခံရသော ကွန်ပျူတာ များ၏ Desktop တွင် Virus Information.txt ဟုသောဖိုင်ကိုတွေ့ရမှာဖြစ်ပါသည်။ ထို Virus ၀င်ရောက်တိုက်ခိုက်ခြင်းခံရပါက ဒါလေး ကို ဒေါင်းလိုက်ပါ။ Virus ၀င်ရောက်ထားသော ကွန်ပျူတာတွင် Loikaw Virus Removal ကို Run လိုက်ခြင်းဖြင့် Virus ကို အပြီးတိုင် ရှင်းလင်းနိုင်မည်ဖြစ်ပါသည်။
 

Virus အမျိုးအစားခွဲခြားခြင်း..
 
 

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..

ဒါပေမယ့် Virus အများစုဟာ executable file တွေဖြစ်ကြပါတယ်...

ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါ ၀င်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာ တွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။ Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ Worm

worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster Worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

၎။ Trojan Horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာ သင်ဖူးကြမှာ ပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့.. နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)


၅။ Spyware

သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...သူက ကွန်ပျူတာကို ထိခိုက် ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီး တဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာ မယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ. Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။ Adware

Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...

၇။ Crimeware

Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...

Funny Virus သတ်နည်း

Funny ၀င်ပြီဆိုရင် Safe Mode ကနေလဲ ၀င်သတ်လို့ မရတော့ပါဘူး... Safe Mode မှာပါ Funny က Active ဖြစ်ပါတယ်....

အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းကို ပြောပြပါ့မယ်....

Funny က msiexec ဆိုတဲ့ Folder အဖြစ် စက်ထဲမှာ နေရာယူပါတယ်... Folder ထဲမှာတော့ msi.exe + update.exe ဖိုင် နှစ်ဖိုင် ရှိပါတယ်...

Funny ၀င်ဝင်ချင်းမှာ
C:\Documents and Settings\Administrator\Application Data
C:\Documents and Settings\LocalService\Application Data
အဲ့ဒီ့နှစ်နေရာမှာ အရင်ဆုံး နေရာယူပါတယ်...
ပြီးတော့ Autorun.inf ဖိုင်နဲ့လဲ ထောက်ပံ့ပေးထားပါတယ်... Autorun.inf က update.exe ကို ထောက်ပံ့တာပါ...

နောက်တစ်ခုအနေနဲ့
kill.exe ဖိုင်တစ်ဖိုင်က c:\Windows\system32\DirectX ထဲမှာ ရှိပြန်ပါတယ်....

ကဲ... နေရာတွေ လဲသိပြီ....

Boot CD တစ်ချပ်နဲ့ Boot တက်ပါ... Search >> msiexec ကိုရှာ Folder ကို Del လုပ်..
kill.exe ကို Del လုပ်..

autorun.inf ကို Del..လုပ်
မျိုးပြုတ်ပေါ့ funny ရေ....

တစ်ခုတော့ သတိပေးချင်ပါတယ်.. Funny ၀င်တာ ကြာနေတဲ့စက်...
မိန်းကလေးပုံပေါ်ပြီးတဲ့ စက်တွေအတွက်တော့ Dll ဖိုင်တွေ ပျက်သွားပါပြီ... Dll
icon ပုံစံနဲ့ စက်ထဲမှာ exe ဖိုင်တွေ ပွားပါတယ်... C:\ အောက်မှာ ရှိသော
Folder တွေ အကုန်လုံးကို Hidden လုပ်ပစ်ပါတယ်..

ကဲ သိနေပြီဆိုတော့ Boot CD ရဲ့ အသုံးဝင်ပုံကို လက်တွေ အသုံးချကြတာပေါ့ဗျာ....

Desktop ပေါ်က Funny Folder အတွက်တော့

Desktop properties >>> Desktop >>> Customize >>>Clean Desktop Now
ကို နှိပ်.. Funny ကိုရွေး... ပြီးရင်...Unuse Desktop ဖိုဒါကို Del လုပ်လိုက်...

အဆင်ပြေနိုင်ကြပါစေ...

Funny အချိန်ကြာလာတာနဲ့အမျှ နေရာယူမှု ပိုမို များပြားလာပါတယ်....


Desktop, Mycompter ထဲက Funny (Folder)ကို Register Editor ထဲ က ဖျက်ချင်ရင်တော့

HKEY_CLASSES_ROOT\CLSID\{FD4DF9E0-E3DE-11CE-BFCF-ABCD1DE12345}

ကိုဖျက်လိုက်ပါ။
Ref & Credit  => http://www.mmithelper.com/2013/06/virus.html

Right Click ထောက်ရင် Open With မပေါ်တဲ့ပြဿနာဖြေရှင်းနည်း



ဝင်းမြတ်သူ: ကျွန်တော့ စက်မှာ open with ဆိုတာ ပျောက်နေ လို ဘယ်လိုဖြေရှင်းရမှာလဲ ကူညီပါ

Right Click ထောက်ရင် Open With မပေါ်တဲ့ပြဿနာက Virus ကြောင့်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်..Antivirus တစ်မျိုးမျိုးနဲ့ အရင် ရှင်းလိုက်ပါ.. ဒီပြဿနာက Registry မှာ Setting ပြောင်းသွားတာပါ.. ဒီတော့ Registry မှာ သွားပြီး ပြင်ကြတာပေါ့.. ကိုယ်တိုင် Registry Setting ကို သွားမပြင်ခင် Software လေးနဲ့ အရင် ပြင်ကြည့်ရအောင်..

လိုအပ်တဲ့ Software ကတော့SysTweak Regclean Pro ဖြစ်ပါတယ်.. အောက်ကလင့်မှာ ဒေါင်းပြီး Error ရှင်းနည်း အပြည့်အစုံကိုလည်း ပြပေးထားပါတယ်.. အဲဒါနဲ့ အရင်ရှင်းလိုက်ပါ.. ပြီးသွားရင် ကွန်ပျူတာကို Restart ချလိုက်ပါ.. ပြန်တက်လာရင် Right Click မှာ Open With ပေါ်နေတာကို မြင်ရပါလိမ့်မယ်...
ဒီအဆင့်နဲ့တင် အဆင်ပြေဖို့ ၉၀% သေချာပါတယ်..


တကယ်လို့များ မပေါ်သေးဘူးဆိုရင်. Registry ကို ကိုယ့်ဘာသာကိုယ် သွားပြင်ရမှာပေါ့.. မိတ်ဆွေက ဘယ်ဝင်းဒိုးလည်းပြောမထားဘူးနှော်. ကိစ္စမရှိပါဘူး.. ကဲ စရအောင်
1. Windows XP သမားက Start>Run (Windows Key+R) ကိုနှိပ်/ Windows 7 သမားက Start တစ်ချက်နှိပ်... regedit လို့ရိုက်ထည့် ပြီး Enter ခေါက်လိုက်ပါ...
2. Registry Editor Box ကျလာပါမယ်.. အဲဒီမှာ ကော်လံနှစ်ခုပါပါတယ်.. ဘယ်ဘက်အခြမ်းမှာ My Computer ဆိုတဲ့ခေါင်းစဉ်အောက်မှာ ခေါင်းစဉ်ကြီး (၄)ခု မြင်ရပါမယ်...
3. အဲဒီဘယ်ဘက်အခြမ်းက ခေါင်းစဉ်ကြီး (၄)ခုထဲက ပထမဆုံးဖြစ်တဲ့ HKEY_CLASSES_ROOT ဆိုတဲ့ စာလေးရဲ့ ဘယ်ဘက်ဘေး ( XP မှာ အပေါင်းလက္ခဏာ/ Win 7 မှာ ကြိဂံမဲမဲလေး ) ကိုတစ်ချက်နှိပ်လိုက်ပါ.. Folder တွေ အများကြီး ခွဲထွက်သွားတာကို မြင်ရမှာဖြစ်ပါတယ်..

 

4. ဘယ်ဘက်အခြမ်း Folder အများကြီးထဲကပဲ Unknown ဆိုတဲ့ Folder ကိုရအောင်ရှာပြီး ခုနကလိုပဲ ထပ်ခွဲလိုက်ပါအုံး...
5. ထပ်ခွဲထွက်လာတာက XP မှာဆိုရင်တော့ shell>openas>command အဆင့်ဆင့်ခွဲထုတ်လိုက်ပြီး command ဆိုတဲ့ Folder ကို တစ်ချက်ဖိလိုက်ပါ...


6. ဘယ်ဘက်က command ဆိုတာကို ဖိလိုက်ရင် ညာဘက်မှာ Default ဆိုတဲ့ Value ကိုတွေ့ရပါမယ်.. အနီကွက်နဲ့ ၀ိုင်းပြထားပါတယ်.. ညာဘက်က Default ကို Double Click ခေါက်လိုက်ပါ.. ပေါ်လာတဲ့ ဘောက်ကလေးမှာ..
%SystemRoot%\system32\rundll32.exe %SystemRoot%\system32\shell32.dll,OpenAs_RunDLL %1
7.Windows 7 သမားကတော့ Unknown ကိုခွဲလိုက်ရင် Folder နှစ်ခု တွေ့ရပါမယ်.. DefaultIcon နဲ့ Shell တို့ပဲဖြစ်ပါတယ်.. အဲဒီထဲက Shell ဆိုတဲ့ Folder ကိုထပ်ခွဲလိုက်ရင် openas နဲ့ opendlg ဆိုပြီး Folder နှစ်ခု ထပ်တွေ့ပါတယ်..

 ညာဘက်က Default ကို Double Click ခေါက်ပြီး ပေါ်လာတဲ့ဘောက်ထဲက Value data: ဆိုတဲ့နာမည်ရဲ့အောက်က အကွက်ထဲမှာ အောက်ပါစာသားလေးကို အစားထိုးပြီး OK ကိုနှိပ်လိုက်ပါ..

%SystemRoot%\system32\rundll32.exe %SystemRoot%\system32\shell32.dll,OpenAs_RunDLL %1

 ပြီးရင် အဲဒီ Default ဆိုတဲ့ နာမည်ရဲ့အောက်မှာ DelegateExecute ဆိုတဲ့နာမည်နဲ့ Value တစ်ခု ထပ်တွေ့ပါလိမ့်မယ်.. သူ့ကိုလည်း Double Click ခေါက်ပြီး Value Data ဆိုတဲ့နေရာမှာ အောက်က စာသားလေးကို ထည့်ပြီး OK နှိပ်လိုက်ပါ..

{e44e9428-bdbc-4987-a099-40dc8fd255e7}
 
တကယ်လို့များ DelegateExcecute ဆိုတဲ့နာမည်နဲ့ Value မတွေ့ဘူးဆိုရင် အသစ်လုပ်ရမှာဖြစ်ပါတယ်.. Value အသစ်လုပ်ဖို့က ညာဘက်က ကွက်လပ်မှာ ညာကလစ်ထောက်ပြီး New ထဲက String Value ကိုနှိပ်လိုက်ပါ.. ပေါ်လာတဲ့ အကွက်မှာ Name ကို DelegateExecute ဆိုတာကို ထည့်ပေးရပါမယ်.. ဒါမှ မဟုတ်.. သူပေါ်ချင်တာပေါ်.. အဲဒီ Value အသစ်ကို ကလစ်တစ်ချက်ထောက်လိုက်လို့ နာမည် ငြိမ်သွားရင် Double Click ခေါက်ပြီး Value Name မှာ DelegateExecute ဆိုတာကိုထည့်.. Value data မှာ {e44e9428-bdbc-4987-a099-40dc8fd255e7} ဆိုတာကိုထည့်ပြီး OK ကိုနှိပ်လိုက်ပါ..


8. openas အောက်က command ကိစ္စပြီးသွားရင် ဘယ်ဘက်အခြမ်းက opendlg ဆိုတာကို ထပ်ခွဲလိုက်ပါ.. အဲဒီမှာလည်း command ဆိုတဲ့ Folder ကိုထပ်တွေ့ရပါမယ်.. အဲဒါကို ဖိလိုက်ပါ.. ညာဘက်မှာ Value တစ်ခုတွေ့ရပါမယ်.. (Default) ဆိုတဲ့ နာမည်နဲ့ပါ.. အဲဒါကို Double Click ခေါက်လိုက်ပြီး Value Data နေရာမှာ အောက်ကစာသားကို ထည့်ပြီး OK ကိုနှိပ်လိုက်ပါ..

%SystemRoot%\system32\rundll32.exe %SystemRoot%\system32\shell32.dll,OpenAs_RunDLL %1 






9. ပြီးရင် Registry Editor ကို ပိတ်ပြီး ကွန်ပျူတာကို Restart လုပ်လိုက်ပါ.. ပြန်တက်လာချိန်မှာ Right Click မှာ Open With ကိုတွေ့မြင်ရမှာဖြစ်ပါတယ်...


အဆင်ပြေပါစေ..

မောင်ပေါက်...
Ref & Credit  => http://www.mmithelper.com/2013/03/right-click-open-with.html

Window Shutdown ပြသနာဖြစ်နေသူများအတွက် ဖြေရှင်းနည်း

သာမန်အားဖြင့် Window ပြန်တင်လိုက်ရင်ကျိန်းသေပြန်ကောင်းမှာပါ။အော်..ဒါတော့ သူပြောမှလား..။
ပြောပြမယ်နော်…………..ကလိနည်းလေး။
Virus ကိုက်သွားတဲ့အခါ၊မီးအားအတက်အကျမမှန်တဲ့အခါ၊အသုံးပြုသူရဲ့မကျွမ်းကျင်မှု..စသဖြင့်
Computer Shutdown လုပ်တဲ့အခါမှာ တန်းပိတ်မသွားဘဲ..Error တွေတက်နေတတ်ပါတယ်။ ဒါမှမဟုတ်ရင်လဲ
ကွန်ပျူတာပိတ်လိုက်တဲ့အခါမှာ လုံးဝပိတ်မသွားတော့ဘဲ Window is Shutting Down ဆိုတဲ့နေရာမှာဘဲတစ်နေ
တတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုး ကြုံနေရပြီဆိုရင်တော့ Window ကို Repair လုပ်၊ ဒါမှမဟုတ်မဟုတ်ရင်
CD-ROM မှာ WindowXP CD ကိုထည့် ပြီးရင် Run Box မှာ sfc /scannow လို့ရိုက်ထည့်လိုက်ပါ။ Window
System ဖိုင်တွေကို စစ်ဆေးပြီးပြန်လည်ပြုပြင်ပေးသွားမှာပါ။ အဲဒီ နည်းတွေနဲ့လည်း Shutdown ပိတ်တာကြာတဲ့ပြသနာကိုဖြေရှင်းနိုင်ပါတယ်။
နောက်တစ်နည်းကတော့Shutdown Shortcut တစ်ခုကို Desktop ပေါ်မှာဖန်တီးပြီး ကွန်ပျူတာကို အမြန်ပိတ်မှာပါပထမဆုံးအနေနဲ့ Desktop ရဲ့လွတ်နေတဲ့တစ်နေရာမှာ Right Click ထောက်..New>Shortcut ဆိုတာကိုကလစ်
လိုက်ပါ။ Create Shortcut ဆိုတဲ့ Box တစ်ခုပေါ်လာပါမယ်။ အဲဒီ Box ထဲမှာ Shutdown.exe –s –t 0 ဆိုပြီးရိုက်
စနစ်တကျရိုက်ထည့်ပေးပါ။ ဒါမှမဟုတ်ရင်လဲ..ကျွန်တော် ရေးပြထားတဲ့ စာသားကိုကော်ပီကူးယူပြီးထည့်
လိုက်ပါ။ ထည့်ပြီးရင် Next>Finish ဆိုပြီးလုပ်လိုက်တာနဲ့..Desktop ပေါ်မှာ Shutdown Shortcut လေးတစ်ခု
ပေါ်လာမှာပါ။ အဲဒီ ဖိုင်လေးကို ကလစ်လိုက်ရုံနဲ့ ဘာပြသနာမှ မရှိတော့ဘဲ ကွန်ပျူတာအမြန်ပိတ်သွားမှာပါခင်ဗျာ

( ဒီနေရာမှာ Shutdown နဲ့ပတ်သက်လို့နည်းနည်းရှင်းပြပါမယ်)။ ကျွန်တော်တို့ပုံမှန်ပိတ်နေ
ကျ Start မှာရှိတဲ့ Shutdown ဟာပိတ်တဲ့အခါမှာ ၀င်းဒိုးစ်ရဲ့စနစ်ဖိုင်တွေကိုတစ်ခုခြင်း လိုက်ပိတ်ပြီးမှ မော်နီတာပိတ်သွားတာပါ။ အဲဒီလိုမျိုးလိုက်ပိတ်တဲ့အခါမှာ စနစ်ဖိုင်တစ်ဖိုင်ပျောက်ဆုံးနေရင် ဒါမှမဟုတ် ဖိုင်တစ်ဖိုင်ကိုလုံးဝ
မပိတ်နိုင်တော့တဲ့အခါမှာ ရပ်နေပါတော့တယ်။အဲဒီအခါမှာ CPU ရဲ့ပါဝါခလုပ်ကို နှိပ်ထားလိုက်ရင် မော်နီတာပိတ်သွားပါမယ်။ဖြစ်လာခဲ့ရင်လဲ ပိတ်နည်းက အဲဒီနည်းဘဲရှိပါတယ်။ဒါအလုပ်မဟုတ်ပါဘူး..ရေရှည်မှာ စက်ရဲ့အစိတ်အပိုင်းများကိုထိခိုက်တော့မှာဖြစ်ပါတယ်။ကျွန်တော်ပြောပြထားတဲ့ Shortcut ဖန်တီးလိုက်ခြင်းသည်စက်ရဲ့ဘယ်စနစ်ဖိုင်ကိုမှတစ်ခုခြင်းလိုက်ပိတ်နေခြင်းမဟုတ်ဘဲ..တစ်ခါတည်းဘာကိုမှမ
စောင့်ဘဲ အမြန်ပိတ်လိုက်ခြင်းပင်ဖြစ်ပါတယ်။အခု အညာသားလေးပြောပြတဲ့နည်းက Shutdown Problem ဖြစ်နေတဲ့စက်များအတွက်သာရည်ရွယ်ပါတယ်။ ဘာမှမဖြစ်တဲ့စက်များ ပြုလုပ်ရန်မသင့်ပါ။ Shutdown မြန်အောင်လုပ်နည်း..နည်းလမ်းများစွာရှိပါတယ်။အဆင်မပြေရင်လဲပြောပြပေးပါ။အားလုံးအတွက်အဆင်ပြေမယ့်နည်းလမ်း
လေးကိုရွေးချယ်ပြီးဖော်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ..အားလုံး သီးခံပြီးဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်
ပါတယ်..။

ကဲ..အခုနောက်ထပ် Shutdown Problem ဖြေရှင်းတဲ့နည်း ဒါမှမဟုတ် Shutdown မြန်မြန်ပိတ်တဲ့နည်းလမ်းတွေ
ကိုထပ်မံပြီးတင်ပေးလိုက်ပါတယ်ခင်ဗျာ……..။ ပိတ်တဲ့အခါမြန်ချင်ရင်..နည်းလမ်း(၁)
Start>Run (Box) မှာ regedit လို့ရိုက်ထည့်ပါ။ HKEY_LOCAL_MACHINE \ System \ Current ControlSet \ Control ဖိုလ်ဒါသို့အဆင့်ဆင့်ဝင်ပါ။ Control ကိုကလစ်လုပ်ပြီး မြင်ကွင်း ညာဘက်မှာရှိတဲ့ Wait ToKillServiceTimeout ကိုကလစ်နှစ်ချက်နှိပ်ပါ။ သို့မဟုတ် ၄င်းစာသားပေါ်သို့မောက်စ်ညာကလစ်နှိပ်ပြီး Modify ကိုရွေးချယ်ပါ။ ပေါ်လာတဲ့ Edit String (box) မှာ value data: ကို 20000 လို့ပြထားတာ တွေ့ရပါမယ်။ ၄င်းကို
5000 သို့မဟုတ် 1000 သို့မဟုတ် နှစ်သက်သလို ပြင်ပေးလိုက်ပါ။ ပြီးရင် registry ကို Exit ပေးပြီး ကွန်ပျူတာကို
Restart လုပ်လိုက်ပါ။

နည်းလမ်း(၂)—Start>Run (box) မှာ regedit လို့ရိုက်ထည့်ပါ။ HKEY_CURRENT_USER \Control Panel\Desktop ကို ကလစ်လုပ်ပြီး မြင်ကွင်း ညာဘက်မှာရှိတဲ့ AutoEndTasks (Key) ကို ကလစ်နှစ်ချက်နှိပ်ပါ။
သို့မဟုတ် ၄င်းစာသားပေါ်သို့ မောက်စ် ညာကလစ်နှိပ်ပြီး Modify ကိုရွေးချယ်ပါ။ ပေါ်လာတဲ့ Edit String (box) မှာ value data:0 ကို 1 သို့ပြောင်းပါ။ ပြီးရင် ထုံးစံအတိုင်း Computer ကို Restart ချလိုက်ပါ။

နည်းလမ်း(၃)--ကွန်ပျူတာကို ပိတ်လိုက်ပေမယ့် နောက်ခံမှာ ဆော့ဖ်ဝဲတစ်ခုခုက Run နေဆဲဖြစ်နေတတ်ပါတယ်။
Start/Run ကိုဖွင့်လို့ရရင် သို့မဟုတ် ကွန်ပျူတာကို Restart ခလုပ်ပြန် နှိပ်ပြီး Start/Run (box) မှာ msconfig
လို့ရိုက်ထည့်ပါ။ Services မှာ ကိုယ်မဖွင့်ရပါဘဲနဲ့ အလုပ်လုပ်နေ (Running) ဖြစ်နေတဲ့ဆော့ဖ်ဝဲများကို တွေ့ရ
ပါမယ်။ ထို့အတူ Start-up မှာလည်း ၀င်စစ်ကြည့်ပါ။ ၄င်းမှ မလိုအပ်တဲ့ အလုပ်များကို Disabled သို့မဟုတ်
Stopped လုပ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်မသိဘဲ နောက်ခံမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲ (လုပ်ငန်း)များကြောင့် ကွန်ပျူတာကို ပိတ်ဖို့ရာ အချိန်ဆွဲနေသလိုဖြစ်နေတတ်ပါတယ်။ ကွန်ပျူတာမှာ ဆော့ဖ်ဝဲ များစွာသုံးထားပြီး space နေရာကလည်း အလွန်နည်းနေတယ်ဆိုရင် ကွန်ပျူတာပိတ်တဲ့အခါ ၄င်းတို့ကို settings များကိုSave လုပ်နေရလို့ကြာတာလည်းဖြစ်နိုင်ပါတယ်။

နည်းလမ်း(၄)--ကွန်ပျူတာကိုမပိတ်ခင် Crtl+Alt+Del ကိုနှိပ်ပြီး Task Manager ကိုဖွင့်ပါ။ Applications မှာအလုပ်လုပ်(Run)နေတဲ့ လုပ်ငန်းများတွေ့ရင် shutdown လုပ်ပိတ်လိုက်ပါ။ ပြီးမှ ကွန်ပျူတာကို ပိတ်ပါ။

နည်းလမ်း(၅)--ကွန်ပျူတာမှာ Virus, Malware , Spyware စသည်ရှိနေရင်လည်း စနစ်ကို ပုံမှန်ဖြစ်အောင် မလုပ်
ဆောင်နိုင်လို့ ပိတ်ရာတွင် ကြာနေခြင်းလည်းဖြစ်နိုင်ပါတယ်။ ၄င်းအတွက် ဗိုင်းရပ်စ် ရှင်းလင်းခြင်းနဲ့အတူ Malware Spyware remover, registry cleaner, disk optimizers, windows update စသည့် လုပ်ငန်းစဉ်များ
ကိုပြုလုပ်ကြည့်ပါ။ အဆိုပါ လုပ်ငန်းများကိုအထောက်အကူပြုစေရန်http://mmithelper.blogspot.com/2013/03/jetclean-pro-140-full-version-4-mb.html များ...www.ccleaner.com များကိုဖွင့်ပြီး လိုအပ်တဲ့ ဆော့ဖ်ဝဲများကို ရယူအသုံးပြုကြည့်ပါ..။


နည်းလမ်း(၆)—CD Drive မှာ ၀င်းဒိုးစ်စီဒီထည့်ထားပြီး Start>Run(box) မှာ sfc /scannow လို့ရိုက်ထည့်ပါ။
Sfc နဲ့ / ကြားမှာ space တစ်ချက်ခံပါတယ်။ CD Drive မှာ ၀င်းဒိုးစ်စီဒီမရှိရင် တောင်းပါလိမ့်မယ်။ ၄င်းသည်
ကွန်ပျူတာမှာ ပြသနာရှိနေတယ်ဆိုရင် စစ်ပြီးပြင်ပေးပါလိမ့်မယ် ။ အချိန်အနည်းအငယ်တော့ကြာပါတယ်။
လွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့အတွက်..မည်သူမဆို အသုံးပြုနိုင်ပါတယ်။ ယခု နည်းလမ်းသည် ကွန်ပျူတာတွင် အခြားသော ပြသနာရပ်အချို့ကိုလည်း အလိုလို စစ်ဆေးပြီးပြင်ဆင်ပေးနိုင်ပါတယ်။ လုပ်ကြည့်ပါ။


နည်းလမ်း(၇)—အခု ကျွန်တော် Shutdown နဲ့ပတ်သက်တဲ့ Command များအကြောင်းကို ဗဟုသုတအနေနဲ့ ရှင်းပြပေးပါမယ်……………..။
Shutdown shortcut ခလုတ်တစ်ခုကိုတည်ဆောက်ပါမယ်။ Desktop တစ်နေရာမှာ မောက်စ် ညာကလစ် နှိပ်ပါ။ New ကနေ Shortcut ကိုရွေးချယ်ပါ။ Create Shortcut (box) ပေါ်လာပါမယ်။ အဲဒီ box ရဲ့
Type the location of the item မှာ Shutdown –s လို့ရိုက်ထည့်ပါ။ အမည်တစ်ခုခုပေးပါ။ Restart ပြန်လုပ်ရင်
Shutdown –r လို့ရိုက်ပါ။ အမည်ကို Reboot သို့မဟုတ် Restart လို့ပေးနိုင်ပါတယ်။

Shutdown –f လို့ရိုက်ထည့်မယ်ဆိုရင် ၄င်းသည် ဖွင့်ထားတဲ့ ၊ အလုပ်လုပ်နေတဲ့ အခြားဆော့ဖ်ဝ်နဲ့ လုပ်ငန်းများကို ထည့်မစဉ်းစားဘဲအတင်းပိတ်ပေးပါလိမ့်မယ်။

shutdown –l ဆိုရင် လက်ရှိ User အတွက် logoff လုပ်ပေးပါမယ်……….။

shutdown –t nn သည် သတ်မှတ်ပေးတဲ့ အချိန်စက္ကန့်ကိုစောင့်ဆိုင်းပေးပါမယ်..။ nn နေရာမှာ စက္ကန့်ကို ထည့်ပေးပါ။

Shutdown –c “message” သည် သင်ပြလိုတဲ့သတင်းစာသားတစ်ခုခုကို System Shutdown Windows မှာ ပြပေးမှာဖြစ်ပြီး ၄င်းအတွက် စာလုံးရေ ၁၂၇လုံး အထိရိုက်ပေးနိုင်ပါတယ်။ ဘေးက Quotation marts ခံပေးပါ။

Shutdown –r –m //152.152.152.152 (ip address) ဆိုရင် အဲဒီ ip address ရှိတဲ့ ကွန်ပျူတာကို ပိတ်ပြီး restart ပြန်လုပ်စေမှာပါ။ Shutdown –i ဆိုရင်တော့ server နဲ့ ၄င်း work Station များကို ပိတ်ပြီး restart ပြန်လုပ်စေပါတယ်။ အချို့က လုံးဝပိတ်ဖို့ရာ shutdown –s –t 04 –c လို့ရိုက်ကြပါတယ်။

Reboot (or) Restart အတွက် shutdown –r –t 04 –c လို့ရိုက်ပြီး shortcut တည်ဆောက်ကြပါတယ်။ အချို့က ပိတ်ဖို့ရာ shutdown –s –t 01 လို့ရိုက်ပြီး Reboot အတွက် shutdown –r –t 01 လို့ရိုက်ကြပါတယ်။
Shutdown –s –t 1500 ဆိုရင်တော့ ကွန်ပျူတာက ချက်ချင်း shutdown မကျဘဲ နာရီဝက်ကြာမှ ကျသွားပါလိမ့်မယ်။ Shutdown Timer ပေးတဲ့နည်းလို့လဲပြောလို့ရပါတယ်။ ဘာမှမထိခိုက်စေတဲ့ နည်းလေးပါ။
1500 သည် မိနစ် ၃၀(နာရီဝက်) နဲ့ညီပါတယ်။ ကိုယ်လိုသလောက် အချိန်ပြောင်းလို့ရပါတယ်..။
အထက်ပါအချက်အလက်များအတွက် Start>Run (box) မှာ shutdown.exe လို့ရိုက်ထည့်ကြည့်ပါ။ ပိတ်တဲ့
Command များကိုတွေ့ရပါလိမ့်မယ်ခင်ဗျာ..။ နောက်ဆုံးအနေနဲ့ Super Fast Shutdown, Shutdown TimerXP,
JOC Master Shutdown, Auto Shutdown Genius, HSLAB Free Force Down ကဲ့သို့ ဆော့ဝ်များကို အင်တာ
နက်မှာ ရိုက်ထည့်ပြီး ရှာဖွေကာ ဒေါင်းလွတ်ဆွဲပြီးသုံးကြည့်ပါ……..။

အထက်ကကျွန်တော်ဖော်ပြခဲ့တဲ့ နည်းလမ်းတွေက တစ်ခုမဟုတ်တစ်ခုတော့ အဆင်ပြေမှာပါ။ နည်းလမ်း တွေအကုန်လုံးကိုလည်း လုပ်ကြည့်စရာမလိုအပ်ပါဘူး..။ နည်းတစ်ခု နဲ့အဆင်မပြေမှ နောက်နည်းတစ်ခု ကိုပြောင်းလုပ်ကြည့်ပါ။နောက်လဲ..Shutdown..နဲ့ပက်သတ်လို့ ဖြေရှင်းတဲ့နည်းလမ်းတွေ ရှာဖွေပြီးတင်ပြပေးသွား
ဦးမှာပါ။..ဟုတ်ကဲ့…အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ…………………။ 
 Ref & Credit  => http://www.mmithelper.com/2013/03/window-shutdown.html
 

Auto Restart Error ( Auto Restart ကျခြင်း အကြောင်းရင်းများ )


ကျွန်တော်တို့ ကွန်ပျူတာဟာ ခဏတိုင်း Auto Restart ဖြစ်ဖြစ်နေတယ်ဆိုပါတော့ . . .
ဘယ်အကြောင်းအရာတွေကြောင့် Auto Restart ဖြစ်နေရတာလဲဆိုတာသိချင်လာပါတယ်။  Auto Restart ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ . . .

1. ဗိုင်းရပ်ကိုက်ခြင်း ( Virus Infection )
2. ဆော့ဖ်ဝဲလ် မကိုက်ခြင်း ( Software Incompatible )
3. Registry မှားယွင်းခြင်း ( Corrupted registry )

4. BIOS လွဲမှားခြင်း ( Incorrect BIOS configuration )
5. System File ပျောက်ပျက်နေခြင်း ( Corrupted system files )
6. Mother Board ညစ်ပတ်နေခြင်း ( Dust on M.B )
7. CMOS Battery အားနည်းနေခြင်း
8. CPU Temperature မြှင့်တက်နေခြင်း ( Too much heat/temperature inside CPU box )
9. System Unit အတွင်း ချိတ်ဆက်ကြိုးများလွတ်နေခြင်း ( Loose Connection of Hardware Cables )

ဆိုပြီးတော့ အချက် 9 ချက်ရှိပါတယ်။  Auto Restart ဖြစ်စေခြင်းအကြောင်းရာတွေတော့သိပြီးပြီ။  ဘယ်လိုဖြေရှင်းရင်ရနိုင်မလဲ . . .

1. ဗိုင်းရပ်ကိုက်ခြင်း ( Virus Infection )
    အခုနောက်ပိုင်းမှာတော့ Anti-Virus မနိုင်တဲ့ Virus ဆိုတာခပ်ရှားရှားပါပဲ။  အဲ့ဒါကြောင့် မိမိကြိုက်နှစ်သက်သော Anti-Virus ကိုသွင်းပြီး virus defination upto date ဖြစ်နေရင် Virus Clean လုပ်လိုက်ရုံနဲ့ auto restart ပြဿနာကကင်းဝေးသွားမှာပါ။ 

2. ဆော့ဖ်ဝဲလ် မကိုက်ညီခြင်း ( Software Incompatible )
      ကျွန်တော်တို့ နောက်ဆုံးသွင်းခဲ့တဲ့ ဆော့ဖ်ဝဲလ်က support လုပ်မပေးနိုင်လို့ auto restart ပြဿနာကို ဖြစ်ပေါ်စေတာပါပဲ။  ကျွန်တော်တို့ နောက်ဆုံးသွင်းခဲ့တဲ့ ဆော့ဖ်ဝဲလ် ကို uninstallation ပြုလုပ်ပေးရုံဖြင့် စိတ်ပူပန်နေရခြင်းမှကင်းဝေးသွားစေမှာဖြစ်ပါတယ်။

3. Registry မှားယွင်းခြင်း ( Corrupted registry )
     Registry မှားယွင်းခြင်း ကိုတော့ ကျွန်တော်တို့ကိုယ်တိုင် registry ပြုပြင်တာထက် registry cleaner ကိုသုံးတာပိုသင့်တော်ပါတယ်။  Registry ဆိုတာက အမှားခံလို့မရတာကြောင့် registry cleaner ကို အသုံးပြုဖို့တိုက်တွန်းပါရစေ။

4, 5, 6, 7, 8, 9 အချက်တွေကတော့ သာမန် User တစ်ယောက် အတွက်  ပြုပြင်ရခက်ခဲနေမှာဖြစ်တာကြောင့်ဖော်ပြမပေးတော့ပါဘူး။  Hardware ပစ္စည်းတွေကိုကိုင်တွယ်ရာမှာ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာရင် ငွေကုန်ကြေးကျများတဲ့အတွက် နားလည်ပေးစေလိုပါတယ်။
 
Credit=> MinSoeYarSar , myanmar it helper

Windows 8 တွင် Myanmar Fonts အမှန်ပေါ်ချင်သူများအတွက်

ကျွန်တော်တို့ အခုနောက်ပိုင်း Windwos 8 Preview Version ထွက်လာပြီးနောက်ပိုင်း အများစု Windows 8 ကို စမ်းပြီး အသုံးပြုလာတာ တွေ့ရပါတယ်.. ဒီနေရာမှာ ဘာတွေ ပြသနာကြုံ နေရလဲဆိုတော့ အခုအသစ် ထွက်လာတဲ့ Windows 8 မှာ Myanmar text  ဆိုပြီးတော့ Unicode ကို Support လုပ်ပေးထားပါတယ် .. အဲ့ဒီအတွက် ကျွန်တော်တို့ အနေနဲ့  Unicode ကိုပဲအသုံးပြုနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး .. ဒါပေမယ့် အများစုက ဇော်ဂျီဝမ်း ကိုသာ အသုံးပြုနေတဲ့ အချိန်မှာ Folder Rename ကို Zawgyi-One နဲ့ပေးထားလို့ Windows 8 မှာ ဖောင့်တွေ ပြောင်းပြန်တွေ ပေါ်နေတာတွေ G-Talk ပြောတဲ့ အခါမှာ မြန်မာလို ပေါ်ပေမယ့် ဖောင့်တွေက တစ်လွဲတွေ ဖြစ်နေတာကို ကျွန်တော် Keymagic သုံးပြီး ဖြေရှင်းလို့ ရမယ့်နည်းလမ်းလေးကို ရေးပေးသွားပါမယ်.

ကျွန်တော်တို့ Keymagic ကိုသုံးနေတဲ့ သူတွေအတွက်က ပြသနာမရှိပေမယ့် မသုံးဘူးသေးတဲ့ သူတွေအတွက် နည်းနည်း အခက်အခဲ ရှိနိုင်တာမို့လို့ ကျွန်တော် Keymagic အသုံးပြုနည်းလေးကိုပါ ရေးပေးပါမယ် .. ဘာမှတော့ မခက်ပါဘူး .. အရင်ဆုံး Windows 8 မှာ Keymagic အလုပ်လုပ်ဖို့အတွက် Microsoft Visual C++ 2008 Redistributable Package ကိုအရင် Install လုပ်ပေးဖို့ လိုအပ်ပါတယ် ..
32 Bits Users တွေကတော့ ဒီအောက်ကလင့်မှာဒေါင်းလော့သွားချလိုက်ပါ..
 
 
 
အားလုံးဒေါင်းလော့ချပြီးရင် Microsoft က ဒေါင်းလော့ချထားတဲ့ Package လေးကို အရင် Install လုပ်လိုက်ပါ .. ပြီးမှ Keymagic ကို Install လုပ်ပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ကျွန်တော် တစ်ချက်ပြောဖို့ ကျန်ခဲ့တာက Zawgyi-One ဖောင့်ကို Install လုပ်မယ်ဆိုရင်လည်း အရင် Windows 7 မှာတုန်းက အတိုင်းပါပဲ ဘာမှမထူးပါဘူး .. Install လုပ်ပေးလိုက်ပါ .. 

ဒါဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ Myanmar Text ရော Zawgyi-One နှစ်မျိုးလုံး အသုံးပြုလို့ ရသွားပါပြီ .. Keymagic ကို အသုံးပြုရတာ လွယ်ပါတယ် .. ကျွန်တော်တို့က Zawgyi-One ကိုအသုံးပြုမယ် ဆိုရင် အရင် Windows 7 က အတိုင်းအသုံးပြုယုံပါပဲ .. Keymagic နဲ့ Unicode Font ကိုပြောင်းသုံးချင်တယ် ဆိုရင်တော့ Keyboard မှ Shift + Ctrl + Z ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် ကျွန်တော်တို့ က Keyboard မှ Zawgyi-One လက်ကွက်နဲ့ ရိုက်နေပေမယ့်လည်း စာလုံးတွေက Unicode ဖောင်နဲ့အလိုလိုပြောင်း သွားပါလိမ့်မယ် .. Convert လုပ်ပေးတာပါ .. ဒါဆိုရင်တော့ လက်ကွက်အတွက် အဆင်ပြေသွား ပြီလို့ထင်ပါတယ် .. 

ကျွန်တော်တို့ ဖိုဒါတွေမှာ မြန်မာလို  Zawgyi-One ဖောင်နဲ့ မပေါ်တော့ တာတွေအတွက် အရင် Windows 7 တုန်းကလို Font ကိုသွားချိန်း ပေးလို့မရပါဘူး .. အဲ့ဒီအတွက် ကျွန်တော်တို့ လုပ်ရမှာတစ်ခုက Zawgyi -One ဖောင့်နဲ့  Rename ပေးထားတာတွေကို Keymagic  သုံးပြီး Myanmar Text နဲ့ပြန်ပြီး rename ပေးမှသာ Folder တွေမှာ မြန်မာဖောင့် ပေါ်တော့မှာ ဖြစ်ပါတယ် .. 

နောက်တစ်ချက်ကတော့ G-Talk သုံးတဲ့အခါမှာ Myanmar လိုပေါ်နေသော်လည်း Font တွေက ထုံးစံအတိုင်း တလွဲတွေပေါ်နေ ပါလိမ့်မယ် ..  အဲ့ဒီအတွက် ကျွန်တော်တို့က G-Talk က Setting ထဲမှာ Zawgyi-One ဖောင့်ကိုသွားပြီး ပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် .. 


အားလုံးပဲအဆင်ပြေကြပါစေ...
 Ref & Credit  => http://www.mmithelper.com/2013/05/windows-8-myanmar-fonts.html

Proxy Server အကြောင်း ထူးရှယ် Basic EBook ( မြန်မာလို )


2010 တုန်းက ထွက်ခဲ့တဲ့စာအုပ်လေးဖြစ်ပေမယ့် အခုအချိန်ထိ အနှစ်သာရတွေ အများကြီး အများကြီး
ရှိနေပါတယ်..ယနေ့ခေတ် အင်တာနက်ဆိုတာ လူတိုင်းပါဝင်ပတ်သက်ဆက်နွယ်လာနေရပါပြီ..ဒီလိုမျိုးတွေ
အတွက် ဒီစာအုပ်လေးက ဖတ်ကိုဖတ်သင့် လေ့ကိုလေ့လာသင့်တဲ့ စာအုပ်လေးပါ..ဒီစာအုပ်လေးကိုဖတ်
ပြီးရင် သင့်အတွက် တစ်ခုခုကျန်ခဲ့မှာအသေအချာပါ...

(1) Proxy အကြောင်း
(a) Proxy Server ဆိုတာ ဘာလဲ
(b) Anonymous Proxy Server ဆိုတာဘာလဲ
(c) Free Proxy Server ဆိုတာဘာလဲ
(2) Proxy Server အမျိုးအစားများ
(a) HTTP Proxy
(b) SOCKS Proxy
(c) CGI Proxy
(d) FTP Proxy
(3) Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး
(4) Access has been denied ကိုကျော်မယ်
(a) Website Link တွေကနေတဆင့်ကျော်ခြင်း
(b) By pass program တွေနဲ့ကျော်ခြင်း
(c) Add on သုံးပြီး ကျော်ခြင်း
(d) Proxy ထည့်သွင်းပြီးကျော်ခြင်း


ကဲ.... ဒါလောက်ဆိုရင် အမြည်းပေါ့ဗျာ..အောက်မယ်တော့ ဒေါင်းနိုင်ကြပါပြီခင်မျာ
Download=> Link 1 / Link 2 / Link 3 /
Ref & Credit  => http://www.aungkyaw.net/2013/07/proxy-server-basic-ebook.html

Download Pacific Rim ရုံတင်ကား CAM [550MB]



အားလုံးကို ၁၂ ရက်နေ့ July ကမှ ၇ုံတင်သွားတဲ့ Pacific Rim Movie တင်ပေးလိုက်ပါတယ်- ဒါကတော့ CAM ရုံကူး ဖြစ်ပါတယ်-- အကြည် TS Quality ကြည့် ချင်ရင်တော့ ဒီမှာ သွားရောက်ဒေါင်းလုပ် ရယူနိုင်ပါတယ်-- တအားကြည့်ချင်နေကြတဲ့ ကိုကို မမ တွေ အတွက် ထပ်ပြီး တင်ပေးလိုက်တာပါ--
Phcific Rim ကားလေးက Rating 8.0 တောင် ရထားတာ ဆိုတော့ တော်တော် ကောင်းတဲ့ Action ကားလေး တစ်ကားပါပဲ-- Trailer ကြည့်ပြီးတော့ကို သရေယိုရတဲ့ ကားတစ်ကားပါ :)
မကြည့်ရသေးသူများ အောက်ပါလင့်မှာ  ဒေါင်းလုပ်ရယူနိုင်ပါတယ်--

Movie Info~~

Genre: Action | Adventure | Fantasy | Sci-Fi
Quality: TS Size: 1.31GB Runtime: 132min
Country: USA
Language: English | Japanese | Cantonese
Release Date: 12 July 2013 (USA)
Rating: 8.0/10

သက်ရှိလူသားနဲ့ ကြောက်ခမန်းလိလိ ကြောက်စရာ ကောင်းတဲ့ သက်ရှိသတ္တ၀ါတို့ စစ်ပွဲ ဆင်နွဲ ကြရာ ရန်သူတို့ ၏ အလွန်  ဆန်ကြယ် လှသော လက်နက်ကြီး များကို ပြန်လည်တိုက်ထုတ်ကြရတယ်--
နောက်ဆုံးမှာ လူသားတို့ ကမ္ဘာ ပျက် မဲ့ အထိ ကြုံတွေ့ ကြ ရတယ်-- အဲ့ဒီ အန္တရာယ်က နေ ဘယ်လို ကမ္ဘာကြီးကို ကာကွယ်ခဲ့ ကြရလဲ ဆိုတော့.......

Trailer ::


 

Password တောင်းလျှင် www.fullpremiumnowfree.com ကိုထည့်ပေးပါ

To Download From FileDap >> Click Here ![550MB]
[FileDap က မဒေါင်းဖူးဘူးလျှင် ဒီမှာဒေါင်းနည်း သွားရောက်ကြည့်ပေးပါ]

To Download From Davvas >> Click Here ! [550MB]
[Davvas က မဒေါင်းဖူးဘူးလျှင် ဒီမှာဒေါင်းနည်း သွားရောက်ကြည့်ပေးပါ]

To Download From Hugefile >> Click Here ! [550MB] [Mobile Device {Iphone,Android} နဲ့ ဒေါင်းမည့်သူများ အဆင်ပြေသည်]
[Huge File ကနေ ဒေါင်းရင် အရင် Skip Ad ကျော်ပေးပါ-- ပြီးရင် Webpage ရဲ့ အလည်က Download ဆိုတာကို နှိပ်ပေးပါ--
နောက်တစ်ဆင့်တွင်>> Mobile နဲ့သမားများ Capcha ဖြေပေးပြီး Download ဆိုတာကို နှိပ်ပါ

မိမိတွင်ရှိသော Downloader နဲ့ တန်းဒေါင်းနိုင်ပါသည်။                         >> Desktop သမားများ Download နှိပ်ပြီလျှင် IDM ကနေ တန်းကျလာပါမည်--
အကယ်လို့ မကျလျှင် Capcha ဆက်ဖြေရန်လိုပြီး Create Download Link ကိုနှိပ်ပေးရပါမည်--
Desktop သမားများ Download Now ရယ် Download with ZIp Format နဲ့ နှိပ်ပေးရမည် မဟုတ်ပါ]


Password တောင်းလျှင် www.fullpremiumnowfree.com ကိုထည့်ပေးဖို့မမေ့ပါနှင့်


အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်--
Ref & Credit  => အောင်ကျော်ခိုင်

Download Link Provider >> www.FullPremiumNowFree.com
<< No.1 Premium Movie Sharing Site In

Followers