Dec 30, 2014

How to change myanmar font in iTunes

iTunes 10 မှာ မြန်မာဖောင့်တွေ မြင်ရအောင် လုပ်တဲ့နည်းလေးကို အတတ်နိုင်ဆုံးရှင်းလင်းစွာ တင်ပြပေးလိုက်ပါတယ်။ မြန်မာလို နံမည်တပ်ထားသော သီချင်းစာရင်းလေးများကို တွေ့မြင်ရတာ iTunes မှာ တစ်မျိုး အမြင်ဆန်းနေစေပါတယ်။

လုပ်ငန်းစဉ်

၁) C:\Program Files\iTunes\iTunes.Resources\en.lproj (folder) ကိုသွားပါ။ (Window 7 ဖြစ်ပါက Program Files (x86) တွင်ရှိပါသည်)။



၂) အောက်ဆုံးနားမှာ "TextStyle.plist" ဆိုသော file ကိုတွေ့ပါလိမ့်မည်။ အဲဒီ file ကို Right click ခေါက်ပြီး Open with မှာ Note Pad ကို (Default program) အဖြစ် ရွေးပြီး ဖွင့်လိုက်ပါ။

မှတ်ချက်။ ။ ဤ file ကို ပြုပြင်ပြီးသွားရင် Save နိုင်ရန် အတွက် Note pad သည် Default program ဖြစ်ဖို့လိုအပ်ပါသည်။


၃) Note pad နှင့် ဖွင့်ထားသော "TextStyle.plist" file ကို ခတ္တပြန်ပိတ်လိုက်ပါ။

၎) Start up Menu ရှိ Search box တွင် "Note Pad" ဟုရိုက်ပါ။ "Note Pad" ကိုတွေ့ပါက Right click ခေါက်ပြီး "Run as administrator" ကိုရွေးပေးလိုက်ပါ။


၅) ထို့နောက် "TextStyle.plist" file ကို ပြန်ဖွင့်ပါ ဒီတစ်ခါ Note pad နှင့် အလိုလျှောက် ပွင့်လာပါမည်။

၆) Edit -> Replace ကိုနှိပ်ပါ အောက်ပါပုံအတိုင်း Box တစ်ခုကျလာပါမည်။


ဒီနေရာမှာ ကျွန်တော်တို့ Font လေးမျိုးကို ပြင်ဆင်ပေးရပါမည်။ (Tahoma, Lucida, Grande, Segoe UI) တို့ပဲဖြစ်ပါတယ်။

၇) Box ထဲက Find what : တွင် Tahoma ကိုရိုက်ထည့်ပြီး Replace with : နေရာတွင် Zawgyi-One ဟုရိုက်ပါ၊ ပြီးနောက် 'Replace All" button ကိုနှိပ်ပါ။

၈) အဆင့် (၇) တွင် ဖော်ပြထားသကဲ့သို့ ကျန်ရှိနေသေးသော (Lucida, Grande, Segoe UI) font သုံးမျိုးတို့ကို တစ်လှည့်စီ ပြောင်းပေးပါဦး။

၉) အားလုံးပြီးသွားပါက Save လုပ်လိုက်ပါ။

ကဲပြီးသွားရင် မိမိ iTunes ထဲကို မြန်မာလို အမည်ပေးထားတဲ့ သီချင်းလေးတွေ ထည့်ကြည့်ပါဦး အောက်ပါအတိုင်း မြင်တွေ့ရပါလိမ့်မယ်။


ချွင်းချက်ကတော့ iTunes Library ထဲက Music တစ်ခုထဲမှာသာ မြန်မာလို အမည်ပေးထားတဲ့ သီချင်းလေးများကို မြင်ရမှာဖြစ်ပြီး Movie, Books တို့မှာတော့ မြန်မာလို အမည်ပေးထားသော်လည်း လေးထောင့်တုံးများသာ ပေါ်နေပါမည်။

No comments:

Post a Comment

Followers