Jul 13, 2013

Faronics Deep Freeze Enterprise v7.51.220.4170 FINAL

ဒီဇိုင်းက တော်တော်လေး သဘောကျစရာကောင်း သွားပြီး သုံးရတာ အရင်ကထက် ပိုလွယ်ကူပြီး ပိုကောင်းမွန်လာပါတယ်။  ကျနော်တို့ အားလုံးနီးပါး Deep Freeze ဆိုရင် ကွန်ပျူတာ သုံးတဲ့သူ မရှိသလောက်ပါပဲ။ ကွန်ပျူတာကို virus ရန်က ကာကွယ်ရန်နှင့် security ပိုင်းအတွက် မရှိမဖြစ် သုံးနေကြတာ အင်တာနက် ဆိုင်တိုင်းမှာလိုလို ၀က်ဝံ ရုပ် လေးနဲ့ ရင်းနှီးနေကြမှာပါ. တစ်စုံတစ်ယောက်က ကွန်ပျူတာမှာ ဘာတွေဘဲ လုပ်လုပ်။ အခု deep freeze နဲ့ ကြိုတင် ကာကွယ်ထားခဲ့မယ်ဆိုရင် တင်ထားပြီး တဲ့နောက်ပိုင်း လုပ်သမျှဟာ အကျိုးသက်ရောက်မှု့ မရှိတော့ပါဘူး. သဘောကတော့ HDD ကို password ပေးပြီး lock ချလိုက်တဲ့ သဘောပါပဲ. နိုင်ငံခြားတွေမှာတော့ Deep freeze ကို သုံးမယ့်အစား Hardware ပစ္စည်းများဖြင့်သာ တစ်ယောက်သုံးပြီးတိုင်း auto restart ချပစ်တဲ့ card များကို သုံးကြတာတွေ့ရပါတယ်. သိတဲ့သူများကတော့ hardware ပစ္စည်းများ စိုက်မသုံးတော့ဘဲ အခုလို deep freeze ကိုသာ install လုပ်ပြီး သုံးကြပါတယ်. ခုတင်ပေးတာကတော့ နောက်ဆုံးထွက် version ဖြစ်ပါတယ်. အရင်ကလို key တစ်ခုတည်း မဟုတ်တော့ပါဘူး. အထဲမှာ keygen ပါ တစ်ခါတည်း ထည့်ပေးလိုက်ပါတယ်. ကြိုက်တဲ့ key ကိုသာ ယူပြီးထည့်ပါ. အားလုံးအဆင်ပြေပါတယ်. ကဲ မိမိကွန်ပျူတာကို လုံခြုံစိတ်ချရဖို့အတွက် Deep freeze ကို သုံးထားသင့်ပါတယ်။ :P အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်.

Zippyshare | Ziddu | Sharebeast | Solidfiles |  Rapidshare | Filefloud | Tusfiles
Ref & Credit  => ညီနေမင်း

Lesson 2 Standard user အကောင့်တစ်ခုကို ဘယ်လို ထိန်းချုပ်မလဲ


မနေ့ကတုန်းက သင်ပေးလိုက်တာ သိပ်နားမလည်ဘူး ဆိုလို့ အခု အသေးစိတ်ပြန်ရှင်းပြ ထားပေးပါတယ်။ အခု video ကို ထပ်ကြည့်လိုက်ပါ။ အခုလောက်ဆိုရင်တော့ administrator  တစ်ယောက်ကနေ standard user ကို ဘယ်လို ထိန်းချုပ်မလဲ ဆိုတာ သိလောက်ပါပြီ.
http://www.youtube.com/watch?v=YQoMoG_Udsc&feature

 
Ref & Credit  =>ညီနေမင်း 

တင်ထားသမျှ မြန်မာ ebook များ စုစည်းမှု့

ကျနော် ယခုပို့စ်တွေကို အုပ်စုအလိုက် ခေါင်းစဉ်တွေနဲ့ ခွဲပြီးတော့ တင်ပေးမှာ ဖြစ်ပါတယ်။ စာအုပ်တွေကို ကဏ္ဍအလိုက် ခွဲထားပါတယ်။ နောက်ထပ် ထပ်ပြီးထွက်တဲ့ စာအုပ်တွေ ကိုလည်း အောက်က ခေါင်း စဉ်တွေ အောက် မှာ ပဲ ထပ်ပြီးတော့ update ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

  • Adobe product စာအုပ်များ စုစည်းခြင်း ခေါင်းစဉ်ဖြင့် Adobe ကနေ ထုတ်လုပ်ထားတဲ့ Software တွေကို အသုံးပြုနည်းစာအုပ် စုစုပေါင်း 11 အုပ်တင်ပေးထားပါတယ်။ လိုချင်ရင်  ဒီမှာ Download လုပ်လိုက်ပါ။
  • Computer ပြုပြင်မှု့ပိုင်းဆိုင်ရာနှင့် A+ ဆိုင်ရာစာအုပ်များ စုစည်းခြင်း ဆိုင်ရာစာအုပ်များ ကို ဒီမှာ Download လုပ်ယူလိုက်ပါ။
  • Graphic Design နှင့်ပတ်သက်သော Ebook များ ကို ပေါင်းစုပေးထားပါတယ်။  ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
Ref & Credit  => ညီနေမင်း

Root Tool အသစ်လေးတစ်ခု(Chinese Version)




Root လုပ်ချင်တဲ့ သူငယ်ချင်းများ စမ်းသပ်စရာ root toolလေး တစ်ခုပါ။ Chinese Version လေးဖြစ်ပါတယ်။

အောက်ကလင့်မှာ ဒေါင်းပါခင်ဗျာ။

Download Here   http://adf.ly/RQDuJ
Ref & Credit  => MMSD
Credit To မြန်အောင်သား ဖြိုးကြီး

Activator မသုံးဘဲ Windows 7 ကို Activate ဖြစ်အောင်လုပ်နည်း

Windows 7 genuine problem ကို Windows 7 အသုံးပြုသူများ user အများစု ကြုံဖူးကြပါမယ်.. ဒီ Problem နဲ့ ကြုံလာရင်တော့ အများစုဟာ Activator ကို အသုံးပြုကြပါတယ်.. ဒီနည်းက Activator မလိုဘဲ Activate ဖြစ်အောင်လုပ်တဲ့နည်းပါ

သိပြီးသားသူများရှိရင်လည်း ခွင့်လွှတ်ပါ..


1. ကီးဘုတ်က Win Key + R ကို တွဲနှိပ်ပြီး ပေါ်လာတဲ့ ဘောက်ထဲမှာ cmd ဟုရိုက်ထည့်ပါ

2. ပေါ်လာတဲ့ CMD Box ထဲမှာ SLMGR -REARM လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..

ဒါဆိုရင်တော့ Windows 7 လေးဟာ Genuine ဖြစ်သွားပါပြီ... အဆင်ပြေပါစေ..

Ref & Credit  =>မောင်ပေါက် < www.maungpauk.org> သန်းတိုးအောင်

Firefox အသုံးပြုရင်း စက်လေးသွားပါတယ်ဆိုသူများအတွက် ဖြေရှင်းနည်း

Firefox မှာ အချို့သော Animation Flash တွေကြောင့်..ဒါမှမဟုတ် Tab တွေအများကြီးဖွင့်ထားတာကြောင့် အစရှိသောအကြောင်းရင်းများကြောင့် Memory အလုပ်လုပ်မှုပိုလာရတာ System အတွက်လုံလောက်
သည့် Memory ပမာဏ  မပေးနိုင်တော့ပါ..ထိုအခါ စက်လေးခြင်း..တစ်ခါတစ်ရုံ လုံးဝ စက် Hang သွားခြင်း
မျိုးဖြစ်တတ်ကြပါတယ်..ဒီလိုဖြစ်နေရင်တော့ အောက်ပပေးထားတဲ့ Software လေးနဲ့ရှင်းလိုက်ပါ..အရင်ဆုံး Firefox ကိုပိတ်ပါ..ပြီးရင်တော့ Software လေးကိုဖွင့်ပြီး Run ပေး
လိုက်ရုံပါဘဲ...Firefox အသုံးပြုနေစဉ် Memory အစားအလွန်သက်သာသွားပြီး စက်လေးသွားခြင်းမျိုးမဖြစ်
တော့တာကိုတွေ့ရပါလိမ့်မယ်..အဆင်ပြေပါစေခင်မျာ။
Download => Link 1 / Link 2
 

Ref & Credit  =>  အိုင်တီဟယ်ပါ & သန်းတိုးအောင်

DNS ဆိုတာ

DNS ဆိုတာ Domain Name System ကိုခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ရှုပ်သွားမယ် ထင်ပါတယ်။ အလွယ်ကူဆုံး ရှင်းပြပါ့မယ်။
ကွန်ပြူတာ မှတ်ဥာဏ်က ဂဏန်းသင်္ချာတွေကိုပဲ မှတ်သားထားတာပါ။ ထပ်ရှင်းရရင် 101 တို့လို Binary ကိုမှတ်သားပါတယ်။ ဒီတော့ ဝဘ်ဆိုဒ် တစ်ခုစီတိုင်းမှာ ဂဏန်းသင်္ချာ အက္ခရာတွေ ရှိလာရပါတယ်။ ဥပမာ 31.24.68.41။ အဲဒါမျိုး အတွဲလိုက်ပါ။ Browser မှာ ရိုက်မယ် ဆိုရင် https://31.24.68.12 အစရှိသဖြင့်ပေါ့။
သို့ပေမယ့် ဂဏန်းတွေကို လိုက်မှတ်သားနိုင်ဖို့က မလွယ်ဘူးလေ။ လေးလုံးတွဲ စုစုပေါင်း ၃၂ လုံး ရှိတဲ့ အတွဲမျိုးတွေ တွဲကြည့်ပါလား။ များလည်းလိုက်မယ့် ဂဏန်းတွေ။ ဒါတွေကို တစ်ခုချင်း မှတ်သားထားလို့ကတော့ ရူးသွားပါလိမ့်မယ်။
ဒါကြောင့် ယင်းပြဿနာကို ဖြေရှင်းပေးဖို့အတွက် ကြားခံ စနစ် တစ်ခု အနေနဲ့ Domain Name System (DNS) ဆိုတာ ပေါ်လာရပါတယ်။ ဒီတော့ ဂဏန်းတွေအစား နာမည်တွေ ပေးနိုင်ပြီ ဖြစ် ပါတယ်။ ဒါကြောင့် www.google.com/ www.facebook.com အစရှိသဖြင့် နာမည်တွေ ထွက်လာရ ပါတယ်။ DNS အတွက် ဆာဗာထိုင် ထားပါတယ်။ ကွန်ပြူတာမှာလည်း သူ့ Service ကို အလိုအလျောက်ဆွဲယူလို့ရအောင် Built in ပါရှိပါတယ်။
ဒါကြောင့် မိမိ ကွန်ပြူတာက Browser ကနေ နာမည်တစ်ခု ရိုက်တဲ့ အခါ အင်တာနက် လိုင်းမှတစ်ဆင့် DNS Server ကို လှမ်းအကြောင်းကြားပါတယ်။ www.facebook.com ဆိုတာ တကယ်ရော ရှိရဲ့ လားလို့ လှမ်းမေးပြီး Server က ရှိတယ်လို့ ဖြေတော့ သူ့ရဲ့  IP address ကို ပြန်ပို့ပေးလိုက်ပါတယ်။
ကိုယ်က address bar မှာ နာမည်ရိုက်ပေမယ့် နောက်ကွယ်မှာ သူ တကယ် အလုပ်လုပ်သွားတာက IP address ဖြစ်ပါတယ်။ ဒါကြောင့် DNS ဆိုတာ အင်မတန် အရေးကြီးပါတယ်။
DNS ဆိုတာသာ ရှိမလာရင် ယနေ့ ကျနော်တို့ အားလုံး သင်္ချာဂဏန်းတွေနဲ့ ဆိုဒ်လိပ်စာတွေကို မှတ်သားရမှာ အမှန်ပါပဲ။ နောက် DNS နဲ့ ပက်သက်ပြီး နားမလည်တာ ရှိရင် မေးနိုင်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
refer => http://myawady.com.mm/tech/localtechnews/item/19062-2013-07-10-08-32-24 & http://thantoeaung.blogspot.com/2013/07/dns_11.html

Android phone နဲ. ဖေ့ဘွတ်သုံးရင်း auto logout ဖြစ်သောပြသနာအားဖြေရှင်းကြည့်ခြင်း





ဖုန်းနဲ. facebook သုံးပါတယ် ကျွန်တော်လဲ ဘာလို.ဆို မီးပျက်လို.ပါ (ကြော်ငြာဝင်ထှာာာ ခိခိ)။
 ဖုန်းနဲ.သုံးရင်း နဲ. သူများတွေတင်ထားတဲ့ ပိုစ့်တစ်ခုကို Like လုပ်လိုက်ရင် စပီးပြသနာတက်ပါတယ်။ဘာပြသနာလဲဆိုရင်
Auto သူ.ဟာသူ logout သွားတဲ့ ပြသနာပါ။ အဲ့တာနဲ.နောက်ပိုင်း ဖုန်းနဲ.သုံးရင်း လိုက်ခ် လုပ်ရမှာကို ကြောက်လာပါတယ် :P။
လိုက်ခ် မလုပ်ဘဲ သုံးနေမိတာ အတော်ကြာပါပီ(ကြုံတုံးကြွားတာပါ)။ ကြာလာတော့ အတော်ဆိုးလာပါတယ် ဘယ်လိုဆိုးလာလဲဆိုရင်ဖုန်းထဲကဖေ့ဘွတ် application ကနေ
ဖေ့ဘွတ်အကောင့်ကို ဖွင့်လို.မရအောင် ကို ဆိုးလာပါတယ် ဆာဗာerror တက်တယ် ဘာညာပေါ့ဗှာ စာတန်းအရှည် ကြီးနဲ.ကို ပြပါတယ်(အလကားနေရင်းနော် :P)။
အရင်ကတော့ အဲ့လိုဖြစ်လာရင် ဖုန်းကို factory reset ချလိုက်ပါတယ်
ခုတော့ အဲ့လိုမလုပ်တော့ပါဘူး တစ်ချက်ခုတ် နှစ်ချက်ပြတ်မဲ့ နည်းလမ်းတစ်ခုကို ကိုယ်တိုင် ကလိရင်း နဲ. တွေ.လာမိတယ်လေ :D
စကားရှည်နေတာနဲ. လိုရင်မရောက်တော့ဘူး ဒီနည်းက ၁၀၀ % အဆင်ပြေမဲ့ နည်းလမ်းပါ ။
 like command share ရဲရဲဝံ၀ံ ဖုန်းထဲကနေ ဖေ့ဘွတ်သုံးရင်းလုပ်လို.ရမယ် like လုပ်လို. Auto logout တာ မရှိ တော့ဘူး ဒါ့အပြင် ဖေ့ဘွတ်သုံးရတာ ပိုပီးမြန်ဆန်သွက်လက်လာမယ်
စမ်းကြည့်လိုက်ရအောင်နော် 

setting ထဲ သွားပါ ဖေ့ဘွတ် application ကိုတွေ.အောင်ရှာပါ တွေ.ရင် တစ်ချက်နှိပ်ပါ။ အဲ့ဒီမှာ Uninstall ဆိုတာ တွေ ဘာတွေတွေ.ပါလိမ့်မယ်မနှီပ်ပါဘူး အဲ့တာက။ို  အောက်နည်းနည်းလောက် ဆင်းကြည့်ပါ။
Clear Data ဆိုတာကို တွေ.ပါလိမ့်မယ် တွေ.ရ့င် တစ်ချက်နှိပ်လိုက်ပါ။ ပီးရင်တော့ အရင်ဝင်နေကြအတိုင်း ဖေ့ဘွတ်ကို ဖွင့်လိုက်ပါ။ အကောင့်တွေ  ပက်ဝက်တွေ ပြန်ရိုက်ထည့်ပီး သုံးကြည့်ပါ။ ရဲရဲဝံ၀ံ. နဲ. like လုပ်ကြည်ပါ ပိုစ့်တွေကို
logout လုံးဝမဖြစ်တော့တာကို တွေ.ရပါလိမ့်မယ် ။ ပီးတော့ ဖေ့ဘွတ်သု့းံရတာ ပိုပီးမြန်ဆန်လာပါလိမ့်မယ် ။ဒါ့အပြင် ဖုန်းထဲက နေ ဖေ့ဘွတ်ဝင်လို.မရတဲ့ ပြသနာလဲ ရှင်းသွားပါလိမ့်မယ်။ တစ်ချက်တည်းနဲ. အကုန်ရတယ်နော် တွေ.လား ခိခိ (ရဲရဲဝံ၀ံကြီး လက်မထောင်လိုက်ပါ)

စိတ်ကြိုက်လိုက်ခ် လုပ်ပါ လုံးဝ အောက်စရာအကြောင်းမရှိတော့ပါဘူး ဒါပေမဲ့ တစ်ရက် နှစ်ခါလောက် လုပ်ပေးဖို.တော့ လိုမယ်နော် :)

Samsung Multi Window Manager 1.3.13

Samsung Multi Window Manager
အခုတင်ပြပေးမယ်ကောင်လေးက ကျနော်လက်တွေစမ်းသပ် ok ပြီးပေါ့  :D
multi window ပါတဲ့ ဖုန်းတွေမှာ system app တွေကို multi သုံးပြုနိုင်ပါတယ်…
တော်တော်လေးအသုံးတည့်လှပါတယ် … multiwindow သုံး လေးခုတစ်ပြိုင်တည်း
လျင်မြန်စွာအလုပ်လုပ်နိုင်ပါတယ်… :)
ဒေါင်းထားတဲ့ app တွေကို  system app တွေလို multi အသုံးပြုနိုင်မှာပါ…
လက်တွေအသုံးဝင်လှတဲ့ application လေးတစ်ခုပါ … ဆန်ကြီး user များအတွက် :D
အောက်က ကျနော် တင်ထားတဲ့ပုံလေးကိုကြည့်လိုက်ပါ  :)
 
    ကိုယ်ကချက်ဘောက်မှာစာရေးပြီး send မယ်ဆို  send နေရာလေးမှာ multi အသုံးပြုနိုင်မယ့် icon လေးက ထောက်နေမှာပါ … icon လေးကို လက်နဲ့ ဖိပြီး လွတ်တဲ့နေရာကိုပြောင်းထားနိုင်ပါသီ 



   ‘Dလင့်မှာ ဗီဒီယို မှာဝင်ရောက်လေ့လာနိုင်ပါတယ် :)
 https://www.youtube.com/watch?feature=player_embedded&v=gpXpfcg6gx8#at=605
Dropbox
(OR)
Mediafire

Samsung Multi Window Manager ကိုဒေါင်းပြီး install လုပ်ပေးပါ …

ဖွင့်ပြီး ကိုယ်သုံးမယ် app များကို နိုပ်ပြီးယူလိုက်ပါ ပြီးလျင် ညာဘက်အပေါ်ထောင့်

မှ save ပုံလေးကို နိုပ်လိုက်ပါ reboot တောင်းပါလိမ့်မယ် yes နိုပ်လိုက်ပါ…

ပါဝါပြန်တက်လာရင် … ကိုယ်ထည့်ထားတဲ့ app လေးတွေ multiwindow အသုံးပြု

နိုင်တာတွေရပါပြီ…….. :D

thank for all

Ref & Credit : http://www.myanmarmobileapp.com/2013/07/11/samsung-multi-window-manager-1-3-13/ &  thantoeaung.co.nr


မလေးရှား နှင့်စင်ကာပူ နိုင်ငံများတွင် ဝင်ငွေကောင်းဆဲ World War Z



ကမ္ဘာကျော် သရုပ်ဆောင်မင်းသား ဘရက်ပစ် ပါဝင်သရုပ်ဆောင်ထားသည့် World War Z ၊ ချန်နင်းတတ်တန်နှင့် ဂျေမီဖောက်၏ White House Down ၊ ဗြိတိန်ရုပ်သံမင်းသား ဟင်နရီကာဗေးရဲ့ Man of Steel ရုပ် ရှင်ဇာတ်ကားများကို နိုင်ငံအသီးသီးရှိ ရုပ်ရှင်ရုံများ၌ ပြသလျက်ရှိရာ ဝင်ငွေကောင်းလျက် ရှိကြောင်းသိရသည်။ World War Z ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခဲ့သည်မှာ နှစ်ပတ်ကြာ ရှိပြီဖြစ်ကာ မလေးရှားနှင့် စင်ကာပူ၌ ၄င်းရုပ်ရှင်မှာ ကြည့်ရှုသူများ လျက်ရှိပြီး ဝင်ငွေ အကောင်းဆုံးဖြစ်သည်။ ၄င်းနိုင်ငံများ၌ White House Down ရုပ်ရှင်မှာ ဒုတိယကြည့်ရှုမှု အမြင့်ဆုံးဖြစ်ပြီး Monster University သည် တတိယနေရာတွင်ရှိသည်။ သို့ရာတွင် အမေရိကန်ရှိ ရုပ်ရှင် ရုံများ၌ Monster University မှာ ကြည့်ရှုမှု အများဆုံး ဖြစ်ပြီး နှစ်ပတ်ကြာပြသပြီးနောက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၇ဝ ဒသမ ၄သန်း ရရှိခဲ့သည်။ ဆန်ဒရာ ဘူးလော့ခ်နှင့် မယ်လီဆာမတ်ကာသီတို့ နှစ်ဦးက FBI အဖွဲ့၏ အထူး စုံစမ်းစစ်ဆေးရေး အေးဂျင့်များအဖြစ် သရုပ်ဆောင်ထားသည့် The Heat ရုပ်ရှင်က ဒုတိယဝင်ငွေအကောင်း ဆုံးဖြစ်ပြီး ဘရက်ပစ်၏ World War Z က တတိယဝင်ငွေ အကောင်းဆုံး ဖြစ်သည်။ World War Z ၊ White House Down ၊ Man of Steel အပြင် မလေး ရှားနိုင်ငံ၌ The Heat ၊ Lawan Satu ၊Badges of Fury ၊Thulli Vilayadu ၊Annakodi Kodiveeranum စသည့် ဇာတ်ကားများ ရုံတင် ပြသလျက် ရှိပြီး စင်ကာပူနိုင်ငံ၌ Badges of Fury၊ Ghanchakkar၊ The Heat၊ Ecstasy နှင့် HK Forbidden Super Hero ဇာတ်ကားများ ရုံတင်ပြသ လျက်ရှိသည်။

သိင်္ဂီဝင်း

Ref & Credit : Popular Myanmar News Journal & myanmar update chennel

Followers