Jun 20, 2014

iOS 8 ထွက်လာရင် Jailbreak လုပ်စရာလိုဦးမှာလား

မြန်မာပြည်မှာ iPhone ကိုင်တဲ့သူတော်တော်များများ Jailbreak လုပ်ကြပါတယ်။ Jailbreak လုပ်တဲ့အဓိကအကြောင်းအရင်းကတော့ Zawgyi Font နဲ့ Keyboard ထည့်ချင်လို့ပါ။ iOS 7 မှာ jailbreak မလုပ်ပဲ zawgyi font ထည့်နိုင်သော်လည်း keyboard ထည့်နိုင်ခြင်းမရှိပါဘူး။ အဲ့ဒါကြောင့် jailbreak လုပ်ကြပါတယ်။ ဒုတိယအကြောင်းကတော့ cracked apps တွေသုံးချင်လို့ပဲဖြစ်ပါတယ်။ Online Banking နဲ့မရင်းနှီးခဲ့တဲ့မြန်မာနိုင်ငံမှာ iTunes Gift Card တွေလွယ်လွယ်ကူကူသုံးနိုင်ပေမဲ့လဲ App တစ်ခုကို ဝယ်သုံးရမယ်ဆိုတဲ့ အသိမရှိသေးပါဘူး။ အဲ့ဒါကြောင့် cracked apps တွေကို သုံးရန်အတွက် jailbreak လုပ်ကြပါတယ်။ Tongbu, PP အစရှိတဲ့ software တွေကနေ jailbreak မလုပ်ပဲ cracked apps သွင်းနိုင်သော်လည်း ခဏခဏ error  တက်ပြီး fix လုပ်လုပ်ပေးနေရတဲ့အတွက် အဆင်မပြေလှပါဘူး။ တတိယတစ်ချက်ကတော့ Cydia Tweaks တွေကို အသုံးပြုချင်လို့ပဲဖြစ်ပါတယ်။
ပထမတစ်ချက်ကိုအရင်ဆုံးကြည့်ပါမယ်။ iOS 8 မှာ custom keyboard တွေအသုံးပြုနိုင်ပြီဖြစ်တဲ့အတွက် Zawgyi, Unicode Keyboard တွေကို စိတ်ကြိုက်ထည့်သွင်းနိုင်မှာပါ။ ဒါပေမဲ့ အခုအချိန်အထိ iOS 8 မှာ Font Profile  အလုပ်မလုပ်တဲ့အတွက် Font ရမရတော့မသေချာသေးပါဘူး။ အကယ်၍ iOS 8 ထွက်ရှိလာပြီး Custom Font သွင်းနိုင်ပြီဆိုပါက မြန်မာစာပြဿနာအတွက် Jailbreak လုပ်စရာမလိုတော့ပါဘူး။ မြန်မာဖောင့်နဲ့ ကီးဘုတ်ရရင် iOS ကို jailbreak မလုပ်ပဲသုံးမဲ့သူတော်တော်များများ ရှိမယ်လို့ ထင်ပါတယ်။
ဒုတိယအချက်ကတော့ Cracked Apps ပါ။ iOS အသုံးပြုနိုင်တယ်ဆိုထဲက App အတွက် ပိုက်ဆံသုံးရမှာ မနှမြောသင့်ပါဘူး။ App မဝယ်ချင်ဘူးဆိုရင်လဲ Tongbu, PP အစရှိတဲ့ software တွေကိုသုံးနိုင်ပါတယ်။ ဒါအပြင် App ကိုအစမ်းသုံးကြည့်ချင်ရင်လဲ Tongbu, PP ကိုအသုံးပြုနိုင်ပါတယ်။
တတိယအချက် Cydia Tweaks တွေကတော့ jailbreak လုပ်မှပဲရမှာပါ။ ဒါပေမဲ့ iOS 8 မှာ Cydia Tweaks တွေတော်တော်များများကို တရားဝင်ထည့်ထားပါတယ်။ ဒါမှမဟုတ်ပဲ ကလိချင်တယ်ဆိုရင်တော့ jailbreak လုပ်မှပဲရမှာပါ။ ဒါပေမဲ့ jailbreak လုပ်ရင်ဖြစ်လာမဲ့ ဆိုးကျိုးနဲ့ cydia tweaks နဲ့လဲလှယ်ဖို့မတန်ပါဘူး။ ဖုန်းကို ကလိချင်တယ်ဆိုရင်တော့ Android သာသုံးဖို့အကြံပြုပါရစေ။
ဘာလို့ Jailbreak မလုပ်သင့်လဲဆိုတော့ iOS ကို jailbreak လုပ်ရင် Warranty ပျက်ပါတယ်။ Restore ပြန်လုပ်ရင် warranty ပြန်ရပေမဲ့ hardware error တစ်ခုခုကြောင့် restore လုပ်မရတဲအခြေအနေမှာ jailbreak လုပ်ထားတယ်ဆိုရင် နစ်နာဆုံးရှုံးနိုင်ပါတယ်။ နောက်ပြီး jailbreak လုပ်ထားတဲ့ device တစ်ခုကို backup လုပ်တဲ့အခါ cydia file တွေကိုပါ backup လုပ်ပါတယ်။ အဲ့ဒါကြောင့် iTunes ထဲမှာကြည့်ရင် ဘာမှမထည့်ထားပဲနဲ့ Other ဆိုပြီး အဝါရောင်နဲ့ နေရာတော်တော်များများယူသွားတာပါ။ Disk Space တွေဆုံးရှုံးပါတယ်။ နောက်တစ်ချက်က OTA Update မရတဲ့အတွက် Update လုပ်ဖို့ PC ဖြစ်ဖြစ် Mac ဖြစ်ဖြစ်လိုအပ်ပါလိမ့်မယ်။ download ဆွဲရတာလဲ OTA ဆို 50 MB လောက်သာရှိပြီး ipsw တစ်ခုဆွဲရင် 2 GB နီးပါး (iOS 8) ရှိလာပါပြီ။ ကျွန်တော်ကတော့ iOS 8 မှာ zawgyi font နဲ့ ကီးဘုတ်ရရင်တော့ jailbreak မလုပ်တော့ပါဘူး။
 refer link http://imyanmarnews.info/

No comments:

Post a Comment

Followers