Oct 31, 2013

Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်လည် ရယူခြင်း





recoverကွန်ပျူတာမှာ မမျော်လင့်ပဲ ဖျက်လိုက်မိလို့ ပြောင်းဆုံးသွားတဲ့ Data , file တွေကိုယူဖို့ နည်းလမ်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စာဖတ်သူတို့အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။
သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။


၁။ အောက်ပါလခ့်တွင် ဒေါင်းလုခ်ဆွဲပါ။






၂။ Instll လုပ်ရပါမယ်။
၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။
၎။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။
၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။
၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။
၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။
၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ်သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်။



အားလုံးအဆင်ပြေပါစေ......။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းတယ်လီဖုန်းများအတွက်ထပ်တိုး

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းတယ်လီဖုန်းများအတွက်ထပ်တိုး
ဝန်ဆောင်မှုများဖွင့်လှစ်မည့်အစီအစဉ်
Ref : 31.10.2013 ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

Oct 30, 2013

မြန်မြန်ဒေါင်းထားလိုက်ကြဗျို့Windows 8.1 Enterprise Final x86/32bit + Activator




Windows 8.1 Enterprise Final x86/32bit – 2.7 GB


အားလုံး မျှော်နေကြတဲ့ windows 8.1(windows blue)  ကို 18 ရက်နေ့က

ထုတ်လိုက်ပါပြီ။ Crack သုံးချင်တဲ့ သူငယ်ချင်းများအတွက်တော့ 25 ရက်နေ့ကထုတ်လိုက်တဲ့

Windows 8.1 Enterprise ကို ကျနော် ပြန်လည်မျှဝေချင်ပါတယ်....

32 bit ကိုပဲ ကျနော် သီးသန့် ပြန်လည်မျှဝေမှာပါ 64 bit ကတော့ နောက် post တခု့ပေါ့နော်


32 bit အတွက် မိမိစက်မှာဘာတွေရှိရမလည်း ဆိုတော့

ဖိုင်ဆိုဒ်များတော့ ခွဲ မတင်နိုင်ဘူးဗျာ မူရင်တင်ထားတာကိုပဲ ဒေါင်းလိုက်ပါ .....

Processor: 1 gigahertz (GHz) or faster with support for PAE, NX, and SSE2 

RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit)

Hard disk space: 16 GB (32-bit) or 20 GB (64-bit)

Graphics card: Microsoft DirectX 9 graphics device with WDDM driver


ဒါကတော့ 200 mb ခွဲတင်ထားတာပါ..

PART 1 | PART 2 | PART 3 | PART 4 | PART 5 | PART 6 | PART 7 | PART 8 | PART 9 | PART 10 |

 1 GB ခွဲတင်ထားတာလိုချင်ရင် ဒီမှာဒေါင်းနိုင်ပါတယ် ၃ ပိုင်းရှိပါတယ်


ဖိုင်တွေအားလုံးအလုပ်လုပ်ပါတယ်

ဒေါင်းရမယ့်လင့်မှာ 200 mb ဆိုပီးတော့ ရေးထားတဲ့ ပုံ လေးနှိပ်လိုက်ရင်

ဒေါင်းမယ့်လင့်လည်းတခါတည်းကျလာမယ်။

ကိုလတ်(ကျွဲဆင်း)
refer link http://saithu102.blogspot.com/2013/10/windows-81-enterprise-final-x8632bit.html
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

ကွန်ပျူတာ Desktop Shortcut Icon အားလုံး တူနေခြင်း ပြဿနာ





တချို့
သူငယ်ချင်းတွေ ဒီပြဿနာလေးကို ကြုံဖူးကြမယ်ထင်ပါတယ်... Program (or) Software တစ်ခုခုကို
Right Click > Open With ကို နှိပ်မိလို့ဖြစ်စေ Virus ကြောင့်ဖြစ်စေ
Desktop ပေါ်က Icon တွေ အားလုံး  Internet  Explorer (IE), Window Media
Player,   Adobe Reader ,iTunes ,PD F ,  Excel. lnk,Word    စ,တဲ့ Icon တွေချည်း
ဖြစ်သွားတတ်တာပါ... ဥပမာ IE Icon တွေချည်းဖြစ်သွားတဲ့အခါ ဘယ်   Program ကို
ဖွင့်ဖွင့် IE ပဲ ပွင့်နေပြီး   ကိုဖွင့်ချင်တဲ့ Program ကို
ဖွင့်မရတော့ပါဘူး....   အဲ့ဒီလို ဖြစ်လာရင် တချို့က Window
ပြန်တင်တတ်ကြတာများပါတယ် ...   အမှန်က Window ပြန်တင်စရာ   မလိုပါဘူး... အောက်
နည်းလမ်း နှစ်မျိုးနဲ့ ဖြေရှင်းပေးနိုင်ပါတယ်...

နည်းလမ်း (၁)

  1. Run ကို ခေါ်ပါ... (Win Key + R)....
  2. Run Box မှာ  regedit ရေးထည့်ပြီး Enter ခေါက်ပါ....
  3. Registry Editor တတ်လာရင် အောက်ပါ လမ်းကြောင်းအတိုင်း တဆင့်ခြင်းသွားပါ....
  4. HKEY_CURRENT_USER > Software > Microsoft > Windows > CurrentVersion > Explorer > FileExts > .lnk
  5. lnk Floder ကိုဖွင့်ပါ ..  Subfolders ထဲက ဖိုင်လ်တွေကို Delete လုပ်ပေးလိုက်ပြီး စက်ကို Restart ချပေးလိုက်ပါ....။ 

အဆင်မပြေရင် မူရင်းကိုကြည့်ပါ...။


Steps to recover back all original icons:




  • Open run command by pressing windows key (windows logo) and R together.


  • Type “regedit” and press enter.


  • Browse the computer system registry into



  • “HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\FileExts\.lnk”
    (It may take time to reach there, so be patient)


  • Delete all subfolders under “.lnk” directory  but please never ever  delete the “.lnk” folder.


  • Close registry editor (regedit).


  • The shortcuts on your desktop will still not work now although clicking on it will work fine. So better reboor your system.

နည်းလမ်း (၂)





ဒီနည်းလမ်းကတော့ အရမ်းလွယ်ပါတယ် အောက်မှာတင်ပေးထားပေးတဲ့ Windows 7 shortcut Fixer ဆိုတဲ့ RAR ဖိုင်လ်လေးကို ဒေါင်းယူပြီး ဖြည်လိုက်ပါ... exe.reg လေးကို Double Click နဲ့ Install ပေးရုံပါပဲ...ပြီးရင် ကွန်ပျူတာကို Restart ချပေးပါ...။
Window ပြန်တတ်လာရင် မိမိတို့မှာ ရှိတဲ့ Antivirus Program နဲ့ Full Scan စစ်ပေးပြီး တွေ့တဲ့ Virus တွေကို Delete လုပ်ပေးပါ...။






Click Here to Download


(or)


Click Here to Download

 ခင်မင်လျှက်

ဝင်းကမ္ဘာကျော် www.winkabarkyaw.net
refer link saithu

Oct 26, 2013

SKYNET MPS တပ်ဆင်ခြင်းစာအုပ်


SKYNET MPS တပ်ဆင်ခြင်းစာအုပ် ကို အားလုံးသောနည်းပညာစိတ်ပါဝင်စားသူများလေ့လာနိုင်စေရန်
တင်ပေးလိုက်ပါတယ်..ယခုတင်ပေးတာကတော့ အပိုင်း ၁ ကိုတင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အပိုင်း ၃
ပိုင်းအထိခွဲတင်ပေးသွားမှာဖြစ်ပါတယ်..အပိုင်းသုံးပိုင်းလုံးလေ့လာပြီးပြီဆိုရင်တော့ SKYNET MPS
တပ်ဆင်ခြင်း ၊ ထောင့်များချိန်ညှိခြင်း ၊ ဂြိုဟ်တုချိန်ညှိခြင်း ၊ Software သွင်းခြင်း စသည့် SKYNET MPS
စလောင်းများနှင့်ပတ်သက်သည့်အသိပညာဗဟုသုတများကို အတော်အသင့်သဘောပေါက်နားလည်သွားမှာ
ဖြစ်ပါတယ်။ ယခု SKYNET MPS အကြောင်းပေးပို့လာသူ ညီအစ်ကိုများအားလည်း
ပြည်ပမှတစ်ဆင့်အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။ A4 သင်ခန်းစာ စာရွက်များကို Scan ဖတ်ထားပါသည်။ ကျွန်တော်၏ Scan ဖတ်မကျွမ်းကျင်မှုကြောင့် အနည်းငယ်မျှစာရွက်များတိမ်းစောင်းသွားပါသဖြင့် သီးခံပေးကြပါခင်ဗျာ။ ကဲ လေ့လာလိုသူ များ ဒေါင်းနိုင်ကြပါပြီခင်ဗျာ။

refer to http://mmcell11.blogspot.com

Adb_Cleaner ဗားရှင်းအသစ်ထွက်လာပါပြီ (mmcell11blog က တွေ့ တာ ပါ )

အရင်ဗားရှင်းထက် ပိုမိုကောင်းမွန်သော ပြုပြင်မွမ်းမံမှု
များပြုလုပ်ထားပါတယ်ခင်ဗျာ....
 Orient MM Language System ကိုအသုံးပြုရာတွင်
Loading မှာလည်နေခြင်း Device Detect မသိခြင်း အစရှိသည့်
adb Error အခြားအခြားသော adb error များကိုလည်း အဆင်ပြေစေမှာဖြစ်ပါတယ်ခင်ဗျာ....
refer link http://mmcell11.blogspot.com/2013/10/adbcleaner.html
Download Hear >>zippyshare Adb Cleaner ,

သင့်ရဲ့ဖုန်း Original စစ်မစစ် စမ်းသပ်နည်း




by - Guide Magazine


သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖြော်ပပေးလိုက်ပါတယ။်

ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-
(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့
သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 13 ဖြစ်မယ်ဆိုရင်တော့
သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။

refer link => ffspg.blogspot.com

HUAWEI Y310-5000 ROOT And Touch Error ရှင်းနည်း


HUAWEI Y310-5000 ကို Root နည်းနှင့် Root ပြီး Touch Error ဖြစ်သူများအတွက်
ဖြေရှင်းနည်းလေးပါ တင်ဆက်ပေးလိုက်ပါတယ်....
အရင်ဆုံး လိုအပ်တာလေးတွေ ဒေါင်းလိုက်ရအောင်နော်...

Y310 Root PAC
http://www.mediafire.com/?1q0nstehdi9ldaw

Y310 Touch Error
http://www.mediafire.com/?bmzbbos8z86099r

Y310 Driver
http://www.mediafire.com/?kcm4y5kfd5ju548
http://www69.zippyshare.com/v/2729823/file.html
Research download
http://www.mediafire.com/?poyzq55ag12t32r
Research download ဖိုင်အား ဖြေလိုက်ပါ ပြီးလျင်
၎င်းဖိုင်ထဲမှ Bin ထဲသို့ ၀င်ပါ။
ResearchDownload.exe အား ကလစ်နှိပ်ပြီး Run ပေးလိုက်ပါ ထို့နောက် အောက်ပါပုံစံအတိုင်း ပေါ်လာပါမည်။


စက်သွားပုံစံလေးအား နှိပ်ကာ Y310-Root.pac ဖိုင်အား သွားရွေးပါ ပြီးလျင်
မျှားလေးအား နှိပ်ထားလိုက်ပါ။
ယခုဆိုလျင် ဖုန်းအား ပါဝါပိတ်ပါ ပြီးနောက် Vol Down Key အား နှိပ်၍ ကွန်ပြုတာဖြင့် ချိတ်ဆက်ပေးလိုက်ပါ သူ့အလိုလို Root သွားပါလိမ့်မယ်။
အထပ်ပါ အတိုင်း အားလုံး Passed ဖြစ်သွားခဲ့ပြီဆိုရင်တော့ Super User ပေါ်လာပြီး
လိုအပ်သလို ပြုလုပ်နိုင်ပါပြီ။
မှတ်ချက် ( Touch Error ဖြေရှင်းရန် ၄င်း နည်းလမ်းအတိုင်း နောက်တစ်ခေါက် Y310_Stock Touch error.pac အား ရွေးကာ ထပ်မံပြုလုပ်ပေးပါ အဆင်ပြေသွားပါလိမ့်မယ်..)
သစ်ဆန်းခန့်
mr.thitsankhant@gmail.com  
refer link http://soemobile.blogspot.com/2013/08/huawei-y310-5000-root-and-touch-error.html

SEA Games Chinlone ( 54 ) MB



ဆော့လို့ကောင်းမကောင်းတော့မသိဘူးဗျာ .... seagame ပွဲအတွက် Myanmar Developer တွေ ဂုဏ်ပြုကြိုဆိုရင်း ထုတ်လုပ်ပေးထားတဲ့ဂိမ်းလေးပါ ...... သူတို့တောင် အပင်ပန်းခံပီး ထုတ်လုပ်သေးတာပဲ ..... ကျနော်တို့လို အသုံးပြုသူတွေက ဘာလို့ မဒေါင်းပဲနေရမှာလဲ .........
မိုးစက်ဝိုင်တို့ .. ခင်ဝင့်ဝါတို့ကိုတောင် အင်တာနက်လိုင်းမကောင်းတဲ့ကြားက mouse တွေအပျက်ခံပီး Vote တွေလုပ်ခဲသေးတာပဲ .........မြန်မာ့အားကစားကို ကမ္ဘာကဆော့ချင်လာအောင် ကျနော်တို့မှာလည်း တာဝန်ရှိတာပေါ့ ........
Description
Play "Chinlone", a new type of sport featured in the 27th SEA Game. Now you can try it out on your mobile phone together with cute Mascot characters from current and past SEA Games! Fun and addictive, yet easy to play! A PERFECT time killer!Features:
- Play as 6 Mascot characters from SEA Games
- 500+ offline levels
- Go online and challenge your friends in global high scores table
- Weekly and monthly in-game awards for online competitions!
 ဖြစ်နိုင်ရင်တော့ မြန်မာတွေအတွက်ဂုဏ်ယူရအောင် playstore ကနေပဲဒေါင်းပေးပါနော် ....
ပီးရင် ကြယ်ကလေးတွေလည်း ပေးလိုက်ပါအုန်း ......

Play Store


ပလေးစတိုး အဆင်မပြေသူများအတွက်ပါ

 

Copy

Drop Box

PYAE PHYO ( AG & AS )

Oct 24, 2013

Google play store ကိုကျော်ခွဝင်ချင်သူများအတွက် ( ဖတ်ပေးပါရန်)



Google play store ကိုဝင်တဲ့ အခါမှာ This item isn't available in your country  ဆိုပြီးဝင်မရဖြစ်နေပါသလား........?။ အဲဒီလိုဘာကြောင့် ဖြစ်ရသလဲဆိုတော့ တစ်ချို့  apps တွေကို နိုင်ငံတွေအလိုက်ကန့် သတ်ထားကြပါတယ်။မိမိက အသုံးပြုခွင့် မရှိတဲ့ နိုင်ငံကဖြစ်နေရင် အခုလိုဖြစ်ပါတယ်  ။ အခုတော့ ဖုန်းမှာသွင်းထားတဲ့ application တွေကို upgrade လုပ်ချင်ရင်
ဒေါင်းလုပ်ဆွဲချင်ရင် Market ကို အသုံးပြုချင်ရင်အားနာစရာမလိုတော့ ပါဘူး ။ စိတ်ကြိုက်ဒေါင်းလို့ ရပါပြီ။Google play store ကိုကျော်ခွလိုက်ပါ ။(100% WORKING ) ပါ။ ဒီနည်းလမ်းလေးကလွယ်ကူရိုးရှင်းပါတယ်။.ကွန်ပျုတာနှင့် ဖုန်းနည်းပညာများစုဝေးရာ group
သူငယ်ချင်းတစ်ယောက်တောင်းဆိုလာတာကိုအကြောင်းပြုပြီးရေးဖြစ်သွားတာပါ ။ ကျွန်တော်တို့ အနေနဲ့ နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းနေရတယ်ဆိုတော့  ကျွန်တော့် မိတ်ဆွေတွေအနေနဲ့ ဘာတွေလိုအပ်နေတယ်ဆိုတာ မသိပါဘူးခင်ဗျာ။လုပ်လက်စကလေးတွေလည်းမပြတ်သေးတာကတစ်ကြောင်းအကြောင်းကြောင်းကြောင့်  မိတ်
ဆွေတို့ ရဲ့ လိုအပ်ချက်တွေကိုသတိမမူဖြစ်မိသွားရင်တောင်းပန်ပါတယ်။

  ကျွန်တော် Instruction အတိုင်းပြုလုပ်ပါ....သေချာပေါက် play store ကိုဝင်လို့ရပါတယ်ဗျ....

ဒီနည်းလမ်းကိုအသုံးပြုမယ်ဆိုရင်တော့  အောက်ပါအတိုင်း မိမိတို့ ဖုန်းမှာ ကိုက်ညီမှူ့ ရှိရပါမယ်။


၁ ။  မိတ်ဆွေ တို့ရဲ့ဖုန်းက Root လုပ်ထားရပါမယ်ဗျ. မိမိဖုန်းမှာ Root Access ရှိရပါမယ်

၂ ။  မိတ်ဆွေတို့ မှာ Google Play Store Market ရှိရပါမယ်.....

၃ ။  Market Unlocker ရှိရပါမယ်....DOWNLOAD - Zippyshare , tusfiles

၎ ။  TunnelBear ရှိရပါမယ်....DOWNLOAD -  Zippyshare . tusfiles







အရင်ဆုံး Market Unlocker ကိုဖုန်းမှာ install လုပ်ပါ။
------------------------------------------------------------------------

- Market Unlocker ကို ဖွင့်ပြီး. Enable Unlocker ကို ပုံမှာပြထားတဲ့ အတိုင်း ( on ) ကိုဖွင့် ပေးလိုက်ပါ။ Superuser request တောင်းရင် allow နှိပ်ပေးလိုက်ပါ။





ယခုကျွန်တော်တို့က play store ကို verison (USA)ကနေ၀င်ရောက်မှာဖြစ်ပါတယ်ဗျ....
ပြီး ရင်ပြန်ထွက်လိုက်ပါ။


  - TunnelBear ကို install ပါ......
--------------------------------------------------------
- TunnelBear ကိုဖွင့်ပြီး မိမိရဲ့  gmail အကောင့်နဲ့ sing up လုပ်ပေးရပါမယ်....Sing Up လုပ်ဖို့အတွက် Create a free account ဆိုတဲ့စာသားလေးကိုနှိပ်ပေးပါ....ပုံနှင့် အောက်မှာပြထားပါတယ်။
အချက်အလက်တွေကိုဖြည့်ပီးရင် Create Free Account ကို နှိပ်လိုက်ပါ။....ဒါဆိုရင်တော့ မိမိ gmail ထဲကို Tunnel Bear ကနေ Activate လုပ်ဖို့အတွက် mail ပို့ပါလိမ့်မယ်.....


မိမိတို့ရဲ့mail ထဲကိုစာရောက်လာပြီဆိုရင်တော့  activate လုပ်ပေးလိုက်ပါ.....ဒါဆိုရင် free account ဖွင့်ပြီး ပါပီ....login ၀င်ပါ.....အောက်က ပုံလေးအတိုင်းပေါ်လာရင် On/Off မှာ ON ကိုရွေးလိုက်ပါ....attention တစ်ခုတက်လာရင် I trust this application ရှေ့မှာအမှန်ချစ်ပေးပီ ok နှိပ်ပါ...
  connected လို့ noti ဘားမှာ သော့ပုံလေး ပေါ်ရင် ညာဘက်အပေါ်ထောင့်မှာခလုတ်လေးကိုနှိပ်ပီ Account ဘေးမှာ Done ကိုနှိပ်ပေးလိုက်ပါ.... ဒါဆိုရင် ရပါပီ


- play store ကိုအရင်မဖွင့်ပါနဲ့အုံး..  clear data နဲ့ force stop လုပ်ပေးရပါမယ်....အဲဒီ့အတွက် ဖုန်းမှာ Setting >> manage app >> Google Play Store ကိုဝင်ပြီး Clear data နဲ့ Force Stop ကိုလုပ်ပေးပါ...(အောက်မှာပုံအကူအညီကိုရယူပြီးအေးအေးဆေးဆေးလုပ်ပေးပါ) .အားလုံးလုပ်ပြီးသွားရင်တော့  Play Store ကိုဖွင့်....မိမိ gmail နဲ့ဝင်ပါ....Accept နှိပ်ပါ.... ဒါဆိုရင်တော့ play store ကို Verizon (USA) ကနေ၀င်ရောက်နေပါပီဗျ.....အောက်ကပုံလေးက USA Server ကနေ၀င်ထားတဲ့ပုံလေးပါ.....


  မိတ်ဆွေတို့ ဝင်လို့မရတဲ့ apps တွေ ကို play store မှာ အားမနာတမ်းဒေါင်းနိုင်ပါပီခင်ဗျာ......အောက်ကပုံလေးကိုကြည့် ပါ။အပေါ်ကလိုမျိုး  This item isn't available in your country စာတမ်းလေးမပြတော့ပါဗျ...installl ကိုနှိပ်ပီ ဒေါင်းလို့ရနေပါပီ.



Market Unlocker ထဲမှာ USA တင်မဟုတ်ဘူး....မိမိတို့ ကြိုက်တဲ့နိုင်ငံကနေလဲဝင်လို့ရပါတယ်ခင်ဗျာ။
နောက်ဒေါင်းလုပ်ယူမယ်ဆိုရင်ကြိုက်တဲ့ နိုင်ငံကနေကြိုက်သလိုအားမနာတမ်းဒေါင်းနိုင်ပါပြီ။ခင်ဗျာ။
 ဒီပိုစ်လေးအတွက် zawmyo oo ကို credit ပေးပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ စာလုံးပေါင်းစစ်ပေးတာလောက်ပါပဲ။


pdf file အနေနဲ့ သိမ်းထားချင်တယ်ဆိုရင်ဒီမှာယူလိုက်ပါ။



PASSWORD တောင်းရင် SAITHUTHAI လို့ ထည့် ပေးလိုက်ပါခင်ဗျာ။



DOWNLOAD - LINK 1 , LINK 2






အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် 
ဒီမှာ like လုပ်ပေးပါ။





ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Photoshop ဖြင့်ဓါတ်ပုံများကို အရိပ်ထွက်အောင် ဖန်တီးခြင်း

ကျွန်တော် က Design သမားမဟုတ်တော့ သူများ လုပ်ထားတဲ့  Design တွေ ကိုသဘော ကျတယ်ဗျ အခုလဲ သဘောကျလို့ တင်ထားတာပါ ......



ကျနော် Photoshop လေ့ကျင့်ခန်းလေးတွေ မတင်ပေးဖြစ်တာ ကြာသွားပါပြီ.. ဆော့ဝဲလ်တွေပဲ အများဆုံး တင်ပေးဖြစ်နေတာ.. ဒီနေ့တော့ Photoshop လေ့ကျင့်ခန်းလေးတွေ မျှော်လင့်နေတဲ့ သူငယ်ချင်းများအတွက် လေ့လာလို့ အဆင်ပြေမယ့်.. လွယ်ကူ၊ ရှင်းလင်းမယ့် နည်းလမ်းလေးကို စဉ်းစားရင်း.. ကျနော်တို့ Photoshop စသင်ခါစက အရင်ဆုံး စစချင်းထဲမှာပါတဲ့ ဒီပုံရိပ်ထင်အောင် လုပ်နည်းလေးကို လေ့ကျင့်ခန်းတခု အနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဒီနည်းလေးနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို ပုံရိပ်လေးတွေထင်အောင် အလွယ်တကူ ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။

စာတွေအများကြီး ရေးမနေတော့ပါဘူး.. အောက်ကပုံလေးတွေ အတိုင်းသာ လိုက်လုပ်ကြည့်ကြပါဗျာ.. တဆင့်ချင်းစီပြထားလို့ ပုံတွေတော့ နည်းနည်းများပါတယ်.. ဒီပိုစ့်ကို ကျနော် PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. အရင်တုန်းက Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း နောက်တင်မယ့် ပိုစ့်မှာ PDF ဖိုင်နဲ့ စုပြီးပြန်လည် ထုတ်ပေးသွားပါအုန်းမယ်..

ကျနော် ဒီလေ့ကျင့်ခန်းလေးကို Photoshop CS3 Portable နဲ့ ဖန်တီးပြထားတာ ဖြစ်ပါတယ်.. Photoshop Portable တွေထဲမှာတော့ ဒီ CS3 လေးက အတော်လေး အသုံးပြုရ အဆင်ပြေလို့ပါ.. ကျနော့်ဆိုဒ်ထဲမှာ တင်ပေးထားတာ ရှိပါတယ်.. လိုအပ်တဲ့သူများ ဒီနေရာကနေ သွားယူလိုက်ပါဗျာ.. Photoshop CS3 ရှိပြီဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးကို စလိုက်ကြရအောင်..




Photoshop CS3 ကိုဖွင့်ပါ.. အောက်ကပုံအတိုင်း မိမိတို့ ပြုလုပ်ချင်တဲ့ ပုံတပုံကို ယူလိုက်ပါ.. ကျနော်ကတော့ ကာတွန်းပုံလေးတွေနဲ့ လုပ်ပြထားပါတယ်..


အပေါ်ကအတိုင်း ပုံတပုံယူပြီးရင်တော့.. အောက်ကအတိုင်း Photo ဆိုဒ်နဲ့ စာရွက်အလွတ် တရွက် ယူပါ..




ဒီနေရာမှာ မိမိတို့ ယူလိုက်တဲ့ စာရွက် အဖြူတရွက်ကို ဘယ်လို အရောင်ပြောင်းမလဲ ဆိုတာပါ.. လမ်းကြုံတုန်း တခါတည်း လုပ်ပြသွားပါမယ်.. အောက်ကပုံအတိုင်း Color Picker (Foreground Color) ဘောက်စ်လေးပေါ်အောင် A နေရာက အပေါ်ဘက်(ရှေ့ဘက်) ပုံလေးကို ၂ချက်တောက်လိုက်ပါ.. Color Picker (Foreground Color) ဘောက်စ်ပေါ်လာရင် ပုံမှာပြထားတဲ့ အတိုင်း မိမိတို့ ကြိုက်တဲ့ အရောင်ကို ယူပြီး OK ပေးလိုက်ပါ.. ဒီမှာတော့ အနီရောင်နဲ့ လုပ်ပြထားပါတယ်..



ကျနော်ယူလိုက်တဲ့ အနီရောင်လေး စာရွက်အဖြူပေါ်ရောက်ဖို့ ကီးဘုတ်က Alt+Delete ကီးကိုတွဲနှိပ်ပါတယ်..။ အောက်ကပုံအတိုင်း စာရွက် အဖြူရောင်ကနေ အနီရောင် ပြောင်းသွားတာကို မြင်ရပါပြီ..



နောက်တခုက နောက်ကာလာကို ပြန်ပြောင်းချင်ရင်.. ဒီမှာတော့ ကျနော်က တခါတည်း ပြလက်စနဲ့ နောက်ဘက်အဖြူကိုပါ အရောင်ပြောင်းလိုက်ပါတယ်.. အောက်ကပုံအတိုင်း အောက်ဘက် အဖြူရောင်နေရာကို ၂ချက်တောက်လိုက်ပြန်ပါတယ်..။ အောက်ဖက်က ဖြစ်တဲ့ အတွက် ပေါ်လာတဲ့ ဘောက်စ်ကလည်း Color Picker (Background Color) လို့ စာသားပါပြောင်းသွားပါတယ်..။ အဲ့ဒီထဲမှာ မိမိတို့ ကြိုက်တဲ့ ပြောင်းချင်တဲ့ အရောင်ကိုယူပါ.. ကျနော်ကတော့ အပြာရောင်ကို ပုံမှာပြထားတဲ့ အတိုင်း ယူလိုက်ပါတယ်..။



၂ချက်တောက်ရမယ့်နေရာမှာ အနီရောင်နဲ့ အပြာရောင် ၂ခုဖြစ်သွားပါပြီ..။ အနီရောင်ကနေ အောက်ဖက် အပြာရောင်ကို ပြန်ပြောင်းချင်ရင်တော့ ကီးဘုတ်မှ Ctrl+Delete ကီးကို တွဲနှိပ်လိုက်ရင် အောက်ကပုံအတိုင်း အနီရောင်ကနေ အပြာရောင် ပြောင်းသွားပါပြီ.. ဘယ်အရောင်ပဲ ထည့်ထည့် လုပ်ရမယ့် နည်းကတော့ ဒီအတိုင်းပါပဲ..။ ဒီအဆင့်ကို အဆင်ပြေမယ်လို့ ထင်ပါတယ်..



ဒါပေမယ့် ကျနော်က အဲ့ဒီအနီတို့ အပြာတို့နဲ့ မလုပ်ပါဘူး.. ဘာလို့လဲဆိုတော့ အရိပ်ထွက်အောင် လုပ်မှာဖြစ်တဲ့အတွက် နေထိုးနေတဲ့ နောက်ခံလေးကို ယူမှာပါ..။ ဒါကြောင့် အောက်ကပုံအတိုင်း 1 နေရာမှာ Right Click ထောက်ပြီး နောက်ခံ နေထိုးနေတဲ့ ဒီဇိုင်းလေးကို စယူပါမယ်.. 3 နေရာမှာတော့ ကလစ်ပြီး Sample ကနေ သွားယူလိုက်ရင် အဖြူနဲ့ စပ်ထားတဲ့ အရောင်မျိုးစုံကို ရွေးယူလို့ ရပါတယ်.. ဟိုအရင်တုန်းက တင်ပေးပြီးသားဖြစ်တဲ့ Photoshop ဖြင့်စာလုံး ဒီဇိုင်းများ ဖန်တီးခြင်း ပိုစ့်မှာ သေချာရှင်းပြထားပါတယ်.. လိုအပ်ရင်ပြန်ကြည့်လိုက်ပါ..။ အခုဒီမှာလည်း အဲ့ဒီနည်း တိုင်းပါပဲ.. နေထိုးနေတဲ့ ဒီဇိုင်းလေးတခုကို အောက်ကပုံအတိုင်း ကျနော်ယူလိုက်ပါတယ်..။ 5 နေရာမှာတော့ မောက်စ်မျှားနဲ့ အောက်ဖက်ကို ဖိဆွဲရမှာပါ.. ဒါဆိုရင် အောက်ကပုံအတိုင်း ဒီဇိုင်း တခုကို ရရှိပါပြီ..



ပြီးရင် ကျနော် အစောပိုင်းက ယူထားတဲ့ ပုံလေးတွေထဲက ပုံတပုံကို နောက်ခံအရောင်ကို ဖျက်ပါတော့မယ်.. ပုံရဲ့နောက်ကအရောင်က အဖြူရောင် ဖြစ်တဲ့ အတွက် Eraser Tool ပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့ထဲက Magic Eraser Tool ကို ပုံမှာပြထားတဲ့ အတိုင်း ကလစ်ပြီး ယူလိုက်ပါတယ်..။ ပုံရဲ့နောက်က နောက်ခံအရောင်တူတဲ့ ကာလာတွေကို ဖျက်တဲ့အခါမှာ ဒီ Magic eraser Tool လေးက အတော်လေး အသုံးဝင်ပါတယ်.. နောက်ခံအဖြူရောင်ပေါ်မှာ တချက်ကလစ်လိုက်တာနဲ့ အရောင်တူတဲ့ အဖြူရောင်တွေအားလုံးကို ဖျက်ပေးပါလိမ့်မယ်..။ အဖြူပဲဖြစ်ဖြစ်၊ အပြာပဲ ဖြစ်ဖြစ် ဒီ Magic eraser Tool လေးက တချက်ထဲနဲ့ အရောင်တူဆို အကုန်ဖျက်ပေးပါတယ်..။ အောက်ကပုံမှာ ဆက်ကြည့်ပါ..



အပေါ်ပုံနဲ့ အောက်ပုံမှာ ပြထားတဲ့ အတိုင်း Magic eraser Tool ကို ပြောင်းပြီး အရုပ်ရဲ့အောက်က အဖြူရောင်ပေါ်မှာ တချက်ကလစ်လိုက်ပါ..



အောက်ကပုံမှာ နောက်ခံ အဖြူရောင်တွေ မရှိတော့ပါဘူး.. အကွက်လေးတွေ ပြောင်းသွားပါပြီ.. အမဲရောင်ဖြစ်တဲ့ ကြွက်နှုတ်ခမ်းမွေးလေးတွေ ဒီတိုင်း ကျန်နေခဲ့ပါတယ်.. ကျနော်အဲဒါကို လိုချင်လို့ ဒီ Magic eraser Tool နဲ့ ဖျက်ပြတာပါ.. နောက်ခံ အကွက်လေးတွေ ဖြစ်သွားတဲ့ အတွက် ဒီအရုပ်လေးကို Move Tool နဲ့ တခြား စာရွက်ပေါ်ကို ဆွဲယူလို့ ရသွားပါပြီ..



အောက်ကပုံအတိုင်း ဝင်းဒိုး၂ခု(ဘောက်စ်၂ခု) ယှဉ်ထားပြီး A နေရာက Move Tool ကိုတချက်ကလစ်.. B နေရာက အရုပ်ပေါ်မှာ တချက်ဖိထားပြီး.. ဟိုဘက် နေထိုးနေတဲ့ ဒီဇိုင်း စာရွက်ပေါ်ကို အရုပ်ကလေး ဆွဲယူလိုက်ပါတယ်..။



အစိမ်းရောင်ပေါ်ကို ပုံလေး ရောက်သွားပါပြီ.. နှုတ်ခမ်းမွေးတွေ၊ ဆံပင်မွေးတွေ အားလုံးပါလာပါတယ်..။ အောက်ပုံ..



ရောက်လာတဲ့ပုံလေးကို ကီးဘုတ်မှ Ctrl+T နဲ့ အကြီး၊အသေး လိုသလို မိမိတို့ စိတ်ကြိုက် ပြုပြင်ယူလိုက်ပါ.. ပုံမှာပြထားတဲ့ ဘောင်လေး ပျောက်သွားဖို့ Enter ကို ခေါက်ပေးလိုက်ပါ..



Enter ခေါက်ပြီးရင် အောက်ကပုံအတိုင်း မြင်ရပါပြီ.. ဒီနေရာမှာ စပြီး နောက်ကအရိပ်ထွက်အောင် လုပ်ပါပြီ.. အဲ့ဒီတော့ လေယာဘောက်စ်ရဲ့ အောက်ဆုံးက Fx နေရာမှာ တချက်ကလစ်ပြီး Drop Shadow ကိုထပ်ကလစ်ပါ.. ပုံမှာပြထားပါတယ်..



အောက်ကပုံအတိုင်း ထပ်ပေါ်လာရင် အမှန်ခြစ်ပေးပြီး OK နှိပ်ပါ.. လေယာနေရာမှာ 3 နေရာက Drop Shadow လေးပေါ်လာပါပြီ..။



အဲဒီ Drop Shadow ပေါ်မှာ Right Click ထောက်ပြီး.. Create Layer ကိုကလစ်ပါတယ်.. ပေါ်လာတဲ့ ဘောက်စ်မှာ OK ပေးလိုက်ပါ..




ဒါဆိုရင်တော့ Drop Shadow နေရာမှာ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ပြောင်းသွားပါပြီ..



အဲ့ဒီ Layer 1's Drop Shadow ကို တချက်ကလစ်ပြီး ကီးဘုတ်မှ Ctrl+T ကိုတွဲနှိပ်လိုက်ပါ..။



ပေါ်လာတဲ့ သူ့ရဲ့ဘောက်စ်လေးထဲမှာ Right Click ထောက်ပြီး Skew ကိုတချက်ကလစ်ပါ..



နောက်ထပ် Right Click ပြန်ထောက်ပြီး အောက်ကပုံအတိုင်း Distort ကို တချက်ကလစ်ပါတယ်..




ပြီးရင်တော့ မျှားပြထားတဲ့ အတိုင်း ဒေါင့်သုံးထောင့်ကနေ ဘေးဘက်ကို ဖြေးဖြေးချင်း ဆွဲထုတ်လိုက်ပါတယ်.. စိတ်တိုင်းကျဖြစ်ရင် Enter ခေါက်လိုက်ပါ..။



အောက်ကပုံအတိုင်း မြင်ရပါပြီ.. ဒါပေမယ့် နောက်က ထွက်လာတဲ့ အရိပ်က သိပ်မဲနေတဲ့ အတွက် Opacity ကနေ ကာလာ လျှော့ပြီး ချိန်ပေးလိုက်ပါ..



အပေါ်ပုံနဲ့ အောက်ပုံမှာ အရိပ်ထွက်လာတာ အရောင်မတူတော့ ပါဘူး.. လိုအပ်ရင် ထပ်ရှော့ပေးလိုက်ပါ.. မိမိတို့ မျက်စိနဲ့ ကြည့်လို့ အဆင်ပြေမယ့် အနေအထားကို ချိန်ယူလိုက်ပါ.. ကျနော်ပြထားတဲ့ အတိုင်း လိုက်လုပ်ရမယ်လို့ မဆိုလိုပါ..


အောက်ကပုံအတိုင်း ရေးရေးလေးဖြစ်အောင် ထပ်ရှော့ပေးလိုက်ပါတယ်..



စိတ်တိုင်းကျဖြစ်ပြီဆိုရင်တော့ အောက်ကပုံအတိုင်း လေယာတွေ အားလုံးကို ပေါင်းပေးလိုက်ပါ..



အောက်ကပုံမှာတော့ လေယာတခုတည်း ဖြစ်သွားပါပြီ..




သိမ်းတော့မယ်ဆိုရင်တော့ အရင်တုန်းက အတိုင်းပါပဲ.. လေ့လာခါစ လူသစ်တွေအတွက် ဒီနေရာကို ပြန်ပြပေးလိုက်ပါတယ်..။ အောက်ကပုံအတိုင်း File ကနေသွားလိုက်ပါ..



ရှာရလွယ်အောင် Desktop မှာသိမ်းပါတယ်.. 2 နေရာမှာ နာမည်ပေး.. 3 နေရာမှာ JPEG ဓါတ်ပုံဖေါ်မတ်ပြောင်းပြီး Save ကို နှိပ်ပါ..


အောက်ကပုံအတိုင်းပေါ်လာရင် OK ပေးပါ..






အောက်ဆုံးပုံအတိုင်း Desktop မှာ ကျနော်သိမ်းလိုက်တဲ့ ပုံလေး ရောက်နေပါပြီ.. အားလုံးပဲ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို စိတ်တိုင်းကျ ဖန်တီးနိုင်၍ ပျော်ရွှင်ကြပါစေဗျာ.. 

credit to သော်တာမောင် 
refer link http://thawdarmgmg.blogspot.com/search?updated-max=2013-08-28T02:40:00-07:00&max-results=12

Followers