Jun 28, 2014

Hot to Recover Grub2 {Linux}

Window နဲ့ Linux {Dual Boot} နှစ်မျိုးတင်ထားတဲ့ ကွန်ပျူတာများ Window Installing တင်ပြီးတဲ့နောက် Linux
ပြန်မတက်လာတာမျိုးဖြစ်တတ်ပါတယ်။ အဲဒါကတော့ Grub ကြောင့်ဖြစ်ပါတယ်။ ကျနော်လဲ အဲဒီအတွက်နဲ့ လွယ်တယ်
ဆိုပေမယ့် တော်တော်အချိန်ပေးလိုက်ရတယ်။


အဲဒီ Grub ပြန်ပေါ်အောင် လုပ်နည်းလေးကတော့ live CD of Ubuntu Karmic (Lucid will work too – or any other
Linux distribution which uses Grub2) လိုအပ်မှာဖြစ်ပါတယ်။ သို့သော် ကျနော်က Linux Mint သုံးတယ်ဆိုတော့
သူ့ CDနဲ့ပဲ ပြန်ပြီး Grub ပေါ်အောင်လုပ်တယ်။

လုပ်နည်း
(၁) Terminal ကိုဖွင့်ပါ
(၂) sudo fdisk -| ရိုက်ထည့်ပြီး Enter
(၃) sudo mount /dev/sda1 /mnt ရိုက်ထည့်ပြီး Enter (sda1 ဆိုတဲ့နေရာမှာ မိမိ Linuxရဲ့ Partition ရှိတဲ့နေရာကို ရွေးရ
မှာဖြစ်ပါတယ်။ ဥပမာ-sda2/ sda3/ sda4/ sda5/ sda6 စသည်ပေါ့။ ကျနော့်ကွန်ပျူတာက sad6 ဆိုတော့ သူနဲ့ကိုက်တဲ့
sda6 ကိုပဲရွေးလိုက်ပါတယ်။
(၄) sudo grubinstall -–root-directory=/mnt/ /dev/sda ရိုက်ထည့်ပြီး Enter
(5)sudo update-grub အဲဒါတွေအားလုံးပြီးရင် မိမိကွန်ပျူတာကို Shut Down လုပ်ပါ ပြီးတော့ ပြန်ဖွင့်...Grubအတွက်
အဆင်ပြေပါလိမ့်မယ်။

စာလင်းနက်စ်

No comments:

Post a Comment

Followers