
would like to သင်ခန်းစာများကို ရေးသားပေးလိုက်ရပါတယ်။ Text to Speechပါတဲ့
ဖုန်းတွေမှာ အသံထွက်နားထောင်လို့ ရမှာ ဖြစ်ပြီး မပါတဲ့ ဖုန်းတွေမှာတော့ အသံထွက်ရမှာ
မဟုတ်ပါဘူး။ ပြီးတော့ အသံထွက်ဟာ စာကို စက်နဲ့ ဖတ်တာ ဖြစ်တဲ့အတွက် တန်းတန်းကြီး
ဖတ်သွားတာ တွေ့ရမှာပါ။ တကယ်တန်း ပြောတဲ့အခါ လေသံအနိမ့်အမြင့်၊
အတက်အကျနဲ့ ပြောလေ့ရှိပါတယ်။ လေ့ကျင့် ရွတ်ဆိုတဲ့အခါ သံနေသံထားနဲ့ လေ့ကျင့်ကြည့်ပါ။
ဒီappထဲမှာ နမူနာ စာကြောင်းပေါင်း ၁၂၀ပါဝင်ပြီး ဒါတွေကို မိမိညဏ်နဲ့ ချဲ့ထွင်ရေးသားလို့
ရပါတယ်။
သင်ယူခြင်းရဲ့ သဘောက အချက်အလက်တွေကို ကျက်မှတ်ဖို့ မဟုတ်ဘဲ ကိုယ်ပိုင်
ချဲ့ထွင်တွေးတော တတ်ဖို့ ဖြစ်ပါတယ်။ ဒီသင်ခန်းစာများဟာ အင်္ဂလိပ်စာကို မသိဘူးလားဆိုတော့
သိတယ်၊ ပြောတတ်လားဆိုတော့ မပြောတတ်ဘူး၊ ဘယ်လိုပြောရမယ်
မသိဘူးဆိုတဲ့လူများအတွက် စတင်နိုင်ဖို့ အစပါ။ ဒီသင်ခန်းစာများကို ရေးသားသူက ကျွန်တော်
Developerကိုယ်တိုင်ဖြစ်ပြီး ကျွန်တော့်ဖခင် ဆရာဦးမြင့်ဆွေရဲ့ အခြေခံ
အင်္ဂလိပ်စကားပြောသင်ရိုးကို မှီငြမ်း ရေးသားထားတာ ဖြစ်ပါတယ်။ အမှားအယွင်း တစုံတရာ
ရှိခဲ့ရင် ကျွန်တော် Developerကိုယ်တိုင် တာဝန်ခံမည် ဖြစ်ပါတယ်။
အင်္ဂလိပ်စကားပြော လေ့လာသူများအတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။
Star TekAdmin
https://play.google.com/store/apps/details?id=com.myandroidian.speakenglish
OR
http://goo.gl/BCMYgN
OR
https://www.dropbox.com/s/xbx4mfk7pq38lth/SpeakYourWishes.apk
http://www.myanmarmobilesoftwaredeveloper.com/?p=9313
refer https://www.facebook.com/MmsdMyanmarMobileSoftwareDeveloper
No comments:
Post a Comment