iPhone
မှာ iCloud Activation Lock ပါဝင်လာတာ user
တွေကိုဘယ်လိုအကျိုးသက်ရောက်မှုရှိစေပါသလဲ။ ကောင်းကျိုးထက်ဆိုးကျိုးကများနေပါသလား…
iOS 7 မှာ iCloud Lock ပါဝင်လာပြီး ဖုန်းကို restore လုပ်ပြီးရင် အရင်အသုံးပြုခဲ့တဲ့ Apple ID ရဲ့ email, password မသိရင်ဘာမှ သုံးလို့မရတော့ပါဘူး။ ဒါဟာ သူခိုးတွေကို iPhone ခိုးမိသွားရင် ဘာမှသုံးမရဘူးဆိုတာသိသွားစေပြီး iPhone ခိုးယူမှုကိုသိသိသာသာကျဆင်းသွားစေခဲ့ပါတယ်။ ဒါပေမဲ့ ပိုင်ရှင်ကိုယ်တိုင် iCloud Lock ကျော်မရတဲ့အဖြစ်က သူခိုးခိုးခံရတဲ့အဖြစ်ထက် များပြားလို့နေပြီး ဒါဟာ ဖြုန်းတီးမှုတစ်ခုပါပဲ။
ပိုင်ရှင်ကိုယ်တိုင် iCloud Lock ကျသွားခြင်းကိုတော့ Apple မှတာဝန်ယူဖြေရှင်းပေးချင်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ တော်တော်များများက ဆိုင်ကထည့်ပေးလိုက်တဲ့ Apple ID ကိုအသုံးပြုလေ့ရှိပြီး ဆိုင်က acc နဲ့ lock ကျသွားတဲ့အခါ တစ်ချို့ဆိုင်တွေက ဖြည်ပေးလေ့မရှိပါဘူး။ အဲ့ဒါကြောင့် တစ်စစီဖြုတ်ရောင်းရတဲ့အဖြစ်မျိုးတွေကြုံတွေ့ရတတ်ပါဘူး။
အခုအချိန်မှာ iCloud Lock ကိုကျော်ပေးနိုင်တဲ့ Doulci Server ပေါ်ထွက်လာပေမဲ့ Server ဟာ တစ်နေ့ မှာ device အနည်းငယ်ကိုသာ iCloud Lock ကောျ်ပေးနိုင်တာကြောင့် အဆင်မပြေလှပါဘူး။ အဲ့ဒါကြောင့် iCloud Lock ဟာ user တွေအတွက် အသုံးမဝင်လှကြောင်း၊ မစားရတဲ့အမဲ သဲနဲ့ပက်ထားသလိုသာဖြစ်ပြီး အခန့်မသင့်ရင် ကိုယ့်ဟာကို သဲနဲ့ပြန်ပက်မိတတ်သလိုဖြစ်တတ်ပါတယ်။

refer http://imyanmarnews.info/
No comments:
Post a Comment