Jul 18, 2015

iOS 8.4 ကို Jailbreak ပြုလုပ်ခြင်း

iOS 8.4 ထွက်ရှိပြီး မကြာခင်အချိန်မှာပဲ တရုတ်ဟက်ကာအဖွဲ့တစ်ဖွဲ့က PP ဆိုတဲ့ Jailbreak Tool တစ်ခုကို ထုတ်လုပ်ပေးခဲ့ပါတယ်။ iOS 8.4 ကို Jailbreak ပြုလုပ်ဖို့အတွက် TaiG v2.2 နှင့် PPGhost ဆိုတဲ့ Jailbreak Tool များကို အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ PPGhost ကို အသုံးပြုပြီး Jialbreak ပြုလုပ်မယ်ဆိုရင် Windows အတွက်သာ ရရှိအုံးမှာဖြစ်ပါတယ်။
PPGhost ကို ဒီနေရာကနေ Download ပြုလုပ်နိုင်မှာဖြစ်ပြီး ဖိုင်အရွယ်အစားကတော့ 46.27 MB ခန့်ရှိမှာဖြစ်ပါတယ်။ PPGhost Jailbreak Tool ကို Download ပြုလုပ်ပြီးပါက ကွန်ပျူတာတွင် အရင်ဆုံး Run လိုက်ပါ။ နောက်တစ်ဆင့်ကတော့ PP Check box မှာ အမှန်ခြစ်လေးထားပြီး အပြာရောင် ခလုတ်လေးကို နှိပ်ရမှာဖြစ်ပါတယ်။
Jailbreak ပြုလုပ်မယ့် iPhone မှာ Find My iPhone အစရှိတဲ့ Service တွေကို Disable ပြုလုပ်ထားရမှာဖြစ်ပါတယ်။ ပြီးသွားရင် အစိမ်းရောင် ခလုတ်ကို နှိပ်ပြီး Jailbreak လုပ်ငန်းစဉ်ပြုလုပ်ဖို့အတွက် လုပ်ငန်း စတင်ရမှာဖြစ်ပါတယ်။ အဆိုပါ ခလုတ်ကို နှိပ်လိုက်ရင် နောက်ထပ် Screen တစ်ခုကိုရောက်သွားပြီး iDevice အတွင်းမှာရှိတဲ့ အချို့သော Service တွေကို Disable ပြုလုပ်ဖို့အတွက် Confirm ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Confirm Button ကို နှိပ်လိုက်ရင် Jailbreak လုပ်ငန်းစဉ် စတင်မှာဖြစ်ပါတယ်။
Jailbreak ပြုလုပ်နေစဉ်အတွင်းမှာ Device ကို မည်သည့်အကြောင်းနဲ့မှ ဖြုတ်ခြင်း၊ အခြားလုပ်ငန်း လုပ်ဆောင်ခြင်းများ ပြုလုပ်ခြင်း မပြုဘဲ Display Screen မှာ Restore ပြုလုပ်သွားသည်အထိ စောင့်ပေးရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာ PP Tool ကနေ Jailbreak လုပ်ငန်းပြီးဆုံးကြောင်း Message ဖော်ပြပေးမှာဖြစ်ပါတယ်။ အဆိုပါ Message ပြပြီးလျှင် Jailbreak ပြုလုပ်တဲ့ iDevice ဟာ Reboot ပြုလုပ်သွားမှာဖြစ်ပြီး Boot ပြန်တက်လာတဲ့အခါမှာ Cydia ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
Refer Credit by : iDownloadBlog 
Refer Credit by : internet journal

No comments:

Post a Comment

Followers