Aug 22, 2013

New Method for Myanmar Font


New Method for Myanmar FontNever overwrite originals, Clean installation method
အရင်က Myanmar font ထည့်နည်းများ ----------
Android ဖုန်းတွေမှာ မြန်မာစာသုံးဖို့အတွက် နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးက စနစ်မကျပါဘူး။

ဘာလို့ စနစ်မကျလဲဆိုတော့ နဂို ရှိပြီးသား Android Font တွေမှာ မြန်မာစာလုံးတွေ မပါတဲ့အတွက် မြန်မာစာလုံးပါတဲ့ Droidsans.ttf နဲ့ Droidsansfallback.ttf ဆိုတဲ့ fonts နှစ်မျိုးကို Zawgyi.ttf နဲ့ အစားထိုးလိုက်လို့ပါ။ ဒါကြောင့် Zawgyi.ttf က Droidsans.ttf ပေါ်မှာ Overwrite ဖြစ်သွားတာကြောင့် နဂို Original font တွေ မရှိတော့ပါဘူး။

အခုနောက်ပိုင်း ICS မှာဆိုရင် Roboto.ttf ဖြစ်သွားတဲ့အတွက် Roboto.ttf နဲ့ Robotofallback.ttf ပေါ်မှာ Zawgyi.ttf ကို Overwrite ပြုလုပ်ကြပါတယ်။ Roboto font က တော်တော်လေးလှပါတယ်။ Zawgyi နဲ့ယှဉ်ရင် English စာလုံးတွေမှာ တော်တော်ကွာပါတယ်။

အဲဒီ့တော့ ဘာလုပ်ကြသလဲဆိုတော့ Roboto.ttf ကို FontCreator Professional Edition လို Fonts ပြုလုပ်လို့ရတဲ့ Software တွေသုံးပြီး Roboto ထဲမှာ Zawgyi ထဲက စာလုံးတွေ ထည့်လိုက်ကြပါတယ်။

Roboto က Series လိုက်ရှိတော့ Roboto Bold တွေရော Roboto Italic တွေမှာပါ Zawgyi ထဲက မြန်မာစာလုံးတွေကို လိုက်ထည့်ရပါတော့တယ်။ Zawgyi ထဲက english စာလုံးတွေမဟုတ်တော့ဘဲ roboto ထဲက english စာလုံးတွေကို မြင်ရလို့ ကြည့်ကောင်းသလိုလိုဖြစ်လာပေမယ့်လည်း တစ်ကယ်တော့ နဂို Roboto.ttf ကို ပြုပြင်ထားတဲ့ မြန်မာစာပါတဲ့ Roboto.ttf နဲ့ အစားထိုးရတာပါပဲ။

အခု နည်းအသစ်မှာ --------------
အခုနည်းက နဂို Roboto Fonts တွေရော Droidsans Fonts တွေကိုရော overwrite လုပ်မှာမဟုတ်ဘဲ Zawgyi-one.ttf ကိုပဲ ထည့်ပေးလိုက်မှာပါ။ ဒါကြောင့် အရင်လို Chinese စာတွေပျောက်သွားတာ Arabic စာတွေပျောက်သွားတာမျိုး လုံးဝ မရှိတော့ပါဘူး။
 အဲဒါအပြင် Zawgyi font တင်မဟုတ်ဘဲ Myanmar 3 font နဲ့ Padauk font တို့ပါ ထည့်ပေးထားပါတယ်။ (myanmar3 နဲ့ padauk သုံးတဲ့ blog တွေကို ဖတ်ရ မရတော့ စမ်းကြည့်ပေးကြပါ။)  Frozen Keyboard ကိုလည်း ထည့်ပေးလိုက်ပါတယ်။
/System/Fonts ထဲမှာ စစ်ကြည့်ရင် Zawgyi-one.ttf, Zawgyi-Sony.ttf, Myanmar3.ttf နဲ့ Padauk.ttf တို့ကို တွေ့ရပါလိမ့်မယ်။


NOTE :ကျွန်တော်က Mobile Phone ဆိုင်မရှိသလို ရင်းနှီးတဲ့ Mobile Phone ဆိုင်လည်း မရှိပါဘူး။ ဒါကြောင့် လောလောဆယ် ကျွန်တော့်မှာရှိတဲ့ Huawei 8825D နဲ့ Galaxy Note တို့နဲ့ပဲ စမ်းဖြစ်ပါတယ်။ (ကျနော့်မှာလည်း ဒါပဲရှိတယ် :) နှစ်ခုလုံး 100%  အဆင်ပြေပါတယ်။
Android Version 4.0 နဲ့ အထက်တွေပဲ ရမှာပါ သူ့အောက်က version တွေဖြစ်တဲ့ 2.3.6 တွေ ရမှာမဟုတ်ပါဘူး။

အဆင်ပြေသွားတဲ့သူတွေက ကိုယ့်ရဲ့ ဖုန်း အမျိုးအစားကို အောက်မှာ comment နဲ့ ဖြည့်ရေးပေးတဲ့နည်းနဲ့ ကူညီပေးပါ။ အဆင်မပြေတဲ့ သူတွေလည်း ဖြစ်တဲ့ ပြဿနာကို ဖြည့်ရေးပေးပါ။
ဒါလေးအတွက် ကျေးဇူးတင်ရင် ကျွန်တော့်ရဲ့ Droid Diary Page https://www.facebook.com/DroidDiary ကို Like လုပ်ပေးပါ။ :D

Download :Drop box
https://www.dropbox.com/s/5pxq1zwcuj928c7/MMfontICS.zip
Installation :Update Zip ပုံစံဖြစ်တာကြောင့် CWM (Clockwork Mod Recovery) တင်ထားတဲ့ ဖုန်းတွေမှာ Recovery Mode ကိုသုံးပြီး Update zip from SD card ဆိုပြီး ဒီ file ကို update ပြုလုပ်ပါ။

refer link =>  myanmarmobileusers

No comments:

Post a Comment

Followers