Oct 9, 2013
Network ဖြင့်  FILE Sharing.... အကြောင်း လေး ပါ ....
ဒီ ပို့စ်ကို www.thantzinsoe.co.nr မှ ခွင့်ပြုချက်အရ ကူးယူဖော်ပြသည်..စာရေးသူမှာ.အကိုတစ်ယောက်လို..ဆရာတစ်ယောက်လို ချစ်ခင်လေးစားရသူဖြစ်ပါသည်..
Networking လောကမှာ Technician တွေ အဓိက အများဆုံးလုပ်ရတာက Folder တွေကို Share ပေးရတာ ပါ။ တချို့တွေကတော့ Share တော့ ပေးတတ်ကြတယ်။ ဒါပေမယ့် သေသေချာချာ နားမလည်ကြဘူး။ ကျွန်တော်လည်း ပါခဲ့တာပေါ့။ ဒါပေမယ့် ခုတော့ နည်းနည်းတော့ သိလာပြီထင်ပါတယ်။ ဒါကြောင့် ကျွန်တော် စာဖတ်ရင်း၊ အလုပ်လုပ်ရင်း သိလာခဲ့ရတဲ့ အကြောင်းအရာ တွေ ချပြ ချင်ပါတယ်။ အရမ်းတတ်လို့တော့မဟုတ်ပါဘူး။ လူရှိန်အောင်လို့ပါ။
          File တွေ ၊ Folder တွေ Share လုပ်ကြ တဲ့အခါ ရုံးတွေမှာ နှစ်နည်းနဲ့ Share လုပ်ကြတယ်။ တစ်နည်းက Peer Share ပေါ့။ Computer တစ်လုံးနဲ့ တစ်လုံး အပြန်အလှန် Folder တွေ Share ကြတဲ့နည်း နဲ့ နောက်တစ်နည်းက Server Computer တစ်လုံးထားပြီး ထို Server Computer ကနေတဆင့် Folder တွေ File တွေ Share လုပ်ကြတဲ့နည်း။ Centralized Share ပေါ့။ ပိုပြီး စနစ်ကျပြီး ပိုပြီးSecurity ကောင်းတာပေါ့။
Computer တစ်လုံးမှာ Folder တစ်ခု Share ရင် Share လုပ်နည်း နှစ်နည်းထဲက တစ်နည်းနဲ့ လုပ်နိုင်တယ်။ Standard Sharing နဲ့ Simple Sharing။(တစ်ခုနဲ့ တစ်ခု ဘယ်လို ပြောင်းတာလဲ ဆိုတာလောက်တော့ သိကြမှာပါ။ Tool>folderoption>view>use simple sharing,byalternating)
Simple Sharing နဲ့ Share လုပ်တဲ့ Computer က သူ့ စက်မှာရှိတဲ့ Folder တွေကို User တစ်ဦးချင်းစီအလိုက် Permission ( မည်သူကဖြင့် ကြည့်ရုံ ကြည့်နိုင်မယ်၊ မည်သူကိုတော့ ဖြင့် ဖျတ်ခွင့်ပေးမယ်စသဖြင့်) ပေးလို့မရဘူး။ Folder တစ်ခုကို Permission(လုပ်ပိုင်ခွင့်) Read ပေးလိုက်ရင် ဘယ်သူဘဲ ဖြစ်ဖြစ် Read ဘဲရလိမ့်မယ်။ ဒါကြောင့် Simple Sharing နဲ့ Server တွေမှာ Share လုပ်လေ့မရှိဘူး။
Standard Sharing နဲ့ Share လုပ်တဲ့ Computer ကျတော့ သူ့စက်က Share ပေးထားတဲ့ Folder တွေကို တစ်ယောက်ချင်းစီ အလိုက် သီးခြား Permission တွေ ပေးလို့ရတယ်။
ဆိုပါတော့ ပုံမှာ File Server ဆိုတဲ့ File Server တစ်လုံးရှိတယ်။ ထို Computer ရှိ C drive အောက်မှာ Finance folder ဆိုတာရှိတယ်။ Network Techinician က ထို Finance Folder ကို မောင်ကောင်းမြင့်က Network ကလှမ်းသုံးရင် ကြည့်ရုံ ကြည့်ခွင့်ပေးမယ်။ မောင်စည်သူက လာသုံးရင် ပြင်ခွင့် ဖျတ်ခွင့် ပါပေးချင်တယ်။ ဒါဆိုရင် Simple sharing  ကိုသုံးလို့မရဘူး။ Standard Sharing ဘဲသုံးရမယ်။ ဒါဆိုရင် Network Technician က အရင် မောင်စည်သူအတွက် Account တစ်ခု၊ မောင်ကောင်းမြင့်အတွက် Account တစ်ခုကို Server Computer မှာ အရင် ဆောက်ပေးရမယ်။ (သတိထားရမှာက Server မှာ ဆောက်ပေးရမှာဖြစ်တယ်။ Client မှာ မဟုတ်ဘူး)။ finance Folder ကို Permission ပေးတဲ့အခါ ထိုဆောက်ထားတဲ့ Account တွေကိုသုံးပြီး Permission ပေးပေးရမှာဖြစ်တယ်။ ဆိုပါတော့ Network Technician က မောင်စည်သူအတွက် Server မှာ mr.sithu ဆိုပြီး Account ဆောက်တယ်။ မောင်ကောင်းမြင့် အတွက် mr.kaungmyint ဆိုပြီး Account ဆောက်တယ်။ ပြီးရင် Finance folder ကို ထို ဆောက်ခဲ့တဲ့ account တွေသုံးပြီး Permission ပေးတယ်။
Standard Sharing မှာဆို Folder တစ်ခုကို user တစ်ယောက်အတွက် နှစ်နေရာမှာ Permission ပေးနိုင်တယ်။ Sharing tab မှာ တစ်ခါ။ Security tab မှာ တစ်ခါပေးရတယ်။ နှစ်နေရာမှာ ပေးရတဲ့အတွက် ထို User အတွက် တကယ်တမ်းရမယ့် Permission ကိုပြန်တွက်ပေးရတယ်။ ဘယ်လိုတွက်လဲဆိုရင် ထို User အတွက် sharing tab ရဲ့ Permission နဲ့ Security tab  ရဲ့ Permission ကိုနှိုင်းယှဉ်ပေးရတယ်။ အနည်းဆုံး Permission က ထို user တကယ်တမ်း ရမယ့် Permission ဖြစ်တယ်။ (effective permission လို့လည်းခေါ်တယ်။)
ဥပမာ Finance Folder မှာ mr.kaungmyint အတွက် Sharing tab မှာ Read permission၊ Security tab မှာ Write ပေးထားရင် mr.kaungmyint ရဲ့ Effective permission (တကယ်တမ်း ရမယ့် လုပ်ပိုင်ခွင့်) က အနည်းဆုံး permission ဖြစ်တဲ့ Read ဘဲ ဖြစ်လိမ့်မယ်။
တကယ့် လုပ်ငန်းခွင်တွေမှာတော့ user တယောက် တကယ်တမ်းရမယ့် Permission ကို အဲ့ဒီလို Sharing tab ကော Security tab ကော ကြည့်၊ ပြန်နှိုင်းယှဉ်၊ နည်းတာကိုယူ အစရှိတာတွေကို လုပ်ရတာ ရှုပ်တဲ့အတွက် Sharing tab မှာ Everyone >full control permission (permission အကြီးဆုံး) ကိုပေးလိုက်တယ်။ ဒါဆိုရင် User အတွက် effective permission ကို တွက်ရင် sharing tab မှာ ဘာ Permission ပေးထားလဲ သိစရာ မလိုတော့ဘူး။ Security tab မှာရှိတဲ့ ထို user ရဲ့ permission ကို ကြည့်ရုံနဲ့ ရသွားတယ်။ (ဘာလို့လဲဆိုရင် logic ကို မှတ်မိသေးတယ် မလား။ Sharing tab နဲ့ Security tab တို့မှာရှိတဲ့ user တယောက်ရဲ့ Permission တွေကို နှိုင်းယှဉ်ပြီး အနည်းဆုံး permission ကို ယူရတယ်ဆိုတာလေ။ Sharing tab မှာ အမြင့်ဆုံး permission ဖြစ်တဲ့ full control ကိုပေးထားလို့ Security tab မှာ read ဖြစ်ရင် Effective permission က read,security tab မှာ write ဖြစ်ရင် Effective permission က write, security tab မှာ Full control ဖြစ်ရင် Effective permission က Full control။ တွေ့တယ်နော်။ Effective permission က security tab တစ်ခုကိုဘဲ ကြည့်ပြီး သိသွားနိုင်တယ်)
ဥပမာ Finance folder မှာ mr.kaungmyint အတွက် Sharing tab မှာ everyone>full control (everyone ဆိုတော့ mr.kaungmyint လည်းပါတယ်နော်)။ Security tab မှာ mr.kaungmyint အတွက် Read ပေးမယ်ဆိုရင် မောင်ကောင်းမြင့် ရမယ့် လုပ်ပိုင်ခွင့်က Read ဖြစ်သွားတယ်။ တွေ့တယ်နော်။ effective permission (တကယ်ရမယ့် Permssion) ကိုတွက်ရင် Security tab မှာရှိတဲ့ မောင်ကောင်းမြင့်ရဲ့ permission ကို ကြည့်ရုံဘဲ။ sharing tab မှာရှိတဲ့ မောင်ကောင်းမြင့်ရဲ့ permission ကို ကြည့်စရာမလိုတော့ဘူး။တကယ့်လုပ်ငန်းခွင်မှာ Sharing tab မှာ everyone> full control ဆိုတာပေးကြပြီး Securtiy tab မှာ ဘဲ User တွေအတွက် Permission ကို သတ်မှတ်ကြတယ်။
ပုံကို ကြည့်ရအောင်။ File Server မှာ Movie folder နဲ့ Finance Folder ကို Share ပေးထားတယ်။ Movie folder ကို မောင်မောင်တစ်ယောက်တည်း Fullcontrol permission ရမယ်။ Finance Folder ထဲရှိ file/ folder များကို မောင်ကောင်းမြင့်ကို ကြည့်ရုံဘဲ ကြည့်ခွင့်ပေးထားပြီး မောင်စည်သူဆိုရင် ထို Folder ထဲရှိ file/ folder များကို ကြည့်ရုံအပြင် ဖျတ်ခွင့်၊ ပြင်ခွင့်ပါပေးထားတယ်။ မောင်ကောင်းမြင့်၊ မောင်စည်သူတို့က Client ဆိုတဲ့ Computer က တစ်လုံးကနေဘဲ file Server ထဲက Share folder တွေကို လှမ်းသုံးကြမယ်။ Cleint computer ကနေ မောင်ကောင်းမြင့် ဆိုတဲ့ လူတစ်ယောက်က စသုံးမယ်ဆိုပါဆို့။ သူက အရင်ဆုံး File Server ကို RunBox ကနေ \\192.168.2.1 ဆိုပြီး ServerIP နဲ့လည်းခေါ်တယ်။ Server က Standard sharing နဲ့ Share လုပ်ထားတာဆိုတော့ username နဲ့ Password လာတောင်းတဲ့ box က Client computer မှာ ပေါ်လာမယ်။
(user name နဲ့ password ဖြည့်ရတဲ့ text box အောက်နားမှာ Remember password ဆိုတဲ့ CheckBox ဆိုတာပါတယ်။ Username , password ဖြည့်၊ Checkbox ကို tick လုပ်ပြီး OK နှိပ်လိုက်ရင် Client Computer ရဲ့ cache မှာ ထို server ၀င်ကို ၀င်တဲ့ username, password ကိုသွားမှတ်ပေးလိမ့်မယ်။နောက်တခါ Client စက်ကို restart ချ။ ပြန်တက်လာ။ပြီးရင် Server ကို runbox က နေ \\IP နဲ့ပြန်ခေါ်ရင် ခါတိုင်းလို user name နဲ့ Password လာမတောင်းတော့ဘူး။ cache လုပ်ထားတဲ့ user name နဲ့ password ကို သုံးပြီး ပြန်ဝင်ပေးလိမ့်မယ်။ အဲ့ဒီ cache ကို ဖျက်ချင်ရင် Run>control userpasswords2>Advance>ManagePassword ထဲမှာ သွားဖျက်လို့ရတယ်။ ဖျက်လိုက်ပြီးရင် စက်ကို restart ချလိုက်။ပြန်တက်လာတဲ့အခါ server ကို \\IP နဲ့ ခေါ်။ username နဲ့ password တောင်းတဲ့ box ပြန်ကျလာလိမ့်မယ်။)
 (Folder တွေကို server က simple sharing နဲ့ sharing လုပ်ထားရင် Client Computer တစ်လုံးလုံးက Server ကို ခေါ်တဲ့အခါကျရင် username နဲ့ password  တောင်းတဲ့ box ပေါ်မလာဘဲ တန်းဝင်သွားလိမ့်မယ်။ဘယ် user အနေနဲ့ ၀င်သွားလဲဆိုရင် Guest user နဲ့ ၀င်သွားတယ်။ ဒါကြောင့် Server Computer မှာ Guest account ဖွင့်ထားပေးဖို့လိုတယ်။ Guest account ကို disable လုပ်ထားရင် client တစ်လုံးက ၀င်တဲ့အခါ client computer မှာ username,password box ကျလာမယ်။ username မှာ guest လို့ ပေါ်နေပြီး တခြား user သွားပြင်လို့မရတာတွေ့လိမ့်မယ်။ password ဘာဘဲထည့်ထည့် တောင်းနေလိမ့်မယ်။ ထို error ကို တော်တော်များများ တွေ့ဖူးကြမယ်ထင်တယ်။ ဒါဆို အဲ့ဒါ ဘာကြောင့် ဖြစ်လဲဆိုတာ သိပြီထင်တယ်။ ဘာကြောင့် ဖြစ်လဲ ထပ်ပြောရမယ်ဆိုရင် ကိုယ်ခေါ်လိုက်တဲ့ file server က simple sharing သုံးထားတယ်။ ပြီးတော့ ထို file server မှာ guest account ကို diable လုပ်ထားတာကြောင့်ဖြစ်တယ်)
မောင်ကောင်းမြင့်က user name မှာ mr.kaungmyint, password xxx ပေးလိုက်တယ်။ remember password checkbox ကို on လိုက်တယ်။ ပြီးတော့ OK နှိပ်လိုက်တယ်။
Server အပိုင်း
ဒါဆိုရင် file server က သူ့ဆီ ခုဝင်တဲ့သူကို mr.kaungmyint အနေနဲ့ မှတ်ပုံတင်လိုက်တယ်။ (authenticate လုပ်တာကိုပြောတာပါ) ပြီးရင် share folder တွေကို mr.kaungmyint ရမယ့် permission အတိုင်း သတ်မှတ်လိုက်တယ်။(authorize)
File Server computer မှာ ဘယ် Client computer က မိမိဆီကို ဘယ် user အနေနဲ့ network ကနေ ၀င်သုံးနေတယ်ဆိုတဲ့ Information ကိုကြည့်လို့ရတယ်။
Net session command ကို သုံးပြီး Command prompt မှာ ကြည့်နိုင်ပါတယ်
ပုံမှာ ဆို Server computer မှာ net session ကို အသုံးပြုလိုက်တာ ဖြစ်ပါတယ်။output မှာ ပြနေတာက Kyaw-FD… ဆိုတဲ့ Computer ကနေ user တစ်ယောက်က thant zin soe ဆိုတဲ့ username ကို သုံးကာ မိမိစက်ထံ မှတ်ပုံတင်ပြီး အသုံးပြုနေတာကို သိနိုင်ပါတယ်။
ထို user က မိမိ စက်ရဲ့ ဘယ် file တွေ ယူသုံးနေလဲ သိရှိဖို့ net file command ကို အသုံးပြုနိုင်ပါတယ်။
ဒါဆို Thant Zin Soe ဆိုတဲ့ user က မိမိ computer မှာရှိတဲ့ Screen Recorder folder ကို ဖွင့်ထားကြောင်းကို သိနိုင်ပါတယ်။
(ထို Information တွေကိုဘဲ Computer management (Run>compmgmt.msc) ရဲ့ Share folder အောက်တွင်လည်း ကြည့်နိုင်ပါသည်။)
Client အပိုင်း
ဒါဆိုရင် မောင်ကောင်းမြင့်က မိမိအတွက် server မှာ ဆောက်ပေးထားတဲ့ account ဖြစ်တဲ့ mr.kaungmyint ဆိုတဲ့ user name နဲ့ password ကို ထည့်ပေးရတယ်။ပြီးရင် Window တစ်ခုကျလာမယ်။
ထို window ထဲမှာ server က share ပေးထားတဲ့ folder အားလုံးကို တွေ့ရမယ်။ ဒီ Example မှာဆိုရင် Moive Folder နဲ့ finance folder တွေကို မြင်ရမယ်။ Movie folder မှာ သူ့အတွက် permission မပေးထားတော့ သူဝင်ကြည့်လို့မရဘူး။ Finance folder ကိုတော့ ၀င်ကြည့်လို့ရတယ်။ ထို ထဲက folder ,file တွေကို ကြည့်ရုံအပြင် ပြင်ခွင့်၊ ဖြတ်ခွင့်မရဘူး။ မောင်ကောင်းမြင့်က finance folder မှာ read permission ဘဲရတာကိုး။ မောင်ကောင်းမြင့် က computer ကို သုံးလဲပြီးရော ပိတ်လိုက်ရော။ နောက်တစ်နေ့မှာ ထို Computer မှာဘဲ မောင်စည်သူက လာသုံးတယ်။ server ကို \\serverIp နဲ့ လှမ်းခေါ်တယ်။ ပုံမှန်ဆို username နဲ့ password တောင်းတဲ့ box ကျမယ်။ မောင်စည်သူက username ကို mr.sithu ,password ဖြည့်ပြီး mr.sithu authentication နဲ့ server ကို ၀င်သုံးရမှာ။ ဒါပေမယ့် မောင်ကောင်းမြင့်သုံးတုန်းက user name ကို remember (save) လုပ်ခဲ့လို့ username,password တောင်းတဲ့ box ကျ မလာတော့ဘဲ mr.kaungmyint အနေနဲ့ဘဲ server ကို ၀င်သွားလိမ့်မယ်။ (အဲ့ဒီ အချိန်ကျရင် File Server Computer မှာ ဘယ် user အနေနဲ့ ၀င်နေလဲဆိုတာကို သိဖို့အတွက် server computer မှာ net session command သုံးပြီး စစ်ကြည့်ရင်ရတယ်။)
မောင်စည်သူက ဒါဆို server ကို mr.kaungmyint အနေနဲ့ authenticate လုပ်ပြီး သုံးသလိုဖြစ်သွားတယ်။ မောင်စည်သူက finace folder ကို ကြည့်ရုံဘဲ ကြည့်နိုင်တော့မယ်။ ဘာလို့လဲဆိုရင် mr.kaungmyint အနေနဲ့ဘဲ server ထဲ ၀င်သွားလို့။ ဒါဆိုရင် ဘယ်လို ပြန်လုပ်လို့ ရမလဲဆိုရင် manage password မှာ remember လုပ်ခဲ့တဲ့ mr.kaungmyint record ကို သွားပြန်ဖျက်။ client computer ကို restart ချ။ ပြီးရင် server ကို ပြန်ခေါ်။ ဒါဆိုရင် username နဲ့ password တောင်းတဲ့ box ကျလာလိမ့်မယ်။ mr.sithu username နဲ့ password ဖြည့်ပေးလိုက်ရင် မောင်စည်သူက finance folder ထဲက folder တွေ၊ file တွေကို ပြင်ခွင့်၊ဖျက်ခွင့်ရသွားပြီ။
Sharing အကြောင်းကတော့ ဒီလောက်ဆို တော်တော် သဘောပေါက်မယ်ထင်ပါတယ်။ ကျန်တော့ ကျန်သေးတယ်။ ပြောစရာတွေ။
username နဲ့ password ထည့်စရာမလိုဘဲ auto ၀င်သွားတဲ့ case။ Manage Password မှာလည်း ဘာမှမရှိနေဘူး။ server မှာပြန်ကြည့်တော့လည်း user account တစ်ခုခုနဲ့ authenticate လုပ်ထားတယ်။ ဘာကြောင့် ဖြစ်မလဲ ဆိုတာရယ်။
Folder တွေရဲ့ Security tab မှာ permission တစ်ခုပေးလိုက်ရင် ထို folder အောက်က child folder တွေမှာ ထို security tab ရဲ့ permission အတိုင်း ဖြစ်မှာလား။ မဖြစ်စေချင်ရင် ဘာလုပ်ရလဲ။ ဖြစ်ကို ဖြစ်စေချင်ရင် ဘာလုပ်ပေးဖို့လိုသလဲ။
Hidden Share, Administrative share ဆိုတာဘာလဲ။
Owenr ship ကို ဘယ်အချိန်မှာ သုံးသင့်သလဲ။
Sharing or security tab တစ်ခုမှာ user က user အနေနဲ့ permission တစ်ခုရမယ်။ group အဖွဲ့ဝင် အနေနဲ့ permission တစ်ခုရမယ်။ ထို tab တစ်ခုမှာရမယ့် user အတွက် permission ကို ဘယ်လို တွက်မလဲ။
Hidden share နဲ့ Map Network drive တွဲသုံးပြီး security ကို ကောင်းအောင် ဘယ်လိုလုပ်မလဲ။
Manage password မှာသိမ်းထားတဲ့ user တွေရဲ့ password ကို ကြည့်လို့ရမယ့် software အကြောင်း။
အစရှိတာတွေကိုတော့ နောက် Post မှဘဲ တင်ပေးတော့မယ်။
Posted by myanmarhistoricalking
REF: http://www.freewebs.com/phyoeaihlaing/apps/blog/show/10267003
ကျွန်တော်လေ့လာရင်းနဲ့တွေ့လို့ ပြန်ပြီး share ပေးလိုက်ရပါတယ်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျာ။
Aung Ko Htet (IT Studier)
ဒီတစ်ခါ တော့  CWM ခေါ် clock work mode recovery room နဲ့  Android System Recovery (or) Stock recovry အကြောင်းဗဟုသုတဗျာ
Credit to-ခင်မောင်စိုး  
refer link  http://www.itstudier.com/2013/10/recovery-room.html
recovery  room အကြောင်းဗဟုသုတဗျာ
=================================
တစ်ချို့ က ဖုန်းတွေကို root လုပ်ချင်တယ်မြန်မာစာထည့် ချင်ကြတယ် ။လုပ်နည်းလေးတွေကို ပုံသေနည်းနဲ့ တောင်းကြတယ်။အဲဒီအတွက်ကလုပ်ဖို့ တစ်ခုပဲရှိတယ် မိမိကိုယ်တိုင်နားလည်သဘောပေါက်အောင် လေ့ လာဖို့ ပါပဲ ။ယခု ရေးတဲ့ စာကိုသေသေချာချာဖတ်ပြီးသွားရင်တော့  မိတ်ဆွေတို့ အနေနဲ့ ဗဟုသုတ တစ်ခုတော့ ရနိုင်မယ်လို့ မျှော်လင့် ပါတယ်။ဒါကိုသေသေချာချာဖတ်ပြီးရင်တော့ သာမန် နားမလည်တဲ့ သူတွေတောင်ဘာလုပ်ရမယ်ဆိုတာနားလည်သွားအောင်ရှင်းပြပေးထားပါတယ်။ဖုန်းကိုင်ထား
တဲ့ မိတ်ဆွေတိုင်းဖတ်ထားသင့် ပါတယ်လို့ ယူဆလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
Recovery မှာ (၂)မျိုးရှိပါတယ်
-------------------------------
(၁)Android System Recovery (or) Stock recovry
(၂)Clock work mod recovery (or) Custom  recovery ဟူ၍ နှစ်မျိုး
ရှိပါတယ်
 ( ၁ )Android System Recovery(or)Stock recovry
--------------------------------------------------------
Stock recovery ဆိုတာ ဖုန်း စ၀ယ်တည်းက သက်ဆိုင်ရာ Key နှိပ်လိုက်တာ
နဲ့ အပေါ်ဆုံးတန်းလေးမှာ Android System Recovery လို့ ပါနေပါလိမ့်
မည် အဲဒါကို Stock recovery လို့ခေါ်ပါသည်သူ့ မှာအောက်ပါအတိုင်းပါဝင်ပါတယ်။
reboot system now
apply update from external storage
wipe data/factory reset
wipe cache partition
apply update from cache
အဲဒါတွေ အများစုပါပါတယ် တစ်ချို့တလေ ကတော့နည်းနည်းကွဲလွဲပါတယ်
ှStock recovery
-----------------
ှStock recovery မှာတော့ Factory reset လုပ်တာလောက်နဲ့ updat.zip
တွေလောက်ဘဲ အသုံးဝင်ပါတယ် Factory reset လုပ်တာကတော့ ကိုယ့်ရဲ့
ဖုန်းကို ဖုန်းဝယ်စဉ်က အတိုင်း ပြန်ဖြစ်အောင်လုပ်တာပေါ့ အထဲက မိမိ
ထားတဲ့ အရာမှန်သမျှတွေကို ရှင်းလင်းထုတ်ပေးတာ ဖြစ်ပါတယ်။
 update.zip
---------------
မိမိ့ လိုချင်တဲ့ ဖိုင်လေးတွေ ဆောက်ပြီးတော့ သူရဲ့ system ထဲကို
တစ်ခါတည်း ထည့်သွင်းတဲ့ သဘောပါ။
 wipe cache
-------------------
 wipe cache  လုပ်တယ်ဆိုတာကတော့ စက်ရဲ့ (background )
က run နေတဲ့ ကောင်တွေကို ရှင်းပေးတဲ့ သဘောပါ / ( ဥပမာ  ) စက်နည်းနည်းလေး
နေရင် wipe cache လေး လုပ်ပေးလိုက်တာနဲ့ စက်နည်းနည်း ပေါ့သွားစေပါတယ်။
wipe cache လုပ် လိုက်ရင် အထဲက data တွေ ဘာမှမပျက်
ပါဘူး
(၂)Clock work mod recovery(or)Custom recovery(CWM)
-----------------------------------------------------------------------
 Stock recovery နဲ့ နည်းနည်း ကွဲလွဲသွားပါတယ်။
  Hacker တွေ တီထွင်ထားတာကို သုံးထားတဲ့ သဘောပါ။အရင်ကတည်းက  Android က open source ဖြစ်တဲ့ အတွက် ကိုယ့်လုပ်ချင်တာ လုပ်လို့ ရတယ်
ဆိုတဲ့ သဘောပေါ့ ဒီကောင်လေးကတော့ Stock recovery ထက် အများကြီး
လုပ်ဆောင်နိုင်ပါတယ်သူထဲမှာ ဘာတွေ ပါလဲဆိုရင် Stock Recovery ရဲ့လုပ်ဆောင်ချက်
တွေအပြင်တစ်ခြားထူးခြားကောင်းမွန်လှတဲ့လုပ်ဆောင်ချက်တွေလည်း ပါပါတယ်
Clock work mod recovery
------------------------------------
 မှာ
reboot system now
apply sdcard:update.zip
wipe data/factory reset
wip cache partation
install zip from sdcard
backup and restore
mounts and storage
advanced ဆိုတဲ့ အချက်တွေ အပြင်တစ်ခြားအချက်လက်တွေလည်း ပါပါတယ်  Clock work mod recovery ကို
  cwm လို့ အများကအတိုကောက်ခေါ်ဝေါ် သုံးစွဲ ကြပါတယ် cwm ရဲ့ လုပ်ဆောင်ချက်တွေက
တော့ ROM တစ်ခုလုံးကို Backup မှတ်လို့ရတယ် restore ပြန်လုပ်လို့ရတယ်  system file တွေကို ဆွဲထုတ်ပြီးတော့ sd card
ထဲမှာ သိမ်းထားတဲ့လို့ ရပါတယ် အကယ်၍ systemကိုမိမိ ကလိ
လိုက်လို့ တစ်ခုခု ဖြစ်ရင် ပြန်ပြီးတော့ restore ပြန်လုပ်ရင်ရပါတယ် ။ cwm ကနေ
  root ,မြန်မစာတွေ ကိုထည့် သွင်းနိုင်ပါတယ် ။  ဥပမာ  huawei ဖုန်းတစ်လုံးကို cwm ထည့်တယ် ပြီးတော့ cwm ကနေပြီးတော့
root.zip ဆိုတဲ့ ဖိုင်လေးကို သွားပြီးတော့ flash ပေးတယ်လေ အဲဒါက cwm ထည့်
ထားလို့ hacker တွေ ထွင်ထားတဲ့ root.zip ဆိုတဲ့ ဖိုင်လေးကို သွင်းလို့ရတာပါ
အခုနောက်ပိုင်း root.zip ဆိုတဲ့ ဖိုင်လေးကိုလည်း ကိုယ့်ကိုတိုင် ထွင်တတ်နေကြ
ပါပြီ Modify update package(custom rom) တွေကိုလည်း သွင်းနိုင်ပါသေး
တယ် ။ 
 custom rom 
-------------------------
 custom
rom ဆိုတာကတော့ လက်ရှိသုံးနေတဲ့ official rom(official firmware)ကို
Modify လုပ်ပြီးတော့ ပြန်ပြင်ထားတာပါ တစ်ချို့ဖုန်းတွေမှာ ဆိုရင် official
firmware တင်လို့မရတဲ့ ဖုန်းတွေ ရှိပါတယ် အဲဒီအခါကျရင် Hacker တွေထွင်
ထားတဲ့ custom rom တွေကို သုံးကြပါတယ် ဒါပေမဲ့လည်း custom rom မှာက
အနည်းနဲ့ အများ error တွေ ရှိတတ်ပါတယ် ကင်မရာ error,ဘလူးတု error,
အဖြစ်များပါတယ် အဲဒီအတွက်ကြောင့် မို့လို့ custom rom တင်မယ်ဆိုရင် error
ကင်းတဲ့ custom rom တွေကိုဘဲ တင်ကြတာများပါတယ်အများသောအားဖြင့်  custom rom မှာ zip ဖိုင်နဲ့ လာတာများပါတယ် ဒီကောင်လေးကလည်း cwm ရှိမှဘဲ
သွင်းလို့ရမှာဖြစ်ပါတယ်
 custom rom သွင်းနည်း
-------------------------------------------
 format ချထားတဲ့
memory card ထဲကို ဒေါင်းထားတဲ့ custom rom(zip) ဖိုင်လေး ကိုထည့်ပြီးတော့
install sd card  ကနေ။  သွင်းပေးရမှာ ဖြစ်ပါတယ်။
system rom တွေကိုလည်း un/amount ပြုလုပ်နိုင်ပါတယ်။  factory reset တွေ
လည်း ပြုလုပ်နိုင်ပါတယ်။  Huawei ဖုန်းတစ်ချို့ နှင့် အခြား ဖုန်းတွေ
မှာ cwm တင်ထားတဲ့ အတွက် official rom(official firmware) ပြန်တင်လို့
မရတာတွေလည်း ရှိတတ်ပါတယ် အဲဒီအခါကျရင် stock recovery ပြန်တင်ပြီးတော့
official firmware ကို ပြန်တင်ပေးရပါတယ်။  CWM Recovery တွေကို ဘယ်
ကနေသွင်းလဲ ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းအမျိုးအစား တစ်ခုချင်းစီအလိုက် Online
ကနေ recovery image(.img)ဖိုင်ကို ရှာပြီးတော့ Fastboot mode ကနေသွင်း
မှာ ဖြစ်ပါတယ်။  နောက်တစ်နည်းကတော့ ROM Manager ကနေသွင်းရမှာ ဖြစ်ပါတယ်
အဲဒီနည်းကတော့ ROM Manager ဆိုတဲ့ apk ကို ဖုန်းထဲမှာ ထည့်ပြီး အဲဒီ ROM
Manager ကနေ CWM သွင်းပေးရမှာ ဖြစ်ပါတယ်။
ကဲဒီလောက်ဆိုရင်နည်းနည်းတော့ နားလည်သဘောပေါက်သွားမယ်လို့ မျှော်လင့် ပါတယ်။
RJ 45 Network ခေါင်းညှပ်နည်း အသုံးပြု့  နည်းအကြောင်း တစ်စေ့ တစ်စောင့်  ပေါ့ ဗျာ ....
ေေေေေေရေသားသူ က တော့  Aung Ko Htet  ပါ
Network အကြောင်းကိုပြန်လေ့လာရင်းနဲ့ အရင်တုန်းက သင်ထားတာလေးတွေပြန်အသုံးချပြီး post အဖြစ်ပြောင်းလဲလိုက်ပါတယ်ဗျာ။
အခြေခံလေးဖြစ်ပေမဲ့လည်း ကျွန်တော် site လေးမှာစုံသွားအောင်တင်ပေးလိုက်တာပါ။ Network အကြောင်းကို အခုမှ စပြီးလေ့လာ
နေကြတဲ့ သူငယ်ချင်းတွေအတွက်ရယ်၊ သတိလက်လွှတ်မေ့သွားကြတဲ့ ဘော်ဒါတွေအတွက်ပါအဆင်ပြေအောင်လို့ရေးပေးလိုက်တာပါ။ ကျွန်တော်က Youth Computer Center
ကနေမွေးဖွားပေးလိုက်ကတည်းက  IT နယ်ပယ်မှာ IT နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို လေ့လာနေဆဲ IT studier တစ်ယောက်ပါ။
Network ခေါင်းညှပ်တဲ့နေရာမှာ အမျိုးအမျိုးရှိပါတယ်။ ကိုယ်ချိတ်ဆက်မဲ့ ပစ္စည်းတွေအပေါ်မှာ မူတည်ပြီးတော့ Network ခေါင်းတွေကို
Stright နဲ့ cross ဆိုပြီး နှစ်မျိုးနဲ့ ချိတ်ဆက်ပါတယ်။
Cable
====
Cable မှာတော့ တူရင် Stright ၊ မတူရင် cross ဆိုပြီးနှစ်မျိုးနဲ့ချိတ်ပါတယ်။ ခေါင်းညှပ်တဲ့နေရာမှာလည်း Type A နဲ့ Type B ဆိုပြီးနှစ်မျိုးရှိပါတယ်။
Cable ခေါင်းမှာဆိုရင်..........
A Type to A Type ဆိုရင် Stright ,
B Type to B Type ဆိုရင် Stright ,
A Type to B Type ဆိုရင် Cross ပေါ့ဗျာ။
PC, Switch , Router , Hub
================
ဒီနေရာမှာတော့ cable နဲ့ပြောင်းပြန်ဖြစ်သွားပြီဗျ။ တူရင် Cross ၊ မတူရင် Stright ဆိုပြီး ပြောင်းပြန်ဖြစ်သွားပြီဗျ။ 
ဥပမာ.........
PC to PC ဆိုရင် cross
switch to switch ဆိုရင် cross
Hub to Hub ဆိုရင် cross
PC to Switch / Hub ဆိုရင် stright
Router to Router ဆိုရင် cross
Router to PC ဆိုရင် Cross (ဒီနေရာမှာ မတူရင် stright ဆိုပြီးဘာလို့ cross လို့ပြောတာလဲဆိုရင် ဒီနေရာမှာတောာ့ cross နဲ့ချိတ်မှ အဆင်ပြေတာမို့လို့ပါ။ )
စကြမယ်ဗျာ..........
မစခင် network ခေါင်းညှပ်တဲ့အခါ မှာလိုအပ်တဲ့ပစ္စည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ဗျာ။
ခေါင်းတွေကိုညှပ်ဖို့အတွက် Crimping Tools (or ) Crimper
Cable တွေညှပ်ပြီးတဲ့အခါမှာ Type တွေမှန်မမှန် စစ်ကြည့်နိုင်ဖို့အတွက် Cable tester တို့တော့လိုအပ်ပါလိမ့်မယ်။
ကျွန်တော်အပေါ်မှာပြောခဲသလိုပဲနော်။ Cable ခေါင်းညှပ်တဲ့နေရာမှာ Type A နဲ့ Type B ဆိုပြီးနှစ်မျိုးရှိပါတယ်။
အခုတော့ Type A ညှပ်နည်းကိုအရင်ပြောပြပေးမယ်နော်။
Type A (EIA / TIA 568 A )
================
          ဖြုစိမ်း      ( White Green ) 
          စိမ်း     ( Green)          
         ဖြူမော်      (White Orange)
ပြာ      (Blue)
      ဖြူပြာ      (White Blue )
မော်     (Orange)
       ဖြူညှိ    (White Brown)
ညှိ       (Brown)
နောက်တစ်ခုက Type B ညှပ်နည်းလေးပါ။
Type B (EIA / TIA 568 B )
================
       ဖြူမော်  ( White Orange )
  မော်      (Orange)
    ဖြူစိမ်း   (White Green)
 ပြာ        (Blue)
   ဖြူပြာ    (White Blue )
စိမ်း       (Green)
   ဖြူညို     (White Brown)
ညို         (Brown)
အပေါ်ကပေးထားတဲ့နည်းအတိုင်း ထားပြီး cable ခေါင်းတွေကို ညှပ်နိုင်ပါပြီဗျာ။ Cable ကြိုးကို ခွာတဲ့အခါမှာလည်း အထဲက ၀ါယာကြိုးလေးတွေ မထိအောင် သတိ
ထားသင့်တာကိုတော့ သတိပေးလိုက်ပါရစေ။ ကျွန်တော်က Network Cable ခေါင်းညှပ်တာကိုပဲရေးပေးတာဖြစ်တဲ့အတွက် လိုအပ်တာတွေရှိရင်တော့ အနူးညွှတ်တောင်းပန်ပါတယ်ဗျာ။
တကယ်လို့ network အကြောင်းကို အသေးစိတ်သိရှိလိုပါက Youth Computer Center ကနေ ဆရာဦးဇော်လင်းကိုယ်တိုင်ရေးသားထားတဲ့
Computer Network Fundamentals စာအုပ်ကို ဖတ်ပြီးလေ့လာနိုင်ပါတယ်ဗျာ။ Ebook ကိုလိုချင်ရင်တော့ နောက်နေ့ကျရင်ကျွန်တော်တင်ပေးပါ့မယ်။
အားလုံးအဆင်ပြေကြပါစေ
ROUTER ကို SETTING ချပြီး WIFI ပြန်လွှင့်နည်း တွေ့ လို့ ဗျာ ရေးတဲ့ သူ စေတနာကို လေးစားပါတယ်....
Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန်မစမ်းကြည့်တော့ မေ့နေပြီဗျ။  ပြန်လေ့လာရင်းတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ရပါတယ်ဗျာ။
မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ်တာကတော့ အင်တာနက်ရရှိနေတဲ့ Network ကြိုးတစ်ချောင်းနှင့် Router တစ်လုံးပဲလိုအပ်ပါတယ်။
အရင်ဆုံး ဆက်သွယ်ရေးက ချပေးတဲ့ Moden နဲ့Splitter တပ်ဆင်ပုံလေးကိုပြောပါ့မယ်။ ပုံလေးကိုအရင်ကြည့်လိုက်ပါ။
Moden က ထွက်လာတဲ့ lan ကြိုးကို Router ရဲ့ Lan အပေါက် အ၀ါမှာထိုးပါ။
အာက်ကပုံလေးမှာပြထားပါတယ်။ ဖုန်းကြိုးကိုတော့ Splitter ဘူးရဲ့ တစ်ပေါက်ထဲရှိတဲ့ ဘက်မှာတပ်ပါ။
နှစ်ပေါက်ပါတဲ့ ဘက်က moden ဆိုအပေါက်မှာ ဖုန်းကြိုး တစ်ချောင်းကို တပ်ပါ ကျန်တစ်ဖက်ကိုတော့ Moden ရဲ့ ဖုန်းလိုက်ပေါက်မှာတပ်ပါ။ ကျန်တစ်ပေါက် မှာ ဖုန်းဆိုတဲ့ အပေါက်လေးလွတ်နေပါအုံးမယ် အဲဒီမှာ အိမ်က ကြိုးဖုန်းလည်း သုံးအုံးမယ်ဆိုရင်တော့ ဖုန်းကြိုးကို တပ်ပြီး ဖုန်းပါထိုးနိုင်ပါတယ်။
ပုံမှပြထားတဲ့အတိုင်း Lan ကြိုးကို Lan အပေါက် အ၀ါ မှာတပ်ပြီး ကျန်ကြိုးတဖက်ကို ကွန်ပြူတာမှာတပ်ပါ။ အပြာကတော့ Wan ပါ ဆက်သွယ်ရေးကချပေးတဲ့ Moden က ထွက်လာတဲ့ Lan Cable ကို တပ်ရမှာပါ။
အပေါ်ပုံမှာပြထားတဲ့ အတိုင်း Router ဘူးခွံရဲ့ တစ်နေရာရာမှာ ပါမယ်ထင်ပါတယ်။
USer Name = admin
Password = admin
IP Address = 192.168.0.1
ဘာကြောင့်ဖော်ပြပေးတာလည်းဆိုတော့ သူ့ရဲ့ Defaults ဆိုတာကို သိစေချင်လို့ပါ။
ကျွန်တော် လုပ်ဖူးတဲ့ Router တော်တော်များများကတော့ အဲ့အတိုင်းပါပဲ။
Firefox ကို ဖွင့်ပါ (အခြား Browser လည်းရပါတယ်) Router ရဲ့ IP ကို ရိုက်ပါမယ်။
သဘောကတော့ Router, CPE ထဲကိုဝင်ချင်ရင် သူ့ရဲ့ IP ကို ရိုက်ထည့်ရပါတယ်။
ပထမဆုံးပုံမှာပြထားတဲ့ အတိုင်း User Name = admin / Password = admin ကိုရိုက်ဝင်ရပါမယ်။
အဲ့ခါ သူရဲ့ Page Setting ကိုရောက်ပါလိမ့်မယ်။ 
ဘာကြောင့် admin ရိုက်ရလည်းဆိုတော့ သူရဲ့မူရင်း Default မှာပြထားလို့ဖြစ်ပါတယ်။
Page Setting ကိုရောက်ပြီဆိုရင်တော့ နှစ်ပိုင်းခွဲမှတ်လိုက်ပါခင်ဗျာ။ 
အလွယ်ပေါ့နော် WAN နဲ့ LAN  ပေါ့ဗျာ :D
Lan ပိုင်းကိုပြောပါ့မယ် အဲဒါကတော့ Router  တွေ့ရဲ့ Default IP ပါ။ Router ထဲကို ၀င်တုန်းက ရိုက်ခဲ့တဲ့ IP 192.168.0.1 ဆိုလိုပါတယ်။ မိမိကြိုက်တဲ့ IP ကို ပြောင်းလဲသတ်မှတ်ခွင့်ရပါတယ်။
သတိထားရမှာ တစ်ခုက Lan နဲ့ Wan IP တူနေလို့မရပါဘူး။
Eg. Wan က ဆက်သွယ်ရေးက ချပေးတဲ့နံပါတ်ပါ။ Gateway က အဓိကပါ။
ကိုယ့်ကိုချပေးတဲ့နံပါတ်ကို ဥပမာအနေနဲ့ပြပါ့မယ်။
ip address =192.168.1.2
subnet mask = 255.255.255.248
default gateway = 192.168.1.1
primary dns = 203.81.64.18
secondary dns = 203.81.64.19
Wan ရဲ့ default gateway 192.168.1.1 ဆိုရင်  Lan ရဲ့ IP ကိုလွဲပေးလိုက်ပါ။
Lan ကို 192.168.0.1 ပေါ့ခင်ဗျာ ဒါမှမဟုတ် 192.168.10.100 ကြိုက်တာပေးလို့ရပါတယ်။ ဒါဆိုရင်တော့ နောက်တစ်ခါ Router ထဲကို ပြန်ဝင်ချင်တယ်ဆိုရင်တော့ မိမိပြောင်းလိုက်တဲ့ lan ip နံပါတ်ကို ရိုက်ပေးပြီးဝင်ရမှာဖြစ်ပါတယ်။
 WAN ကို Setting ထည့်ပါ့မယ်။
             Network မှတဆင့် Internet Access ကိုနှိပ်ပါ။ Wan only ကိုရွေးပြီး Save လုပ်ပါ။
 Network ကို နှိပ်ပါ။
Wan connection Type မှာ Static IP ကို ရွေးပေးပါ။
IP Address, Sub Mark, Default Gateway, DNS တွေကို ဖြည့်ပေးပြီး Save ပါ။
(MPT ကချပေးတဲ့ IP တွေကိုဖြည့်ပေးရမှာပါ)
 Wan အပိုင်းတော့ပြီးပါပြီ။
Router ထဲသို့ အင်တာနက်ရောက်မရောက်ကို သိရအောင် Status မှာ Page ရဲ့အောက်ဆုံး Teaffic Statistic မှာ ကြည့်နိုင်ပါတယ်။ Received မှာ ပြပြီဆိုရင်တော့ ok ပါပြီ။
 Router ထဲကို အင်တာနက်ရောက်ပြီဆိုတော့ ပြန်လွှင့်ဖို့အတွက် Wireless အပိုင်းကို ဆက်ပါမယ်။
WIRELESS
*********
WiFi လွှင့်ဖို့အတွက် Wireless ကို Setting ထည့်ပါမယ်...  Wireless ကိုနှိပ်ပါ။
SSID မှာ မိမိအသုံးပြုလိုတဲ့ နာမည်ကို ထည့်ပြီး SAVE ပါ။ wifi လေးပါ တစ်ခါထဲလွှင့်ချင်တယ် ဆိုရင်တော့
Enable wireless Router Radio ဆိုတဲ့ဘေးနားကအမှတ်လေးကိုခြစ်ပေးလိုက်ပါ။
SAVE ကိုနှိပ်လိုက်တဲ့အခါ အပေါ်မှာပြထားသည့်ပုံအတိုင်း မြင်ရပါလိမ့်မယ်။ 
Click Here ကိုနှိပ်ပါ။
Reboot ကိုနှိပ်ပါ။
အပေါ်မှာပြထားသည့်ပုံအတိုင်း Restarting လုပ်ပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ Page Setting မှ Wriless မှာ မိမိပြောင်းလည်းလိုက်တဲ့ နာမည်ကို ပြောင်းလည်းပြီး မြင်တွေ့ရမှာပါ။
ကွန်ပျူတာရဲ့ Wireless ကို ဖွင့်ကြည့်လိုက်ပါဦး။ 
အပေါ်ပုံမှာ ပြထားသလို မိမိနာမည်နဲ့ Wifi လိုင်းလွှင့်ပြီး ဖော်ပြပေးနေပါလိမ့်မယ်။
Security အတွက် ဘာ Password မှ မထည့်ထားရသေးတော့ ( ? ) ပုံလေးနဲ့ ပြနေမှာပါ။
Password ထည့်လွှင့်ဖို့ Setting ဆက်ထည့်ပါမယ်။
Wireless ကို နှိပ်ပါ။
Security Settings ကိုနှိပ်ပါ။
မြှား (၁) မှာပြထားတဲ့ Version မှာ WPA2 PSK ကိုရွေးပေးပါ။
မြှား (၂) Encryption မှာ Automatic အတိုင်းထားလည်းရပါတယ်။
မြှား (၃) PSK Password မှာ မိမိ အသုံးပြုလိုတာ ထည့်ပါ။
အနည်းဆုံး အက္ခရာ သို့မဟုတ် နံပါတ် ဒါမှမဟုတ် အက္ခရာ + နံပါတ် + လက္ခဏာပါ ပေါင်းပြီးထည့်ပေးလို့ရပါတယ် အနည်းဆုံး ( ၈ ) လုံးတော့ထည့်ပေးပါ။ ပြီးသွားရင်
Save လုပ်ပါ။
Save နှိပ်လိုက်ပါက အပေါ်ကပုံအတိုင်း တွေ့ရမည်ဖြစ်ပြီး မြှားပြထားသည့် Click Here ကို နှိပ်ပါ။
Reboot ကို ထပ်နှိပ်ပါ။
Restarting လုပ်ပါလိမ့်မယ်။ ခဏဆောင့်ပေးပါ။
ပြန်တက်လာတဲ့ အခါမှာ ကွန်ပျူတာက WiFi ကို ကြည့်လိုက်ပါက 
အပေါ်မှာ ပြထားသည့်ပုံအတိုင် Security Type မှာ WPA2-PSK လို့ပြောင်းလည်းဖော်ပြနေပါလိမ့်မယ်။
============================================
ဒီနေရာမှာ တစ်ခုပြောချင်တာက Router ကို ၀င်တဲ့ IP က WiFi လိုင်းကိုဝင်ချိတ်သုံးယုံနဲ့ သိတာပေါ့နော်။
IP ကို သိလို့ Router ကို ၀င်ရင် User Name နဲ့ Password ကို မူရင်းအတိုင်း 
admin ထားမယ်ဆိုရင် ကိုယ့် Router ထဲ ၀င်ချင်တိုင်း ၀င်လို့ရသွားပြီပေါ့။ 
အဲ့တော့ ကျွန်တော်တို့ Router ထဲ ၀င်တဲ့ User Name နဲ့ Password ကို ပြောင်းပါမယ်။
============================================
Maintenance ကို နှိပ်ပါ။
System Tools မှတဆင့် Password ကို နှိပ်ပါ။
ပုံမှာပြထားသည့်အတိုင်း 
Old user Name မှာ အရင်သုံးခဲ့တဲ့ admin
Old Password မှာ အရင်သုံးခဲ့တဲ့ admin
New တွေမှာတော့ မိမိအသစ်သုံးလိုတာကို ဖြည့်ပေးလိုက်ပြီး Save လုပ်ပါ။
ဒီအတိုင်းပြန်တက်လာပြီး အသစ်ပြုလုပ်လိုက်တဲ့ User Name နဲ့ Password ကို အသုံးပြုနိုင်ပါပြီ။
Router ကို အင်တာနက်ရရှိစေပြီး WiFi လည်း ပြန်လွှင့်ပေးပြီးပါပြီ။ ကြိုးဖြင့်လည်း အသုံးပြုနိုင်ပါပြီ။
(လိုအပ်တာများရှိရင်လည်း အကြံပေးနိုင်ပါတယ်ခင်ဗျာ)
Credit >>>> www.pyayblogger.com  သန်းတိုးအောင်
Y511 မြန်မာစာအဆင်ပြေတဲ့ MMSD Smart Zawgyi v1.3 လာပါပြီ။
အရင် version v1.2 မှာမရတဲ့ ဖုန်းတွေကိုထက်ဖြည့်ပေးထားပါတယ်
Android version 1.6 ကနေ 4.2.2 အထိအသုံးပြုနိုင်ပါတယ်။
Sony တွေမှာလဲအသုံးပြုနိုင်ပါတယ်။
လက်တလောရေပန်းစားနေတဲ့ Y511 တွေလဲအဆင်ပြေပါပြီ။
Y320, G610 ကဲ့သို့သောဖုန်းတွေ ၀လုံးတွေမတက်ပဲအဆင်ပြေပြေရေးနိုင်ဖတ်နိုင်ပါတယ်။
iMobile istyle များနှင့် တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ်။
ဝလုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။
Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ်။
Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ်။
သူ့အလိုလိုတော့ Restart ကျသွားအောင်လုပ်ပေးထားပါတယ်. . .
တစ်ချို့ဖုန်းတွေမှာ Font Change ပြီးပြီးခြင်း တရုတ်စာတွေတက်လာပေမဲ့
Restart ချပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်. . .
မည့်သည့် Font မှမပျက်ပါဘူး
Frozenkeyboard v1.1.3 တစ်ခါထဲထည့်ပေးထားပါတယ်။
အဆင်ပြေပါစေ
ဒီမှာဒေါင်းပါ။
Download Here (Mediafire)
Download Here (Dev host)
Screenshot_2013-06-18-11-56-021098074_586902108019682_1617524580_n
Screenshot_1980-01-06-08-22-39Screenshot_1980-01-06-08-21-41 Screenshot_1980-01-06-08-21-47 Screenshot_1980-01-06-08-22-56
 credit by MMSD
mHotspot Wifi Router Software Win 7and 8
Virtual Router လိုပဲ Wifi Hotspot လွှင့်တဲ့ Software ပါ windows 7 နှင့် 8 မှာ အသုံးပြုလို့ရပါတယ်
မိမိ အင်တာနက်ကို wifi ဖြင့် share ခြင်းဖြစ်ပါတယ် Virtual Router ထက်လုပ်ဆောင်ချက်မြန်ပါတယ်
Jailbreak မလုပ်ထားသည့် iDevice များမှာပါ Paid Application များထည့်သွင်းနိုင်သော iClover 2.0.8.1 (latest version)
                      iDevices တွေဖြစ်တဲ့ iPhone, iPad နဲ့ iPod Touch တွေကို jailbreak လုပ်ထားသည်ဖြစ်စေ၊ လုပ်မထားသည်ဖြစ်စေ full version cracked application များကို ဒေါင်းလုပ်လုပ်ခါ တိုက်ရိုက်ထည့်သွင်းနိုင်တဲ့ iClover ခေါ် Tongbu software ဖြစ်ပါတယ်။ နေ့စဉ် Update လုပ်တဲ့အတွက် နောက်ဆုံးထွက်တဲ့ Application တွေ ဂိမ်းတွေကို ပိုက်ဆံပေးဝယ်တဲ့ သူများနည်းတူ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Cracked app မဟုတ်တဲ့ တရားဝင် legal application ကိုမှလိုချင်တယ်ဆိုရင်လည်း ဒီ iClover ထဲမှာပဲ မိမိ apple ID နဲ့ sign in လုပ်ခါ တိုက်ရိုက် free legal application များကို ကိုယ်ပိုင်အကောင့်ဖြင့် ရယူ download လုပ်နိုင်ပါတယ်။
                          အသုံးပြုလိုသော iPhone, iPad, iPod တို့ကို ကွန်ပျူတာတွင်ဆက်ခါ install ထည့်သွင်းလိုက်သော Application များ ဖွင့်မရဖြစ်ပြီး crash ဖြစ်နေလျှင်လည်း အထက်တွင်ပြထားသော ပုံအတိုင်း fix crash ကိုနှိပ်ခါ ဖြေရှင်းနိုင်ပါတယ်။ App များကို download ပြုလုပ်ရန် internet connection လိုအပ်မည်ဖြစ်ပြီး၊ install ပြုလုပ်ရန်နှင့် Fix crash ပြုလုပ်ရန် internet connection မလိုအပ်ပါ။
iClover home page
iClover 2.0.8.1 ကို တိုက်ရိုက် download ပြုလုပ်ရန်
iClover 2.0.8.1 ကို Mediafire မှ download ပြုလုပ်ရန် 
zippyshare   
credit by http://stamedia.blogspot.com
Followers