Aug 23, 2013

Huawei G610S (G610-U00) Official Firmwares

Huawei-G610S-Specifications
အရောင်းသွက် Huawei ရဲ့ Model သစ် G610S (G610-U00) ရဲ့ Official Firmware လေးပါ။ ကိုယ်ပိုင်ဟို့စ်က ဒေါင်းလုပ်ဒ်လင့်ခ်မို့လို့ အချိန်မရွေး ဒေါင်းနိုင်သလို Resume လည်း လုပ်နိုင်ပါတယ်။ :)  by
     
Download Link
File Server

NetCafe 5.5 r836


Internet ဆိုင်တွေရဲ့ server မှာ သုံးတဲ့ ဆော့ ဝဲလ် မျိုးလေး ကို အသစ် အဆန်းလေးအနေနဲ့            အသွင်ပြင်လေးကလည်း ရိုးရှင်းလို့ပြန်လည်မျှဝေပေးတာဖြစ်ပါတယ် ။ တော်တော်လေးမိုက်ပါတယ် 
ကွန်ပျူတာအလုံးရေ ကန့်သတ်ထားခြင်းမရှိပါဘူး သုံးချင်သလောက်သာသုံးပါ။ Server ကနေပြီးတော့ Client တွေကို Shutdown, restart နဲ့ test manager ကို ပြုလုပ်ပေးနိုင်သလို Printer Control လုပ်လို့ရပါတယ်။ ကျန်တဲ့ အချက်အလက်အနေနဲ့ကတော့ time,chat, multi-user တွေပါ သုံးလို့ရပါတယ် အသုံးပြုလိုတဲ့သူငယ်ချင်းများအောက်ကလင့်လေးမှဒေါင်းယူသွားကြပါ။

>> Download << 
 
refer link => pyayblogger

Huawei G610 (G610-C00) Official Firmware

ဒါလေးကလည်း MEC Tel ထုတ် CDMA 800 + GSM သုံးချင်သူတွေ အကြိုက်တွေ့နေတဲ့ G610 (CDMA+GSM) ရဲ့ Official Firmware လေး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဈေးကွက်လိုအပ်ချက်အရ ဈေးနှုန်းအနည်းငယ် ကြီးနေသေးပေမယ့် မကြာခင်မှာ ဈေးကျလာမယ်လို့ ယူဆရလို့ လူသုံးများလာနိုင်တဲ့ Huawei Dual Sim ဖုန်းတစ်လုံး ဖြစ်ပါတယ်။ လိုချင်ရင် အောက်မှာ ဒေါင်းနိုင်ပါတယ်။ :)
Huawei-G610S-Specifications
Download Link
File Server

ဇောက်ထိုးဖြစ်နေတဲ့ ဗီဒီယိုတွေတည့်ဖို့အတွက် Video Rotator 1.0.9 + Serial Key


မင်္ဂလာပါ... နာမည်ဖတ်လိုက်ယုံနဲ့ တန်းသိကြမှာပါ ဘေးတိုက်၊ ဇောက်ထိုးဖြစ်နေတဲ့ ဗီဒီယိုဖိုင်တွေကို ပြန်တည့်ဖို့အတွက် Video Rotator 1.0.9 ကိုမျှဝေပေးလိုက်ပါတယ်.. အသေးစိပ်ကိုသိလိုလလျှင် http://www.videorotator.com  ကို Click ပြီး မူရင်းထုတ်လုပ်တဲ့ ဆိုက်မှာလေ့လာနိုင်ပါတယ်... အမြဲအသုံးပြုနိုင်ဖို့ Serial Key ပါဝင်ပြီး အသုံးပြုလိုသူများအတွက် Sharebeast မှာ တင်ပေးထားပါတယ်...


Video Rotator is a Windows application for rotating video clips 90 degree clockwise, anticlockwise, horizontal mirror or upside-down. The program supports more than 15 popular video input formats includes AVI, FLV, MPG, MP4, WMV, MOV and 3GP etc. Video Rotator allows users to save the rotated videos to 5 popular video formats: MP4, AVI, MPG, FLV and MOV. The program supports batch mode so that users are able to rotate & flip videos in bulk.

What Can It Do

If you want to rotate video clips recorded by your phone, Video Rotator is the best choice. It supports iPhone/iTouch MOV format and Smart Phone MPEG4 format.
Video Rotator can not only rotate videos 90 degree, but also do the video horizontal mirror.
If the original video is upside-down, the program can flip it vertically.
Maybe you want to convert other video format videos to MP4, AVI, FLV, MOV and MPG files. Select Rotate option to [None], and the program will not rotate but only convert.
Video Rotator 1.0.9
 
Sharebeast
 
>>>  Download  <<<

Download ယူနည်း


========================================================
Download ကို နှိပ်လိုက်လျှင် ပွင့်လာသောဆိုက်၏ ညာဘက်အပေါ်ဒေါင့်တွင် 
Please wait 5 seconds ဆိုတာပေါ်လာပြီး အချိန်ပြည့်ပါက
SKIP AD ကိုရောက်သွားပါမည် SKIP AD ကို ထပ်ပ်လိုက်လျှင်
Download လင့်ကို ရောက်ပါမည်။ 
========================================================

Momo8,Momo9,Mono11 Tablet တွေ ကို firmware ပြန်တင်ကြမယ်

မင်္ဂလာပါ ခုဖော်ပြပေးမဲ့နည်းလေးက chat box က အကိုတစ်ယောက်တောင်းထားလို့ Momo8,Mono9,Mono11  tablet များကို firmware ပြန်တင်နိုင်မဲ့နည်းလမ်းလေးပါ။ ကျွန်တော်တော့ တင်ဖူးပါတယ် တော်တော်လေးကြာနေပါပြီ ခုမှ တောင်းဆိုထားတာနဲ့ ကြုံလို့ ရေးဖြစ်သွားတာပါ မသိသေးတဲ့သူငယ်ချင်းများအတွက်လည်း အကျိုးရှိမဲ့လို့မျှော်လင့်ပါတယ်။ ဘာမှ မလုပ်ခင်မှာ လိုအပ်မဲ့ data လေးတွေ တောင်းလိုက်ကြမယ်နော်....
Driver
>> Download <<
Livesuit
>> Download <<
Mono 8 bird version 4.0.4 -20,120,717 Firmware
>> Download <<
အားလုံးဒေါင်းပြီးသွားရင်တော့ စကြမယ်နော် .. Tab ကို အားပြည့်အောင်သွင်းထားပြီး ပါဝါပိတ်ထားလိုက်ပါ။
Driver အရင်ဆုံး သွင်းပါ့မယ်။ အကောင်းဆုံးသွင်းနည်းကတော့ ကောင်းနေတဲ့ momo tab တစ်လုံးကို
unknow source နဲ့ Debug on ပြီး ကွန်ပျူတာနဲ့ချိတ်ပါ။ Driver မသိရင် ပေးထားတဲ့အထဲက Pda net ဆိုတာလေးကို တင်လိုက်ပါ driver သိသွားပါလိမ့်မယ် ။ driver သိသွားပြီဆိုရင်တော့ ကောင်းနေတဲ့ tab မလိုတော့ပါဘူး။ 
ကောင်းနေတဲ့ tab ကို driver သွင်းရန် စတပ်တဲ့အနေအထားပါ။ မသိဘူးဆိုရင်တော့ အောက်က အဆင့်တွေ ဆက်လုပ်ပါ့မယ်။
pad net ကို install လုပ်ပါ့မယ်။




အားလုံးတင်ပြီးသွားလို့ tab ကို ကွန်ပျူတာက မသိဘူးဆိုရင်တော့ ကွန်ပျူတာကို Restart ချလိုက်ပါ ပြန်တတ်လာရင်သိပါပြီခင်ဗျာ ... :D
နောက်တစ်ဆင့်အနေနဲ့ Tab ကို Firmware ပြန်တင်ပေးမဲ့ livesuit ကို Install လုပ်လိုက်ပါ။ လုပ်ပြီးသွားရင်တော့  livesuit ဖိုဒါထဲမှာ firmware img ဖိုင်ကို သွားထည့်ပေးထားပါ။ ခုတင်ပေးထားတဲ့ firmware မိမိရဲ့ tablet firmware က ကိုက်ညီမှုမရှိဘူးဆိုရင်တော့ firmware အမှန်ကို သွားဒေါင်းပါခင်ဗျာ ။ firmware အမှန်ဒေါင်းနည်းကတော့ tab ရဲ့ နောက်ကျောကိုကြည့်ပါ။ momo8 နောက်က တရုတ်စာကိုကြည့်ပြီး စာလုံးတူရင်ဒေါင်းလို့ရပါပြီ တရုတ်စာတော့မတတ်ဘူးပေါ့နော် စာလုံးချင်းတိုက်ကြည့်ပြီး တူတဲ့ ဟာကိုသာဒေါင်းပါ ကျွန်တော်တော့ အဲဒီနည်းလမ်းနဲ့ အလုံးတော်တော်များများ တင်ဒါအဆင်ပြေပါတယ်။ ဒေါင်းရမဲ့ ဆိုက်လိမ်စာကတော့ ployer.cn ပါ။
ခုဆိုရင် livesuit install လုပ်နည်းလေးနဲ့ fimware သွားထည့်ရမဲ့နေရာကို ပြောပြပါ့မယ် အတတ်နိုင်ဆုံး ရှင်းရှင်းလေးလေး နဲ့ နားလည်အောင်ကြိုးစားပြီး ရေးပေးပါ့မယ် လိုအပ်ချက်များရှိရင်လည်းခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေခင်ဗျာ။
livesuit ကို zip ဖြည်လိုက်ပါ။ ရလာသောဖိုင်ကို C အောက်မှာသွားထားလိုက်ပါ။အထဲမှာပါတဲ့အထဲက သုံးမျိုးကို တဆင့်ချင်းလုပ်ဆောင်ပါ။
 


ဒေါင်းထားတဲ့ firmware img ကိုပါ livesuit folder ထဲက update ဖိုဒါထဲကိုထည့်ထားလည်းရပါတယ်။
firmware တင်ဖို့ပြင်ဆင်ပါတော့မယ် စက်မှာ run ထားတဲ့ anti virus ဆော့ဝဲလ်များရှိရင် ပိတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။
livesuit icon လေးကို အရင်ဆုံးဖွင့်လိုက်ပါတယ် seleted img ကို နှိပ်ပြီး firmware ကိုရွေးပါ။



 livesuit ထဲကို firmware img ထည့်ပြီးသွားရင်တော့ အားအပြည့်သွင်းပြီးပါဝါပိတ်ထားသော firmware ပြန်တင်မဲ့ tab ကို Vol + နှိပ်ပြီး ကွန်ပျူနဲ့ချိတ်ပါ ခလုပ်လွတ်လို့မရပါဘူးခင်ဗျာ။ ခဏတော့စောင့်ပါ Driver သိမသိ ကြည့်လိုက်အုံး Driver သိပြီးသားဆိုရင်တော့ ပါဝါခလုပ်ကို ၁၀ ချက်နှိပ်ပေးလိုက်ပါ။ vol + ကိုနှိပ်ထား ရင်းနဲ့ ပါဝါခလုပ်ကိုပါ နှိပ်ပေးရမှာပါ။ ပါဝါခလုပ်ကိုနှိပ်တဲ့နေရာမှာလည်း အရမ်းမနှေးပါစေနဲ့ ခပ်မြန်မြန်လေး မှတ်ပြီး ၁၀ ချက်နှိပ်လိုက်ပါ။ menu ခလုပ်ပါသော momo Tablet များကိုတင်ရင်တော့ menu ခလုပ်ကို ဖိပြီးကွန်ပျူတာနဲ့ချိတ်ရမှာပါ ။momo8 မှာ menu ခလုပ်ကိုနှိပ်ပြီး ထိုးပါ။ momo9 ဆိုရင်တော့ vol + နှိပ်ပြီး ထိုးပါ။ ကျန်တာတွေကတော့ ဒီနည်းလေးအတိုင်းပါပဲ momo အားလုံးကိုတင်လို့ရပါတယ် ကျွန်တော် momo 11 အထိတင်ပြီး စမ်းပြီးသားမို့ စိတ်ချလက်ချလုပ်ဆောင်နိုင်ပါတယ်။ တင်ချင်တဲ့ firmware ကိုတော့ ployer.cn မှာစိတ်ကြိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ နောက်ကျောက တရုပ်စာလေးကြည့်ပြီးတော့သာဒေါင်းပါ အဆင်ပြေပါတယ်။
 အပေါ်ကပုံမျိုးလေးပေါ်လာရင်တော့ firmware တင်လို့ရပါပြီ မပေါ်ရင်တော့ နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်ပါ။ ရသွားရင်တော့ အောက်အဆင့်တွေ ဆက်လက်လုပ်ဆောင်လုပ်ပါ။


  ခုလိုမျိုးလေးပေါ်လာရင်တော့ firmware တင်တာအောင်မြင်ပါပြီ firmware မှားတင်မိရင်လည်း ပြသနာမရှိပါဘူး မှန်တဲ့ firmware ပြန်ရှာပြီး ဒီနည်းလေး အတိုင်းပြန်တင်လိုက်ပါ။ အားလုံးအဆင်ပြေသွားမှာပါ။ ခုလောက်ဆိုရင်တော့ သူငယ်ချင်းအားလုံး အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ လာရောက် အားပေးကြတဲ့သူငယ်ချင်းအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
refer link => www.pyayblogger.com

Android Root နဲ့ပါတ်သက်သော သိထားသင့်တဲ့အခေါ်အဝေါ်များ

Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်တစ်ခုချင်းစီကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android Device တွေကို Root လုပ်ရာမှာအများဆုံးတွေ့ရတဲ့အပြင် Android လောက မှာအများဆုံးသုံးကြပါတယ်။ ဒါပေမယ့် ဒီခေါ်အဝေါ်တွေကို သာမန်Android Device တွေကိုအသုံးပြုတဲ့ လူတစ်ယောက်ကသိနိုင်ဖို့ခတ်ခဲပါတယ်။ ဒါကြောင့်အခု လိုတစ်စုတစ်စည်းထဲဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ အလွန်အကျိုးရှိမယ်လို့လဲထင်ပါတယ်ခင်ဗျာ ..။


1. ADB

ADB လို့ခေါ်တဲ့ Android Debug Bride (သို့) Android Debug Mode ဟာဆိုရင် ကျွန်တော်တို့အသုံးပြုနေတဲ့ computer ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Android Device တွေကို ချိတ်ဆက်ပေးတဲ့ command line tool တစ်ခုဖြစ်ပါတယ်။ ADB ဟာ Android SDK (Software Development Kit) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး root လုပ်ရာမှာအသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ ADB ကိုသုံးတဲ့အခါ Android Commands တွေကိုထည့်သွင်းရမှာဖြစ်ပြီး အစောပိုင်း Android Device တွေကို Root လုပ်ချင်တဲ့အခါ commands တွေကတစ်ဆင့်ပြုလုပ်ရပါတယ်။

2. AOSP

Android Open Source Project ရဲ့အတိုကောက်ဖြစ်ပါတယ်။ များသောအားဖြင့် ROM (Read Only Memory) တွေရဲ့ ဖော်ပြချက်တွေမှာတွေ့ရှိရပါတယ်။ AOSP ဟာများသောအားဖြင့် Android Device တွေမှာသုံးတဲ့ ROM တွေဟာ Google ကပေးတဲ့ ဘယ် Android Source Code ပေါ်မှာမူတည်ပြီးထုတ်ထားသလဲဆိုတာကိုဖော်ပြပါတယ်။

3. Bootloader

Bootloader ဆိုတာကတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ Android Device တွေမှာသုံးတဲ့ lowest level software တစ်ခုဖြစ်ပြီး Android Operating System စတင်ဖို့အတွက်လိုအပ်တဲ့လုပ်ဆောင်ချက်တွေကိုပြုလုပ်ပေးပါတယ်။ များသောအားဖြင့် ထုတ်လုပ်သူတွေဟာ Bootloader ကို lock ပြုလုပ်ထားပါတယ်။ ဘာလို့ဒီလိုလုပ်သလဲဆိုတော့ Root လုပ်ခြင်းကိုကြိုတင်ကာကွယ်ထားခြင်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ပစ္စည်းတွေကိုထုတ်လုပ်လိုက်တုန်းကအတိုင်းပဲ အသုံးပြုသူတွေကိုသုံးစေချင်လို့ဖြစ်ပါတယ်။

4. Bootloop

Bootloop ဆိုတာကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ Android Device ကို Root လုပ်တာပဲဖြစ်ဖြစ် Custom ROM တင်တာပဲဖြစ်ဖြစ် ပြုလုပ်တဲ့အခါ သူပြောထားတဲ့ အဆင့်တွေတိုင်းလိုက်မလုပ်ပဲ တစ်နေရာရာမှာတစ်ခုခုမှားခဲ့ရင် Android OS ဟာ restart ချလိုက်တာနဲ့ Start Up Logo မှာရပ်နေပြီးဘာမှဆက်တက်မလာတာ့ပါဘူး။ဒါကို Bootloop ဖြစ်တယ်လို့ခေါ်ပါတယ်။

5. BusyBox

BusyBox ဆိုတာကတော့ app တစ်ခုဖြစ်ပြီး UNIX Command Tools များစွာကိုအသုံးပြုဖို့အတွက်ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ Android OS ရဲ့ System File တွေကို ကိုယ်ကြိုက်သလိုပြောင်းချင်တဲ့အခါမျိုးမှာဆိုရင်အခုပြောတဲ့ BusyBox ကနေတစ်ဆင့် Commands တွေသုံးပြီးပြောင်းလဲလို့ရပါတယ်။

6. Dalvik cache

Dalvik cache ဆိုတာကတော့ Android OS မှာပါဝင်တဲ့ directory (folder) တစ်ခုဖြစ်ပြီး ကိုယ့် device မှာ install လုပ်လိုက်လို့ရလာတဲ့ *.dex file တွေအားလုံးကိုသိမ်းထားပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီ *.dex file တွေဟာ သွင်းထားတဲ့ app ကို update လုပ်လိုက်တာနဲ့ သူတို့ပါလိုက်ပြီး update ဖြစ်ပါတယ်။

7. Flashing or Flash

Flash လုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ Device မှာတစ်ခုခုကို install လုပ်လိုက်ခြင်းရဲ့နောက်ထပ်အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ ROM ပဲဖြစ်ဖြစ် Kernel ပဲဖြစ်ဖြစ် install လုပ်လို့ရတဲ့မည်သည့် .zip file ကိုမဆို install လုပ်ခြင်းကို flash လုပ်တယ်လို့ခေါ်ခြင်းဖြစ်ပါတယ်။

8. Fastboot

Fastboot ဆိုတာကတော့ boot menu တစ်ခုဖြစ်ပြီး Android OS မစတင်ခင်မှာ Recover Mode နဲ့အခြား Download Mode တွေကို ဒီ boot menu ကနေတစ်ဆင့်ဝင်လို့ရနိုင်တဲ့ Android Boot Menu တစ်ခုဖြစ်ပါတယ်။

9. Firmware

Phone သို့မဟုတ် Tablet ရဲ့ Firmware ဆိုတာကတော့ များသောအားဖြင့် Operating System ကိုပဲညွှန်းဆိုခြင်းဖြစ်ပါတယ်။ Firmware Update လုပ်တယ်ဆိုတာကလည်း OS ကို Update ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။


10. IMEI

International Mobile Equipment Identity (IMEI) number လို့ခေါ်တဲက number တစ်ခုဖြစ်ပြီး GSM, WCDMA, and iDEN mobile device တွေနဲ့အခြား satellite device တွေမှာသုံးတဲ့ unique number တစ်ခုဖြစ်ပါတယ်။ ဒီ number ကို device တွေရဲ့ settings ထဲမှာကြည့်ရှုနိုင်ပါတယ်။

11. Kernel

Kernel ဆိုတာကတော့ Operating System ရဲ့အသဲနှလုံးပဲဖြစ်ပြီး Hardware နဲ့ Software (ဒီနေရာမှာတော့ App) ကြားဆက်သွယ်ပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

12. Opensource

Opensource ဆိုတာကတော့ software တစ်ခုကိုထုတ်လုပ်ပြီးလို့ဒီ software ဟာ opensource လို့ပြောလိုက်ပြီဆိုတာနဲ့ဒီ software ရဲ့ codes တွေကိုလိုသလိုပြုပြင်ပြောင်းလဲလို့ရပြီး အများတကာအသုံးပြုနိုင်ခြင်းကိုဆိုလိုပါတယ်။

13. Recovery

Recovery ဆိုတာကတော့ ကျွန်တော်တို့ Android Device တွေမှာရှိတဲ့ Internal Storage အတွင်းက အခန်းငယ်လေးတစ်ခု (Partition) ဖြစ်ပြီး Custom ROM ထည့်သွင်းခြင်း system-level လုပ်ဆောင်ချက်တွေပြုလုပ်တဲ့နေရာမှာအသုံးပြုပါတယ်။

14. ROM

Android အဝင်းအဝိုင်းမှာတော့ ROM ဆိုတာဟာ Read Only Memory ဖြစ်ပြီး အသစ်ပြုပြင်ပြောင်းလဲထားတဲ့ Android Operating System ကိုပဲခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ Custom ROM လို့လည်းခေါ်ဝေါ်ပါတယ်။ Custom ROMs တွေကတော့ CyanogenMod, Android Open Kang Project (AOKP) နဲ့ MIUI တို့ပဲဖြစ်ပါတယ်။

15. ROM Manager

ROM Manager ဆိုတာတော့ အလွန်အသုံးဝင်တဲ့ app တစ်ခုဖြစ်ပြီး root လုပ်ပြီးမှအသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ ClockworkMod Recovery ထည့်သွင်းခြင်း (သို့) CMW ထဲဝင်ခြင်း Custom ROM ထည့်သွင်းခြင်း အစရှိတဲ့လုပ်ဆောင်ချက်တွေကို ဒီ ROM Manager ကနေတစ်ဆင့်ဆောင်ရွက်လို့ရပါတယ်။

16. Root

Root ဆိုတာကတော့ Android Device တစ်ခုပေါ်မှာ Administrator (သို့) Full Access ဖြင့်အသုံးပြုခြင်းဖြစ်ပါတယ်။ (Root အကြောင်းအသေးစိတ်ဆောင်းပါးကို ရှာဖွေလေ့လာနည်းပညာ Album ထဲမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။)

17. Superuser

Superuser ဆိုတာကတော့ Android OS အတွက် special user account တစ်ခုဖြစ်ပြီး root account လို့လည်းခေါ်ပါတယ်။ Superuser ကနေမှတစ်ဆင့် Device ကိုလိုသလိုစီမှန်ခန့်ခွဲလို့ရပါတယ်။

18. Wipe

Wipe လုပ်တယ်ဆိုတာကတော့ Device ထဲမှာ ရှိတဲ့ data တွေကိုဖျက်ထုတ်ပစ်ခြင်းပဲဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့အခေါ်ဝေါ်တွေအားလုံးနီးပါးကို စာဖတ်သူတို့  Android Device တွေရဲ့လောကထဲမှာ မှာတွေ့ဖူးမြင်ဖူးကြမှာဖြစ်ပါတယ်။
ဒီအကြောင်းအရာလေးကတော့ ကျွန်တော်ရေးဒါမဟုတ်ပါဘူးခင်ဗျာ ကွန်တော်လည်းအနည်းငယ်ပဲသိဒါပါ။ကျွန်တော်ဆိုက်တစ်မှာ တွေ့မိခဲ့ဒါလေးမှတ်ထားတာပါ။ ခုဟိုဖွင့်ဒီဖွင့်နဲ့ တွေ့မိလို့ ပြန်လည်ဝေမျှပေးတာပါ။ ဆိုက်လိပ်စာလေး မမှတ်မိတော့လို့ ရေးမပေးလိုက်တာပါ။ ရေးသားသူကိုလည်း ဒီနေရာလေးကပဲ ခွင့်လွှတ်ပေးပါလို့တောင်းပါတယ်ခင်ဗျာ။ 

MP3/ MP4/ MP5 Hardware Trips

ပုံမှာ မြင်တဲ့ အတိုင်းပါပဲ Hardware သမားတွေ လိုအပ်ရင်ဆောင်ထားလို့ရအောင် တင်ပေးလိုက်ပါတယ်။


MP3/ MP4/ MP5 Hardware Trips
>>>  Download  <<<


refer to =>pyayblogger.com

iPhone 4 Disassembly step by step Ebooks

iPhone 4 Disassembly Step by Step
ဒီစာအုပ်ကလေးကတော့ iPhone 4 ကို တစ်ဆင့်ချင်းဖြုတ်ပြထားတဲ့စာအုပ်ကလေးပါဗျာ။
ပုံလေးတွေပါ ပါပါတယ်နော်။




အောက်မှာ Download လုပ်နိုင်ပါတယ်ဗျာ။
refer Link => superstarmobilemdy

Phone 4 ကို iOS 6.1.3 ကို Tethered Jailbreak လုပ်ပြီး Just Boot မောင်းတဲ့နည်း

iPhone 4 ကို iOS 6.1.3 ကို  Tethered Jailbreak လုပ်ပြီး Just Boot မောင်းတဲ့နည်း
-----------------------------------------------------------------------------------------
အားလုံးပဲ မင်္ဂလာပါဗျာ

အခုပြောပြမယ့် နည်းလေးက တော့ iPhone 4 ကို iOS 6.1.3 မှာ Tethered Jailbreak လုပ်နည်းလေးပါ။

iPhone 4 ကို iOS 6.1.3 မှာက Jailbreak လုပ်လိုက်ရင် Cydia က တန်းမထွက်လာပါဘူး။အဲ့လို တန်းထွက်လာအောင် လုပ်တဲ့ Tool ကလည်း မထွက်သေးပါဘူးဗျာ။

အဲ့ဟာကြောင့် Just Boot လုပ်ရတာပါဗျာ။

ကဲစပါတော့မယ်

အရင်ဆုံး အောက်က ဟာတွေကို အရင် Download လုပ်လိုက်ပါ။ရှိပြီးသားဆိုရင်တော့ Download မလုပ်နဲ့တော့နော်

iOS 6.0 Firmware Download Link (Download Link) http://appldnld.apple.com/iOS6/Restore/041-7175.20120919.wvv7Y/iPhone3,1_6.0_10A403_Restore.ipsw

iOS 6.1.3 Firmware Download Link (Download Link) http://appldnld.apple.com/iOS6.1/091-2610.20130319.Bedr4/iPhone3,1_6.1.3_10B329_Restore.ipsw

iTunes Lasted Version  ( 11.0.4 32 bit)

redsn0w-0.9.15b3 (Download Link)

iPhone firmware တွေက အလွယ်တကူဆွဲလို့ရတော့ လင့်လေးပဲ ညွှန်းပေးလိုက်ပါတယ်ဗျာ။

Download လုပ်ပြီးပြီဆိုရင်တော့ အရင်ဆုံး Jailbreak လုပ်ပါမယ်ဗျာ

Jailbreak လုပ်ဖို့အတွက် Extras => Select IPSW မှာ ခုနက Download လုပ်ထားတဲ့ iOS 6.0 Firmware ရွေးပေးလိုက်ပါဗျာ



 
OK နှိပ်ပါ၊ အဲ့မှာ ပြီးရင်


Next ဆက်နှိပ်လိုက်ပြီးတော့ Power Off လိုက်ပါ။ Next နှိပ်လိုက်ရင် DFU Mode ၀င်နည်းအဆင့်ဆင့် ပြပါလိမ့်မယ် သူ့အတိုင်းဝင်လိုက်ပါ။ 

အဲ့မှာ redsn0w မှာ စာတန်းလေးတွေပြေးသွားပါလိမ့်မယ်။အဲ့မှာ ဖုန်းမှာ Download Cydia Data ဆိုပြီး Hard Disk ပုံလေးနဲ့ ပေါ်နေပါမယ်။

ပြီးရင် နာနတ်သီးပုံလေးခြေထောက်ပေါက်ပြီးပြေးနေတဲ့ ပုံလေးပေါ်နေပါလိမ့်မယ် အဲ့နာနတ်သီးရဲ့ အောက်မှာလဲ အတန်းလေးပြေးသွားပါလိမ့်မယ်။

အမဲရောင် Screen နဲ့ စာတန်းလေးတွေပြေးနေရင်လည်း ဘာမှ မဖြစ်ပါဘူး ဖုန်းကို ဘာမှ မလုပ်ပါနဲ့။

ပြီးရင် redsn0w မှာ က Done ဆိုပြီး စာတန်လေးပေါ်နေပါလိမ့်မယ်။

ဒါဆိုရင်တော့ Jailbreak လုပ်ပြီးပါပြီ။ဖုန်းက Reboot ကျပြီးပြန်တက်လာပါလိမ့်မယ် ဒါပေမဲ့ Cydia မပေါ်သေးပါဘူး Just Boot မောင်းရဦးမှာပါ၊
Just Boot လုပ်ဖို့အတွက်က Extras => Select IPSW မှာက 6.0 ကို ရွေးပေးလိုက်ပါ။ပြီးရင် ဖုန်းကို ကြိုးမဖြုတ်ပဲနဲ့ Power ပိတ်လိုက်ပါ။ ပြီးမှ Just boot ကိုနှိပ်လိုက်ပါ။



နှိပ်လိုက်ရင် အပေါ်ကလိုပဲ DFU Mode ၀င်နည်းအတိုင်းဝင်ပေးလိုက်ပါ။စာတန်းလေးတွေပြေးပြီး အလုပ်လုပ်နေပါလိမ့်မယ်။ဖုန်းမှာက တော့ နာနာတ်သီး တစ်ခြမ်းပဲ့နေတဲ့ပုံလေးပေါ်လာပြီးတော့ ဖုန်းက Rebootကျသွားပြီး ပြန်တက်လာရင်တော့ မိတ်ဆွေတို့ရဲ့စက်မှာ Cydia ပေါ်လာပါလိမ့်မယ်။ပြီးရင် Application တွေထည့် Cydia Source တွေ Add လိုက်ပါ။ပြီးရင် Cydia ရဲ့ Changes မှာ Update လုပ်

စရာလေးတွေရှိရင် Update လုပ်လိုက်ပါ။အဲ့မှာ တစ်ခါတစ်လေ Reboot တောင်းပါတယ်။အဲ့လိုဖြစ်သွားရင်တော့ Just Boot ပြန်နိုးပေးလိုက်ပါ ဒါဆိုရင်တော့ Jailbreak လုပ်တာပြီးသွားပါပြီ။



Followers