Xiaomi ကထုတ်တဲ့ နာမည်ကျော်စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi Redmi Note ကို Root လုပ်နည်းကိုတင်ပြပေးလိုက်ပါတယ်။
-Root လုပ်မယ့် Redmi Note ဟာ MIUI ROM (JHECNBA17.0 / JHDCNBA17.0; JHDCNBE23.0 / JHECNBE23.0) တင်ထားတဲ့ဖုန်းဖြစ်ရပါမယ်။
-Setting ထဲက Developer Option ထဲကိုဝင်ပြီး USB Debugging ကို Enable လုပ်ထားရပါမယ် ။ (Developer Option ကို Setting ထဲတွင်မတွေ့ရပါက Settings -> About phone ထဲကိုဝင်ပြီး  Android version ဆိုတဲ့စာသားပေါ်မှာ ငါးချက်ခန့် ခပ်သွက်သွက်လေးနှိပ်ပေးလိုက်ပါ။ You are now developer လို့ပေါ်လာရင်ရပါပြီ။
-ဖုန်းမှာ SD Card ထည့်သွင်းထားရပါမယ်။
စတင်၇န် အဆင့်တွေအနေနဲ့ အောက်မှာပေးထားတဲ့ဖိုင် ၂ ခုကို အရင် Download ရယူပါ။
Install_su_RedmiNote.zip (192.57 KB)
Root_RedmiNote.zip (1.29 MB)
Download ရယူပြီးပြီဆိုရင်တော့ အခု Download ရယူခဲ့တဲ့ ဖိုင် ၂ ဖိုင်ကိုဖုန်းထဲကိုထည့်သွင်းရပါမယ်။
ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးဖြင့်ချိတ်ဆက်ပါ။ ပြီးလျှင် ဖုန်း screen ရဲ့ notification bar ကိုဆွဲချပြီး ‘File Mode’ ကိုပြောင်းထားပါ။ ပြီးလျှင် ဖုန်းရဲ့ SD card ထဲကို ခုနက Download ရယူခဲ့တဲ့ ဇစ်ဖိုင် ၂ ဖိုင်ကို copy ကူးထည့်ထားပါ။
ပြီးလျှင် ဖုန်းထဲက Updater ဆိုတဲ့နာမည်နဲ့ app ထဲကိုဝင်ပါ။ ပြီးရင်ဖုန်းရဲ့ Menu/Option Key ကိုနှိပ်ပြီး ‘Reboot to recovery mode’ ဆိုတာကိုနှိပ်လိုက်ပါ။ Recovery ထဲကိုရောက်သွားပါလိမ့်မယ်။
Recovery ထဲမှာပါတဲ့ function တစ်ခုချင်းဆီကိုသွားချင်ရင် Vol up and Vol down Key တွေကိုအသုံးပြုပြီးသွားနိုင်ပါတယ်။ Function တစ်ခုချင်းစီထဲကိုဝင်ချင်ရင်တော့ Power ခလုတ်ကိုနှိပ်ရမှာပါ။
Recovery ထဲကိုရောက်သွားပြီဆိုရင် ‘apply update from sdcard‘ ဆိုတဲ့ထဲကိုဝင်ပါ။ ပြီးလျှင် ခုနက ဖုန်းရဲ့ SD Card ထဲကိုထည့်ထားတဲ့ ဇစ်ဖိုင် ၂ ခုထဲက Install_su_RedmiNote.zip  ကိုရွေးပေးပြီး install လုပ်လိုက်ပါ။ အဲဒီတစ်ခုကို install လုပ်ပြီးမှ Root_RedmiNote.zip ကိုလည်းအခုလုပ်ခဲ့တဲ့အတိုင်း Install ထပ်လုပ်ပါ။

ပြီးရင်တော့ Reboot System Now ကိုနှိပ်ပြီး Recovery ထဲကနေပြန်ထွက်လို့ရပါပြီ။
ဖုန်းကပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင်တော့ ဖုန်းထဲမှာပါတဲ့ Security ဆိုတဲ့နာမည်နဲ့ app ထဲကိုဝင်ပါ။ ပြီးလျှင် Permission icon ကိုနှိပ်ပါ။
Root permission ကို enabled လုပ်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ Root Access ရရှိသွားပြီဖြစ်ပါတယ်။ စိတ်ကြိုက်ကလိလို့ရပါပြီ။

အားလုံးပဲအဆင်ပြေကြပါစေ။
သက်နိုင်စိုး (Myanmar Mobile App Store)