Apr 28, 2014

Tweaks များကြောင့် Apps Crash ဖြစ်ခြင်းကို ဖြေရှင်းနည်း


iOS 7 နှင့် အထက် Jailbreak လုပ်ထားသော iDevices များတွင် Tweaks များကို မှားယွင်းသွင်းယူမိခြင်း၊ စမ်းသပ်ခြင်းတို့ကြောင့် iOS 7 နှင့် အဆင်မပြေသည့် အခါများတွင်၊ Stock / Native Apps များဖြစ်သော Safari, Email, iMessage အစရှိသော App များကို ဖွင့်လိုက်သောအခါ မပွင့်ပဲ crash ဖြစ်ပြီး ပြန်ပြန်ထွက်သွားတတ်တာကို တွေ့ကြုံနေသူများအတွက် အလွယ်ဆုံး Fix လုပ်နိုင်မည့် နည်းလမ်းများကို တင်ပြပေးလိုက်ပါတယ်...

ပုံမှန်အားဖြင့် Tweak များကြောင့် Stock App များ Crash ဖြစ်သည့် အခါမျိုးမှာ iTunes နှင့် Restore ပြန်လုပ်ပြီးမှ အဆင်ပြေတတ်ပါတယ်။ ဒီအခါမှာ Jailbreak လည်းပြုတ်သွားပြီး အချိန်ပေးကာ မိမိသွင်းယူထားသော App များ Tweaks များကိုလည်း အစမှ ပြန်လည် သွင်းယူရတတ်ပါတယ်...

ယခုဖော်ပြမည့် နည်းလမ်းများသည် Restore, ReJailbreak လုပ်ရန်မလိုပဲ လွယ်ကူစွာ ပြဿနာကို ရှင်းလင်းနိုင်မည့် နည်းလမ်းများ ဖြစ်ပါသည်။ မိမိနှင့် သင့်လျှော်မည့် နည်းလမ်းကို သုံးနိုင်ပါတယ်။

နည်းလမ်း ၁)

  • Cydia ထဲမှ Search တွင် "Appsync for iOS 7+" နှင့် "afc2Add" နှစ်ခုလုံးကို ရှာ၍ REMOVE လုပ်ပါ။
  • Device ကို Reboot / Respring လုပ်ပါ။


နည်းလမ်း ၂)

  • Apps များ Crash မဖြစ်မီ မိမိနောက်ဆုံး သွင်းယူခဲ့သော Tweaks များကို Cydia -> Installed ထဲမှ ရှာဖွေ၍ UNINSTALL / REMOVE လုပ်ပါ။
  • Device ကို Reboot / Respring လုပ်ပါ။


နည်းလမ်း ၃)

  • Home screen ရှိ Settings -> General -> Reset -> Reset All Settings ကို သုံးပြီး Reset ချပါ။
  • Device ကို Reboot / Respring လုပ်ပါ။


နည်းလမ်း ၄)

ယခုနည်းလမ်းသည် ၁၀၀% အလုပ်နိုင်သော နည်းလမ်း ဖြစ်ပါသည်။ ယခုနည်းလမ်းကို အသုံးပြုနိုင်ရန် အတွက် "iFile" ရှိထားရန် လိုအပ်ပါသည်။
မရှိသေးပါက "http://sinfuliphonerepo.com/" ကို Cydia ၏ Sources တွင် ထည့်သွင်းပြီး "iFile Crecked" ကို ရှာ၍ သွင်းယူပါ။

  • iFile ကို ဖွင့်ပါ။
  • ver/mobile/Library/Caches လမ်းကြောင်းအတိုင်း သွားပြီး အောက်ပါ File နှစ်ခုကို Delete လုပ်ပါ။
  • "com.apple.mobile.installation.plist" နှင့် "com.apple.LaunchServices-054.csstore" တို့ကို Delete လုပ်ပါ။
  • Device ကို Reboot / Respring လုပ်ပါ။


အခုဆိုရင် Crash ဖြစ်ထားတဲ့ App များ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်နိုင်တာကို တွေ့ရပါလိမ့်မယ်...


မိုးသိကြား

Cydia အား အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း

iOS 7+ အတွက် Jailbreak ထွက်လာပြီးကထဲက ကလိလိုက်ကြတာ... ကလိလိုက်ကြတာ...
Tweaks တွေက iOS 7 နှင့် အလုပ်လုပ်နိုင်ပြီလားဆိုတာလည်း မစူစမ်းမိပဲ အရင်တုန်းက ကိုယ်ကြိုက်တဲ့ Tweaks မှန်သမျှတွေ အကုန်သွင်း... ပြီးသွားတဲ့ အခါကြတော့ Crash တွေဖြစ်လိုက်ကြတာ မနည်းဘူးပါပဲ။

တစ်ချို့က App တွေ ဖွင့်မရတော့ဘူး၊ အချို့က ပန်းသီးမှာတင် တစ်နေကြတယ်၊ အချို့က Cydia ပျောက်သွားတယ်... စုံသမှ.. သိပ်စုံ...
အဲဒီအထဲကမှ Jailbreak ဖြစ်နေပါလျှက် "Cydia" ပျောက်နေတာက ထီပေါက်ပြီး ထီလက်မှတ် ပျောက်နေသလို နေမထိထိုင်မသာ ဖြစ်ရပါတယ်။

Jailbrek ဖြစ်ထားမှန်းလဲသိတယ်၊ Tweaks တွေလည်း အလုပ်လုပ်တယ်၊ Cydia တစ်ခုပဲ ဆင်းပြေးသွားတာ ဘယ်လိုက်ရှာလို့ ရှာရမှန်းမသိ...

ဒီတော့ Jailbreak ဖြစ်ထားပြီး "Cydia" ပျောက်သွားတဲ့ iDevices တွေ အတွက် "Cydia" ကို ပြန်ခေါ်ဖို့ ဓါတ်ရိုက်ဓါတ်ဆင် ပေးလိုက်မဟေ့....
ဒါပေမယ့် "iFile" တော့ သွင်းထားပြီးသား ဖြစ်ပါစေ...

  • iDevice မှ တစ်ဆင့် ဤနေရာကို နှိပ်ပါ။
  • (cydia 119.deb) file ကို Download ရယူပါ။

  • ပုံတွင် ဖော်ပြထားသည့်အတိုင်း "Open in iFile" ကို ရွေးပါ။

  • iFile ထဲ ရောက်သွားသောအခါ "Installer" ကို နှိပ်ပြီး Install လုပ်ပေးလိုက်ပါ။

  • iDevice ကို Reboot လုပ်ပါ။

ကဲ... ဥုံဖွ... Cydia ပြန်ရောက်စေဗျားးး....

>> .dbe file များကို အလွယ်ဆုံး Install လုပ်နည်း


Credit to : ဘုန်းမြင့်ဝင်းထွန်း


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

How to Bypass iOS 7+ Activation for All iDevices


တစ်ဆင့်ပြန်လည် ဝယ်ယူထားသော iPhone, iPad တို့ကို iOS 7 နှင့် အထက် Update လုပ်ကြသောအခါ များသောအားဖြင့် ကြုံတွေ့နေရတဲ့ ပြဿနာကြီး တစ်ရပ်ကတော့ Activation အဆင့်ကို မကျော်နိုင်တော့ပဲ မူလပိုင်ရှင်၏ Apple ID မှာတင် လမ်းဆုံးနေကြရတတ်ပါတယ်။
အနိမ့် iOS မျာကိုလည်း ပြန်ဆင်း၍ မရတော့သည့်အခါမှာ မိမိရဲ့ iDevice မှာ အရုပ်တစ်ရုပ်သဖွယ် ဖြစ်နေပြီး အကြံကုန် စိတ်ပျက်နေကြသူများအတွက် ကောက်ရိုးတစ်မျှင် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်..

ကျွန်တော်သည် mobile ပြုပြင်သူတစ်ဦး မဟုတ်ပဲ Apple ချစ်သူများ၏ အခက်အခဲများကို တတ်နိုင်သမျှ ဖြေရှင်းပေးနေသော Bolgger တစ်ဦး ဖြစ်သည့်အားလျှော်စွာ ယခုနည်းလမ်းကို လက်တွေ့ စမ်းသပ်ရန် Device အခက်အခဲကြောင့် တစ်ဆင့်ခြင်း ပိုမို ရှင်းလင်း နားလည်အောင် screen shot များနှင့်တစ်ကွ ပြန်လည်ရေးသားဖို့ အခက်အခဲရှိနေပါတယ်...

သို့ဖြစ်ပါ၍ မူရင်း Video Tutorial လေး အတိုင်းသာ လိုက်ပါ လုပ်ဆောင်ကြပါရန် တိုက်တွန်းလိုပါသည်။



**အရေးကြီး မှတ်ချက်**
ဖော်ပြပါ နည်းလမ်းသည် အမှန်တစ်ကယ် Apple ID ကို ဖယ်ရှားပေးသော နည်းလမ်း မဟုတ်ပဲ အသုံးပြုနိုင်ရုံ Bypass လုပ်သည့် နည်းဖြစ်ပါသည်။
အခြားသူ၏ Apple ID ကို မိမိ device မှ အပြီးတိုင် ဖယ်ရှားပြီး မိမိ၏ Apple ID နှင့် ပြန်လည် အသုံးပြုနိုင်ရန် Bypass ဖြစ်သွားပြီးနောက် FaceTime App မှာ မြင်ရသော email သို့ အမြန်ဆုံး ဆက်သွယ်၍ အောက်ပါနည်းအတိုင်း iCloud account မှ ဖယ်ရှားပေးရန် မေတ္တာရပ်ခံပါ...

>> Apple ID အား iCloud မှ ဖယ်ရှားနည်း


Credit to : YouTube


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Activation ကို ကျော်ခွ၍ iOS 7+ ကို သွင်းယူနည်း

iOS 7+ ကို သွင်းယူရာတွင် iCloud Password ကို မသိလို့ပဲဖြစ်ဖြစ်၊ မေ့သွားတာမျိုးပဲ ဖြစ်ဖြစ် Activation screen ကို Bypass ကျော်လွှားနိုင်မယ့် နည်းလမ်းလေး တစ်ခုဖြစ်ပါတယ်။

ယခု နည်းလမ်းလေးကို iDevice များအားလုံးတွင် အသုံးပြုနိုင်မည် မဟုတ်ပဲ "iPhone 4" တစ်မျိုးတည်းမှာသာ အသုံးပြုနိုင်သေးပြီး iOS 4+, 5+, 6+, 7+ နှင့် UDID Register မရှိတဲ့ Beta Developer iOS version များမှာပါ အလုပ် လုပ်နိုင်ပါလိမ့်မယ်..

လုပ်ငန်းစဉ်အဆင့်များကို တစ်ဆင့်ခြင်း လိုက်နာလုပ်ဆောင်မည်ဆိုပါက မည်သူမဆို အခက်အခဲမရှိ လုပ်ဆောင်နိုင်ပါလိမ့်မည်။ ဤနေရာတွင် WinScp ကို အတွေ့အကြုံရှိပြီး အသုံးပြုထားဖူးသူများ အနေနှင့် ပိုမိုလွယ်ကူနိုင်ပါလိမ့်မည်..

>> Download iCloudByPass_iPhone_4.rar

လုပ်ငန်းစဉ်များ မစတင်မီ Download လုပ်ထားသော "iCloudByPass_iPhone_4" Folder ထဲမှ WinScp, TinyUmbrella တို့ကို ဦးစွာပထမ PC တွင် Install လုပ်ပါ။

"SSH_ram_iPhone4.jar" နှင့် "SSH_ram_iPhone4_RevA.jar" တွင် "..RevA.jar" java file သည် iPhone 4 (8Gb) အတွက် သုံးရန်ဖြစ်ပါသည်..

>> လုပ်ငန်းစဉ်အဆင့်များ <<

အဆင့် ၁)
iPhone ကို PC နှင့် ချိပ်ဆက်မထားသေးပဲ "SSH_ram_iPhone4.jar" (သို့) "SSH_ram_iPhone4_RevA.jar" ကို Run ပါ။


အဆင့် ၂)
iPhone ကို PC နှင့် ချိပ်ဆက်၍ DFU mode ဝင်ပါ။
အောက်ဖော်ပြပါပုံအတိုင်း "Success!......" အစရှိသော အစိမ်းရောင် စာတန်းပေါ်လာသည်ထိ စောင့်နေပါ။


အဆင့် ၃)
iPhone တွင် Apple Logo နှင့် ဘားတန်းလေး ဖော်ပြပါပုံအတိုင်း ပေါ်လာပါမည်။


အဆင့် ၄)
PC မှ နေ၍ WinScp ကို Run ပြီး အောက်ပါအတိုင်း ဖြည့်စွက်ပါ။
  • Host name: localhost
  • Port number: 2022
  • User name: root
  • Password: alpine
ဟုပေးပြီး "Login" နှိပ်ပါ။


အဆင့် ၅)
WinScp တွင် "Terminal" (အနီနှင့်ပြထားသော) ကိုဖွင့်ပါ။
ထို့နောက် "mount.sh" ဟု ရိုက်ပြီး Execute လုပ်ပါ။


အဆင့် ၆)
"mnt1" folder ကို ရှာပါ (တိုက်ရိုက် မတွေ့လျှင် Back arrow နှင့် ရှာပါ)


အဆင့် ၇)
"mnt1 -> Applications -> Setup.app ကို မိမိ PC ၏ အခြားနေရာတစ်ခုတွင် Backup အဖြစ် Save လုပ်ပါ။
Save သိမ်းပြီးနောက် iPhone ထဲမှ "Setup.app" ကို Delete ဖျက်ပစ်ပါ။


အဆင့် ၈)
WinScp တွင် "Terminal" (အနီနှင့်ပြထားသော) ကို ပြန်ဖွင့်ပါ။
ထို့နောက် "halt" ဟု ရိုက်ပြီး Execute လုပ်ပါ။
ယခုအခါတွင် iPhone သည် Recover mode ပြောင်းသွားပါမည်။

အဆင့် ၉)
PC မှ TinyUmbrella ကို ဖွင့်၍ ဘယ်ဖက်ခြမ်းမှ မိမိ၏ iPhone ကိုရွေးပြီး "EXIT RECOVERY" နှင့် ထွက်လိုက်ပါ။


အဆင့် ၁၀)
iTunes နှင့် ချိပ်ဆက်ကာ iOS 7+ ကို Restore လုပ်နိုင်သွားပြီး iCloud Activation ကို အောင်မြင်စွာ ကျော်လွန်နိုင်သွားပါပြီ..

အားလုံးပဲ Activation ကို ချောမွေလွယ်ကူစွာ ဖြတ်ကျော်နိုင်ကြပါစေ.. Good Luck!!


Credit to : Camilo Rodrigues


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Must INSTALL!! After iOS 7+ Jailbreak

iOS 7+ ကို Jailbreak လုပ်ပြီးနောက်တွင် အခြေခံအားဖြင့် မဖြစ်မနေ ဆက်လက်သွင်းယူရမည့် sources နှင့် App များကို ဖော်ပြပေးလိုက်ပါတယ်...

အဆိုပါ App များကို သွင်းယူထားမှသာလျှင် Jailbreak လုပ်ခြင်း၏ အနှစ်အရသာကို အပြည့်အဝရရှိနိုင်မှာ ဖြစ်ပြီး ထပ်မံ၍ မိမိစိတ်ကြိုက် သွင်းယူလိုသော Tweaks များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အဆင်သင့် ဖြစ်နေပါလိမ့်မည်....

afc2Add iOS 7+ တွင် Jailbreak လုပ်ပြီးသော်လည်း third-party software များဖြစ်ကြသော iTools, iFunBox, iExplorer အစရှိသော software များနှင့် ချိပ်ဆက်သော အခါတွင် Jailbreak မဖြစ်သေးပါဟု ပြသနေပြီး "Cydia App Install" မပေါ်တာမျိုး ဖြစ်ပါလိမ့်မည်။

Cydia -> Search တွင် "afc2Add" ဟု ရိုက်ရှာပြီး Install လုပ်ပါ။

Appsync for iOS 7.0+ Cracked App များကို မိမိ၏ Jailbreak device တွင် သွင်းယူ အသုံးပြုနိုင်ရန်နှင့် iTunes တွင်ထည့်သွင်းပြီး အဆင်ပြေပြေ Sync လုပ်ရန်နိုင်ရန် သွင်းထားရပါလိမ့်မည်။

Manage -> Sources -> Edit -> Add ( http://cydia.appaddict.org ) သွင်းယူပြီး "Appsync for iOS 7.0+" ကို Install လုပ်ပါ။

LocalIAPStore App များ Games များအတွင်းတွင် ဆက်လက်ဝယ်ယူရသော In App Purchase တော်တော်များများကို ပိုက်ဆံမကုန်ပဲ ဝယ်ယူလိုသည့်အခါတွင် အသုံးဝင်ပါလိမ့်မည်။

Manage -> Sources -> Edit -> Add ( http://system.in-appstore.com/repo/ ) သွင်းယူပြီး "LocalIAPStore" ကို Install လုပ်ပါ။

>> မြန်မာဖောင့် သွင်းယူနည်း




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

★★Android-Wifi-Tether New Version -3.3 Beta 2 Apk (All Android)★★

တစ်ချို့ဖုန်းတွေကတစ်ခါတစ်လေလိုင်းကောင်းရဲ့သားနဲ့ Wifi အားနည်းတတ်ကြပါတယ်။ပြီးတော့ Wifi က
သုံးနေရင်းနဲ့အတက်အကျမညီတာတို့ Version နိမ့်တဲ့အခါတို့မှာတော်တော်နဲ့မတတ်တာမျိုးကြုံတွေ့ရတတ်
ပါတယ်။အခုလည်း Wifi-Tether New Version ဖြစ်တဲ့ 3.3 Beta 2 ထွက်လာလို့တင်ပေးလိုက်ပါတယ်။
Download နဲ့ Upload Speed ကိုမြှင့်တင်ပေးနိုင်တဲ့အပြင်လိုင်းဆွဲအားကောင်းတဲ့ Wifi-Tether လေးကို
မိမိဖုန်းမှာဆောင်ထားချင်ရင်တော့အောက်မှာဆွဲလိုက်ပါ။"rooted" သမားတွေအတွက်သာ...



This program enables tethering (via wifi) for "rooted" handsets running android (such as the Android DevPhone 1). Clients (your laptop for example) can connect via wifi (ad-hoc mode)and get access to the internet using the 3G, 2G mobile connection which is established by the handset.



ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 

Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို  ကလစ်ခဲ့ပါခင်ဗျာ။




http://adfoc.us/14251342254664
★★နည်းပညာမြို့တော်★★

★★ Jordy Proxy Changer 1.05 + Keygen ★★

Proxy Changer အသုံးပြုသူတွေအတွက်အလွယ်ကူဆုံး Final Full ဆော့စ်ဝဲလေးဖြစ်တဲ့ Jordy Proxy Changer လေးကိုတင်ပေးလိုက်ပါတယ်။bans and blocks လုပ်ခံထားရလို့  forums ဆိုဒ်တွေထဲဝင်မရ
သူများနှင့် rapidshare, hotfile, fileserve အစရှိတဲ့ download sites တွေကိုဝင်ရောက်ဖို့အတွက် Automatic proxy server ကို switching လုပ်ပေးပါတယ်။ဒီကောင်လေးကိုအသုံးပြုပြီးမိမိကြိုက်တဲ့နိုင်ငံ
ကို select လုပ်ပြီး proxy checks လုပ်ပေးရုံပါပဲ။ဝင်းဒိုးအားလုံးမှာအသုံးပြုနိုင်ပြီး Full ဖြစ်စေဖို့အတွက်
ဒေါင်းလော့စ်ဖိုင်ထဲမှာ Keygen ကိုထည့်သွင်းပေးထားပါတယ်။



Jordy Proxy Changer is a proxy server software that automatically finds proxies and uses them in order to keep your privacy safe. This software includes a proxy management tool that allows you to find the best and reliable proxies so you can enjoy the best anonymously internet experience.

Key Features:
Hides your IP address in order to keep your privacy safe.
Removes bans and blocks on forums, classifields and download sites (rapidshare, hotfile, fileserve etc.)
Works with all Browsers and all system configurations.
Automatic proxy server switching for improved anonymous surfing.
Has proxy management control that automatically downloads proxy, checks them and select the best for you.

OS : Win 2000, Win XP, Win XP x64, Win Server 2003, Vista, Vista x64, Win Server 2008, Win Server 2008 x64, Win 7, Win 7 x64
Language : English


================
[INSTALL NOTES]
================

(1): Please use 7Zip/WinRAR/Universal Extractor to EXTRACT FILES
(2): run the setup
(3): Use the given keygen to activate
(4): Enjoy and Support Developers, Buy It, They Deserved It!



ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 

Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို  ကလစ်ခဲ့ပါခင်ဗျာ။




★★နည်းပညာမြို့တော်★★

Followers