Sep 19, 2013

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်းဆိုရာတွင် မိမိရဲ့ blogspot.com က လိပ်စာ နဲ့ မိမိ ၀ယ်ယူထားတဲ့ Domain Name ကို ချိတ်ဆက်ပြီး yourdomainname.blogspot.com အစား yourdomainname.com ဆိုတဲ့ လိပ်စာကို ပြောင်းလဲအသုံးပြုခြင်းပါပဲ။ ဒီနေရာမှာ အပိုင်း ၄ ခုလောက် ခွဲပြီးအဆင့်လိုက်လုပ်ဆောင်ပြသွားပါမယ်။
၁။ Blogger တွင် Custom Domain ထည့်သွင်းခြင်း။
၂။ Domain ပိုဆိုင်မူ စိစစ်ရန် Token ရယူခြင်း (Ownership verification token)
၃။ DNS (Domain Name System) ပြောင်းလဲခြင်း။
၎။ Ownership အား Verify လုပ်ခြင်း
တို့ဖြစ်ကြပါတယ်။

၁။ Blogger တွင် Custom Domain ထည့်သွင်းခြင်း။
မိမိမှာ blogspot ရှိတယ်ဆိုရင် ပထမဦးစွာ http://www.blogger.com/ ထဲကို ၀င်လိုက်တာနဲ့ မိမိရဲ့ blogspot site က ပေါ်နေပါလိမ့်မယ်… ပုံမှာပြထားတဲ့ အတိုင်း Setting > Basic ဆိုတဲ့အထဲကိုသွားပါ။
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
Publishing ရဲ့ အောက်နားမှာ Add Custom Domain ဆိုတာကို ရွေးချယ်လိုက်ပါ။
ပြီးရင် Advanced settings ဆိုတဲ့အထဲကို ရောက်သွားပါလိမ့်မယ်။
ပုံမှာဖော်ပြထားတဲ့အတိုင်း မိမိဝယ်ယူထားတဲ့ Domain name ကိုရိုက်ထည့်ပြီး Save ကိုနိုပ်လိုက်ပါ။
“We have not been able to verify your authority to this domain. Error 12. Please follow the settings instructions.” ဆိုတဲ့ error ထွက်လာပါလိမ့်မယ်။
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
၂။ Domain ပိုဆိုင်မူ စိစစ်ရန် Token ရယူခြင်း (Ownership verification token)
စောစောတုန်းက အဆင့် ၁ မှာ ပြခဲ့သလို Custom Domain ရယူပြီးတဲ့အချိန်မှာ Save Button နိုပ်ရင် Error Code နဲ့အတူ CNAME ၂ ခုထွက်လာသလို အဲ့လိုမှမဟုတ်ရင် Settings Instructions ဆိုတဲ့နေရာမှာ နိုပ်ရင်လည်း အောက်ပါပုံမှာ ပြထားသလို CNAME ၂ ခုကို ရယူနိုင်ပါတယ်။
Point လုပ်ရန် CNAME နှစ်ခုထွက်လာပါလိမ့်မယ်။
1. www ဆိုတဲ့ “name/label/host” ဆိုတဲ့ တစ်ခုနဲ့ “Address/Destination/Target” က ghs.google.com ဆိုပြီးဖြစ်ပါတယ်။
2. နောက်တစ်ခုကတော့ verification code ဖြစ်ပါတယ်။ သူကတော့ တစ်ဦးနဲ့တစ်ဦးတူမှာမဟုတ်ပါဘူး
ဥပမာ – “name/label/host”  ဆိုတဲ့နေရာမှာ SFEFA52A22 ဆိုပြီးဖြစ်နိုင်ပြီး “Address/Destination/Target” က gv-HRAABJZSDDD33D2DD2DLNUYTDU2.MA.domainverify.googlehosted.com. ဆိုပြီးဖြစ်ပါတယ်။
အထက်ဖော်ပြပါ CNAME နှစ်ခုစလုံးကို မှတ်သားထားဖို့လိုပါတယ်။
နောက်တစ်ခုက အကယ်၍ User တွေက မိမိရဲ့ domain ကို www မရိုက်ထည့်ပဲ ၀င်ခဲ့မယ်ဆိုရင် error တွေကျလာတတ်ပါတယ်.. အဲ့အတွက် “A Records” ၄ ခုလည်း မှတ်သားထားရန်လိုပါတယ်။
216.239.32.21
216.239.34.21
216.239.36.21
216.239.38.21
တွေဖြစ်ပါတယ်။
၃။ DNS (Domain Name System) ပြောင်းလဲခြင်း။
မိမိရဲ့ ဒိုမိန်း Control Panel ထဲကို ၀င်ပါ။
CNAME နဲ့ A Record ကို ပုံမှာပြထားသည့်အတိုင်း ထည့်သွင်းရန်သာဖြစ်ပါတယ်။
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : DNS Management
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း


မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : A Record ထည့်သွင်းထားပုံ

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း


မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : ပထမ CNAME ထည့်သွင်းပုံ

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း


မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : ဒုတိယ CNAME ထည့်သွင်းပုံ
၎။ Ownership အား Verify လုပ်ခြင်း
နောက်ဆုံးအဆင့်ကတော့ မိမိရဲ့ DNS မှာ စောစောတုန်းက A Record and CName တွေထည့်သွင်းပြီးလို့ နာရီဝက်ခန့်အကြာ DNS Active ဖြစ်ပါက Blogspot ထဲကိုဝင်၍
Add custom domain မှနေ၍ မိမိရဲ့ domain အမည်ကို (e.g www.yourdomainname.com) ဟူ၍ ရိုက်ထည့်ပြီး Save လုပ်လိုက်ရင် ရပါပြီ။
 
refer link => pyayblogger

IPhone4 ရေစိုပြီး Display light ပျက် ရင်

IPhone4 ရေစိုပြီး Display light ပျက် ရင်  အောက် က ပုံလေး ကို ကြည့်  ပါ ....

credit http://yuriy2012.blogspot.com/

iPhone 4 not Charging

 ပုံထဲ က အတိုင်း စစ် ကြည့် လိုက်ပါ ....


credit by  http://yuriy2012.blogspot.com

နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်း အမြန်ထိုးကြမယ်

နိုင်ငံခြား ဇာတ်လမ်းတွေကို မြန်မာစာတန်းထိုး လုပ်ဖို့အတွက် နည်းလမ်းတွေ ၃ ၊ ၄ မျိုးလောက်ရှိပါတယ်။ (ကာရာအိုကေ စာတန်းထိုးမဟုတ်ပါ)။ Adobe PhotoShop ထဲမှာ စာတန်းတွေလုပ် ပြီးတော့ အဲဒါတွေကို Adobe Premier ထဲထည့် TimeLine နဲ့လိုက်ညှိ စိတ်ရှည်ရှည်နဲ့လုပ်ရပါတယ်။ အခု ကျွန်တော် ပြောပြမယ့် နည်းလမ်းကတော့ တော်တော်လေးမြန်ပါတယ်။ ဘာသာပြန်ကျွမ်းကျင်တဲ့သူတွေ (သို့) ဘာသာပြန်ပြီးသားဖိုင်တွေသာ ရှိရင် ဟောတခွေ၊ ဟောတခွေ နဲ့ကို လုပ်လို့ရပါတယ်။



Type of Subtitle
စာတန်းထိုး လို့ ဆိုရာမှာ Hardsub နဲ့ Softsub ဆိုပြီး ၂ မျိုးရှိပါတယ်။ Hardsub ဆိုတာ ဇာတ်ကား တနည်းအားဖြင့် Video file ထဲမှာ တခါတည်း စာတန်းထိုး တွဲပါတာမျိုးပါ။ Softsub ဆိုတာ Video file က ဘာစာတန်းထိုးမှ မပါ ပါဘူး။ စာတန်းထိုးဖိုင်ကို(srt file) သပ်သပ် ပြန်လုပ်ပြီးတော့ Video file နဲ့ ပြန်ပေါင်းကြည့်တာပါ။ ဥပမာ Iron man 2 ဇာတ်လမ်းဆိုကြပါစို့။ အဲဒါကို English srt နဲ့ ပေါင်းကြည့်ရင် English စာတန်းထိုးဖြစ်သွားရော ၊ Indonesian srt နဲ့ပေါင်းကြည့်ရင် Indonesian စာတန်းထိုးဖြစ်သွားရော ။

How to use softsub?
Softsub တွေကို အလုပ်လုပ်ဖို့အတွက် VobSub လို Software မျိုးတွေသွင်းပြီး Windows Media Player နဲ့ တွဲကြည့်လို့ရသလို ၊ VLC Player ဆိုရင် ဘာမှ ကို သွင်းစရာမလိုပဲ နဲ့ softsub တွေ အလုပ်လုပ်ပါတယ်။ တခု သတိထားရမှာက video file နဲ့ subtitle file တို့က တူညီတဲ့ ဖိုင်နာမည် ရှိရမှာ ဖြစ်ပြီး ၊ တူညီတဲ့ လမ်းကြောင်းအောက်မှာ ရှိရပါမယ်။ ဥပမာ c:\ironman2.avi ဆိုတဲ့ ဇာတ်ကားရှိရင်၊ subtitle ဖိုင်ကို c:\ အောက်မှာ ပဲ c:\ironman2.srt ဆိုပြီးထားရပါမယ်။

Subtitle တွေကို ဘယ်မှာ ရှာရမလဲ??
Subtitle တွေကို ပေးတဲ့ site တွေ တော်တော်များများရှိပါတယ်။ ဒီနေ့လို ဇာတ်လမ်းအသစ်ထွက်ပြီဆိုတာနဲ့ နောက် ၂ ရက်လောက်ဆို english subtitle တွေ ထွက်လာပါပြီ။ ကိုယ့်မှာ ရှိတဲ့ video file နဲ့ timeline ကိုက်ညီတဲ့ subtitle တွေကို ရှာတတ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင် စာတန်းထိုးက စောနေတာမျိုးတို့ ၊ နောက်ကျနေတာမျိုးလို့ ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ video file name နဲ့ တူတဲ့ subtitle တွေကိုသာ ရှာတာ အကောင်းဆုံးပါ။ ဥပမာ ironman2_dvdrip_SAINTS.avi ဆိုရင် စာတန်းထိုးကလည်း ironman2_dvdrip_SAINTS.srt အဲဒီလိုပေးကြတာများပါတယ်။

http://subscene.com/
http://www.opensubtitles.org/
http://www.divxsubtitles.net/
http://www.mysubtitles.org/
http://www.allsubs.org/
http://www.tvsubtitles.net/

မြန်မာစာတန်းထိုးပြောင်းကြမယ်
video file လည်းရပြီ ၊ သူနဲ့ ကိုက်တဲ့ english subtitle လည်းရပြီ ဆိုပါစို့။ ဒီအဆင့်ရောက်ရင် မြန်မာလို ပြန်ပြောင်းဖို့က အရမ်းလွယ်သွားပါပြီ။ srt စာတန်းထိုးဖိုင်ကို notepad နဲ့ဖွင့်လိုက်ပါ။ ပြီးတော့ အင်္ဂလိပ်လို ရိုက်ထားတဲ့နေရာတွေမှာ ဘာသာပြန်သမားက မြန်မာလိုပြန်ပြီးရိုက်လိုက်ရုံပါပဲ။ တခု သတိထားရမှာက အပေါ်က timeline တွေကို မပြင်လိုက်ဖို့လိုပါတယ်။ timeline မှားသွားရင်တော့ စာတန်းထိုး စောတာတွေ ၊ နောက်ကျတာတွေ ဖြစ်ကုန်မှာပါ။ နောက်တခု အရေးကြီးတာ ကျန်သေးတယ်။ file ကို save လုပ်တဲ့နေရာမှာ save as နဲ့ လုပ်ပါ။ Encoding မှာ Unicode လို့ ရွေးဖို့လိုအပ်ပါတယ်။ Default က ANSI ပါ။ အဲဒါနဲ့သိမ်းမိရင်တော့ ရိုက်ထားသမျှ စာတွေ အကုန်ပြန်ရိုက်ဖို့သာ ပြင်ပေတော့။

Produce DVD,VCD or Hardsub
မြန်မာလို့ အကုန်ပြန်ပြင်ရိုက်ပြီးပြီဆိုရင်တော့ Xilisoft video converter ultimate 6.x ဒါမှမဟုတ် Power Director စတဲ့ software တွေနဲ့ Video file နဲ့ မြန်မာစာတန်းထိုး srt ဖိုင်ကို ကိုယ့်စိတ်ကြိုက် VCD,DVD ထုတ်လို့ရပါပြီ။

ref: Ko Kyaw Zwar (taunggyicherryland) ,itstudier
Credit : Sawlinux

ကိုမောင်ပေါက်ဆီမှ ပြန်လည်မျှဝေပေးခြင်းဖြစ်သည်။

အားလုံးအဆင်ပြေကြပါစေဗျာ။

Samsung i9100 IMEI - Baseband Unknown Repair use RIFF JTAG Manager



Hi All
Happy New Year

This How To Repair imei in I9100 with Riff Jtag

1.Read EFS From Working I9100
From Address: 0x0000 0040 0000
and Data Length: 0x0000 0140 0000
Rom1




2.Write EFS in the Target Phone with the same address


3.After Finish Writing Just Repair imei with any tool Like Z3X Or SPT
Note: if serial after repairing become To 0499xxxxxxx This mean Your Phone will done
but If it become Blank this mean its a Hardware Problem


This ISThe EFS file used in repairing I9100 EFS

Hope To U Nice Repairing HAPPY NY 2012 AND THANX Gose To Legija Riff Team Magician

Read more: http://yuriy2012.blogspot.com/2012/05/test.html#ixzz2fJ6a6CaK 
refer link => yuriy2012.blogspot.com        

RIFF JTAG Images ...








Network ဖြင့် FILE Sharing လုပ်ခြင်း



 Networking လောကမှာ Technician တွေ အဓိက အများဆုံးလုပ်ရတာက Folder တွေကို Share ပေးရတာ ပါ။ တချို့တွေကတော့ Share တော့ ပေးတတ်ကြတယ်။ ဒါပေမယ့် သေသေချာချာ နားမလည်ကြဘူး။ ကျွန်တော်လည်း ပါခဲ့တာပေါ့။ ဒါပေမယ့် ခုတော့ နည်းနည်းတော့ သိလာပြီထင်ပါတယ်။ ဒါကြောင့် ကျွန်တော် စာဖတ်ရင်း၊ အလုပ်လုပ်ရင်း သိလာခဲ့ရတဲ့ အကြောင်းအရာ တွေ ချပြ ချင်ပါတယ်။ အရမ်းတတ်လို့တော့မဟုတ်ပါဘူး။ လူရှိန်အောင်လို့ပါ။

          File တွေ ၊ Folder တွေ Share လုပ်ကြ တဲ့အခါ ရုံးတွေမှာ နှစ်နည်းနဲ့ Share လုပ်ကြတယ်။ တစ်နည်းက Peer Share ပေါ့။ Computer တစ်လုံးနဲ့ တစ်လုံး အပြန်အလှန် Folder တွေ Share ကြတဲ့နည်း နဲ့ နောက်တစ်နည်းက Server Computer တစ်လုံးထားပြီး ထို Server Computer ကနေတဆင့် Folder တွေ File တွေ Share လုပ်ကြတဲ့နည်း။ Centralized Share ပေါ့။ ပိုပြီး စနစ်ကျပြီး ပိုပြီးSecurity ကောင်းတာပေါ့။

Computer တစ်လုံးမှာ Folder တစ်ခု Share ရင် Share လုပ်နည်း နှစ်နည်းထဲက တစ်နည်းနဲ့ လုပ်နိုင်တယ်။ Standard Sharing နဲ့ Simple Sharing။(တစ်ခုနဲ့ တစ်ခု ဘယ်လို ပြောင်းတာလဲ ဆိုတာလောက်တော့ သိကြမှာပါ။ Tool>folderoption>view>use simple sharing,byalternating)

Simple Sharing နဲ့ Share လုပ်တဲ့ Computer က သူ့ စက်မှာရှိတဲ့ Folder တွေကို User တစ်ဦးချင်းစီအလိုက် Permission ( မည်သူကဖြင့် ကြည့်ရုံ ကြည့်နိုင်မယ်၊ မည်သူကိုတော့ ဖြင့် ဖျတ်ခွင့်ပေးမယ်စသဖြင့်) ပေးလို့မရဘူး။ Folder တစ်ခုကို Permission(လုပ်ပိုင်ခွင့်) Read ပေးလိုက်ရင် ဘယ်သူဘဲ ဖြစ်ဖြစ် Read ဘဲရလိမ့်မယ်။ ဒါကြောင့် Simple Sharing နဲ့ Server တွေမှာ Share လုပ်လေ့မရှိဘူး။

Standard Sharing နဲ့ Share လုပ်တဲ့ Computer ကျတော့ သူ့စက်က Share ပေးထားတဲ့ Folder တွေကို တစ်ယောက်ချင်းစီ အလိုက် သီးခြား Permission တွေ ပေးလို့ရတယ်။



ဆိုပါတော့ ပုံမှာ File Server ဆိုတဲ့ File Server တစ်လုံးရှိတယ်။ ထို Computer ရှိ C drive အောက်မှာ Finance folder ဆိုတာရှိတယ်။ Network Techinician က ထို Finance Folder ကို မောင်ကောင်းမြင့်က Network ကလှမ်းသုံးရင် ကြည့်ရုံ ကြည့်ခွင့်ပေးမယ်။ မောင်စည်သူက လာသုံးရင် ပြင်ခွင့် ဖျတ်ခွင့် ပါပေးချင်တယ်။ ဒါဆိုရင် Simple sharing  ကိုသုံးလို့မရဘူး။ Standard Sharing ဘဲသုံးရမယ်။ ဒါဆိုရင် Network Technician က အရင် မောင်စည်သူအတွက် Account တစ်ခု၊ မောင်ကောင်းမြင့်အတွက် Account တစ်ခုကို Server Computer မှာ အရင် ဆောက်ပေးရမယ်။ (သတိထားရမှာက Server မှာ ဆောက်ပေးရမှာဖြစ်တယ်။ Client မှာ မဟုတ်ဘူး)။ finance Folder ကို Permission ပေးတဲ့အခါ ထိုဆောက်ထားတဲ့ Account တွေကိုသုံးပြီး Permission ပေးပေးရမှာဖြစ်တယ်။ ဆိုပါတော့ Network Technician က မောင်စည်သူအတွက် Server မှာ mr.sithu ဆိုပြီး Account ဆောက်တယ်။ မောင်ကောင်းမြင့် အတွက် mr.kaungmyint ဆိုပြီး Account ဆောက်တယ်။ ပြီးရင် Finance folder ကို ထို ဆောက်ခဲ့တဲ့ account တွေသုံးပြီး Permission ပေးတယ်။

Standard Sharing မှာဆို Folder တစ်ခုကို user တစ်ယောက်အတွက် နှစ်နေရာမှာ Permission ပေးနိုင်တယ်။ Sharing tab မှာ တစ်ခါ။ Security tab မှာ တစ်ခါပေးရတယ်။ နှစ်နေရာမှာ ပေးရတဲ့အတွက် ထို User အတွက် တကယ်တမ်းရမယ့် Permission ကိုပြန်တွက်ပေးရတယ်။ ဘယ်လိုတွက်လဲဆိုရင် ထို User အတွက် sharing tab ရဲ့ Permission နဲ့ Security tab  ရဲ့ Permission ကိုနှိုင်းယှဉ်ပေးရတယ်။ အနည်းဆုံး Permission က ထို user တကယ်တမ်း ရမယ့် Permission ဖြစ်တယ်။ (effective permission လို့လည်းခေါ်တယ်။)

ဥပမာ Finance Folder မှာ mr.kaungmyint အတွက် Sharing tab မှာ Read permission၊ Security tab မှာ Write ပေးထားရင် mr.kaungmyint ရဲ့ Effective permission (တကယ်တမ်း ရမယ့် လုပ်ပိုင်ခွင့်) က အနည်းဆုံး permission ဖြစ်တဲ့ Read ဘဲ ဖြစ်လိမ့်မယ်။

တကယ့် လုပ်ငန်းခွင်တွေမှာတော့ user တယောက် တကယ်တမ်းရမယ့် Permission ကို အဲ့ဒီလို Sharing tab ကော Security tab ကော ကြည့်၊ ပြန်နှိုင်းယှဉ်၊ နည်းတာကိုယူ အစရှိတာတွေကို လုပ်ရတာ ရှုပ်တဲ့အတွက် Sharing tab မှာ Everyone >full control permission (permission အကြီးဆုံး) ကိုပေးလိုက်တယ်။ ဒါဆိုရင် User အတွက် effective permission ကို တွက်ရင် sharing tab မှာ ဘာ Permission ပေးထားလဲ သိစရာ မလိုတော့ဘူး။ Security tab မှာရှိတဲ့ ထို user ရဲ့ permission ကို ကြည့်ရုံနဲ့ ရသွားတယ်။ (ဘာလို့လဲဆိုရင် logic ကို မှတ်မိသေးတယ် မလား။ Sharing tab နဲ့ Security tab တို့မှာရှိတဲ့ user တယောက်ရဲ့ Permission တွေကို နှိုင်းယှဉ်ပြီး အနည်းဆုံး permission ကို ယူရတယ်ဆိုတာလေ။ Sharing tab မှာ အမြင့်ဆုံး permission ဖြစ်တဲ့ full control ကိုပေးထားလို့ Security tab မှာ read ဖြစ်ရင် Effective permission က read,security tab မှာ write ဖြစ်ရင် Effective permission က write, security tab မှာ Full control ဖြစ်ရင် Effective permission က Full control။ တွေ့တယ်နော်။ Effective permission က security tab တစ်ခုကိုဘဲ ကြည့်ပြီး သိသွားနိုင်တယ်)

ဥပမာ Finance folder မှာ mr.kaungmyint အတွက် Sharing tab မှာ everyone>full control (everyone ဆိုတော့ mr.kaungmyint လည်းပါတယ်နော်)။ Security tab မှာ mr.kaungmyint အတွက် Read ပေးမယ်ဆိုရင် မောင်ကောင်းမြင့် ရမယ့် လုပ်ပိုင်ခွင့်က Read ဖြစ်သွားတယ်။ တွေ့တယ်နော်။ effective permission (တကယ်ရမယ့် Permssion) ကိုတွက်ရင် Security tab မှာရှိတဲ့ မောင်ကောင်းမြင့်ရဲ့ permission ကို ကြည့်ရုံဘဲ။ sharing tab မှာရှိတဲ့ မောင်ကောင်းမြင့်ရဲ့ permission ကို ကြည့်စရာမလိုတော့ဘူး။တကယ့်လုပ်ငန်းခွင်မှာ Sharing tab မှာ everyone> full control ဆိုတာပေးကြပြီး Securtiy tab မှာ ဘဲ User တွေအတွက် Permission ကို သတ်မှတ်ကြတယ်။



ပုံကို ကြည့်ရအောင်။ File Server မှာ Movie folder နဲ့ Finance Folder ကို Share ပေးထားတယ်။ Movie folder ကို မောင်မောင်တစ်ယောက်တည်း Fullcontrol permission ရမယ်။ Finance Folder ထဲရှိ file/ folder များကို မောင်ကောင်းမြင့်ကို ကြည့်ရုံဘဲ ကြည့်ခွင့်ပေးထားပြီး မောင်စည်သူဆိုရင် ထို Folder ထဲရှိ file/ folder များကို ကြည့်ရုံအပြင် ဖျတ်ခွင့်၊ ပြင်ခွင့်ပါပေးထားတယ်။ မောင်ကောင်းမြင့်၊ မောင်စည်သူတို့က Client ဆိုတဲ့ Computer က တစ်လုံးကနေဘဲ file Server ထဲက Share folder တွေကို လှမ်းသုံးကြမယ်။ Cleint computer ကနေ မောင်ကောင်းမြင့် ဆိုတဲ့ လူတစ်ယောက်က စသုံးမယ်ဆိုပါဆို့။ သူက အရင်ဆုံး File Server ကို RunBox ကနေ \\192.168.2.1 ဆိုပြီး ServerIP နဲ့လည်းခေါ်တယ်။ Server က Standard sharing နဲ့ Share လုပ်ထားတာဆိုတော့ username နဲ့ Password လာတောင်းတဲ့ box က Client computer မှာ ပေါ်လာမယ်။

(user name နဲ့ password ဖြည့်ရတဲ့ text box အောက်နားမှာ Remember password ဆိုတဲ့ CheckBox ဆိုတာပါတယ်။ Username , password ဖြည့်၊ Checkbox ကို tick လုပ်ပြီး OK နှိပ်လိုက်ရင် Client Computer ရဲ့ cache မှာ ထို server ၀င်ကို ၀င်တဲ့ username, password ကိုသွားမှတ်ပေးလိမ့်မယ်။နောက်တခါ Client စက်ကို restart ချ။ ပြန်တက်လာ။ပြီးရင် Server ကို runbox က နေ \\IP နဲ့ပြန်ခေါ်ရင် ခါတိုင်းလို user name နဲ့ Password လာမတောင်းတော့ဘူး။ cache လုပ်ထားတဲ့ user name နဲ့ password ကို သုံးပြီး ပြန်ဝင်ပေးလိမ့်မယ်။ အဲ့ဒီ cache ကို ဖျက်ချင်ရင် Run>control userpasswords2>Advance>ManagePassword ထဲမှာ သွားဖျက်လို့ရတယ်။ ဖျက်လိုက်ပြီးရင် စက်ကို restart ချလိုက်။ပြန်တက်လာတဲ့အခါ server ကို \\IP နဲ့ ခေါ်။ username နဲ့ password တောင်းတဲ့ box ပြန်ကျလာလိမ့်မယ်။)

 (Folder တွေကို server က simple sharing နဲ့ sharing လုပ်ထားရင် Client Computer တစ်လုံးလုံးက Server ကို ခေါ်တဲ့အခါကျရင် username နဲ့ password  တောင်းတဲ့ box ပေါ်မလာဘဲ တန်းဝင်သွားလိမ့်မယ်။ဘယ် user အနေနဲ့ ၀င်သွားလဲဆိုရင် Guest user နဲ့ ၀င်သွားတယ်။ ဒါကြောင့် Server Computer မှာ Guest account ဖွင့်ထားပေးဖို့လိုတယ်။ Guest account ကို disable လုပ်ထားရင် client တစ်လုံးက ၀င်တဲ့အခါ client computer မှာ username,password box ကျလာမယ်။ username မှာ guest လို့ ပေါ်နေပြီး တခြား user သွားပြင်လို့မရတာတွေ့လိမ့်မယ်။ password ဘာဘဲထည့်ထည့် တောင်းနေလိမ့်မယ်။ ထို error ကို တော်တော်များများ တွေ့ဖူးကြမယ်ထင်တယ်။ ဒါဆို အဲ့ဒါ ဘာကြောင့် ဖြစ်လဲဆိုတာ သိပြီထင်တယ်။ ဘာကြောင့် ဖြစ်လဲ ထပ်ပြောရမယ်ဆိုရင် ကိုယ်ခေါ်လိုက်တဲ့ file server က simple sharing သုံးထားတယ်။ ပြီးတော့ ထို file server မှာ guest account ကို diable လုပ်ထားတာကြောင့်ဖြစ်တယ်)

မောင်ကောင်းမြင့်က user name မှာ mr.kaungmyint, password xxx ပေးလိုက်တယ်။ remember password checkbox ကို on လိုက်တယ်။ ပြီးတော့ OK နှိပ်လိုက်တယ်။

Server အပိုင်း

ဒါဆိုရင် file server က သူ့ဆီ ခုဝင်တဲ့သူကို mr.kaungmyint အနေနဲ့ မှတ်ပုံတင်လိုက်တယ်။ (authenticate လုပ်တာကိုပြောတာပါ) ပြီးရင် share folder တွေကို mr.kaungmyint ရမယ့် permission အတိုင်း သတ်မှတ်လိုက်တယ်။(authorize)

File Server computer မှာ ဘယ် Client computer က မိမိဆီကို ဘယ် user အနေနဲ့ network ကနေ ၀င်သုံးနေတယ်ဆိုတဲ့ Information ကိုကြည့်လို့ရတယ်။

Net session command ကို သုံးပြီး Command prompt မှာ ကြည့်နိုင်ပါတယ်





ပုံမှာ ဆို Server computer မှာ net session ကို အသုံးပြုလိုက်တာ ဖြစ်ပါတယ်။output မှာ ပြနေတာက Kyaw-FD… ဆိုတဲ့ Computer ကနေ user တစ်ယောက်က thant zin soe ဆိုတဲ့ username ကို သုံးကာ မိမိစက်ထံ မှတ်ပုံတင်ပြီး အသုံးပြုနေတာကို သိနိုင်ပါတယ်။

ထို user က မိမိ စက်ရဲ့ ဘယ် file တွေ ယူသုံးနေလဲ သိရှိဖို့ net file command ကို အသုံးပြုနိုင်ပါတယ်။





ဒါဆို Thant Zin Soe ဆိုတဲ့ user က မိမိ computer မှာရှိတဲ့ Screen Recorder folder ကို ဖွင့်ထားကြောင်းကို သိနိုင်ပါတယ်။

(ထို Information တွေကိုဘဲ Computer management (Run>compmgmt.msc) ရဲ့ Share folder အောက်တွင်လည်း ကြည့်နိုင်ပါသည်။)

Client အပိုင်း

ဒါဆိုရင် မောင်ကောင်းမြင့်က မိမိအတွက် server မှာ ဆောက်ပေးထားတဲ့ account ဖြစ်တဲ့ mr.kaungmyint ဆိုတဲ့ user name နဲ့ password ကို ထည့်ပေးရတယ်။ပြီးရင် Window တစ်ခုကျလာမယ်။

ထို window ထဲမှာ server က share ပေးထားတဲ့ folder အားလုံးကို တွေ့ရမယ်။ ဒီ Example မှာဆိုရင် Moive Folder နဲ့ finance folder တွေကို မြင်ရမယ်။ Movie folder မှာ သူ့အတွက် permission မပေးထားတော့ သူဝင်ကြည့်လို့မရဘူး။ Finance folder ကိုတော့ ၀င်ကြည့်လို့ရတယ်။ ထို ထဲက folder ,file တွေကို ကြည့်ရုံအပြင် ပြင်ခွင့်၊ ဖြတ်ခွင့်မရဘူး။ မောင်ကောင်းမြင့်က finance folder မှာ read permission ဘဲရတာကိုး။ မောင်ကောင်းမြင့် က computer ကို သုံးလဲပြီးရော ပိတ်လိုက်ရော။ နောက်တစ်နေ့မှာ ထို Computer မှာဘဲ မောင်စည်သူက လာသုံးတယ်။ server ကို \\serverIp နဲ့ လှမ်းခေါ်တယ်။ ပုံမှန်ဆို username နဲ့ password တောင်းတဲ့ box ကျမယ်။ မောင်စည်သူက username ကို mr.sithu ,password ဖြည့်ပြီး mr.sithu authentication နဲ့ server ကို ၀င်သုံးရမှာ။ ဒါပေမယ့် မောင်ကောင်းမြင့်သုံးတုန်းက user name ကို remember (save) လုပ်ခဲ့လို့ username,password တောင်းတဲ့ box ကျ မလာတော့ဘဲ mr.kaungmyint အနေနဲ့ဘဲ server ကို ၀င်သွားလိမ့်မယ်။ (အဲ့ဒီ အချိန်ကျရင် File Server Computer မှာ ဘယ် user အနေနဲ့ ၀င်နေလဲဆိုတာကို သိဖို့အတွက် server computer မှာ net session command သုံးပြီး စစ်ကြည့်ရင်ရတယ်။)

မောင်စည်သူက ဒါဆို server ကို mr.kaungmyint အနေနဲ့ authenticate လုပ်ပြီး သုံးသလိုဖြစ်သွားတယ်။ မောင်စည်သူက finace folder ကို ကြည့်ရုံဘဲ ကြည့်နိုင်တော့မယ်။ ဘာလို့လဲဆိုရင် mr.kaungmyint အနေနဲ့ဘဲ server ထဲ ၀င်သွားလို့။ ဒါဆိုရင် ဘယ်လို ပြန်လုပ်လို့ ရမလဲဆိုရင် manage password မှာ remember လုပ်ခဲ့တဲ့ mr.kaungmyint record ကို သွားပြန်ဖျက်။ client computer ကို restart ချ။ ပြီးရင် server ကို ပြန်ခေါ်။ ဒါဆိုရင် username နဲ့ password တောင်းတဲ့ box ကျလာလိမ့်မယ်။ mr.sithu username နဲ့ password ဖြည့်ပေးလိုက်ရင် မောင်စည်သူက finance folder ထဲက folder တွေ၊ file တွေကို ပြင်ခွင့်၊ဖျက်ခွင့်ရသွားပြီ။

Sharing အကြောင်းကတော့ ဒီလောက်ဆို တော်တော် သိလောက်မယ်လိုထင်ပါတယ် .....

REF: phyoeaihlaing  , itstudier

Followers