Aug 8, 2014

Android ဖုန်းများမှာ Boot တက်မြန်အောင် လုပ်ဆောင်နည်း (System Tweak no app)


ဖုန်းတစ်လုံးသုံးရင် တစ်ချို့က ပြောကြတယ်ဗျ။ ငါ့ဖုန်းက စက်ဖွင့်တာလည်း ကြာလိုက်တာ။ စိတ်မရှည်ဘူး ဆိုပြီးတော့ ပြောကြတယ်။ အဲလိုမျိုးမဖြစ်ရအောင် Boot တက်လာရင် မြန်တဲ့ နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ အဲဒါကိုလုပ်ဆောင်ဖို့အတွက် ကိုယ့်ဖုန်းထဲမှာ File Explorer တို့လို
Root Explorer တို့လို ဆော့ဝဲလ်တော့ရှိဖို့လိုပါတယ်။ အဲဒါတော့ ရှာလိုက်ပါ။ လင့်ညွှန်းမနေတော့ဘူး။ ဘာလို့ဆိုတော့ အားလုံးနီးပါး သုံးတဲ့ဆော့ဝဲလ်လေးဆိုတော့။အဲဒါရှိပြီဆို အဆင်ပြေပါပြီ။ အရင်ဆုံး
Explorer ကိုဖွင့်လိုက်ပါ။ ပြီးရင် System ကိုသွားပါ။ Build.prop ဆိုတဲ့ Text ဖိုင်လေး ရှိပါမယ်။ အဲဒါကို
Long Press ကြာကြာလေးဖိထား ပြီးရင် Open With/Open as နှိပ်ပြီးရင် Text Editor ကိုနှိပ်ပါ။
စာကြောင်းတွေ အများကြီးတွေ့ရပါမယ်။ ဘာမှမလုပ်သေးနဲ့နော် လွဲလို့မရဘူး။ ဟုတ်ပါပြီ။
အောက်ဆုံးမှာ Cursor လေးချပါ။ အဲဒီမှာ အောက်ကကုဒ်လေးကို ရေးထည့်ပါ။ မှားလို့မရဘူးနော်။ သေးချာရေးပါ။

ro.config.hw_quickpoweron=true

ရေးပြီးရင် Reboot ပြန်ချကြည့်ပါ။ နှစ်ဆလောက်ကို မြန်လာတာတွေ့ရပါမယ်။

No comments:

Post a Comment

Followers