Feb 25, 2014

samsung ဖုန်းတွေမှာ software dead ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ...........?


samsung ဖုန်းတွေမှာ software dead ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ...........? လွတ်ပစ်လိုက်တော့ မှာလား ......?  ဆိုင် ပို့် လိုက်တော့ မလား ကြိုးစားကြည့် ချင်သေးလား တော်ရုံတန်ရုံ ပျက် တာလောက်နဲ့  ကတော့ ဒီနည်းလေးနဲ့  ကြိုးစားကြည့် လိုက်ပါ။အဆင်ပြေသွားပါလိမ့် မယ်။ကဲအောက်မှာနည်း
ကိုဖော်ပြပေးထားပါတယ်။ဆိုင်မှာဆိုရင်တော့  ( 50000 အထက်ပဲရှိမယ်ထင်ပါတယ် ) မိတ်ဆွေတို့ ကြိုးစားကြည့် ချင်တယ်ဆိုရင်တော့ အောက်မှာလေ့ လာပေးပါ။လုပ်ပုံလုပ်နည်းကတော့ ရိုးရှင်းပါ
တယ်သေသေချာချာလေးစိတ်ပါဝင်စားစွာနဲ့ လိုက်လုပ်ကြည့် ပေးပါ။အခုဖော်ပြပေးတာက software dead ပါ။ hardware dead မဟုတ်ပါဘူးခင်ဗျာ။ hardware dead ဆိုရင်တော့ မရနိုင်ပါဘူးခင်ဗျာ။


အဆင့် ( ၁ ) 
-------------------------------



  • ဖုန်းကိုပိတ်ပါ။
  • Rebootလုပ်ပြီး  recoveryထဲကို ( Middle key + Power on ) နဲ့ ဝင်ပါ။
  •  wipe cache ကိုရွေးပါ
  •  wipe data/factory reset လုပ်ပါ။
  •  download modeထဲကိုဝင်ပါ ပြီးရင်  firmware ကို Odinကိုအသုံးပြုပြီး flash လုပ်ပါ။


အဆင့်  ( ၂ ) 
--------------------------
Download mode ထဲကိုဝင်မရသူများအတွက် ကတော့ အောက်ကအတိုင်းဝင်ပေးပါ။

  • Home + Volume Down + Volume Up + Power  download mode ထဲကိုဝင်ပါ။
( သို့ မဟုတ် )
  •  battery ဖြုတ်ပြီး  Volume down + Middle key + Power on. ကိုနိုပ်ထားပါ။ flash ပြုလုပ်နိုင်ပါပြီ။

အဆင့် ( ၃ ) 
--------------------------------




  •  Java ကိုpc မှာ  install လုပ်ပါ။ Download   Java site ကိုဒီမှာဒေါင်းပါ။ Direct link , solidfiles , zippyshare 
  • one-click Unbrick tool ကိုဒီမှာယူပါ install လုပ်ပါ ။ Direct link  , zippyshare , solidfiles 
  • window users အတွက် .rar/.zip extractor software ကို ဒီမှာယူပါ install လုပ်ပါ။ DOWNLOAD
အဆင့် ( ၄ ) 
--------------------------


  • ၁ ။  One-Click.jar file, ကို Right-click ထောက်ပြီးတော့  “7-zip” ထဲကိုထည့် ပြီး “Extract to OneClick”.ထဲသို့ ထည့် ပေးလိုက်ပါ။



  • ၂ ။   ယခုဆိုရင် ‘OneClick’ folder ကိုရပါပြီ။
  •  ၃။ ‘OneClick.jar’ file ကို  copy ယူပြီး  ‘OneClick > heimdalloneclick > resources >   HeimdallPackage’ folderထဲ ကို paste လုပ်ပေးပါ။


  • ၄။  ‘oneclickloader.exe’ file ကို Right-click  ထောက်ပြီး  ‘Run as Administrator’. အဖြစ်နဲ့  run ပါ။
  • ၅။   Heimdall ကို Installion လုပ်ဆောင်နေပါပြီ။
  • ၆။  install  လုပ် ပြီးသွားရင်တော့   One-Click UnBrick ရဲ့ ပုံလေးကိုတွေ့ မြင်ရမှာပါ။



  • ၇။ . ဖုန်းနှင့် ကွန်ပျူတာကို usb ကြိုးနှင့် ချိတ်ဆက်ပြီး “unsoft brick” လေးကိုနိုပ်ပြီး recovery လုပ်နိုင်ပါပြီ 
  • ၈ ။ samsung usb driver ကိုဒီမှာယူပါ။ DOWNLOAD -


http://nainglinnaung91.blogspot.com/2013/10/samsung-software-dead.html#.UwxdNPuhYk8


အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ

Windows နှစ်ခု တင်လို့မရအောင် ပိတ်ထားတဲ့ Hard Disk ကို ဝင်ဒိုးနှစ်ခု တင်လို့ရအောင် လုပ်နည်း

 အခုနောက်ပိုင်း Windows 8 တင်ပြီးသား ပါလာတဲ့ ကွန်ပျူတာတွေမှာ Hard Disk ကို ဖေါ်မတ်တစ်မျိုးဖြစ်တဲ့ GPT (or) Read Only ဖေါ်မတ်နဲ့ Windows 8 တင်ပေးလေ့ရှိပါတယ်..။ ဒီဖေါ်မတ်နဲ့ဆိုရင် ဟတ်ဒစ်ကို တခြားအပိုင်းတွေခွဲလို့တော့ ရပြီး အဲ့ဒီအပိုင်းတွေမှာ တခြားဝင်းဒိုးတွေကို ပြန်တင်လို့ မရပါဘူး..။ ဒါကလည်း Windows 8 ကို တခြားဝင်းဒိုးတွေထက် ပိုမြန်အောင်၊ သွက်လက်အောင် ဒီ GPT Partition Style ဖေါ်မတ်ကို သုံးရခြင်းပါတဲ့..။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကွန်ပျူတာ တစ်လုံးထဲမှာ ဝင်းဒိုးနှစ်ခု၊ သုံးခုကို အတူ တလှည့်စီ တွဲသုံးလိုရင်တော့ ဒီဟတ်ဒစ်တွေရဲ့ ဖေါ်မတ်ကို ပြောင်းပြီးမှ တခြားဝင်းဒိုးတွေကို တင်လို့ ရမှာပါ..။ ဟတ်ဒစ်တွေရဲ့ ဖေါ်မတ်ကို ပြောင်းလိုက်မယ်ဆိုရင်တော့ မိမိတို့ကွန်ပျူတာထဲမှာ ရှိပြီးဖြစ်တဲ့ ဝင်းဒိုးအပါအဝင် တခြား ဆော့ဝဲလ်တွေ Video တွေ၊ ဓါတ်ပုံတွေ အားလုံး ပျက်ပါတယ်..။ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်တွေကို အရင်သိမ်းထားဖို့ လိုပါတယ်..။ ဒီနည်းကို အသုံးပြုမှ မိမိတို့ကွန်ပျူတာမှာ ဝင်းဒိုးနှစ်ခု၊ သုံးခု တင်သုံးလို့ ရမှာဖြစ်တဲ့အတွက် Original Windows 8 တွေဆိုရင် Recovery အပိုင်းပါ ပျက်သွားမှာမို့ မလုပ်ခင် သေချာ စဉ်းစားသင့်ပါတယ်..။ 
ဒီလုပ်နည်းကို ဝင်းဒိုးတင်တတ်ခါစ လူသစ်များအပြင် ၊ Service သမားတွေပါ တတ်ထားသင့်ပါတယ်..။ ဘာလို့လဲဆိုတော့ နောက်ပိုင်းထွက်လာတဲ့ Windows 8 နဲ့ စက်အသစ်တွေအားလုံးက ဟတ်ဒစ်ကို ဒီလိုဖေါ်မတ်မျိုးနဲ့ပဲ လာတော့မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ..။ ဒါကြောင့် ဒီနည်းက မသိမဖြစ်နည်းတခု ဖြစ်ပါတယ်..။ အရင်က ကျနော်ကိုယ်တိုင် Original Windows 8 ပါပြီးသား စက်အသစ်ကို ဖေါ်မတ်ချပစ်လိုက်ပြီးမှ ဝင်းဒိုး ပြန်တင်လို့ မရတဲ့အတွက် ၂-ရက်လောက် အလုပ်ရှုပ်ခဲ့ရဖူးတဲ့ ဒီလုပ်နည်းကို အခုတော့ Microsoft ကုမ္ပဏီက 2013 December 9 ရက်နေ့က သူ့ဝဘ်ဆိုဒ်မှာ ဖေါ်ပြပေးခဲ့ပြီးဖြစ်ပါတယ်..။ ကျနော် အရင်လုပ်ခဲ့တဲ့နည်းက ဟတ်ဒစ်ကို အပြင်ထုတ်ပြီးမှ လုပ်ရတဲ့နည်းဖြစ်လို့ အလုပ်ရှုပ်ပါတယ်..။ အခု Microsoft ကပေးတဲ့နည်းကတော့ ပိုလွယ်ကူတဲ့အတွက် အဲ့ဒီနည်းနဲ့ပဲ ဒီပိုစ့်မှာ လုပ်ပြပေးထားပါတယ်..။
နောက်တခုကတော့ ဟတ်ဒစ်ကို ဖေါ်မတ်မျိုးစုံနဲ့ အသုံးဝင်ပုံတွေကို အသေးစိတ်သိဖို့ မလိုသေးပဲ ဒီပိုစ့်မှာ ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်းလို့ရတဲ့ GPT , Dynamic , Basic စတဲ့ဖေါ်မတ်တွေမှာ ကျနော်တို့အတွက် ဝင်းဒိုးနှစ်ခု၊ သုံးခု တင်လို့ရတဲ့ Basic ဖေါ်မတ်ကိုပဲ ပြောင်းယူအသုံးပြုရမှာ ဖြစ်ပါတယ်..။ Basic ဖေါ်မတ်ကို ပြောင်းလိုရင်တော့ အရင်ဆုံး Dynamic ဖေါ်မတ်ဖြစ်ပြီးမှ Basic ဖေါ်မတ်ကို ပြန်ပြောင်းလို့ရတာပါ..။ Dynamic ဖေါ်မတ်နဲ့ဆိုရင်တော့ GPT ဖေါ်မတ်လိုပဲ ဟတ်ဒစ်မှာ ဝင်းဒိုးတစ်ခုပဲ လက်ခံပါတယ်..။ နောက်ထပ်ဝင်းဒိုး ထပ်တင်လို့ မရတော့ပါ..။ Basic ဖေါ်မတ်ကျပြန်တော့ Partition တွေမှာ ဝင်းဒိုးတွေ အများကြီးတင်လို့ ရပေမယ့် ဟတ်ဒစ်ကို အပိုင်း ၃-ပိုင်းပဲ ခွဲထုတ်ခွင့်ပြုပါတယ်..။ ၄/၅-ပိုင်းခွဲထုတ်လိုက်ရင်တော့ သူ့အလိုလို Dynamic Disk ဖေါ်မတ်ကို ပြန်ပြောင်းသွားတာဖြစ်လို့ တခြား ပါတေးရှင်းအပိုင်းတွေထဲက တခြားဝင်းဒိုးတွေကို ဝင်လို့မရတော့ပါဘူး..။ အဲ့ဒီဖြစ်သွားရင်တော့ AOMEI Partition Assistance Pro ဆော့ဝဲလ်နဲ့ Dynamic Disk ကနေ Basic Disk ဖေါ်မတ်ကို Data တွေနဲ့ တခြားဝင်းဒိုးတွေကို မပျက်စေပဲ ပြန်ပြောင်းယူလို့ ရတဲ့အတွက် အဲ့ဒီဆော့ဝဲလ်လေးကိုပါ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ တင်ပေးထားပြီး အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီရက်ထဲမှာ စက်အသစ်နှစ်လုံးနဲ့ ၎င်းတို့ရဲ့ ဟတ်ဒစ်တွေကို ဒီနည်းနဲ့ အပြန်အလှန် စမ်းသပ်နေတာဖြစ်လို့ ဒီရက်ထဲအလုပ်ရှုပ်ပါတယ်..။ အခုတော့ ဒီပိုစ့်ကို တင်ပေးဖို့ အတော်လေး ပြည့်စုံသွားပြီဖြစ်လို့ ကျနော်စမ်းသုံးရင်း ရရှိလာတဲ့ အတွေ့အကြုံလေးတွေကိုပါ ဒီပိုစ့်မှာ ဖြည့်စွက်ရေးပေးထားလို့ နောက်ပိုင်း ဝါသနာရှင်များထဲမှ လေ့လာလိုက်စားတဲ့သူများအတွက် အလွယ်တကူ သင်ယူလို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။
ဒီနည်းကို အသုံးပြုပြီး ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်း၊ ဝင်းဒိုးအသစ်တင်မှာဖြစ်တဲ့အတွက် မိမိတို့မှာရှိတဲ့ Windows 8 (or) Windows 7 DVD သို့မဟုတ် Bootable USB Pendrive ကို မိမိတို့ အသုံးပြုမယ့် စက်မှာထည့်၊တပ်ထားလိုက်ပြီး စက်ကို Restart ပေးပါ..။ ပြီးရင်တော့ F2, Esc, Del, F10 စသဖြင့် မိမိတို့ စက်ရဲ့ Bios Setup ထဲဝင်တဲ့ကီးတွေကို ဆက်တိုက်နှိပ်ပြီး Boot နေရာမှာ DVD (or) USB သွားပြောင်းပြီး ဝင်းဒိုးတင်တဲ့ထဲကို ဝင်လိုက်ပါ..။ အသေးစိတ်ကို Windows 7 တင်နည်းပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားခဲ့ပြီးမို့ မသိသေးတဲ့သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်လိုက်ရင် အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ 
ကျနော်ကတော့ Windows 8 နဲ့ အသုံးပြုထားတာဖြစ်လို့ အောက်ကပုံလေးအတိုင်း Windows 8 ရဲ့ Install now ကနေ သွားပါတယ်..။ ဒီနည်းကို Windows 7 အခွေနဲ့ပါ စမ်းသပ်ပြီး အဆင်ပြေပြီးသားဖြစ်တဲ့အတွက် Windows 8 (or) Windows 7 အဆင်ပြေရာနဲ့ အသုံးပြုနိုင်ပါတယ်..။


အောက်ကပုံကတော့ Windows 8 တခုသာရှိသေးတဲ့ စက်မှာ တခြားပါတေးရှင်းအပိုင်းတွေမှာ နောက်ထပ်ဝင်းဒိုးကို တင်လို့ မရတော့တဲ့အတွက် အနီဝိုင်းထားတဲ့ စာသားကို ကလစ်ပြီးကြည့်လိုက်တော့ မျှားနီပြထားတဲ့အတိုင်း GPT Partition Style ဖြစ်နေလို့ပါတဲ့..။ အခုဒီပိုစ့်ကနည်းနဲ့ လုပ်ပေးလိုက်မှ တခြား ပါတေးရှင်းတွေမှာ နောက်ဝင်းဒိုးတွေကို တင်လို့ ရသွားပါတယ်..။ Basic ဖေါ်မတ်မပြောင်းခင် အရင်ဝင်းဒိုးနဲ့ ဆော့ဝဲလ်တွေ အားလုံး ပျက်ပါတယ်..။ ပြီးမှ ဝင်းဒိုးတွေ နှစ်ခု၊ သုံးခု တင်လို့ ရတာပါ..။



တခြားဝင်းဒိုးမတင်ရသေးတဲ့ စက်တလုံးမှာတော့ အပေါ်က ပုံအတိုင်း NTFS ဖေါ်မတ်ဖြစ်မှ ဝင်းဒိုးတင်လို့ ရမှာပါတဲ့..။ အဲ့ဒါမျိုးကတော့ ဖေါ်မတ်ချပစ်လိုက်ယုံနဲ့ ရပါတယ်..။ Basic Disk ဖေါ်မတ်ဖြစ်ဖို့အတွက် ပိုသေချာအောင် ဒီနည်းကိုပဲ အောက်ကပုံလေးတွေ အတိုင်း အသုံးပြုသွားလိုက်ပါတယ်..။
အရင်ဆုံး ကီးဘုတ်မှ Shift+F10 ကို တွဲနှိပ်ပြီး ဝင်းဒိုး External Command Prompt ကို ဖွင့်လိုက်ပါ..။ ပြီးရင်တော့ အောက်ကစာသားတွေကို တကြောင်းစီ မှန်အောင် ရိုက်ထည့်ပေးလိုက်ရင် ရပါပြီ..။
ဒီစာသားတွေကိုရိုက်ထည့်ပါ
diskpart                          
list disk
select disk 0
clean
convert gpt
convert dynamic
convert basic
exit

Diskpart နည်းနဲ့ လုပ်ရမှာ ဖြစ်လို့ ကြည့်ရရှင်းအောင် အောက်ကပုံလေးတွေ အတိုင်း တကြောင်းစီ ပြပေးထားပါတယ်..။ ရိုက်ထည့်တဲ့ စာသား မှန်အောင် သတိပြုရိုက်ပါ..။ စာကြောင်း တစ်ကြောင်းရိုက်ပြီးတိုင်း Enter တချက်စီ ခေါက်သွားလိုက်ပါ..။
 


ဒီအဆင့်မှာ တချက်က မိမိတို့ ဖေါ်မတ်ပြောင်းလိုတဲ့ ဟတ်ဒစ်က စက်ထဲက ဟတ်ဒစ်ဆိုရင်တော့ Disk 0 (သုည) လို့ ပေါ်နေမှာဖြစ်ပြီး USB နဲ့ တွဲသုံးတဲ့ ဟတ်ဒစ် သို့မဟုတ် Pendrive တွေဆိုရင်တော့ Disk 1 လို့ ပေါ်နေမှာပဲ ဖြစ်ပါတယ်..။ ဒါကြောင့် ဒီနေရာမှာ မမှားရအောင် သေချာရွေးယူတတ်ဖို့ လိုပါတယ်..။ ကျနော်ကတော့ စက်ထဲက ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်းမှာ ဖြစ်လို့ မျှားအဝါပြထားတဲ့ Disk 0 ကို ရိုက်ထည့်ပါတယ်..။


Disk 0 is now the selected disk ဆိုတဲ့စာသား ပေါ်လာရင်တော့ နောက်စာကြောင်း တကြောင်းကို ဆက်ပြီး ရိုက်ထည့် Enter တစ်ချက် ခေါက်ပေးလိုက်ပါ..။


Clean စာသားရိုက်ထည့်ပြီးလို့ DiskPart succeeded in cleaning the disk ဆိုရင်တော့ နောက်စာကြောင်းဖြစ်တဲ့ ဖေါ်မတ်ပြောင်းတဲ့ စာသားကို ရိုက်ထည့်ပေးရမှာပါ..။ ဒီနေရာမှာ ကျနော်က တခါတည်း Basic ဖေါ်မတ်ကို ပြောင်းရိုက်ထည့်လိုက်တာ အောက်ကပုံအတိုင်း မျှားနီပြထားသလို Dynamic ဖေါ်မတ်ပြောင်းပြီးမှ Basic ဖေါ်မတ်ကို ပြောင်းလို့ရမှာပါတဲ့..။ ဒါကြောင့် အစဉ်လိုက်အတိုင်း အောက်ကပုံမှာ မျှားအဝါတွေနဲ့ ပြထားသလို Convert သုံးမျိုးပြောင်းလိုက်ပါတယ်..။ Successfully စာသားတွေ ပေါ်ပြီးမှ နောက်စာကြောင်းတွေကို ရိုက်ထည့်ပေးပါ..။ ပြီးရင်တော့ Exit ၂-ခါနဲ့ ထွက်ပြီး စက်ကို Restart ပေးလိုက်ပါ..။


အောက်ကမျှားအပြာနဲ့ ပြပေးထားတာကတော့ ဒီပါတေးရှင်းအပိုင်းထဲမှာ ဝင်းဒိုးတင်လို့မရသေးတာပါ..။ ဒါကြောင့် မျှားနီပြထားတဲ့အတိုင်း အားလုံးပိတ်ပစ်ပြီး Restart ပေးပြီးမှ ဝင်းဒိုးတင်လို့ ရမှာပဲ ဖြစ်ပါတယ်..။





အပေါ်ကပုံတွေ အတိုင်း အဆင့်ဆင့် ပိတ်ပစ်ပြီးသွားရင်တော့ စက်ပြန်တက်လာရင် ဝင်းဒိုးပြန်တင်တဲ့အတိုင်း ပြန်ဝင်လိုက်ပါ..။ အောက်ကပုံလေးတွေအတိုင်း ပါတေးရှင်းအပိုင်းတွေ ခွဲပြီး ဝင်းဒိုးတင်လို့ ရသွားပါပြီ..။



ပါတေးရှင်းပိုင်းတွေကို အောက်ကပုံတွေအတိုင်း ကျနော် ရသလောက် ခွဲထုတ်ပါတယ်..။



အောက်ကပုံမှာ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့အတိုင်း ၃-ပိုင်းခွဲပြီးတဲ့နောက်မှာတော့ ၄-ပိုင်းမြောက်အပိုင်းကို ခွဲထုတ်လို့ မရတော့ပါ..။ သူ့မှာရေးထားတဲ့ စည်းကမ်းချက်လေးကို အောက်ကပုံအတိုင်း ဖတ်ရှုနိုင် ပါတယ်..။



Basic Disk ဖေါ်မတ်မှာတော့ သတ်မှတ်ထားတဲ့ အပိုင်းတွေခွဲထုတ်လို့ ပြည့်သွားပြီဖြစ်လို့ နောက်ဆုံးအပိုင်းကိုတော့ ဆက်လက်အသုံးပြုလို့ မရပါဘူးတဲ့..။ ဒီအတိုင်းပဲသွားလိုက်ပါ..။ ကိစ္စမရှိပါဘူး..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာပေးထားတဲ့ ဆော့ဝဲလ်လေးနဲ့ ပြန်ခွဲထုတ်လို့ ရပါသေးတယ်..။ ဒါကြောင့် ခွဲထုတ်ထားတဲ့ ပါတေးရှင်းအပိုင်းတွေထဲက မိမိတို့ နှစ်သက်တဲ့ အပိုင်းကို ကလစ်ပြီး အောက်ကပုံလေးအတိုင်း ဝင်ဒိုးတင်လို့ ရသွားပါပြီ..။



အောက်ကပုံတွေအတိုင်း ဝင်းဒိုးတင်လိုက်ပါတယ်..။




ဝင်းဒိုးတင်ပြီးတဲ့အခါမှာတော့ အောက်ကပုံအတိုင်း အပေါ်မှာ ခွဲထုတ်လို့ မရခဲ့တဲ့ နောက်ဆုံးအပိုင်းကို ပြန်ပြီးခွဲထုတ်ပါတယ်..။ Computer >> Right Click >> Manage >> Disk Management ကနေ ဝင်ပြီး ပါတေးရှင်း မအောင်သေးတဲ့ အမဲရောင် အပိုင်းပေါ်မှာ Right Click >> New Volume ကနေ အဆင့်ဆင့် Next နှိပ်ပြီး သွားလိုက်ရင်တော့ အောက်ကပုံအတိုင်း Yes ပေးရမယ့် ဘောက်စ်လေး ကျလာမှာဖြစ်ပါတယ်..။ မျှားအစိမ်းရောင်နဲ့ပြထားတဲ့ စာသားတွေကတော့ ဒီအပိုင်းကို ခွဲထုတ်လိုက်မယ်ဆိုရင်တော့ ယခုလက်ရှိ Basic Disk ဖေါ်မတ်ကနေ အလိုလို Dynamic ဖေါ်မတ်ကို ပြောင်းလဲသွားပါလိမ့်မယ်တဲ့..။ Dynamic Disk ဖေါ်မတ်ဖြစ်သွားရင် ဒီလက်ရှိဝင်းဒိုးက လွဲလို့ တခြားဝင်းဒိုးတွေ တင်လို့ မရတဲ့အပြင် ၊ တခြား အပိုင်းတွေမှာ ရှိပြီးတဲ့ ဝင်းဒိုးပါ အသုံးပြုလို့ မရတော့ပါဘူးတဲ့..။ သေချာတယ်ဆိုရင်တော့ Yes ပေးလိုက်ပါတဲ့..။ ကျနော်က Yes ပေးလိုက်ပါတယ်..။ သူပြောတဲ့အတိုင်းပဲ ဟတ်ဒစ်တခုလုံး Dynamic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။ တခြားစက်တလုံးမှာတော့ ဝင်းဒိုး၂-ခု တင်ပြီးမှ ပါတေးရှင်းထပ်ခွဲလိုက်တာ Dynamic Disk ဖြစ်သွားလို့ ဟိုဘက်ဝင်းဒိုးကို ဝင်သုံးလို့ မရတော့ပါဘူး..။ ဒီအောက်ကဆော့ဝဲလ်နဲ့ Basic Disk ပြန်ပြောင်းလိုက်မှ အဲ့ဒီစက်မှာ နောက်ဝင်းဒိုး တခုကို ပြန်ဝင်သုံးလို့ ရသွားပါတယ်..။


အောက်ကပုံအတိုင်း ပါတေးရှင်းတွေ အားလုံး Dynamic Disk ဖေါ်မတ်တွေ ဖြစ်ကုန်ပါတယ်..။ Dynamic Disk ဖြစ်ပြီးသွားမှ ကျနော် ပါတေးရှင်း နောက်တခုပါ အောက်ကပုံအတိုင်း ထပ်ခွဲထုတ်လိုက်ပါသေးတယ်..။ ခွဲထုတ်လို့ ရပါတယ်..။ Dynamic Disk အတိုင်းပါပဲ..။



အပေါ်ပုံအတိုင်း Dynamic Disk ဖေါ်မတ်နဲ့ ပါတေးရှင်း အပိုင်း ၅-ပိုင်း ခွဲထုတ်ပြီးမှ ဒီအောက်က ဆော့ဝဲလ်လေးနဲ့ Basic Disk ပြန်ပြောင်းလိုက်ပါတယ်..။ Data တွေ တခုမှ မပျက်ပဲ အဆင်ပြေပြေနဲ့ ပြောင်းယူလို့ ရသွားပါပြီ..။ ဒီဆော့ဝဲလ်လေးကို ကီးတွေ ထည့်ပေးပြီးမှ ဖူးသုံးလို့ရမှာပါ..။ လိုအပ်တဲ့သူများကတော့ အရင်ဆော့ဝဲလ်ကို ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်က 8 MB ရှိပါတယ်..။ နောက်ဆုံး ဗါးရှင်းလေးပါ..။
(OR)



အပေါ်ပုံအတိုင်း ကီးတွေ ထည့်ပေးလိုက်ရင်တော့ ဒီကောင်လးကို ဖူးသုံးလို့ ရသွားပါပြီ..။


ပြီးရင်တော့ Dynamic စာသားကနေ ဝင်ပြီး ပြောင်းလိုက်ရင် အဆင်ပြေသွားပါပြီ..။




အပေါ်ကပုံတွေအတိုင်း အဆင့်ဆင့် ဝင်လာပြီးရင်တော့ အောက်ကပုံအတိုင်း Ok ပေးပြီး စက်ကို Restart ပေးလိုက်ရင် Dynamic Disk ကနေ Basic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။


စက်ပြန်တက်လာရင်တော့ အောက်ကပုံအတိုင်း ပါတေးရှင်းအပိုင်တွေမှာ အပြာရောင်တွေနဲ့ Basic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။ ဒါဆိုရင်တော့ တခြားပါတေးရှင်းအပိုင်းတွေမှာလည်း နောက်ထပ် ဝင်းဒိုးတွေကို တင်ပြီး အသုံးပြုလို့ ရသွားပါပြီ..။

ဒီလောက်ဆိုရင်တော့ ဝင်းဒိုးတင်လို့မရတတ်တဲ့ ဟတ်ဒစ်ပြဿနာကို ဒီနည်းနဲ့ ဖြေရှင်းလို့ ရသွားပါပြီ..။ နောက်တခုကတော့ ကျနော် မစမ်းသပ်ရသေးတဲ့ ဟတ်ဒစ်မှာ Password ပေးထားလို့ ဝင်းဒိုးတင်လို့ မရတဲ့ ပြဿနာကို ဒီ Diskpart နည်းနဲ့ စမ်းသုံးကြည့်ရင် အဆင်ပြေနိုင်မယ် ထင်ပါတယ်..။ ဒါကတော့ ကျနော့်မှာ Password ပိတ်ထားတဲ့ ဟတ်ဒစ်မရှိသေးတဲ့ အတွက်ကြောင့်ပါ..။ စာဖတ်သူများထဲမှ ဒီ Diskpart နည်းနဲ့ Password ပိတ်ထားတဲ့ ဟတ်ဒစ်မျိုးရှိခဲ့မယ်ဆိုရင်တော့ ဒီနည်းနဲ့ စမ်းသပ်ပြီး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီပိုစ့်ရဲ့ Comments မှာ အဆင်ပြေ၊ မပြေဆိုတာကို နောက်လူများ လေ့လာလို့ ရအောင် ဆက်လက်၍ ရေးပေးခဲ့ဖို့ တောင်းဆိုပါတယ်..။ အားလုံးပဲ လေ့လာရင်း အဆင်ပြေကြပါစေဗျာ..။ 


ဆော့ဝဲလ်မြို့တော်မှ
သီဟဇော်(နည်းပညာနှင့်သတင်း)

♥♥♥DAEMON Tools Ultra 2.2.0.0226 Incl Activator Full Version (18.80MB)♥♥♥

DAEMONToolsUltra2
Description
DAEMON Tools immoderate may be a easy application that brings along a number of the foremost widespread functions of DAEMON Tools professional and combines them with intuitive handling.

Users merely got to drag and drop a picture onto the most window of DAEMON Tools immoderate and it like a shot gets mounted, with none extra effort on the user\'s half.

Furthermore, DAEMON Tools immoderate allows users to form and mount VHD pictures, guiding them with straightforward to grasp directions.

Functionality:
.Convert all supported image formats to *.mdf/*.mds, *.mdx, *.iso
.Make pictures of CD, DVD, Blu-ray discs
.Make compressed disc pictures or split one image to many files
.Protect disc pictures with positive identification

VHD support:
.Create and mount read/write Virtual disc pictures with dynamic or mounted size
.Use VHD pictures to copy any of your knowledge
.Have easy accessibility to your knowledge hold on in VHD file
.Choose currently the mounting possibility - HDD or removable device

RAM disks:
.Create and mount virtual RAM disks that use a block of memory
.Keep your temporary files within the quickest storage to urge the best performance
.Forget about disc fragmentation caused by undeleted temporary files
.Synchronize RAM disk with VHD to use it once the resuscitate

Media devices virtualization:
.Use \"Quick Mount\" choice to mount and burn up to thirty two disc pictures at once
.Set up to thirty two interface and four IDE virtual devices in advanced mode
.Change the device parameters if necessary
.Customize image parameters for future mounting in Image Catalog

iSCSI Initiator:
.Work with iSCSI targets (optical devices only) created with DAEMON Tools internet knowledge Server or third party iSCSI servers
.Use DT virtual devices to mount iSCSI targets as disc pictures

Advanced imaging features:
.Сreate bootable USB devices simply
.Create or edit disc pictures easy with new widgets
.Burn created image files to media discs
.Burn disc pictures with RMPS knowledge
.Master bootable discs or pictures
.Manage your Image assortment

New generation interface:
.Try easy-to-use wizards for main program functions
.Check out easy and clear style of Image Catalog
.Use \"Quick Mount\" choice to mount disc pictures in one click
.Perform basic actions via handy DAEMON Tools gismo on Windows Desktop

GameSpace - we all know everything regarding games:
.Get additional info relevant to discs in your Image assortment
.Stay tuned: browse game news and reviews announce daily
.Browse for gameplay videos, screenshots and suggestions
.Find out high rated and most contend games
.Search disc pictures and far additional

Requirements
OS: Windows XP / view / seven / eight / 2003 / 2008 / 2008 R2 (Both 32/64-bit)

What\'s New during this unleash
What\'s new:
. Ability to mount VMDK images;
. Support of WAV/CUE audio images;
. increased read of Image Catalog containing out there media info;
. Removed \'Media Info\' panel;
. RAM disk data format on startup;
. Ability to calculate image hash sum;
. modified iSCSI targets refreshment behaviour.

Bugs fixed:
. many automount issues;
. Read-only mode for TrueCrypt images;
. Minor bugs.

Install Notes
==> DisConnect web
==> Install Program (Trial Mode)
==> Connect web
==> Run \"Activator\"
==> Then Run \"Registrator\" for Registered the program
==> Enjoy ...
http://www.aungkyawthyu.com/
 
အဆင်ပြေတယ်ဆိုရင် ကြော်ငြာလေးကိုတစ်ချက်လောက်ကလစ်ခဲ့ပေးပါနော် အဆင်မပြေခဲ့တာများရှိခဲ့ရင် CBOX တွင်ပြောကြာခဲ့ပါနော် ပိုတိုရှော့ပုံများနှင့်နည်းပညာများကိုတိုက်ရိုက်ရယူချင်တယ်ဆိုရင်  
ဒီမှာFB LIKE နှိပ်လိုက်ခဲ့ပါနော် ၃စက္ကန့်အတွင်းကျွန်တော့်ဆိုဒ်ကနေ သင့်ဆီကိုအရောက်ပို့လာမည်။  
Photoshop &Techniques 
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

Windows 8 Font Changer ဆော့ဝဲ


  ++ ကလစ်တစ်ချက်နှိပ်ယုံနဲ့ Desktop မှာ မြန်မာဖောင့်ပေါ်အောင်လုပ်နည်း ++

 


 စက်ထဲကို ZawgyiOne သွင်းတဲ့အခါမှာ နောက်ဆုံးမှာ စာကိုနှိပ်ပြီး စက်ကို Restart ချခိုင်းပါတယ် ။

တစ်ချို့ကမိမိအသုံးပြုတဲ့အရာလေးတွေရှိလို့ Restart မရွေးချယ်ပေးလိုက်ပါဘူး ။
အဲ့မှာ မိမိစက် ဘာတွေဖြစ်ပေါ်လာလဲဆိုတော့ တခြားနေရာနှင့် Desktop မှာ မြန်မာဖောင့်တွေ အတုံးတွေဖြစ်ပေါ်နေမှာဖြစ်ပါတယ် ။

Win 8.1 မှာကြတော့လဲ Restart ရွေးချယ်ခဲ့ကြသလို ။
ဘယ်လိုနည်း ဘယ်ဆော့ဝဲနဲ့ပဲထည့်ထည့် Desktop မှာ မြန်မာဖောင့်တွေ အတုံးတွေပဲ ဖြစ်နေကြတာကို ကြုံတွေ့ရတတ်ပါတယ် ။

တခြားနေရာ Browser ပိုင်းတွေမှာ သက်ဆိုင်ရာ Settings များကိုဝင်၍ ZawgyiOne ကို အပ်ပေးလိုက်တာနဲ့ မြန်မာဖောင့်ကို မြင်တွေ့နိုင်သလို....

Desktop မှာ မြန်မာဖောင့်မြင်တွေ့နိုင်ဖို့ကို
Right Click နှိပ်ကာ >>> Personalize ထဲဝင်ရောက်ပြီး >>> Color ထဲဝင် >>> iCon >>> ZawgyiOne ဆိုပြီး ရွေးချယ်ပေးလိုက်ရင် ရသွားပါတယ် ။

တစ်ချို့ Windows 7 နဲ့ 8 / 8.1 တွေမှာ Personalize မပါတာရှိကြသလို....
ပါဝင်လာတော့လဲ Color ထဲဝင် iCon >>> Fonts ရွေးဖို့ရန်လဲ ဖက်ရှင်ပါဝင်လာခြင်းမရှိပါဘူး ။

ထိုပြသနာများကို ဖြေရှင်းနိုင်ဖို့ရန် ကလစ်တစ်ချက်နှိပ်ယုံနဲ့ Desktop မှာ မြန်မာဖောင့်ပေါ်အောင်
လုပ်နိုင်တဲ့ဆော့ဝဲကို တင်ပေးလိုက်ပါတယ် ။

လိုချင်သူများ ဒီမှာသွားရောက်ဒေါင်းယူနိုင်ပါတယ် 

အိုင်တီရဲကို

♥♥♥Photo Calendar Studio 2014 1.13 Full Version Serial (39.50)♥♥♥

မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့Cbox မှာတောင်းဆိုမှုလေးကိုတင်ပေးလိုကပါတယ် ဓါတ်ပုံတွေကို ပြက္ခဒိန်လေးနဲ့လုပ်ချင်လို့ပါတဲ့ အဲဒါကြောင့် ကျွန်တော်ဒီဆော့ဝဲလေးကိုရှာပြီးတင်ပေးလေိုက်ပါတယ် နောက်ဆုံးထွက်ဘားရှင်းလေးပါ သူငယ်ချင်တို့လည်းဓါတ်ပုံတွေကို ပြက္ခဒိန်လေးလိုလုပ်ချင်သူများအောက်မှာဒေါင်းယူသွားနိုင်ပါတယ်ခင်ဗျာ
ကဲသူငယ်ချင်းတို့အတွက် ကီးထည့်နည်းလေးပါအောက်မှာကြည့်ပေးနော်

(၁) ဆော့ဝဲလေးကို အင်စတာလုပ်ပြီးသွားရင် ဆော့ဝဲလေးကိုဖွင့်လိုက်ပါ
ဖွင့်လိုက်တာနဲ့ဒီလိုဘော့လေးတစ်ခုကျလာပါလိမ့်မယ် အမှန်ခြစ်ကိုအရင်ပြီး နောက် register တစ်ချက်နှိပ်ပေးပါနော် ပြီးရင်တော့ကီထည့်ရန်ဘော့တစ်ခုကျလာပါလိမ့်မယ်
 (၂) ဒီနေရာမှာတော့ကီးထည့်ရန်ဘော့တစ်ခုကိုမြင်တွေ့ကြမှာပါ သူငယ်ချင်းတို့ဒေါင်းထားတဲ့ဖိုင်ထဲမှာ Serial ဖိုင်ကိုဖွင့်လိုကပါ အထဲမှာတဲ့အတိုင်းပဲပြည့်ပေးလိုကပါနော် ထည့်ပြီးသွားရင်တော့ အိုခေသွားပါပြီး
                                   DOWNLOAD SOFTWARE
အဆင်ပြေတယ်ဆိုရင် ကြော်ငြာလေးကိုတစ်ချက်လောက်ကလစ်ခဲ့ပေးပါနော် အဆင်မပြေခဲ့တာများရှိခဲ့ရင် CBOX တွင်ပြောကြာခဲ့ပါနော် ပိုတိုရှော့ပုံများနှင့်နည်းပညာများကိုတိုက်ရိုက်ရယူချင်တယ်ဆိုရင်  
ဒီမှာFB LIKE နှိပ်လိုက်ခဲ့ပါနော် ၃စက္ကန့်အတွင်းကျွန်တော့်ဆိုဒ်ကနေ သင့်ဆီကိုအရောက်ပို့လာမည်။  
Photoshop &Techniques 
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

Followers