Nov 29, 2013

how to wipe user data and cache (factory reset) by using fastboot commands

recovery mode ၀င်မရတော့တဲ့ device တွေမှာ
fastboot mode နဲ့ fastboot command တွေ သုံးပြီး
wipe user data and cache (factory reset) လုပ်မယ်



နည်းနည်း ပေါက်လာလို့ နည်းနည်း ပွားပါရစေလား ခင်ဗျာ။ :P :P

နာမည် ကြီးတဲ့ လူ ကြိုက်များတဲ့ ပစ္စည်းတိုင်းကို ဆင်တူရိုးမှား အတုတွေ လိုက်လုပ်ကြတာ အခုမှ မဟုတ်ပါဘူး။ အနည်းဆုံး နှစ်ပေါင်း ထောင်ဂဏန်းလောက်တော့ ရှိခဲ့ပြီ ထင်တယ်။ အခု touchable mobile device တွေ ခေတ်စားလာတဲ့ အချိန်မှာလည်း iphone, ipad အတု၊ samsung note2, note3, s3, s4 အတု၊ htc အတုတွေ အပြင် အင်မတန် ဈေးနှုန်း ချိုသာပြီး အသုံးတည့်တဲ့ huawei ကိုတောင်မှ အတု လိုက်ထုတ်ကြတယ်ဗျား။

clone phone, tablet တွေကို ၀ယ်သုံးတဲ့ user တွေကိုတော့ အပြစ် မပြောချင်ပါဘူး။ မသိလို့ ၀ယ်မိ သုံးမိတာပဲလေနော့။ သိသွားတဲ့ အခါ နောက် တစ်ခါ ဒါမျိုး အတု အစုတ်ပလုတ်တွေကို ဘယ်သုံးတော့မလဲ။

အဲ့ဒိ သောက်စုတ်သောက်ပြတ် အတုတွေကို ထုတ်ရောင်းစားနေတဲ့ လူတွေကိုတော့ တကယ်ကြီး မုန်းသဗျား။ အဓိပ္ပါယ် မရှိလိုက်တာဗျာ။ ဥပမာ - samsung note2 clone တစ်လုံးဆိုပါတော့။ တကယ့် note2 နဲ့ ပုံစံချင်းလည်း မဆင်၊ အထူအပါးချင်းလည်း မတူ၊ spec တွေ performance တွေ ဆိုရင်တော့ ပြောမနေနဲ့တော့။ အတုနဲ့ အစစ်မှာ တူတာ တစ်ခုပဲ ရှိတယ်။ samsung ဆိုတဲ့ တံဆိပ် တပ်ထားတာပဲ ရှိတယ်။ ဒါတောင် စာလုံး အကြီး အသေး မတူသေးဘူး။ အဲ့ဒါကို note2 ပါ ဆိုပြီး ရုပ်တည်ကြီးနဲ့ ထုတ်ရောင်းစားရဲတဲ့ လူတွေရဲ့ အတွေးအခေါ် သတ္တိကိုတော့ လေးစားရ မလိုလိုပေါ့။ တကယ် ယုတ်မာတဲ့ လူတွေဗျာ။

ဘာလို့ ယုတ်မာတယ် လို့ ပြောရသလဲ ဆိုရင် android သုံးထားတဲ့ device တစ်ခုဟာ အခြေခံ အနေနဲ့ ..
- original firmware (online downloadable)
- upgradeable firmware support
- recovery, kernel
- correct android version
.. စတာတွေ တိကျ သေချာဖို့ လိုအပ်ပါတယ်။

android ကို free ရနေလို့ ဘယ်သူ မဆို (သုံးတတ် ရေးတတ်ရင်) ယူသုံးလို့ ရနေတယ် ဆိုတိုင်း အဲ့ဒိ လူယုတ်မာကြီးတွေက launcher app တစ်ခုလောက်တောင် သောက်ဆင့် မရှိတဲ့ android rom အစုတ်အပြတ်အနူအရွဲကြီး တစ်ခုကို ရေးပြီး အမှိုက်ပုံက ပြန်ကောက်လာသလား ထင်ရလောက်တဲ့ hardware system တစ်ခုပေါ် တင်ပေးတယ်၊ တံဆိပ် ရိုက်ပေးတယ် .. ဟော .. လာပါပြီဗျား .. ဘာ တံဆိပ် လိုချင်လဲ ပြော .. clone ပေါင်း သောင်းခြောက်ထောင် .. ဖောခြင်းသောခြင်း။

ဝယ်လေ။ အဲ့ဒိ ကလုံး ဆိုတဲ့ အတုတွေကို ၀ယ်ကြပေါ့။ အားပေးကြတယ်။ အားပေးကြတယ်။ အပြစ် မပြောရက်ပါဘူး။ မသိနားမလည်တဲ့ လူတွေကို လူယုတ်မာတွေက လိမ်စားနေကြတာပဲ။ ကလုံး ၀ယ်သုံးမိတဲ့ လူတွေမှာသာ ပိုက်ဆံလည်း ကုန်၊ ဘာမှလည်း ကောင်းကောင်းမွန်မွန် သုံးလို့ ဆော့လို့ မရ၊ ပျက်သွား error တက်သွားရင်လည်း ပြင်လို့ မလွယ် .. ကဲ .. ကိုယ့် ပိုက်ဆံနဲ့ ကိုယ် စိတ်ဆင်းရဲခံနေရသလို ဖြစ်မနေဘူးလား။

ဒီလို ကလုံးတွေမှာ အဖြစ်များဆုံးက ဘာလဲ ဆိုတော့ recovery mode ထဲ ၀င်လို့ မရတာပါပဲ။ သြော် .. သာမန် user လေ။ recovery တွေ wipe တွေ ဘာညာ ဘယ်နားလည်ပါ့မလဲ။ error တွေ တက်လာပြီ ပျက်စီးလာပြီ ဆိုတော့မှ ဟို ဆိုင် ပြေးရ ဒီ ဆိုင် ပြေးရနဲ့။ ဒုက္ခက မသေး။

normal mode (home screen) ပေါ် မရောက်တော့တာ ဖြစ်ဖြစ်၊ pattern lock ဖွင့်မရတော့တာ ဖြစ်ဖြစ် .. အဲ့လို error လေးတွေ ဖြစ်လာပြီ ဆိုရင် wipe data and cache (factory reset) လုပ်ရဖို့က ရာနှုန်းပြည့် နီးပါး ကျိန်းသေသွားပြီပေါ့။ (device အစစ်တွေမှာတော့ pattern lock ဖွင့်မရတာကို တခြား နည်းတွေနဲ့ ကြံဖန်ပြီး ဖွင့်လို့ ရကောင်း ရနိုင်ပေမဲ့ adb tool ကိုတောင် မသိတဲ့ ကလုံးတွေမှာ pattern lock ဖြေဖို့ ဆိုတာ ၉၉.၉၉% မဖြစ်နိုင်ဘူးလေ။)

ကလုံးပဲ ဖြစ်ဖြစ် .. အစစ်ပဲ ဖြစ်ဖြစ် .. အကြောင်းကြောင်းကြောင့် factory reset ချဖို့ လိုအပ်လာတဲ့ အခါ recovery mode ထဲ ၀င်မရတော့ရင် အလွယ်ကူဆုံး အထိရောက်ဆုံး စိတ်အချရဆုံး android default method တစ်ခု ဖြစ်တဲ့ fastboot mode ထဲ ၀င်ပြီး fastboot command တွေ သုံးဖို့ အကြံ ပေးပါရစေ။ (ကိုယ်တိုင် မကျွမ်းကျင်ဘူး ဆိုရင်တော့ မစမ်းကြည့်သင့်ပါဘူး။)

လိုအပ်မယ့် folder လေး တစ်ခုကို download ဆွဲလိုက်ပါဦး။

fastboot folder 402.35 KB
http://d-h.st/JdX
https://www.dropbox.com/s/i2t3glpgnj0ussm/Fastboot.rar

rar ကို zip ဖြေလိုက်ရင် fastboot ဆိုတဲ့ folder တစ်ခု ရလာပါလိမ့်မယ်။ folder ထဲမှာ file လေးခု ပါပါတယ်။

-------------
instructions
-------------
fastbootfolder ထဲမှာ shift+right click နှိပ်လိုက်ပြီး open command window here ကို ရွေးပေးလိုက်ပါ။ cmd window တစ်ခု ပေါ်လာပါလိမ့်မယ်။

ကိုယ့် device ကို fastboot mode ထဲ ရအောင် ၀င်ပါ။

device နဲ့ PC ကို usb cable နဲ့ ချိတ်ပါ။

fastboot cmd ထဲမှာ အရင်ဆုံး ..
fastboot devices
.. လို့ ရိုက်ပါ။ ကိုယ့် device က fastboot mode ထဲ ၀င်နေရင် device number ကို fastboot cmd က ဖတ်ပြပါလိမ့်မယ်။ အဲ့ဒိလို ပေါ်နေမှလည်း ရှေ့ဆက် သွားလို့ ရပါလိမ့်မယ်။

factory reset လုပ်ချင်တာ ဖြစ်တဲ့ အတွက် ..
fastboot -w
.. လို့ ရိုက်ပေးလိုက်တာနဲ့ fastboot cmd က ကိုယ့် device ကို wipe user data and cache လုပ်ပေးသွားပါလိမ့်မယ်။

ပြီးသွားရင် ..
fastboot reboot
.. လို့ ရိုက်ပေးလိုက်တဲ့ အခါ ကိုယ့် device က restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာတဲ့ အခါ ပုံမှန်ထက် ပို ကြာနေတတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ factory reset လုပ်လိုက်တဲ့ အတွက် rom အစ အဆုံး ပြန်စစ် ပြန်စီနေရလို့ပါပဲ။

ကဲ .. ဒါဆိုရင် ကိုယ့် device က clean and stable state တစ်ခုပေါ် ပြန်ရောက်သွားပါပြီ။ apps, games, data တွေ အကုန်လုံး ပျက်ပါမယ်။

ပြောလက်စနဲ့ fastboot command တွေကိုပါ ကျွန်တော် သိသလောက် ရေးပြပါရစေဦး။ အဓိက command တွေကိုတော့ ..
fastboot getvar
fastboot oem
.. စတာတွေ ရိုက်ကြည့်နိုင်ပါတယ်။ အပေါ်အကြောင်းက ရိုက်ရမယ့် command ဖြစ်ပြီး အောက်အကြောင်းကတော့ လုပ်ဆောင်ပေးမယ့် အချက်တွေ ဖြစ်ပါတယ်။ command တွေရဲ့ ရှေ့မှာ fastboot ဆိုတာကို ခံရိုက်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ - fastboot update လို့ ရိုက်ရမှာပါ။

update
- reflash device from update.zip

flashall
- flash boot + recovery + system

flash [ ]
- write a file to a flash partition

erase
- erase a flash partition

format
- format a flash partition

getvar
- display a bootloader variable

boot [ ]
-download and boot kernel

flash:raw boot [ ]
-create bootimage and flash it

devices
- list all connected devices

continue
- continue with autoboot

reboot
- reboot device normally

reboot-bootloader
- reboot device into bootloader

help
- show this help message

options:
-w
erase userdata and cache (and format if supported by partition type)

-u
do not first erase partition before formatting

-s
specify device serial number or path to device port

-l
with "devices", lists device paths

-p
specify product name

-c
override kernel commandline

-i
specify a custom USB vendor id

-b
specify a custom kernel base address

-n
specify the nand page size. default:2048

-S [K|M|G]
automatically sparse files greater than size.  0 to disable

fastboot oem writecid

fastboot oem writeimei

အများကြီးပဲ ရှိသေးတယ်ဗျ။ :) :)
google မှာ fastboot commands လို့ ရှာကြည့်နိုင်ပါတယ်။ 

refer link => http://ffspg.blogspot.sg/2013/11/how-to-wipe-user-data-and-cache-factory.html

No comments:

Post a Comment

Followers