Jul 13, 2013

မလေးရှား နှင့်စင်ကာပူ နိုင်ငံများတွင် ဝင်ငွေကောင်းဆဲ World War Z



ကမ္ဘာကျော် သရုပ်ဆောင်မင်းသား ဘရက်ပစ် ပါဝင်သရုပ်ဆောင်ထားသည့် World War Z ၊ ချန်နင်းတတ်တန်နှင့် ဂျေမီဖောက်၏ White House Down ၊ ဗြိတိန်ရုပ်သံမင်းသား ဟင်နရီကာဗေးရဲ့ Man of Steel ရုပ် ရှင်ဇာတ်ကားများကို နိုင်ငံအသီးသီးရှိ ရုပ်ရှင်ရုံများ၌ ပြသလျက်ရှိရာ ဝင်ငွေကောင်းလျက် ရှိကြောင်းသိရသည်။ World War Z ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခဲ့သည်မှာ နှစ်ပတ်ကြာ ရှိပြီဖြစ်ကာ မလေးရှားနှင့် စင်ကာပူ၌ ၄င်းရုပ်ရှင်မှာ ကြည့်ရှုသူများ လျက်ရှိပြီး ဝင်ငွေ အကောင်းဆုံးဖြစ်သည်။ ၄င်းနိုင်ငံများ၌ White House Down ရုပ်ရှင်မှာ ဒုတိယကြည့်ရှုမှု အမြင့်ဆုံးဖြစ်ပြီး Monster University သည် တတိယနေရာတွင်ရှိသည်။ သို့ရာတွင် အမေရိကန်ရှိ ရုပ်ရှင် ရုံများ၌ Monster University မှာ ကြည့်ရှုမှု အများဆုံး ဖြစ်ပြီး နှစ်ပတ်ကြာပြသပြီးနောက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၇ဝ ဒသမ ၄သန်း ရရှိခဲ့သည်။ ဆန်ဒရာ ဘူးလော့ခ်နှင့် မယ်လီဆာမတ်ကာသီတို့ နှစ်ဦးက FBI အဖွဲ့၏ အထူး စုံစမ်းစစ်ဆေးရေး အေးဂျင့်များအဖြစ် သရုပ်ဆောင်ထားသည့် The Heat ရုပ်ရှင်က ဒုတိယဝင်ငွေအကောင်း ဆုံးဖြစ်ပြီး ဘရက်ပစ်၏ World War Z က တတိယဝင်ငွေ အကောင်းဆုံး ဖြစ်သည်။ World War Z ၊ White House Down ၊ Man of Steel အပြင် မလေး ရှားနိုင်ငံ၌ The Heat ၊ Lawan Satu ၊Badges of Fury ၊Thulli Vilayadu ၊Annakodi Kodiveeranum စသည့် ဇာတ်ကားများ ရုံတင် ပြသလျက် ရှိပြီး စင်ကာပူနိုင်ငံ၌ Badges of Fury၊ Ghanchakkar၊ The Heat၊ Ecstasy နှင့် HK Forbidden Super Hero ဇာတ်ကားများ ရုံတင်ပြသ လျက်ရှိသည်။

သိင်္ဂီဝင်း

Ref & Credit : Popular Myanmar News Journal & myanmar update chennel

No comments:

Post a Comment

Followers