Jan 6, 2014

မြန်မာဖောင့် နှင့် ၂၀၁၄ ခုနှစ် iOS 7+ အတွက် အကောင်းဆုံး Cydia Sources များ (မိုးသကြား)

iOS 7+ နှင့် လိုက်ဖက်ညီစေမယ့် "Cydia" version 1.1.9 ကို အခုဆိုရင် Update လုပ်နိုင်ကြပါပြီ...

iOS 7 Themes နဲ့အတူ အမြင်သစ်နှင့် Cydia ကို မြင်တွေ့ကြရပါလိမ့်မယ်၊ Cydia ကို Upgrade လုပ်ရန်အတွက် Cydia icon ကို နှိပ်ပါ၊ pop up message ပေါ်လာပါက "Upgrade Essential" (သို့) "Upgrade Complete" တစ်ခုခုကို ရွေးပေးလိုက်ပါက အလိုလျှောက် Update လုပ်သွားပါလိမ့်မည်..



Cydia အသစ်နှင့်အတူ ၂၀၁၄ ခုနှစ်အတွက် iOS 7+ အတွက် အကောင်းဆုံး Sources အသစ်များကို ဖော်ပြပေးလိုက်ပါတယ်..

၁) Sources များကို သွင်းယူရန် "Cydia" ကို ဖွင့်ပါ။
၂) Manage -> Sources -> Edit -> Add (http:// နှင့် စသောကို သွင်းယူပါ)

**2014 Top Cydia Sources**

  • Mobilefarm: http://cydia.myrepospace.com/mobilefarm/ **မြန်မာစာသွင်းရန်**
  • Repo Cydia: http://RepoCydia.com
  • BiteYourApple: http://repo.biteyourapple.net
  • HackStor repo: http://cydia.myrepospace.com/Hackstore/
  • HackYouriPhone: http://repo.hackyouriphone.org
  • iHacks: http://ihacksrepo.com
  • insanelyi: http://repo.insanelyi.com
  • idwaneo: http://idwaneo.org/repo
  • ihackstore: http://ihackstore.com/repo
  • theiphonespotrepo: http://apt.theiphonespotrepo.net
  • myrepospace (iAP Cracker): http://cydia.myrepospace.com/urus
  • Xsellize: http://cydia.xsellize.com
  • THIS LINK IS FORBIDDEN: http://THIS LINK IS FORBIDDEN.com
  • EasyWakeup.net: http://easywakeup.net/repo/
  • iFone1 Norway: http://c.ifon1.no/
  • Ste: (ScuummVM): http://urbanfanatics.com/cydia/
  • Intelliborn (IntelliScreen) : http://intelliborn.com/cydia
  • Games Team source: http://apt.123Locker.com
  • SOSiPhone: http://cy.sosiphone.com/
  • Pushfix: http://cydia.pushfix.info/

**မြန်မာစာဖောင့်သွင်းယူရန်**

Source: "http://cydia.myrepospace.com/mobilefarm/" ကိုသွင်းယူပါ။
ထိုနောက် ပုံတွင် ပြထားသော "Zawgyi Font iOS" ကို Install လုပ်ပါ။


iOS 7+ နှင့် ကောင်းမွန်စွာ အလုပ်လုပ်ပေးနိုင်မယ့် AppSync 7+
Source: " http://cydia.appaddict.org " and Appsync for iOS 7.0 + install.

**Working Tweaks with iOS 7+**

  • Accelerate
  • AirPlayServer
  • BadgeClearer
  • DateCarrier
  • Deck
  • F.lux
  • FireWall iP
  • FolderCloser
  • GridLock
  • Icon Renamer
  • MiniPlayer
  • MyWi
  • NoNewsIsGoodNews
  • NoStoreButton
  • OverAchiever
  • PandoraSkips
  • Plugication
  • Poof
  • PrivaCy
  • Repsring
  • ShakeToUndo Killer
  • Signal 2
  • Signal Booster
  • SIGnify
  • Software Update Killer
  • StatusHUD
  • SwipeSelection
  • TimeForAlarm
  • WelcomeMew
  • Five Icon Dock iOS 7
  • Flipswitch
  • HiddenSettings7
  • iCleaner Pro
  • iPhone4Parallax
  • KillBackground7
  • Mobile Terminal
  • Movie Box
  • Music Box
  • MyFile
  • Open
  • Preference Loader (Must Reinstall after every tweak/cydia app install or reboot)
  • Poof
  • Sicarius
  • Speed Intensifier
  • SwipeToRespring
  • HarlemShake7
  • AirDrop Enabler 7.0+

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

credit by မိုးသိကြား

ဒါဖတ်ပြီးမှ iOS 7+ သွင်းထားသော iDevice ကို ဝယ်ယူပါ... (မိုးသကြား)

iOS 7+ iDevice များကို တစ်ဆင့်ပြန်လည် ဝယ်ယူခြင်း၊ ရောင်းချခြင်းများ မပြုလုပ်မိ (ဝယ်သူရော ရောင်းသူပါ) သိသင့်သိထိုက် လုပ်သင့်လုပ်ထိုက် စစ်ဆေးထိုက်သည့် အချက်အလက်များကို ကောင်းစွာ သိရှိ နားလည်ထားရန် လိုအပ်ပါသည်။

သို့မှသာ အနာဂါတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အတားအဆီး အခက်အခဲများကို လွယ်ကူစွာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
ရောင်း/ဝယ်သူများနှင့် iOS 7+ ပိုင်ရှင်များ အတွက် ဆောင်ရန် ရှောင်ရန်များကို မပြောမီ iOS 7 အကြောင်းကို ကောင်းစွာ နားလည်ထား စေချင်ပါတယ်။

Apple က နောက်ဆုံးထုတ်လိုက်သော iOS 7 သည် (ဖုန်းသူခိုးများ) နှင့် မတော်တဆ ပျောက်ဆုံးခဲ့ပါက မိမိ၏ တန်ဖိုးကြီးသော iDevice ကို လွယ်ကူစွာ ပြန်လည် ရှာဖွေရယူနိုင်ရန် နှင့် မိမိ၏ ခွင့်ပြုချက်မပါပဲ ဖုန်းကို စိတ်ကြိုက် မလုပ်နိုင်ရန် အတွက် စီမံထားတဲ့ လုံခြုံရေးကို တိုးမြင့်ထားပါတယ်။

iOS 7 Activation

Apple က ထုတ်လုပ်လိုက်သော iDevice တိုင်းမှာ Hardware ID တစ်ခုစီပါရှိပြီး Cellular service ရရှိနိုင်အောင် ပြုလုပ်ထားပါတယ်။
ဒါကြောင့် Internet connection ချိပ်ဆက်မိတဲ့ အခါမှာ iDevice ရဲ့တည်နေရာကို ရှာတွေ့နိုင်ပါတယ်။ နိုင်ငံခြားတိုင်းပြည်များမှာ Carrier Contract (စာချုပ်) နှင့် ရယူထားသော iPhone များကို Register လုပ်ပြီးမှ သုံးစွဲသူထံ ထုတ်ပေးခြင်းဖြစ်ပါတယ်။

အကယ်၍ ထိုဖုန်း ပျောက်ဆုံးသွားခဲ့သော် (သို့) အခိုးခံရခဲ့သော်၊ Connection ချိပ်ဆက်မိတာနှင့် ဖုန်း၏ တည်နေရာကို Carrier ကုမ္ပဏီမှ ရှာဖွေပေးနိုင်သော်လည်း မည်သည့် ကုမ္ပဏီမှ အလုပ်ရှုပ်ခံပြီး တာဝန်ယူပြီး ရှာမပေးကြပါ (USA မှာတောင် မလုပ်ပေးပါ)။ ဒါကို သိရှိနားလည်ထားတဲ့ ဖုန်းသူခိုးများဟာလည်း ခိုးဖုန်းများကို ပြည်တွင်းမှာထက် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချကြပါတယ်။

ဒီလိုနဲ့ Apple iPhone ပိုင်ရှင်များဟာ ဖုန်းပျောက်တဲ့အခါ နစ်နာနေခဲ့ကြပါတယ်။ ဒါတွေကို ပြေလည်စေရန် Apple က 2010 မှာ iOS 4.2 ကစလို့ "Find My iPhone" App ကို တီထွင်ခဲ့ပြီး 2011 အရောက်မှာတော့ "iCloud" service နှင့် တွဲဖက်ကာ မိမိ၏ iDevice ပျောက်ဆုံးသွားတဲ့ အခါမှာ Remote system (အဝေးထိန်းနည်း) နှင့် Lock ချခြင်း၊ Message ပေးပို့ခြင်းတို့ ပြုလုပ်နိုင်အောင် စီစဉ်ထားခဲ့ပါတယ်။

ဖုန်းပျောက်သွားတဲ့ အခါမှာ ဒီနည်းနဲ့ မိမိ၏ Personal Data တွေကို သူများလက်ထဲ မရောက်အောင် ကာကွယ်နိုင်ခဲ့ပေမယ့် ခိုးယူသူက ဖုန်းကို လိုချင်လို့ ခိုးတာဖြစ်တဲ့ အတွက် (message ပို့ Lock ချ) ပေမယ့် ပြန်မရတော့တာ များပါတယ်။

iOS 6 ထိ "Find My iPhone" နှင့် Lock ချလိုက်သော ဖုန်းပင်ဖြစ်သော်လည်း iTunes နှင့် ပြန်လည် ချိပ်ဆက်ကာ Restore လုပ်ပြီး "New Phone" အဖြစ် ပြန်လည် သုံးနိုင်နေတဲ့ အတွက် လုံခြုံမှုဟာ အပြည့်အဝ မရှိပဲ ခိုးသူ ကောက်ရသူ များမှာ Restore နှင့် အလုပ်ဖြစ်နေဆဲပါ....

iOS 7 မှာတော့ အဲဒီဟာကွက်ကို ပိတ်ဆို့နိုင်ခဲ့ပြီး ဖုန်းကို Lock ချလိုက်သည့်အခါ (သို့) Restore ပြန်လည်လုပ်သည့် အခါတွင် iOS 7 ကို Update လုပ်ခဲ့စဉ်က မူလပိုင်ရှင်၏ "Apple ID" မရှိပဲနှင့် (လုံးဝ) ဖုန်းသုံးလို့ မရအောင် Restore လုပ်လို့ မရအောင် စီစဉ် ကာကွယ်ထားလိုက်ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လူတွေ ရိုးသားမှု ရှိလာစေရန် Apple က နည်းပညာနှင့် သွန်သင်ပေးတယ် လို့ပဲ ဆိုရမလိုပါ...

ယခုလောက် ဆိုရင်တော့ iOS 7 အကြောင်းကို အနည်းငယ် ရိပ်စားမိပြီဟု ယူဆပါတယ်...

ယနေ့ထိ နေတိုင်းနီးပါ ရောက်ရှိလာသော မေးလ်အများစုရဲ့ ပြဿနာဟာ iOS 7 "Activation" ပြဿနာ ဖြစ်နေပါတယ်။
iDevice ကို Restore လုပ်သည့်အခါ iOS 7 ကို သွင်းခဲ့စဉ်က Apple ID နှင့် Password တောင်းနေသဖြင့် "Activation" အဆင့်ကို တစ်ဆင့် ပြန်ဝယ်သူများ မကျော်နိုင်ကြပေ။

"Activation" ပြဿနာကို တရားဝင် ဖြေရှင်းနိုင်ရန်မှာ ရောင်းမည့်သူ (မူလပိုင်ရှင်) မှာ တာဝန်အပြည့်ရှိပြီး၊ (မူလပိုင်ရှင်) မရှိ/မသိပါက ဖြေရှင်းနိုင်မည် မဟုတ်ချေ...
ဝယ်ယူသူ အနေနှင့်လည်း ဈေးနှုန်းချိုသာမှုကိုသာ ဦးစားမပေးပဲ ပိုက်ဆံမရှင်းမီ စစ်ဆေးသင့်ပါတယ်။


**iOS 7+ iDevice ကို တစ်ဆင့် ပြန်ဝယ်မည့်သူများ ငွေမချေမီ စစ်ဆေးဆောင်ရွက်ရန်**

၁) မိမိဝယ်ယူရန် ရယ်ရွယ်သော iOS 7 iDevice သည် Passcode ခံထားခြင်း မရှိစေရ (ခံထားပါက ဖြုတ်ခိုင်းပါ)
၂) Settings -> iCloud တွင် Sign In ဖြစ်နေသည်ကို အောက်ပါအတိုင်း တွေ့ရပါမည်။


၃) ထိုနောက် Settings -> General -> Reset -> Erase All Content and Settings ကို နှိပ်ပြီး Erase iPhone ကို ထပ်မံနှိပ်သည့် အခါ Apple ID နှင့် Password တောင်းလာပါမည်။


  • ထိုအခါ ရောင်းမည့်သူအား "Password" သွင်းခိုင်းပါ။
  • Password သွင်းပြီး Reset လုပ်ပြီးသွားတဲ့ အချိန်မှာ ဖုန်းသည် Restore mode ကိုရောက်ရှိသွားပါလိမ့်မယ်၊ စိတ်မပူပါနှင့် အိမ်ရောက်မှ မိမိ၏ ကိုယ်ပိုင် Apple ID နှင့် iTunes တွင် Restore/Update လုပ်နိုင်သွားပါပြီ..
  • အကယ်၍ မသွင်းပေးနိုင်ပါက ထိုဖုန်းကို မည်မျှပင် ဈေးသက်သာပေ့စေ (လုံဝ) (လုံးဝ) မဝယ်ယူပါနှင့်တော့။ ဤ Apple ID နှင့် Password သည် သင့်ကို တောက်လျှောက် ဒုက္ခပေးနေပါလိမ့်မည်။



**အကယ်၍ သင်သည် မစစ်ဆေးပဲ ဝယ်ယူခဲ့မိပြီးသူဖြစ်ပါက မူလပိုင်ရှင်နှင့် ဆက်သွယ်ကာ အောက်ပါနည်း (၂) နည်းနှင့် Activate လုပ်နိုင်ပါသေးသည်**

နည်းလမ်း (၁)

မူလပိုင်ရှင်ထံမှ Apple ID ရဲ့ "Password" ကို ဆက်သွယ် တောင်းခံခြင်း...

ဤနည်းလမ်းသည် အလွန်ရင်နှီးသူများ (သို့) လူချင်း တွေ့ဆုံနိုင်သော အခွင့်အရေးရှိခဲ့လျှင်သာ အဆင်ပြေနိုင်ရန်ရှိပါတယ်။ Apple ID သည် အရေးကြီးတာမို့ မိမိ၏ "Password" ကို အလွယ်တစ်ကူပေးရန် မည်သူမျှ မမိုက်မဲတတ်ပါ...

အကယ်၍ တစ်နည်းနည်းနှင့် "Apple ID Password" ကို ရလာပါက Settings -> General -> Reset -> Erase All Content and Settings ကို နှိပ်ပြီး Erase iPhone လုပ်နိုင်ပါပြီ...
Reset လုပ်ပြီးသွားတဲ့ အချိန်မှာ ဖုန်းသည် Restore mode ကိုရောက်ရှိသွားပါလိမ့်မယ်၊ စိတ်မပူပါနှင့် မိမိ၏ ကိုယ်ပိုင် Apple ID နှင့် iTunes တွင် Restore/Update လုပ်နိုင်သွားပါပြီ..


နည်းလမ်း (၂)

မူလပိုင်ရှင်ထံသို့ ဆက်သွယ်ပြီး အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ခိုင်းပါ။

၁) iCloud တွင် SignIn လုပ်ရန် PC မှနေ၍ www.icloud.com/find ကိုသွားပါ။


၂) ပုံတွင်ပြထားသည့်အတိုင်း "All Devices" ကို နှိပ်ပြီး မိမိရောင်းမည့် (ရောင်းလိုက်သည့်) iDevice ကိုရွေးပါ။


၃) "Erase iPhone" ကိုနှိပ်ပြီး Erase လုပ်ပါ။


  • message pop up တက်လာပါမည် (Erase လုပ်ခြင်းဖြင့် content နှင့် settings များကို ဖျက်သွားပြီး Location ကိုလည်း ရှာဖွေနိုင်မည် မဟုတ်တော့ပါ)၊ "Erase" ကိုနှိပ်ပါ။


  • Erase လုပ်ရန် Apple ID ကို password နှင့် SinIn ဝင်ပါ။


  • ဤအဆင့်တွင် မည်သည့် ဖုန်းနံပါတ် နှင့် message မျှမထည့်ပဲ "Next" နှိပ်ပါ။ "Done" နှိပ်ပါ။


  • အခုဆိုရင် iDevice ကို "Erase" လုပ်နေပါပြီ။ (iDevice မှာ အလုပ်လုပ်နေပါပြီ)။



၎) "Remove from Account" ကို နှိပ်ပါ။
Apple ID ကိုပါဖျက်ပြီး အခြားမည်သူမဆို iDevice ကို လွပ်လွပ်လပ်လပ် သုံးနိုင်စေရန် "Remove" ကို နှိပ်ပါ။


ပြီးပါပြီ...
အခုဆိုရင် iDevice ကို iTunes နှင့် ချိပ်ဆက် မိမိ၏ Apple ID နှင့် SignIn လုပ်၍ iOS 7+ ကို Update/Restore ပြန်လုပ်နိုင်ပါပြီ..

မှတ်ချက်။ ။ (Jailbroken iDevice ဖြစ်ခဲ့ပါက အဝိုင်းလည် နေတာမှာတင် ကြာနေခဲ့ရင် DFU mode သုံးပြီး ချိပ်ဆက်ပါ)




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ် 

credit by မိုးသိကြား

နိုင်ငံကူးလက်မှတ် စရိတ် တပြေးညီဖြစ်ရန် စီစဉ်ပေးမည်

နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ရုံးခွဲကနေ နိုင်ငံကူးလက်မှတ် လျှောက်ရင် ကုန်ကျစရိတ် ညီတူဖြစ်အောင် စီစဉ်ပေးသွားမယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ဆိုပါတယ်။
passportလားရှိုး၊ ကျိုင်းတုံနဲ့ နေပြည်တော်နယ်မြေ အပါအ၀င် တိုင်းနဲ့ ပြည်နယ် ၁၄ ခုရှိ သတင်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရုံးစိုက်ရာ မြို့ကြီးတွေမှာ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲ ၁၇ ခုကို ဇန်န၀ါရီ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။
ယခင်က ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာသာ နိုင်ငံကူးလက်မှတ်ကို လျှောက်ထားနိုင်ရာကနေ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ နေထိုင်သူတွေ အဆင်ပြေချာမွေ့ စေရန် ရုံးခွဲတွေကို ဖွင့်လှစ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေတဲ့ ရုံးခွဲတွေမှာ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားမှု ကုန်ကျစရိတ်က မြန်မာ့စီးပွားရေးဘဏ် (မနလစာအုပ်တန်ဖိုး) နဲ့ အွန်လိုင်းဝန်ဆောင်ခ ကျပ် ၂ သောင်း၊ ဓာတ်ပုံဖိုး ၂ ထောင် ကျပ်၊ ဆေးဖိုး၊ မင်ဖိုးနဲ့ ပြုပြင် ထိန်းသိမ်းခ ကျပ် ၁ ထောင်၊ လျှောက်လွှာပုံစံဖိုး ကျပ် ၂၀၀၊ စက်ပစ္စည်းနဲ့ ၀န်ဆောင်ခ ကျပ် ၁၈၀၀ စုစုပေါင်း ကျပ် ၂၅,၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။

အပြည့် စုံ ကို ဒီလင့် မှာ ဖတ်ပါ ...

refer link Burmese.dvb.no/

HUAWEI U8825D ကို ဥပမာထား၍ စက်တစ်လုံးနိုးစေမည့် မရှိမဖြစ် အခြေခံ အချက်များ

HUAWEI U8825D ကို ဥပမာထား၍ စက်တစ်တလုံးနိုးစေမည့် မရှိမဖြစ် အခြေခံ အချက်များ


ပထမဦးစွာစက်သားကိုပုံပါအတိုင်းsupply နှင့်တပ်ထားရပါမည်။
ထိုသို့တပ်ထားသည့်အနေအထားတွင်အောက်ဖေါ်ပြပါ conector တွင် 1.4V ရှိ/မရှိ ပထမဦးစွာ စစ်ရပါမည်။
၎င်းpinသည်socket၏ပါဝါခလုတ်အလယ်သို့ရောက်ပါသည်။
ထိုပါဝါခလုတ်၏ဘေးအဝိုင်းသည်ground ဖြစ်ပါသည်။အဓိပ္ပါယ်
ကတော့ပါဝါနိုးရန်ပါဝါအိုင်စီမှထွက်လာသည့်signalကိုground ချပေးလိုက်ခြင်းသာဖြစ်ပါသည်။
 
အပြည့် စုံသိခြင်ရင် ဒီလင့် ကို ကလစ်ပါ .....

ံHarvest Moon Boy & Girl ( NEW ) ဂိမ်း နှင့် PSP ဂိမ်းများကို Android ပေါ်မှာတင်ကစားမယ်

FFSPG

Harvest Moon Boy & Girl ( NEW ) PSP ဂိမ်းကိုကျနော်ရှာဖွေနိုင်ပြီးဖုန်းမှာအဆင်ပြေစွာဆော့နိုင်ခဲ့ပါတယ်။
Harvest Moon အသစ်လေးပါ ကောင်းလေး နဲ့  ကောင်မလေး ကြိုက်နှစ်သက်ရာ ဇာတ်ကောင်ကို ရွေးချယ်
ဆော့နိုင်ပါတယ်ခင်ဗျာ :)

ဒီဂိမ်းလေးမဆော့ဘူးသေးတဲ့သူများအတွက် ဆွဲလမ်းသွား ကြောငြာဝင်ပါရစေ ....
အရမ်းဆော့ကောင်းတဲ့ဂိမ်းလေးမို့ ပါ။ ဒီဂိမ်းလေးသက်တမ်းကလည်း ကျနော်တို့  ကလေးသာသာလောက်
ထဲက ဆွဲလန်းခဲ့ရတဲ့ဂိမ်းလေးမို့ ပါ။

သာယာတဲ့ ကျေးရွာလေးတစ်ခုမှာ ယာလုပ်ကိုင်တဲ့တောသား ကောင်လေးပေါ့ဗျာ....
ရာသီလိုက် သီနုံများ စိုက်ပျိုး ၊ တိရိစ္ဆာန်များမွေး မြူ  ၊ ဆောင်းတွင်းဆို တောင်ပေါ်တက်ရွှေတူး ၊ ကမ်းခြေ
မှာ ငါးမျှား ၊ ရွာမှာ ပွဲတော်တွေလည်းကျင်းပတယ် ၊ ကောင်မလေးတွေထဲက ကြိုက်တဲ့ကောင်မလေးကို ပိုး
မိန်းမယူ ခလေးမွေးတဲ့ထိ ကြာရှည်စွာ အောင်သည်အထိဆော့ရမှာပါ .... :)

 Harvest Moon Boy & Girl ဂိမ်း save မယ်နေရာ အိပ်ရာဘေးစာအုပ်လေးနော် X နိုပ်လိုက် ဒုတိယစာတန်းက save ပြီးအိပ်တာပါ။

ရုပ်ထွက်လည်းကောင်းပါတယ် ၊ save မှတ်ထားပြီး ကစားနိုင်ပါတယ် ၊ အသံထွက်လည်းကောင်းမွန်ပါတယ်။
control ပိုင်းမှာလည်း အဆင်ပြေချောမွေစွာကစားနိုင်ပါတယ် ခင်ဗျာ .... :)

နောက်ထပ် PSP ဂိမ်းများကို ကောင်းတာလေးတွေထပ်တင်ပေးပါမယ်ခင်ဗျာ :)

အရင်  Harvest Moon - Back to Nature နှင့် P1 ဂိမ်းကိုဆော့တုန်းက control အဆင်မပြေတာ လိုင်စင်ချက်
စာတန်းတက်တာ အသံပျောက်တာတွေရှိခဲ့ပါတယ်။

ဂိမ်းဆိုက်က 325MB ရှိပါတယ် ၊ 75MB rar နဲ့  zip ချုပ်ထားပါတယ် :)

ဂိမ်းထည့်ပုံသွင်းပုံကို သေချာရှင်းပြပေးထားပါတယ် ။


ဂိမ်း ဗီဒီယို



ဂိမ်းထဲမှပုံများ



ဖုန်းထဲမှ စမ်းထားသောပုံလေးများ :)



tablet နှင့်စမ်းထားပုံများ




အောက်တွင်ဒေါင်းလိုအပ်သည်များကိုဒေါင်းယူပါ


PPSSPP-GOLD-0.91-FFSPG.apk (11.35MB)

1/ Dev-host

2/ Sendspace

3/ Data File Host  Use our download manager and get recommended downloads အမှတ်ခြစ်ဖျက်ဒေါင်းပါ။

4/ Copy


Harvest.Moon.Boy.&.Girl ဂိမ်းအားအောက်တွင်ယူပါ 75MB

1/ Dev-host

2/ Sendspace

3/ Data File HostUse our download manager and get recommended downloads အမှတ်ခြစ်ဖျက်ဒေါင်းပါ။

4/ Copy


password - FFSPG ( စာလုံးကြီး )

PPSSPP-GOLD-0.91-FFSPG.apk ကို ဖုန်းမှာ install လုပ်ပေးပါ။ သူကိုဖွင့်လိုက် ပြီးပြန်ပိတ်လိုက်ပါ။

sd ထဲမှာ PSP ဖိုင်ရှိနေပါပြီ။ Harvest.Moon.Boy.&.Girl ios ကို copy ကူးပြီး

sd / PSP / game ဖိုင်ထဲထည့်ပေးလိုက်ပါ ။

PPSSPP-GOLD ပြန်ဖွင့်လိုက်ပါ ဂိမ်းမပေါ်သေးလျင် game ဆိုတဲ့ ကောင်နိုပ်လိုက်ပါ home ဘေးမှာ

အစဉ်းကြောင်းလေးနှစ်ခုထဲ မှ PSP / game ကို နိုပ်လိုက်ပါ Harvest Moon Boy & Girl ကိုတွေပါမယ်

နိုပ်လိုက်ပါ .... ဆော့နိုင်ပါပြီဗျာ :D




ပြင်ဆင်ရန်

Recent games ဆော့ထားခဲသည်ဂိမ်းပေါ်နေပါမယ်

Game မှာ (ဂိမ်းအသစ်ထည့်တိုင်း သွားထုပ်ပေးပါ)

Homebrew & Demos မှာ ကိုသွင်းထားသော ဂိမ်းအားလုံးရှိပါတယ်

Game seting ဝင်လိုက်ပါ

control -

On-sereen touch control (ပွတ်သော ခလုတ် အဝိုင်းလေး ပိတ် ဖွင့်)
Buttons opacity ( ခလုပ်အရောင် အဖျော့ တောက်ပ )
Buttons scaling ( ခလုတ် ဆိုက် ကြီး သေး )
ကျန်တဲ့ setting ကတော့ မိမိကြိုက်သလိုက် ဆက်ပြင်ဆင်တော့နော် :D
 
PSP ဂိမ်းကောင်းတာလေးထပ် တင်ပေးပါမယ်ဗျာ :)
 
Credit by http://ffspg.blogspot.com/2014/01/harvest-moon-boy-girl-new-psp-android.html

Verification Fail ဆိုတာမမြင်စေရပါဘူး ...Acend P1 ကို CMD မှ Firmware တင်နည်း ... P1 မှမဟုတ်ဘူးနော် တချား Huawei တွေမှာလဲရတယ်


Acend P1 ကို Build.prop ခွဲပြီး Firmware မတင်ချင်သူများအတွက်နောက်တနည်းပါ ... 
ကို Hein Maung တင်ပြထားတဲ့ Build.prop ခွဲနည်းမှ......
Huawei Finder ဖြင့် System.img / Boot.img / Recovery.img တို့ကိုရှာသည့်အဆင့်ထိသွားပါ ...
 
Link ကတော့ - http://www.myanmarmobileapp.com/2013/08/11/huawei-phone-update-app-ကိုခွဲထုတ်နည်း-အပြည်/ 
 
ဒါလေးပြီးသွားရင် .......................
 
ကိုသစ်ဆန်းခန့်တင်ထားတဲ့ Andriod Tool လေးကို Down ပါ ... 
Password က thitsankhant ပါ 
Link ကတော့ - http://www.mediafire.com/download/qfrc9i3q2w6l84q/adb_fastboot_and_other_tools.zip 
 
ကဲ အားလုံးပြီးရင်တော့စမယ်ဗျာ ... System File ကိုခွဲထားတဲ့ Output Folder ထဲမှာ System.img,Boot.img,Recovery.img ဆိုပြီး File (3) ခု  တွေ့လိုက်မယ် ....................
 
ကျန်တာက Unknown.img ဆိုပြီးရှိလိုက်မယ် အဲ့ Unknown.img ဆိုတဲ့ File တွေထဲကဆိုဒ်အကြီးဆုံး File  ကို Userdata.img ဆိုပြီးနာမည် ပြောင်းပါ ... ပြီးတော့ လို၇မယ်ရ Dload Folder ကိုပါ SD ကတ်ထဲထဲ့ထားပါ ...
ပြီးရင်ဖုန်းကို USB Debugging နဲ့ Unsource ကို On ပါ ... ကွန်ပြူတာနဲ့ချိတ်ပါ ... စောစောက Output Folder ထဲက System,Boot,Recovery အားလုံးကို Ctrl+A ဖြင့် Select ပြီး Andriod Tool Folder ထဲကူးထဲ့ပါ ...
ပြီးရင် Andriod Tool Folder ထဲမှာ Shift+R-Click ပြီး Open Command Window In Here ဆိုတာကို ရွေးပေးပါ ... (Andriod Tool Folder ထဲက လွတ်နေတဲ့ နေရာကိုထောက်ပြီး ကလစ်ရမှာပါ..)
Command Prompt တက်လာပါလိမ့်မယ် ... 
1 - adb reboot bootloader လို့ရိုက်ပါ ... Phone က Fastboot ကို Auto ၀င်သွားပါ လိမ့်မယ် ... 
2 - fastboot flash recovery recovery.img လို့ရိုက်ပါ .. Recovery သွင်းတာမြင်ရ ပါလိမ့်မယ် ... 
3 - fastboot flash boot boot.img လို့ရိုက်ပါ ... Boot ကို Flash တာမြင်ရပါတယ် ... 
4 - fastboot flash system system.img လို့ရိုက်ပါ System ကိုသွင်းပါလိမ့်မယ်.System သွင်းတာ    နဲနဲ ကြာတယ် ... စောင့်ပေးပါ ... 
5 - fastboot flash userdata userdata.img လို့ရိုက်ပါ ... Userdata သွင်းပါလိမ့်မယ် ... 
ကဲပြီးပြီဆိုရင် CMD မှာပဲ fastboot reboot လို့ရိုက်ပါ ... Enter ခေါက်ပြီးတာနဲ့ ဖုန်းရဲ့ Volume Up ကိုဖိထားပေးပါ ... Recovery ကိုဝင်သွားပါလိမ့်မယ် ... Wipe Cache Restart & Wipe Data Factory Restart နှစ်ခုလုံးလုပ်ပေးပါ ...
ပြီးရင် Reboot System Now ကိုရွေးပေးပါ ... 
ကဲ ဗျာ..... သူငယ်ချင်းတို့ P1 လေး Firmware အသစ်လေးမြင်ရပါပြီ ... 
တကယ်လို့ Boot Loop ဖြစ်တာတို့ Boot မှာရပ်နေတာတို့ဆိုရင် စောစောက SD Card ထဲထဲ့ထားတဲ့ Dload ကို Power + Volume up + Volume Down နှိပ်ပြီး ပြန် Flash ပါ ... လုံးဝရပါတယ် ရဲရဲ ကြီးအာမခံတယ် ... Verification Fail ဆိုတာမမြင်စေရပါဘူး ...
credit by http://neepyannyar.blogspot.com/ 

Followers