Dec 30, 2014

Oppo R 829 .. Version 4.2.2 ကို အလွယ်ဆုံး Root ပြီးမြန်မာ ဖေါင့်ထည့်ကြမယ်


အားလုံး မင်္ဂလာပါနော်..သည်နေ့တော့ ကျွန်တော် လက်တွေ့စမ်းသတ်ထားတဲ့ နည်းလမ်းလေး နဲ့ သတင်းကောင်းလေးတစ်ခုပါးလိုက်ပါရစေ.... သည်နည်းလးမ်လေးကတော့  ခုမိုဘိုင်းလောကမှာ ၀င်ရောက်လာတဲ့ OPPO ဖုန်းအကြောင်းဆိုပါတော့  ကျွန်တော် သည်နေ့ OPPO R829-Version 4.2.2 ကို root ဖေါက်ပြီးမြန်မာစာ ထည့်ကြည့်တာ အတော်လေး လွယ်ကူပြီး အဆင်ပြေနေတာ တွေ့ရလို့ ၀မ်းသာအားရ နဲ့ ခုလို ပို့စ်တခု ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်..  တကယ့်ကို လွယ်လွယ်လေးပါ... နည်းကတော့ ကျွန်တော် ဟိုနေ့ကတင်လိုက်တဲ့ ကျွန်တော့်ရဲ့ S4 Version 4.3 ကို Root တဲ့နည်းနဲ့ တူတူဖြစ်နေလို့ပါဘဲ..ကဲ ဒါဆို ဘာခက်မလဲနော်... တချို့ ကတော့ တခြားသော Root Tool တွေနဲ့ အဆင်ပြေကြသလို နည်းလမ်းမတူညီကြပါဘူး  ကျွန်တော် ကတော့ စမ်းသတ်ခြင်သူဆိုတော့ ကောက်ကလိတာ ရလိုက်တာ အမြတ်ဆိုပါတော့ အားလုံးအတွက်လည်း နည်းလမ်းတခု တိုးစေတာပေါ့နော်...
အသေးစိတ်ကို အောက်မှာ ရှင်းပြထားပါတယ်...
ကဲ ပထမဆုံး    ဆော့ဝဲလ်လေးကို ဒေါင်းလိုက်ကြရအောင်နော်...
ဒေါင်းပြီးတာနဲ့ ရလာတဲ့ apk လေးကို မိမိတို့ ဖုန်းမှာ ထည့် ပြီး install လုပ်ပေးလိုက်ပါနော်....
ဒါဆို စမယ်ဗျာ....အင်စတော ရလာတဲ့  apk လေး မှန်ပြင်ပေါ်မှာ တွေ့နေပါမယ်  အဲတာကို ကလစ်ဖွင့်လိုက်ပါ..... သည်နေရာမှာ ကျွန်တော် ပုံမယူလိုက်ရလို့  တရုတ်စာ နဲ့  ဇယားတခုတက်လာမယ်... ဘာဘဲ တက်လာလာပေါ့...
ဘယ်ဖက်ကစာသားက  Cancel ဆိုတာကိုပြောတာပါ...သည်တော့  ညာဘက်က တရုတ် စာကို ကလစ်ပေးလိုက်ပါ..နော်....နောက်အဆင့်တွေကို ပုံတွေနဲ့ ရှင်းပါမယ်..
အဆင့် ( ၁ )
အပေါ်က ပုံတိုင်း ဖြစ်လာမယ် ဒါဆို Root ဆိုတာလေးကို ကလစ်ပြီး လုပ်လိုက်ပါနော်... သူ့ဘာသာ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်.. ခဏမျှ စောင့်ပေးလိုက်ပါ....
မိမိဖုန်း အတွက် Root Accept ရပြီဆိုတာနဲ့ အပေါ်ကလို အမှန်ခြစ်လေး ပြလာမှာ ဖြစ်ပါတယ်..ဒါဆို အောင်ပြီ ဗျာ...နောက်ထပ် လုပ်ဆောင်စရာတွေ ရှိပါတယ်.. ဆက်လုပ်ကြမယ်နော်....
အဆင့် ( ၂ )
ဖုန်း မှာ လိုအပ်တဲ့  apk တွေ ထည့်ပေးလိုက်ပါနော်..လိုအပ်တာတွေကတော့
( ၁ )  MMSD Smart Zawgyi ကိုဒေါင်းပြီးထည့်ထားရပါမယ်။
( ၂ ) Root Chacker  ကို Root အောင် မအေင် စစ်ဆေးဖို့ ထည့်ထားရပါမယ်။ Playstore မှာဝင်ဒေါင်းလိုက်ပါ....
 အိုကေ ဒါဆို မြန်မာစာအတွက် လုံလောက်မှာပါ... နောက် မိမိလိုအပ်တာတွေတော့ ကြိုက်သလို ထည့်နိုင်ပါတယ်...
အပေါ်ကဒေါင်းထားတဲ့ apk  တွေကို ဖုန်းမှာ install လုပ်ပေးလိုက်ပါနော်... ပြီးတာနဲ့ ဖုန်း မှန်ပြင်ပေါ်ကနေ ဖွင့်လိုက်ပါ  ဥပမာ  Root ကို စစ်ဆေးမယ် ဆိုပါတော့ Rootchacker apk ကိုဖွင့်လိုက်ပါ
အဲမှာ ပြသနာ အနည်းငယ် ပေါ်တတ်ပါတယ်... ဘာကြောင့်လည်းဆိုတော့  Root Apk ကနေ သူ့ကို အသိမှတ်မပြု ရသေးလို့ဘဲ ထင်ပါတယ်...
အောက်ကပုံကို ကြည့်လိုက်ပါ...
Root Apk ကနေ ကြက်ခြေခတ်အနီ ပြပေးထားတဲ့အတွက်  စစ်ဆေးလိုက်တဲ့အခါ Root မရှိသေးပါဘူးဆိုတာ ပြောလာမှာ ဖြစ်ပါတယ်  ဒါက Root မအောင်တာ မဟုတ်ပါဘူး အဲအတွက် ကြက်ခြေခတ်အနီကို အမှန်ခြစ် အစိမ်းလေး ဖြစ်ဖို့ လုပ်ရပါမယ်... နည်းလမ်းကတော့...အောက်မှာဆက်ကြည့်ပါ...
အဆင့် ( ၃ )  
မိမိတို့ Root စစ်တာတွေ Fontchanger တွေ အလုပ်မလုပ်ဘူး ဆိုရင် သည်လိုလေး လုပ်ပေးလိုက်ပါနော်... 
မိမိတို့ ဖုန်း Root ရပြီးတာနဲ့ မှန်ပြင်ပေါ်မှာ အဲလို apk လေး နှစ်ခု ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်..
R ဆိုတဲ့စာနဲ့ APK လေးကို ဖွင့်ပေးလိုက်ပါ... ဒါဆို အဲထဲမှာ စောစောက အင်စတော လုပ်ထားတဲ့
MMSD  နဲ့ Rootchacker တို့ကို တွေ့ရမှာ ဖြစ်ပါတယ်... တွေ့တာနဲ့ ကြက်ခြေနီလေး တွေပြနေမယ် အဲတာကို  ဘေးက အမှန်ခြစ်အစိမ်းလေး ကို ကလစ်ပြီး အသိမှတ် အတည်ပြု ပေးလိုက်ပါနော်... အောက်မှာ ပုံကြည့်လိုက်ပါ။
အပေါ်ကလိုဘဲ  ကြက်ခြေနီပြနေသော apk တိုင်းကို ဘေးက အစိမ်းရောင် အမှန်ခြစ်လေးကို ကလစ်ပေးလိုက်ပါနော်.... ဒါဆို အဆင်ပြေပါပြီ...
 အဆင့် ( ၄ ) 
 ဖုန်း apk  ကိုပြန်သွားလိုက်ပါ... Rootchecker ကို စစ်လိုက်ကြမယ်နော်.... Rootchacker ဆိုတာလေးကို ကလစ်ဖွင့်လိုက်ပါ...နော်
အပေါ်မှာ ပြထားသလို Verify  Root ဆိုတာလေးကို ကလစ်ပြီး ခဏစောင့်လိုက်ပါ  သူက စစ်ဆေးနေပါလိမ့်မယ်နော်.... အိုကေပြီးတာနဲ့ မိမိတို့ဖုန်းမှာ Root Accept ရရှိတယ်ဆိုရင် သည်လိုလေးပြပါတယ်..အောက်မှာ ပါ
အိုကေ  အဆင်ပြေပါပြီနော်.. မိမိတို့ ဖုန်းလေးမှာ ကွန်ပျူတာမလိုဘဲ  Root ဖေါက်ခြင်းမှ အောင်မြင်ခဲ့ပါပြီ... ကျွန်တော် လက်တွေ့ s4 နဲ့ oppo r829  ကိုစမ်းသတ်ထားပါတယ်  ကျန်တာတွေတော့ ဆက်လက် စမ်းသတ် ပေးပါ့မယ်  မိတ်ဆွေတို့လည်း  စမ်းသတ် ကြည့်ကြပါနော်  ရလာတဲ့ ဖုန်းတွေကို စာပို့ အသိပေးကြပါ...ဒါမှ လက်ဆင့်ကမ်း မျှဝေနိုင်မယ်လေ.... လူတိုင်း ကွန်ပျူတာ မရှိတော့ သည်နည်းလေးနဲ့ တော်တော် များများအဆင်ပြေမယ်ဆို ၀မ်းသာစရာပေါ့.....
 မြန်မာစာဖေါင့် ချိန်းဖို့ MMSD Smart Zawgyi ကိုလည်း အပေါ်ကနည်းအတိုင်း အမှန်ခြစ်လေး ဖြစ်ဖို့
ပြုပြင်ပေးပြီးမှ ဖေါင့် ချိန်းပေးလိုက်ပါနော်.... အိုကေ
အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေ..........
မိမိတို့ဖုန်းမှာ မြန်မာစာ သည်လောက်နဲ့ မမှန်ကန်သေးပါက  အောက်က apk ကို ဒေါင်းလိုက်ပါ မှန်တယ်ဆိုရင်တော့ မလိုအပ်ပါဘူး
သည်ကောင်လေး အသုံးပြုနည်းကတော့ အောက်မှာ ကြည့်လိုက်ပါ ဒေါင်းလို့ရတဲ့   APK လေးကို ဖုန်းမှာ အင်စတောလုပ် ဖွင့်လိုက်ပါနော်..
 အပေါ်မှာေ တွ့ရသလို GOT IT ဆိုတာကိုကလစ်ပေးလိုက်ပါနောက်
 အပေါ်ပုံတိုင်း I AGREE ဆိုတာကလစ်ပေးလိုက်ပါ နောက်
အပေါ်မှာ ပြထားသလို ကလစ်ပြီးဆက်သွားလိုက်ပါနော်

ဒါဆို အဆင်ပြေမှာပါနော်...
လိုအပ်ရင် ဆောင်ထားဖို့ လက်ဆောင်လေးတွေ

http://www.zawminthan.com/

How to change myanmar font in iTunes

iTunes 10 မှာ မြန်မာဖောင့်တွေ မြင်ရအောင် လုပ်တဲ့နည်းလေးကို အတတ်နိုင်ဆုံးရှင်းလင်းစွာ တင်ပြပေးလိုက်ပါတယ်။ မြန်မာလို နံမည်တပ်ထားသော သီချင်းစာရင်းလေးများကို တွေ့မြင်ရတာ iTunes မှာ တစ်မျိုး အမြင်ဆန်းနေစေပါတယ်။

လုပ်ငန်းစဉ်

၁) C:\Program Files\iTunes\iTunes.Resources\en.lproj (folder) ကိုသွားပါ။ (Window 7 ဖြစ်ပါက Program Files (x86) တွင်ရှိပါသည်)။



၂) အောက်ဆုံးနားမှာ "TextStyle.plist" ဆိုသော file ကိုတွေ့ပါလိမ့်မည်။ အဲဒီ file ကို Right click ခေါက်ပြီး Open with မှာ Note Pad ကို (Default program) အဖြစ် ရွေးပြီး ဖွင့်လိုက်ပါ။

မှတ်ချက်။ ။ ဤ file ကို ပြုပြင်ပြီးသွားရင် Save နိုင်ရန် အတွက် Note pad သည် Default program ဖြစ်ဖို့လိုအပ်ပါသည်။


၃) Note pad နှင့် ဖွင့်ထားသော "TextStyle.plist" file ကို ခတ္တပြန်ပိတ်လိုက်ပါ။

၎) Start up Menu ရှိ Search box တွင် "Note Pad" ဟုရိုက်ပါ။ "Note Pad" ကိုတွေ့ပါက Right click ခေါက်ပြီး "Run as administrator" ကိုရွေးပေးလိုက်ပါ။


၅) ထို့နောက် "TextStyle.plist" file ကို ပြန်ဖွင့်ပါ ဒီတစ်ခါ Note pad နှင့် အလိုလျှောက် ပွင့်လာပါမည်။

၆) Edit -> Replace ကိုနှိပ်ပါ အောက်ပါပုံအတိုင်း Box တစ်ခုကျလာပါမည်။


ဒီနေရာမှာ ကျွန်တော်တို့ Font လေးမျိုးကို ပြင်ဆင်ပေးရပါမည်။ (Tahoma, Lucida, Grande, Segoe UI) တို့ပဲဖြစ်ပါတယ်။

၇) Box ထဲက Find what : တွင် Tahoma ကိုရိုက်ထည့်ပြီး Replace with : နေရာတွင် Zawgyi-One ဟုရိုက်ပါ၊ ပြီးနောက် 'Replace All" button ကိုနှိပ်ပါ။

၈) အဆင့် (၇) တွင် ဖော်ပြထားသကဲ့သို့ ကျန်ရှိနေသေးသော (Lucida, Grande, Segoe UI) font သုံးမျိုးတို့ကို တစ်လှည့်စီ ပြောင်းပေးပါဦး။

၉) အားလုံးပြီးသွားပါက Save လုပ်လိုက်ပါ။

ကဲပြီးသွားရင် မိမိ iTunes ထဲကို မြန်မာလို အမည်ပေးထားတဲ့ သီချင်းလေးတွေ ထည့်ကြည့်ပါဦး အောက်ပါအတိုင်း မြင်တွေ့ရပါလိမ့်မယ်။


ချွင်းချက်ကတော့ iTunes Library ထဲက Music တစ်ခုထဲမှာသာ မြန်မာလို အမည်ပေးထားတဲ့ သီချင်းလေးများကို မြင်ရမှာဖြစ်ပြီး Movie, Books တို့မှာတော့ မြန်မာလို အမည်ပေးထားသော်လည်း လေးထောင့်တုံးများသာ ပေါ်နေပါမည်။

windows 7 မှာ Missing operating system ဖြေ ရှင်း နည်း

windows 7 မှာ Missing operating system ဖြစ် ပြီး windows ပြန် တက် မလာ တော့ တဲ့ ပြသနာ ဖြေ ရှင်း နည်း လေး ပါ။ Windows 7 DVD ခွေတစ် ခု ကို အသုံး ပြု ပြီး command prompt  က နေ ပြန် လည်  ဖြေ ရှင်း နည်း လေး ပါ။
အဆင့်  ( ၁ ) 
---------------------------------
windows 7 dvd ခွေ ကို သင့် ကွန်ပျူ တာ ထဲ ကို ထည့် ပေး ပါ။
အဆင့်  ( ၂ )
----------------------------------
restart ချ ပြီး ပုံမှန် windows တင် သလို ပဲ မိမိ တို့  ကွန်ပျူ တာ မှ သက် ဆိုင် ရာ key များ ကို နိုပ် ပြီးBIOS ထဲ ကို ဝင်ရောက် လိုက် ပါ။BOOT ORDER ကို ချိန်း ပေးပါ။BIOS ထဲ ကို ဝင် လို့  ရ မဲ့  သက်ဆိုင် ရာ KEY တွေ ကို မသိ သေး ရင် ဒီမှာ လေ့ လာ ပေး ပါ။
အဆင့်  ( ၃ )
-------------------------------
WINDOWS ပုံမှန် ပြန် တင် လို့ ရ မဲ့  နေ ရာ ကို ရောက် တာ နှင့်  ကျ နော် တို့  REPAIR COMPUTER 
ကိုနိုပ်ပေးရပါ မယ်။
အဆင့်  ( ၄ ) 
------------------------------
အောက်ပုံ မှာ ပြ ထား တဲ့ use recover tool လေး ကိုအမှန် လေး ခြစ် ပေး ပြီး next ကို နိုပ်ပေးပါ။
အဆင့်  ( ၅ ) 
-----------------------------
“System Restore” or “System Image Recovery”

Read more at: http://windows7themes.net/en-us/missing-operating-system-windows-7/ © windows7themes.net
“System Restore” or “System Image Recovery”

Read more at: http://windows7themes.net/en-us/missing-operating-system-windows-7/ © windows7themes.net
System Restore” or “System Image Recovery”.

Read more at: http://windows7themes.net/en-us/missing-operating-system-windows-7/ © windows7themes.net
system Restore or system image recovery မလုပ်ပါနဲ့ command prompt လေး ကို ဖွင့် ပါ။
အဆင့်  ( ၆ )
----------------------------
command prompt လေး ထဲ မှာ အောက် က စာ တွေ ကို ရိုက် ထည်း ပေး ပါ။ entre ခေါက်ပါ။
chkdsk c: /f/r
/f /r will both fix errors and recover lost data.
/f will only fix errors on your disk
/r will only recover lost data


Read more at: http://windows7themes.net/en-us/missing-operating-system-windows-7/ © windows7themes.net
chkdsk c :/f /r
/f/r
/f
/r
  ပြီးရင် restart ချ ပြီး ပြန် သုံး ကြည့် ပါ။ အဆင် ပြေ သွား ပါ ပြီ။

Followers