Feb 11, 2014
Reported Attack Page အဖြစ် မိမိဆိုဒ် သတ်မှတ်ခံခဲ့ရလျှင် ဖြေရှင်းနည်း
မိတ်ဆွေဟာ ဘလော့ရေးနေသူ တစ်ယောက် ဆိုကြပါစို့ တစ်နေ့ ကိုယ့်ဘလော့လေး ကိုဝင်လိုက်တဲ့ အချိန်မှာ အဲလို အနီရောင် ဆိုင်းဘုတ်ကြီးနဲ့ Reported Attack Page ဆိုပြီး သတိပေးစာကြီး ပေါ်လာရင် ဘယ်လိုများ ခံစားရမလဲ...
ဟုတ်ကဲ့ ခံစားရသူတွေ ခံစားပြီးကုန်ပါပြီဗျာ သေပြီပေါ့ ဧည့်သည်တွေ လာရင် ကိုယ့်ဘလော့ကပဲ ဧည့်သည်တွေကို ဗိုင်းရပ်စ် တွေ လွှတ်နေသလိုလို ဝင်ဖတ်ရင်ပဲ ကွန်ပြူတာကြီး ပျက်သွားတော့ မလိုလို ဆိုတော့ အကုန် ပြန်ပြေးကြပြီပေါ့...
ဟို တစ်နေ့က မိတ်ဆွေ တစ်ယောက်ရဲ့ ဘလော့ အဲလို ဖြစ်သွားပါတယ် ကျွန်တော့်ကို အကူအညီ တောင်းတာနဲ့ ဟိုလိုက်ဖတ် ဒီလိုက်ဖတ် နဲ့ လုပ်သင့်တာ လုပ်ပေးလိုက်တာ ဟော ဒီည လုပ်လိုက်တယ် မနက်ကျတော့ အဲဒီ ဆိုင်းဘုတ်ကြီး ပျောက်သွားပါလေရောဗျာ....
ဖြစ်တာက ဒီလိုပါ ဂူဂယ်က ဝဘ်ဆိုဒ်တွေကို သူတို့ လိုက်ပြီး စစ်ပါတယ် အဲဒီမှာ တစ်ချို့ ဆိုဒ်တွေက လင့်သေ နေတာတွေကို သူတို့ ဆိုဒ်မှာ ချိတ်ထားခြင်း embed နဲ့ သုံးရတဲ့ ဗွီဒီယို လင့်တွေ PDF ဖိုင်တွေ သီချင်း ဖိုင်တွေ များပြားစွာ သုံးထားပြီး လင့်များ သေနေခြင်း နောက် Js ဖိုင်များ Script များ လင့်တွေ သေနေခြင်း အစရှိသဖြင့်ပေါ့ဗျာ တွေ့ရင် သူတို့က ကိုးပတ် တိတိ ကြည့်ပါတယ် နောက်ပြီးရင်တော့ ခုနက ပြောသလို Black list ထဲ့ ထည့်လိုက်ပြီး အဲဒီ အနီရောင် သတိပေးစာကြီးက ပေါ်လာပါတော့တယ်..
ကဲ ဒီတော့ အဲဒါကို ဘယ်လို ပြန်ဖြေရှင်းမလဲ ဂူဂယ်က White listed ထဲ ပြန်ထည့်ပေးအောင် ဘယ်လို လုပ်ရမလဲ ???? ဘလော့ဂါ ညီကို မောင်နှမတွေ အတွက် ဝေမျှ ပေးပါရစေ..။ 
ကိုယ်မဖြစ်ဘူး လို့တော့ မတွက်ပါနဲ့ ခြိမ်းခြောက်တာ မဟုတ်ပါဘူး ကျွန်တော် သူများ ဘလော့လင့်တွေ ထည့်ပြီး လိုက်စမ်းပြီးပါပြီ နာမည်ကြီး ဘလော့ တစ်ချို့ အပါ အဝင် အတော်များများ black list ထဲ မဝင်သေးပေမယ့် Malware လို့ ခေါ်တဲ့ လင့်အသေတွေ ချိတ်ထားတာ အများကြီး တွေ့နေပါတယ်..
ကဲ ဖြစ်လာခဲ့ရင် လတ်တလော ဖြစ်နေခဲ့ရင် အောက်က အဆင့်လေးများ အတိုင်း လိုက်လုပ်လိုက်ပါ..။
၁/ဟောဒီလင့်ကို http://sitecheck.sucuri.net/scanner/ သွားပြီး ကိုယ့်ဘလော့ လိပ်စာ (http://www များ ထည့်ရန်မလိုပါ) ထည့်ပြီး Verify လုပ်လိုက်ပါ။ ခဏလေး စက္ကန့်ပိုင်းလောက် စောင့်ပြီးရင် အောက်ကလို ပေါ်လာပါလိမ့်မယ်.. မိမိဆိုဒ်၏ ကျန်းမာရေး ဂရုစိုက်သူများလဲ လစဉ် သွားရောက် စမ်းသပ် ပေးရင် ပိုကောင်းပါတယ်..
၂/အဲလို ပေါ်လာပြီဆိုရင် ကိုယ့်ဆိုဒ်မှာ လင့်ချိတ်ထားတဲ့ အထဲက အဲဒီ အနီပြနေတဲ့ လင့်တွေကို ပြန်ဖျက် ထုတ်ပေးပါ.. အကောင်းဆုံးနည်းကတော့ ဆိုဒ်ဘားမှာ ရှိတဲ့ လင့်တွေ widged တွေကို အကုန် ဖြုတ်ပစ်လိုက်တာ အကောင်းဆုံးပါ ပြီးရင် တစ်ခေါက် ထပ်စမ်းကြည့်ပါ အောက်က ပုံလို ပေါ်လာတဲ့ အထိပေါ့ ဘယ်လို လုပ်လုပ် အဆင်မပြေရင်တော့ တန်းပလိတ် အသစ်ပြောင်းထည့်လိုက်ပါ....။
သူ့မှာ အကုန် ရှင်းလင်းပြီးသွားပြီ ဘာမှ Malware တွေ မရှိတော့ပါဘူး ဒါပေမယ့် ဆိုဒ်ကတော့ Blacklisted ဝင်နေတုန်းပါပဲ.
ကိုယ့်ဆိုဒ်ဟာ အလည်လာသူတွေ ကိုဘာမှ မထိခိုက် စေတော့ဘူး ဆိုတာကို ဂူဂယ်ကို သတင်းပို့ပြီး စစ်ခိုင်းရပါမယ် ဒါမှ သူတို့ စစ်ပြီး ကိုယ့်ဆိုဒ်ကို Whitelisted ထဲ ပြန်ထည့်ပေးမှ အဲဒီ အနီရောင် သတိပေးစာတန်းကြီး ပျောက်မှာပါ..အဲဒါ လုပ်ဖို့ကတော့
၃/ ဟောဒီလင့်ကို https://www.google.com/webmasters/tools/home သွားလိုက်ပါအုံးဗျာ.. ပြီးရင် ကိုယ့်ဘလော့ကို အကောင့်ဖွင့်ထားတဲ့ Gmail လိပ်စာနဲ့ ပက်စ်ဝပ် ပေးပြီး ဝင်လိုက်ရင် အောက်က ပုံမှာ ပြထားတဲ့ နေရာကို ရောက်ပါမယ်..
အခု မြင်ရတဲ့ ပုံမှာ ကျွန်တော့် လိပ်စာနှစ်ခုကို မြင်ရမှာပါ မိတ်ဆွေ အနေနဲ့ ပထမဦးဆုံး ဝင်တာ ဆိုရင်တော့ အောက်က လင့်နှစ်ခုလိုမျိုး မြင်ရအုံးမှာ မဟုတ်ပဲ အပေါ်မှာ မြင်ရသလို ကိုယ့်မှာ ရှိတဲ့ ဘလော့တွေကို ပြနေတာပဲ မြင်ရမှာပါ ကိုယ်လုပ်ချင်တဲ့ ဘလော့ကို Tip လုပ်ပေးပြီး Add selected sites ဆိုတာလေး နှိပ်လိုက်ရင် Sites ဆိုတဲ့ နေရာမှာ ကိုယ် ခုနက Add လိုက်တဲ့ ဆိုဒ်ဒိုမိန်း နာမည် ပေါ်လာမှာပါ..
၎/အဲ နောက်တစ်ချက်ကတော့ ကိုယ်ပေးလိုက်တဲ့ ဘလော့လိပ်စာဟာ ကိုယ့်ရဲ့ ဘလော့ဂ် ဟုတ်မဟုတ် ပိုင်ရှင် ဟုတ်မဟုတ်ပေါ့လေ စစ်ပါသေးတယ် အောက်က ပုံလေး အတိုင်းပါပဲ ပထမဆုံး Add a meta tag to your site's home page ဆိုတာကို Tip ပေးလိုက်ရင် Instructions: ဆိုတာလေး အောက်မှာ ထပ်ပွင့်လာပါမယ် အဲဒီက ကုဒ်ကို ယူပြီး ကိုယ့် ဘလော့ရဲ့ HTML ကုဒ်တွေကြားထဲ ထည့်ရမှာပါ ..
ဘယ်လို ထည့်မလဲ ဆိုတာက ကိုယ့် ဘလော့ထဲ Login ဝင်လိုက်ပါ ပြီးရင်တော့ Design ထဲကနေ Edit Html ကို ဆက်ဖွင့်ပါ ပြီးရင် ရဲ့ အောက်နား သို့မဟုတ် ရဲ့ အပေါ်မှာ ခုနက ရထားတဲ့ ကုဒ်ကို ထည့်ပေးလိုက်ပါ ပြီးရင် Verify ခလုတ်လေး နှိပ်ပေးလိုက်ပါ..
၅/ ပြီးရင်တော့ ကိုယ်ပြဿနာ ဖြစ်နေတဲ့ ခုနက အောက်ကို Add လိုက်တဲ့ ဒိုမိန်းကို နှိပ်လိုက်ပါ ဒါဆို နောက်ထပ် စာမျက်နှာ တစ်ခု ပေါ်လာပါမယ် အဲဒီ စာမျက်နှာရဲ့ ဘယ်ဘက်ဆိုဒ်ဘားမှာ Diagnostics ဆိုတာလေးကို နှိပ်လိုက်ပါ နောက်ထပ် လေဘယ်တွေ အများကြီး ထွက်လာပါမယ် အဲဒီထဲက  Malware ကို ဆက်နှိပ်ပြီး Request a review. လုပ်ပေးလိုက်ပါ
တစ်ခုရှိတာကတော့ ကိုယ့်ဆိုဒ်ကို စကင် ဖတ်ပြီး အကုန်ရှင်းလင်းပြီ Blacklisted ဝင်နေတာပဲ ကျန်တော့တယ် ဆိုမှ အဆင့် ၃ ၊ ၄ နဲ့ ၅ ကိုလုပ်ပါ ပြီးသွားရင်တော့ ပစ်သာ ထားလိုက်ဗျာ (ကျွန်တော့် မိတ်ဆွေကို လုပ်ပေးတုန်းကတော့ သိပ်မကြာလိုက်ဘူးဗျ လေးငါးခြောက် နာရီ လောက်ပဲ ကြာ လိုက်တယ် ထင်တာပဲ )သတိရလောက်မှ ကိုယ့်ဘလော့လေး ပြန်ဖွင့်ကြည့်လိုက်ရင် အနီရောင် သတိပေးစာကြီး မရှိတော့တဲ့ လာလည်တဲ့ ဧည့်သည်တွေ ရဲ့ ဘရောက်စ်ဇာတွေ ကွန်ပြူတာတွေကို ဟမ်းစေတဲ့ အန္တရာယ်ကို မဖြစ်စေတော့တဲ့ ကိုယ့်ဘလော့လေးကို စိတ်ချမ်းသာစွာ မြင်တွေ့ရမှာပါ..
အားလုံး အဆင်ပြေကြပါစေ.
From http://www.linhtet.net
ခင်များကိုမောင်းထုတ်ပေးမဲ့ Anti Mosquito Sound Apk
Android ဖုန်းနှင့်ခြင်များကိုမောင်းထုတ်လို့ရမယ် Anti Mosquito Sound Apk လေးတင်ပေးလိုက်ပါတယ်။ ခြင်ဆေးခွေဖိုးသက်သက်သာသာ ဖြစ်တာပေါ့ဗျာ..:)
လက်တွေ့ စမ်းသတ်ကြည့်ချင်သူများရှိရင် အောက်မှာဒေါင်းဖို့လင့်လေးပေးထားပါတယ်။
ဖိုင်ဆိုဒ်က 1.MB ကျော်ရုံပဲဖြစ်လို့ သက်သက်သာသာပဲ ဒေါင်းယူရမှာဖြစ်ပါတယ်ခင်ဗျာ။
Anti Mosquito Sound လေးနဲ့ ခြင်ကိုက်ခြင်းသောကမှ ကင်းဝေးနိုင်ကျပါစေခင်ဗျာ...:D
အဆင်မပြေရင်ပြောခဲ့ပါနော်။
                                          Download
                                                                     အိုင်တီအိမ်မက်
✔Android ဖုန်းမှာ Zip File/Rar File များကို ဖြည်ချနည်းနှင့် Apk များအား Zip File အဖြစ်ပြုလုပ်ပုံ နည်းစနစ်အဆင့်ဆင့်နှင့် ဘလော့ဂ်ကာတစ်ယောက်၏ ဖွင့်ဟချက်✔
✔Android ဖုန်းမှာ Zip File/Rar File များကို ဖြည်ချနည်းနှင့် Apk များအား Zip File အဖြစ်ပြုလုပ်ပုံ နည်းစနစ်အဆင့်ဆင့်နှင့် ဘလော့ဂ်ကာတစ်ယောက်၏ ဖွင့်ဟချက်✔ 
-အခုရေးသားတင်ပြပေးလိုက်တဲ့ post လေးကတော့ Android ဖုန်းအသုံးပြုတဲ့ User များအတွက် Zip ဖိုင်၊Rar ဖိုင် တွေကို ဖုန်းထဲမှာ ဖြည်ချနည်းနဲ့ Application တွေကို Apk မှ Zip File အဖြစ်ပြောင်းလဲ ပြုလုပ်ပုံ နည်းစနစ် အဆင့်ဆင့်ကို ပုံများနှင့် တကွ လက်တွေ့ကျကျ Screen Shot ရိုက်ပြီး ရှင်းလင်းတင်ပြ ပေးလိုက်ပါတယ်-
-တစ်ချို့ဆိုဒ်တော်တော်များများမှာ(နိုင်ငံခြား ပြည်ပ ဝဘ်ဆိုဒ်များအပါအဝင်) သူတို့မျှဝေလို Share လိုတဲ့ Data တွေကို Zip ဖိုင်အဖြစ်၊RaR ဖိုင်အဖြစ်၊Torrent ဖိုင် အဖြစ်၊Application အဖြစ်၊စသဖြင့် Online Storage တစ်ခုခုမှာ Uploaded တင်ပြီး Share တတ်ပါတယ်။အဲ့ဒိအခါမျိုးမှာ သူ Download Link ချထားပေးပြီး Share လိုက်တဲ့ File ကို ဒေါင်းလုဒ်ယူမယ်ဆိုတော့ ရင် မိမိရဲ့စက် Device မှာ အဲ့ဒိ Data File ကို ဖွင့်နိုင်တဲ့၊Run နိုင်တဲ့၊လက်ခံယူနိုင်တဲ့ System သော်လည်းကောင်း၊ဆော့ဖ်ဝဲ သော်လည်းကောင်း မိမိစက်ထဲမှာ အရင်ဆုံး Run ထည့်ထားဖို့ လိုပါတယ်။အဲ့လို မိမိစက်ရဲ့ System မှာလည်းမပါ၊လိုအပ်လက်ခံ ယူနိုင်တဲ့ "ဆော့ဖ်ဝဲ"တစ်မျိုးမျိုးလည်း မထည့်ထား မRun ထားဘူးဆိုရင် အဲ့ဒိ Data File ကို ဒေါင်းလုဒ်ယူနိုင်မှာ မဟုတ် ပါဘူး။
-ကွန်ပြုတာမှာဆိုရင် Win Rar Zip လိုဆော့ဖ်ဝဲမျိုး၊ ဖုန်းတွေမှာဆိုရင် Androzip တို့၊ZArchiver တို့၊B1 Archiver App လို ဆော့ဖ်ဝဲမျိုး တစ်ခုခုကို အရင် install ပြီး Run ပေးထားမှ ဒေါင်းလုဒ်ယူပြီး အဲ့ဒိ Zip တွေ၊Rar File တွေကို ဒေါင်းယူပြီး Zip ဖြည်၊Rar ဖြည်ချလို့  ရစေမှာပါ။
-Zip ဖိုင်၊RaR ဖိုင် ပြုလုပ်ပြီး တင်ရတာလည်း အကြောင်းအရင်း ရှိပါတယ်။Apk တွေ ဆယ်ခုလောက်ကို တစ်ခုချင်းစီ Upload တင်နေမယ့်အစား၊ Zip(သို့မဟုတ်)RaR အဖြစ် ချုံ့ပြီး ပြောင်းလဲ တင်ပေးလိုက်ခြင်းအားဖြင့် File Size လည်းသေးသွားစေမှာဖြစ်ပြီး အလုပ်ရှုပ် သက်သာစေကာ၊ဒေါင်းလုဒ်ယူသူများ အနေဖြင့်လည်း ဖိုင်ဆိုဒ်သေးသွားသောကြောင့် မြန်ုမြန် ဆန်ဆန် ဒေါင်းယူနိုင်မှာပဲဖြစ်ပါတယ်။
Apk တွေအများကြီးကို Zip/Rar ဖို်င်အနေနဲ့ ပြောင်းလဲချုံ့ ထားတာမို့ လင့်ခ် အနေနဲ့ကလည်း တစ်ခုထဲဖြစ်၊ဖိုင်ဆိုဒ်ကလည်း သေးသွားတာ ကြောင့် Upload တင်သူအဖို့မှာလည်း မြန်ဆန်ပြီး အချိန်ကုန်သက်သာ စေမှာ ဖြစ်သလို၊Download ရယူသူအဖို့မှာလည်း မြန်ဆန်ပြီး အချိန်ကုန်သက်သာစေမှာ ပဲဖြစ်ပါတယ်-
-နောက်တစ်ခုကတော့ Zip ဖိုင်၊RaR ဖိုင်အဖြစ် ပြုလုပ်ထားခြင်းကြောင့် မိမိ Upload တင်ထားတဲ့ Data File ဟာ Virus နှောက်ယှက်ဖျက်ဆီးခြင်း အန္တရယ်မှလည်း အလိုလို ကာကွယ်ထားပြီးဖြစ်ကာ၊လင့်ခ် သေခြင်းကိုလည်း ဖြစ်စေမည် မဟုတ်ပါ။
အဲ့ဒိတော့ Zip ဖိုင်/Rar ဖိုင် အဖြစ်ပြုလုပ်တင် ပေးထားခြင်းသည်_______
၁။ Files ဖိုင်အများကြီးကို ဖိုင်တစ်ခုထဲ အဖြစ် ချုံ့ ပေးထားခြင်းဖြစ်ပြီး ဖိုင်ဆိုဒ် သေးသွားခြင်း
၂။ Share ပေးသူမှာ Upload တင်ရာတွင် မြန်ဆန်ပြီး၊အလုပ်ရှုပ် အချိန်ကုန်မှု သက်သာ စေခြင်း
၃။Download ရယူသည့် User များ ဒေါင်းလုဒ်ယူရာတွင်လည်း မြန်ဆန်ပြီး အလုပ်ရှုပ် အချိန်ကုန်မှာသက်သာစေခြင်း
၎။Upload တင်ပေးထားသည့် Download Links များ လင့်ခ် မသေခြင်း
၅။Upload တင်ထားသည့် Data များကို Virus ပိုး ကိုက်ဖြတ်စားသောက်ဖျက်ဆီး သည့် အန္တရယ်မှ ကင်းဝေးစေခြင်း
၆။ဖိုင်ဆိုဒ်ကြီးကြီးများကို Upload တင်၍ အဆင်ပြေစေခြင်း_______________________
စတဲ့ ကောင်းကျိုးအချက်များ ရရှိစေခြင်းတို့ ကြောင့်လည်း Developer,Blogger တို့က Zip File အဖြစ်၊RaR ဖိုင် အဖြစ် Upload တင် လင့်ခ်ချ၍ Share ပေး၊မျှဝေရခြင်းပဲ ဖြစ်ပါတယ် ခင်ဗျား-
-အခုကစပြီး Android ဖုန်းမှာ Zip ဖိုင်/Rar ဖိုင် ဖြည်ချနည်းနဲ့ မိမိကိုယ်တိုင် ဇစ်ဖိုင် အဖြစ်ပြုလုပ်တတ်စေဖို့အတွက် အောက်က စာအုပ်ကို ဒေါင်းယူပြီး လေ့လာ နိုင်ပါပြီ-
____________________________________________________________________________
♕ဇစ်ဖြည်ဆော့ဖ်ဝဲ အားဒေါင်းရန်♕ 
   (B1 Free Archiver Apk)
 http://www.mediafire.com/?arm8q9c9nsxuhia 
♕ပြုလုပ်နည်းစာအုပ်အား ဒေါင်းရန်♕ 
 http://cdn.2safe.com/3467036120/zip&rar-easy-extract-method-by-kozawthwin.pdf 
____________________________________________________________________________
 -Android ကိုအခုမှ စကိုင်တဲ့ စသုံးကာစ User များအတွက်တော့ Zip ဖိုင်တို့ RaR ဖိုင်တို့ကို ဖြည်ရာမှာ အခက်အခဲတွေ့စေတာ မှန်ပါတယ်-
-ဒါပေမယ့် တစ်ချို့ User တွေက ကိုယ့်ရဲ့ နားမလည်မှု၊မကျွမ်းကျင်သေးမှု၊ကိုယ့်ရဲ့ အားနည်းချက်ကို ကိုယ့်ကိုယ်ကို ပြန်မမြင်ပဲ နဲ့ အားလုံးကောင်းကျိုးအတွက်၊အားလုံး အဆင်ပြေပြေနဲ့ အဆင်သင့် လွယ်လင့်တကူ ရရှိအသုံးပြုနိုင်စေဖို့အတွက်၊ကိုယ့်ထမင်း ကိုယ်စားပြီး အချိန်ကုန်ခံ၊ပိုက်ဆံကုန်ခံ၊မျက်စိ
-နည်းပညာဆိုဒ်တို့၊နည်းပညာ groupတို့၊ နည်းပညာ fan page တွေဟာ Porn ဆိုဒ်၊ အောဆိုဒ်၊ကလေကချေဆိုဒ်တွေလိုမျိုး ရင့်ရင့်သီးသီး comment ဝင်ရေးတာတို့၊post တင်သူတွေရဲ့ "မဟာစေတနာ"ကိုစော်ကားတဲ့ စကားလုံး မျိုးတွေ လိုလားမှာ မဟုတ်ပါဘူး၊နှစ်သက်မှာ လည်းမဟုတ်ဘူး၊ခွင့်ပြုငြိမ်ခံနေမှာလည်း မဟုတ်ဘူးဆိုတာကို မေတ္တာရပ်ခံတဲ့အနေနဲ့
ဒီ post ကနေပြီး အသိပေး ရေးသားလိုက်ပါတယ်-
-Developer ဆိုတာကလည်း ဘာမှမသိခင် က User အဆင့်ပါပဲ။ပြီးပြည့်စုံတဲ့ ပညာရပ်ဆို တာမရှိပါဘူး။လေ့လာမှုမှာ ဆုံးခန်းတိုင်တယ်ဆိုတာလည်း မရှိပါဘူး။
အဲ့ဒိတော့ဗျာ Blogger နဲ့ User အတူတူ လက်တွဲဖေးမပြီး တယောက်နားမလည်တာ တယောက်ကူညီရင်းနဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာလောကကြီးကို ရှာဖွေ၊ဆည်းပူး၊ လေ့လာ စမ်းစစ် ဆန်းသစ် ရင်းနဲ့ ကမ္ဘာ့နည်းပညာကို ကျုပ်တို့ မြန်မာတွေ အတူတူ ရင်ပေါင်တန်းနိုင်စေဖို့ ဆန္ဒပြုရင်း___
            အဆင်ပြေပါစေ။
                           ကိုဇော်သွင်(နည်းပညာ)
ဆော့ဝဲမြို့တော်
★★ Advanced SystemCare Ultimate 7.0.1.589 DC 07.02.2014 + Patch + Key (Final Version)★★
PC security အတွက် system slow down, freeze and crash တို့အပြင် repair, clean, and optimize
viruses, spyware  တို့အတွက်အကောင်းဆုံးလုပ်ဆောင်ပေးနိုင်တဲ့ဆော့စ်ဝဲကောင်းတစ်ခုပါ။သုံးဖူးသူတွေ
သိနေတာမို့မရှင်းပြတော့ပါဘူး။ Advanced SystemCare ချစ်သူတွေအတွက် Full Version ဖြစ်စေဖို့
Patch + Key ကိုဒေါင်းလော့စ်ဖိုင်ထဲမှာထည့်သွင်းပေးထားပါတယ်။ဖိုင်ဆိုဒ်ကတော့ 57Mb ပဲရှိပါတယ်။
ဝင်းဒိုး (32-bit & 64-bit) အားလုံးအသုံးပြုနိုင်ပါတယ်။
IObit Advanced SystemCare Ultimate incorporates top anti-virus capabilities, as well as the already proven comprehensive PC tune-up ability. It has a one-click approach to help protect, repair, clean, and optimize your PC. Based on #1 ranked BitDefender antivirus technology and IObit anti-malware engine, it is a part of IObit antivirus project dedicating to provide more and better value-added services with our users. With its real-time protection against viruses, spyware and phishing attacks, powerful tuning-up and cleaning functionality, Advanced SystemCare Ultimate provides always-on, automated, and all-in-one protection against all kinds of security threats, system slow down, freeze and crash. It ensures PC security, and maintains maximum computer performance automatically without slowing down your system.
Advanced SystemCare Ultimate is compatible with other security softwares like anti-virus, anti-malware, firewall, etc.
OS : Windows XP, Vista, Windows 7, Windows 8, Windows 8.1 (32-bit & 64-bit)
Language : Multilingual
INSTALL NOTES
(1): Please use 7Zip/WinRAR/Universal Extractor to EXTRACT FILES
(2): run the setup
(3): Use the given serial key to activate
(4): Use the given patch to activate (recommend to copy and paste the patch into the installed directory and run as admin and do the patch)
(5): Enjoy
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို (တစ်နေ့မှ) တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။
http://dl-13.one2up.com/onetwo/content/2014/2/11/ce5515779cf6964e85c1391445b559c0.rar 
(or)
http://adfoc.us/14251338090372 
Followers