Aug 22, 2013

မေးနေကျ မေးခွန်းများ [~FAQs~]


ဘာမှ မမေးသေးခင် ကိုယ်မေးမဲ့မေးခွန်း ဒီထဲပါလား အရင်ရှာကြည့်ပါ။ အထောက်အကူဖြစ်ပါတယ်။ သူများဖြေတာစောင့်စရာမလိုဘူးပေါ့ဗျာ...    General ->>  
  • ဘာဖုန်းဝယ်ရင် ကောင်းမလဲ - www.gsmarena.com မှာ အရင် လေ့လာကြည့်ပါ။ စုံတဲ့ဆိုင်သွားကြည့် ဈေးမေး အခြေအနေကြည့် စကားချိုချိုသာသာပြော ကလိကြည့် ဖုန်းလေးကိုင်ကြည့်လို့ ရင်ဘတ်နဲ့ ထိတာ ၀ယ်ပါ။
 
  • ဘယ်ဖုန်းလေးက ဘယ်ဈေးရှိလဲ - ဒါကတော့ တကယ်ဝယ်မှာ သေချာရင် ပို့စ်တင်ပီး မေးပါ။ ဖြေပေးပါလိမ့်မယ်။ ဒါပေမယ့် ဒီထဲက ပြောတဲ့ ဈေးတိုင်းလဲ အမှန်မရနိုင်ပါဘူး။မြို့တမြို့နဲ့ တမြို့က မတူလို့ပါ။ reference ပဲ ရနိုင်ပါတယ်။
 
  • root / jailbreak လုပ်ရင် ၀ရမ်တီ ပျက်နိုင်ပါသလား။ - ပျက်နိုင်မပျက်နိုင်သေချာမသိပေမယ့် ခုလောလောဆယ် popular ဖြစ်နေတဲ့ ဖုန်း အများစုက stock firmware ပြန်တင်ရင် root/jailbreak အစအနတောင် မတွေ့အောင်လုပ်လို့ရပါတယ်။ အဲ့တော့ စဉ်းစားကြည့်ပေါ့ဗျာ..။jailbreak လုပ်ထားရင်တော့ Apple Store က Warranty မပေးပါဘူးဒါပေမယ့် မပူပါနဲ့ Restore ပြန်လုပ်ပြီးသွားပါ Warranty ပေးပါတယ်
 
  • ဟိုဆော့ဝဲလ်လေး လိုချင်လို့ ဒီဆော့ဝဲလ်လေး လိုချင်လို့- For Android -www.apkmania.com / www.apktop.com / www.1mobile.com . For iOS - iTunes store /www.pandaapp.com / www.mobilefarm.ygn.me / www.apptrackr.cd / iphonecake.com/appcake/en/ / www.idwaneo.org/appsnew/#.UOsl_Ylete4/ store.heaveniphone.com/home.html ရှာကြည့်ပါ။ မရှိမှ ဒီမှာလာမေးပါ။ သြော်မေ့လို့ တခုကျန်ခဲ့တာ www.google.com မှာလည်း ရှာကြည့်ပါ။ အဲ့ဆိုက်ဒ်လေး မဆိုးဘူးဗျ။ ကောင်းတယ် :P
 
  • မြန်မာဆော့ဝဲလ်တွေ ထဲ့ချင်တာ ပိုက်ဆံလဲ မပေးချင်လို့ အဲ့တာ cracked ထားတဲ့ apk / ipa လေး ရှယ်ယာပါဦး။ - ဒီထဲမှာ မြန်မာဆော့ဝဲလ် developer တွေ ရှိပါတယ် သူတို့ကို ရင်နာအောင် မလုပ်ပါနဲ့။
 
  • ဖုန်းဝယ်လာတာ made in vietnam/ made in china ပဲ ဖြစ်နေလို့။ ကျနော်က made in singapore ပဲလိုချင်တာ။ - စင်္ကာပူမှာ ဘယ်brand ဖုန်းမှ စက်ရုံဆောက်ပီး မထုတ်ပါဘူး။
 
  • ကျနော့် ဖုန်းလေးေ၇ာင်းချင်လို့...။ - ဖုန်းအခြေအနေ၊ သုံးထားတာ ကြာမကြာ၊ ဖုန်းရဲ့ ဒဏ်ရာဒဏ်ချက် ဖြစ်နိုင်လျင် ဓါတ်ပုံရိုက်ပီး .. အေ၇ာင်းနိုင်ဆုံး ဈေးကိုပြောပါ။ မဖြစ်နိုင်တဲ့ဈေးပြောရင် ဘယ်သူမှ စိတ်မ၀င်စားပါဘူး။
 
  • MyRingTune ဆားဗစ် ဖြုတ်ချင်လို့/ ထဲ့ချင်လို့ - GSM 0973174488, CDMA 0973174455 ဒီနံပါတ်တွေကိုဆက်လိုက်ပါ။
 
  • Prepaid စနစ်ပြောင်းချင်လို့ - 18812 ကို YES ဟု Message ပို့ပါ။
 
  • GSM ငွေဖြည့်ကဒ်ကို တခြားနံပါတ်ကို လွဲပေးချင်လို့ - *123*pincode*phone number# Call 
 
  • ရွှေဈေး ငွေဈေ ဗေဒင် ဘောလုံးပွဲသတင်း တွေကို Message နဲ့ ပို့ပေးတဲ့ ဝန်ဆောင်မှု့ အကြောင်း အသေးစိတ်သိလိုပါက - 1876 ( Operator ) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
 Android  ->>>  
  • ကျနော်ပို့တဲ့ မြန်မာ မက်ဆေ့ခ်ျက တခြားမှာ ? တွေပဲပေါ်နေလို့- message/setting/input/automatic or unicode လို့ပြောင်းပါ
 
  • ကျနော့် android ဖုန်းမှာ မက်ဆေ့ မထွက်လို့- အလွယ်ဆုံးနည်းက nokia / sony ဖုန်း အဟောင်းတလုံးမှာ မထွက်တဲ့ sim card ထဲ့ပီး message center no +9595930003 or +9595930014 လို့ပြောင်းလိုက်ပါ
 
  • ဗားရှင်းမြှင့်ချင်လို့ - လုပ်ဖူးတဲ့အတွေ့အကြုံ၊ english စာအခြေခံနဲနဲ ရှိရင် google ပါ။ root မလုပ်ထားရင် OTA (over the air) နဲ့ update လုပ်ပါ။ root လုပ်ထားရင် tips -  samsung ဆို ODIN , Huawei ဆို dload , Sony ဆို Flashtools, HTC ဆို RUU ။ ဒေါင်းရမဲ့နေရာကို ဒီမှာစုပေးထားတယ် https://www.facebook.com/groups/MyanmarMobileUsers/doc/501881649836207/
 
  • အင်တာနက် setting ဘယ်လို ထဲ့ရမလဲ - setting/wireless and network/more/APN/ option key > create new apn> name - mpt, APN - mptnet, Authentication type - PAP or CHAP. Save and Reboot ur phone. 
 
  • ဆိုင်မှာ မြန်မာဖောင့်ထဲ့ထားတာ ခုကြည့်ကြည့်တော့ မမှန်လို့- version ကြည့်ပါ။ 4.0+ (ICS) ဆိုရင် ကျန်တဲ့နေရာမှန်ပေမယ့် Facebook နဲ့ အင်တာနက်ဖတ်ရင်ော x် တွေ လွဲပါမယ် ပုံမှန်ပါ။ (သတင်းကောင်းပါ facebook v.2 မှာ newsfeed မှာ မြန်မာဖောင့်မှန်ပါပီ) ။4.1 + (jelly bean) ဆိုရင် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မြန်မာဖောင့် (ော x်) လွဲနေပါမယ် ပုံမှန်ပါ။ကိုင်တဲ့ဖုန်းက sony ericsson ဆိုရင်  -ျ တွေ အပေါ်တက်နေပါ လိမ့်မယ်။ ဒါဆိုရင် android 2.3.6 ဆိုရင် zawgyi installer သုံးပီး မြန်မာဖောင့်ထဲ့ရင် မှန်ပါမယ်။ android 4.0.4 တွေ ဆိုလျင့် ဒီလင့်ခ်မှာလေ့လာပါhttps://www.facebook.com/groups/MyanmarMobileUsers/doc/504237706267268/
 
  • ဖုန်းကို root လုပ်ချင်လို့ သူများလဲ ပိုက်ဆံမပေးချင်လို့/ကိုယ့်ဖုန်းကို ကိုယ့်ဟာကိုလုပ်ကြည့်ချင်လို့- ကိုယ့်ဟာကို လုပ်ကြည့်ချင်ရင် ကိုယ့်ဟာကို အရင် google ကြည့်ပါ မရလျှင် ဒီမှာလာမေးပါ။ အားတဲ့သူဝင်ဖြေပေးပါလိမ့်မယ်။
 
  • ကျနော့် Huawei မှာ google applications တွေ ပါမလာလို့- root လုပ်ရပါမယ် ။ ပီးတော့ cwm ထဲ့ပီး gapps ကို flash ရပါမယ်။ cwm ထဲ့မရတဲ့ huawei တွေ ဆို တော့မရပါ။ talk အစား ebuddy messenger, IM+pro သုံးပါ။
 
  • စက်ရုပ်ထဲကနေ google play store ၀င်မရလို့..။ - ခရစ်စမတ်လက်ဆောင်နဲ့ တူပါရဲ့ Dec 25, 2012 မှာ ပလေးစတိုးက မြန်မာကို ၀င်ခွင့်ပေးလိုက်ပါပီတဲ့ မြန်မာကပိတ်ထားတဲ့ port ကို Proxydroid OR DroidVPN နဲ့ ကျော်နိုင်ရင် ရပါပီ....ဒီလင့်ခ်ကို သွားပါ>> https://www.facebook.com/groups/MyanmarMobileUsers/doc/503133706377668/
 
  • စက်ရုပ်မှာ root မရလို့/ မroot ပဲ မြန်မာဖောင့် မြင်ချင်လို့- for browser - 1st myanmar browser. message -  SMS4MM. for contact and dialer - mmhubdialer, myandialer, mcontact (paid), chat - CHAT4MM
 
  • HD Gameတွေကို စက်ရုပ်ပေါ်ကနေဆော့ချင်တယ်ဗျာ။ဘယ်လိုထည့်ဆော့ရမှန်း မတိလို့ ကူညီဂျပါဗျို့။ - စက်ရုပ်မှာ hd game တွေ ထဲ့တာ ရချင်ရမယ် မရချင် မရဘူး။ ဆိုတော့ ကိုယ့်ဖုန်း gpu ဘာလဲ ဆိုတာ အရင်လေ့လာပါ။ ဒေါင်းလုပ်ဆွဲရမဲ့ ဆိုက်ဒ်တွေမှာ apk+data file တွေနဲ့ တင်ပေးလေ့ရှိပါတယ်။ ဥပမာ note 2 ဆိုရင် Mali GPU ပါ။ for mali ဆိုတဲ့ data ဖိုင်လ်ကို ဆွဲရမှာပါ ရချင်ရမယ် မရချင်မရဘူး။ နောက်တခု ဒီမှာ သွားလေ့လာပါhttps://www.facebook.com/groups/MyanmarMobileUsers/doc/516875015003537/ 
 
  • ဖုန်း ဘက်ထရီ ကြာကြာမခံလို့..။ - သုံးတာ ကြာမကြာ အရင်ကိုယ့်ဟာကို ဆုံးဖြတ်ပါ။ battery calibration လုပ်သင့်လျှင် လုပ်ပါ။ နောက် လင့်ခ်ကိုသွားပီး နံပါတ်၃ ကိုဖတ်ပါ။https://www.facebook.com/groups/MyanmarMobileUsers/doc/504057192951986/
 
  • ကျနော့်ဖုန်းကို ကွန်ပြူတာက မသိလို့/ ဆော့ဝဲလ်လဲ ဘယ်လိုသွင်းရမှန်းမသိလို့ for android -  for android 2.3.6> Setting/application/developemnt/usb debugging on ပါ။။ for android 4.0+> setting/developers option/usb debugging on ပါ။  >setting ထဲမှာ unknown ဆိုတာ ရှာပီး on ပါ။ http://www.wondershare.com/ ကိုသွားပီး PC Suite for android ကို ဒေါင်းရ်ျ ဆော့ဝဲလ်ထဲ့ပါ။ 
   Apple ->>>
  • ios v6.0 + တွေ jailbreak ရပီလား။ - လောလောဆယ် ဒီစာရေးနေချိန် (၈.၁၂.၂၀၁၂) အထိဆိုရင်တော့ iPhone 3GS, iPhone 4 နဲ့ iPod Touch 4 ၃မျိုးအတွက်သာ Tethered Jailbreak ရပါသေးတယ်။ Tethered jailbreak ဆိုတာကတော့ ပါဝါတခါ ပိတ်သွားတိုင်း ကွန်ပျူတာသုံးပြီး redsn0w (သို့) iBooty နဲ့ ပြန်နှိုးပေးရတာမျိုးကို ခေါ်ပါတယ်။
   
  • အိုင်ဖုန်း အိုင်ပတ်တွေမှာ jailbreak မလုပ်ပဲ မြန်မာဖောင့် မြင်ချင်လို့...။ - ဖုန်းရဲ့ နေရာတကာမှာ မမြင်နိုင်ပါ။ for browser - Mogok Browser , for chat – myanchat, Message - Be Patient
 
  • အိုင်ဖုန်းတွေ ၁၉၉ ဒေါ်လာနဲ့ ရတာကို ဒီမှာ ရသိန်း ဂသိန်း ရောင်းပီး အမြတ်ကြီးစားနေတယ် ဘာလို့လဲ - ၁၉၉ ဒေါ်လာဆိုတာ သူတို့ Carrier နဲ့ တွဲရောင်းတဲ့ဖုန်းတွေပါ။ Official unlock ဆို မရပါဘူး။
 
  • အိုင်ဖုန်းမှာ Lock နဲ့ Unlock ဆိုတာဘာလည်းဗျ - လွယ်လွယ်ဖြေရရင်တော့ Unlock မှသာ ကြိုက်တဲ့ ဆင်းကဒ်နဲ့ (ဥပမာ MPT Sim Card) တွဲသုံးလို့ရပါတယ်။ Lock ဆိုရင် သူတို့ တွဲရောင်းတဲ့ Carrier (eg : AT&T) နဲ့ပဲ သုံးရမှာပါ။ 
 
  • ကျနော့် အိုင်ဖုန်း/အိုင်ပတ် လေး ဆိုင်မှာဆော့ဝဲလ် ထဲ့လာတာ ခုဝင်မရတော့ဘူး - ပထမထဲ့ပေးတဲ့ဆိုင်က Official ၀ယ်ထဲ့ထားတဲ့ဆော့ဝဲလ်တွေ ထဲ့ပေးလိုက်ရင် ..ကိုယ့်အကောင့်ဒါမှမဟုတ် နောက်ထပ်ကွန်ပြူတာတလုံးလုံးက တခြားအကောင့်ကို ထဲ့လိုက်ရင် / sync လိုက်ရင် ပထမ အကောင့်မှာထဲ့ထားတဲ့ဆော့ဝဲလ်တွေ ၀င်လိုက်တာနဲ့ပြန်ပြန်ထွက်ကုန်တာပါ။ (cracked တွေ ထဲ့ပေးလိုက်ရင်တော့ ကိစမရှိပါဘူး) ။ ပြန်ဝင်လို့ရချင်ရင်တော့ ပထမဆိုင်ကိုသာ ပြန်သွားပါ။
 
  • iphone မှာ internet setting ထဲ့ချင်ရင် - Setting/General/Cellular/Cellular Data Network မှာ APN နေရာ သုံးခုလုံးမှာ mptnet လို့ရေးရ်ျ restart ချပါ။
 
  • ကျနော့် အိုင်ဖုန်းလေး မက်ဆေ့ခ်ျ အထွက်မရလို့ - **5005*7672*+9595930003# Call and Reboot Your iphone
 
  • iphone မှာ Call Recorder ထဲ့ချင်လို့ - NO!!!
 
  • iphone မှာ bluetooth ပို့ချင်လို့ - မရပါ..။ zapya ဆိုတဲ့ wifi sharing app ဆော့ဝဲလ်လေး store က ဒေါင်းပီးသုံးပါ။ ပိုတောင် မြန်ပါတယ်..။
 
  • ipadက..ဖုန်းပြောလို့..ရလား..ခင်ဗျ - apple က ထုတ်တုန်းကတော့ ဖုန်းပြောလို.မရပါခင်ဗျ
 
  • ကျနော့် i Devices က ဘယ်ကလာလဲ ဘယ်ကထုတ်လဲ official lockလား unlock လား မသိလို့ - ဒီဆိုက်ဒ်မှာ ရှာပါခင်ဗျာ http://iphonefrom.com/
 Symbian OS (Nokia)>>      
  • ဒီအမေးအဖြေတွေကလည်း ဆိုးရွားလိုက်တာ ဒါပေမယ့် ကျနော့်မှာ မေးစရာတစ်ခု ရှိနေသေးတယ် မေးလို့ရမလား - အောက်မှာ ပို့စ်တင်ပီး မေးဖို့ဝန်မလေးပါနဲ့ ;) 


Created By MMUC members..



ဒီထဲမှာမပါသေးဘူး.. ထပ်လဲသိချင်သေးတယ်ဆိုရင်
https://www.facebook.com/groups/MyanmarMobileUsers/doc/505143199510052/

ဒီထဲကိုလာမေးပါ။
လူကြီးမင်းမေးခွန်းက မေးတဲ့သူများတယ်ဆိုရင် ထပ်ပေါင်းထည့်ပေးပါမည်။
 
refer Link =>myanmarmobileusers.com




No comments:

Post a Comment

Followers