Jun 28, 2014

how to Restore bootloader for Windows

Dual Boot (Window + Linux) အသုံးပြုသူများအတွက် bootloader နဲ့ပတ်သက်တဲ့ပြဿနာဟာ မကြာကြာ တွေ့နိုင့်
ပါတယ်။့
ဥပမာ.. Linux OS အင်စတောလုပ်ပြီးတဲ့အချိန်မှာ Window ဖက်ကပြန်ဖွင့်လိုက်ရင် Window boot မတက်နိုင်တဲ့ပြဿ့
နာတွေရမှာပဲ။ အဲဒီပြဿနာကိုဖြေရှင်းနိုင်အောင် ဒီပို့စ်ကိုတင်ပေးခြင်းဖြစ်ပါတယ်။ Bootloader ပြန်ဖေါ်တဲ့နေရာမှာ့
Window OS အလိုက်ကွဲပြားမှုတွေရှိပါတယ်။ XP အတွက်ရယ် Vista/ 7 ရယ်ဆိုပြီး နှစ်မျိုးမှတ်ထားလိုက်ပါ။ အဲဒီနှစ်မျိုးစ့
လုံးအတွက် လုပ်နည်းကိုအောက်မှာရေးပြသွားမှာပါ။့
 

Windows XP bootloader ကို Restore လုပ်ဆောင်နည်း
ကျွန်တော်တို့ အရင်ဆုံး Windows XP installation CD လိုအပ်ပါတယ်။ ရပြီဆိုရင် ကွန်ပြူတာကို အဲကနေ Boot တက့်
လိုက်ပါ။ အဲလို Boot တက်လိုက်ရင် Windows XP CD ကနေပြီး repair ဒါမှမဟုတ် recover လုပ်မှာလား ဆိုပြီး မေးတဲ့
အပိုင်းကို တွေ့ပါလိမ့်မယ်။ အဲတာကိုလုပ်ဆောင်ဖို့ "r" ကိုနှိပ်ပါ။ Windows XP administrator password ပေးထာ့း
တယ်ဆိုရင် သူက ထည့်ပေးဖို့ တောင်းပါလိမ့်မယ် ထည့်ပေးလိုက်ပါ။ အဲတာပြီးတာနဲ့ သူက ကျွန်တော်တို့ကို command
line ရှိရာဆီ ခေါ်သွားပါလိမ့်မယ်။ အဲ့ဒီ့နေရာမှာ အောက်ဖော်ပြပါ commands ကို ရိုက်ထည့်ပြီး Enter ပေးပါ -

 fixboot 
 fixmbr ပြီးသွားရင်

ဒါကို ရိုက်ပါ။ exit

Windows XP CD ကို ထုတ်ပြီး Restart ပေးလိုက်ပါ။ အားလုံး အဆင်ပြေတယ်ဆိုရင် XP bootloader ပြန်အ လုပ်လုပ်ပြီး Windows XP ထဲ ပြန်ဝင်လို့ ရပါလိမ့်မယ်။

Windows Vista ဒါမှမဟုတ် 7 bootloader ကို Restore လုပ်ဆောင်နည်း
ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ အရင်ဆုံး Windows Vista/7 installation DVD လိုအပ်ပါတယ်။ ရပြီဆိုရင်
ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။ တကယ်လို့ recovery disk တွေရှိရင် ပုံစံတူ သဘောတရားတူ လုပ်ဆောင်
လုပ်လို့ ရပါတယ်။  အဲကနေ Boot တက်လိုက်လို့ Regional settings ကိုရောက်ပြီ ဆိုရင် Location/Keyboard
setting ကို ရွေးပေးပြီး next ကိုသွားပါ။
 
 နောက်စာမျက်နှာမှာ "Repair your computer." ကို နှိပ်ရပါမယ်။
 
 အဲကနေ နောက်စာမျက်နှာမှာ အောက်ဖော်ပြပါအတိုင်း Windows Vista/7 installation တစ်ခုခုကို တွေ့ပါလိမ့်မယ်။
ဘာ ကိုမှာ မရွေးပဲ Next ကို ဆက်သွားပါ။


 အောက်မှာ ဖော်ပြထားတဲ့ အတိုင်း အောက်ဆုံးမှာ ရှိနေတဲ့ "Command prompt" ကို click ပေးပါ။ နောက်ပြီးရင် အောက်
ဖော်ပြပါ command တွေကို ရိုက်ပေးပြီး Enter ခေါက်ပါ။
 
bootrec /fixmbr 
bootrec /fixboot 
bootrec /rebuildbcd

 ပြီးရင် Windows တွေအားလုံးကို ပိတ်ပြီး "Restart" ပေးပါ။ ထည့်ထားတဲ့ Vista/7 DVD ပြန်ထုတ်ပါ။ အားလုံး အဆင်ပြေ
တယ်ဆိုရင် Windows Vista/7 Bootloader ပြန်အလုပ်လုပ်ပြီး Windows Vista/7 ထဲ ပြန်ဝင်လို့ ရပါလိမ့်မယ်။

စောလင်းနက်စ်

No comments:

Post a Comment

Followers