Feb 11, 2014
✔Android ဖုန်းမှာ Zip File/Rar File များကို ဖြည်ချနည်းနှင့် Apk များအား Zip File အဖြစ်ပြုလုပ်ပုံ နည်းစနစ်အဆင့်ဆင့်နှင့် ဘလော့ဂ်ကာတစ်ယောက်၏ ဖွင့်ဟချက်✔
-အခုရေးသားတင်ပြပေးလိုက်တဲ့ post လေးကတော့ Android ဖုန်းအသုံးပြုတဲ့ User များအတွက် Zip ဖိုင်၊Rar ဖိုင် တွေကို ဖုန်းထဲမှာ ဖြည်ချနည်းနဲ့ Application တွေကို Apk မှ Zip File အဖြစ်ပြောင်းလဲ ပြုလုပ်ပုံ နည်းစနစ် အဆင့်ဆင့်ကို ပုံများနှင့် တကွ လက်တွေ့ကျကျ Screen Shot ရိုက်ပြီး ရှင်းလင်းတင်ပြ ပေးလိုက်ပါတယ်-
-တစ်ချို့ဆိုဒ်တော်တော်များများမှာ(နိုင်ငံခြား ပြည်ပ ဝဘ်ဆိုဒ်များအပါအဝင်) သူတို့မျှဝေလို Share လိုတဲ့ Data တွေကို Zip ဖိုင်အဖြစ်၊RaR ဖိုင်အဖြစ်၊Torrent ဖိုင် အဖြစ်၊Application အဖြစ်၊စသဖြင့် Online Storage တစ်ခုခုမှာ Uploaded တင်ပြီး Share တတ်ပါတယ်။အဲ့ဒိအခါမျိုးမှာ သူ Download Link ချထားပေးပြီး Share လိုက်တဲ့ File ကို ဒေါင်းလုဒ်ယူမယ်ဆိုတော့ ရင် မိမိရဲ့စက် Device မှာ အဲ့ဒိ Data File ကို ဖွင့်နိုင်တဲ့၊Run နိုင်တဲ့၊လက်ခံယူနိုင်တဲ့ System သော်လည်းကောင်း၊ဆော့ဖ်ဝဲ သော်လည်းကောင်း မိမိစက်ထဲမှာ အရင်ဆုံး Run ထည့်ထားဖို့ လိုပါတယ်။အဲ့လို မိမိစက်ရဲ့ System မှာလည်းမပါ၊လိုအပ်လက်ခံ ယူနိုင်တဲ့ "ဆော့ဖ်ဝဲ"တစ်မျိုးမျိုးလည်း မထည့်ထား မRun ထားဘူးဆိုရင် အဲ့ဒိ Data File ကို ဒေါင်းလုဒ်ယူနိုင်မှာ မဟုတ် ပါဘူး။
-ကွန်ပြုတာမှာဆိုရင် Win Rar Zip လိုဆော့ဖ်ဝဲမျိုး၊ ဖုန်းတွေမှာဆိုရင် Androzip တို့၊ZArchiver တို့၊B1 Archiver App လို ဆော့ဖ်ဝဲမျိုး တစ်ခုခုကို အရင် install ပြီး Run ပေးထားမှ ဒေါင်းလုဒ်ယူပြီး အဲ့ဒိ Zip တွေ၊Rar File တွေကို ဒေါင်းယူပြီး Zip ဖြည်၊Rar ဖြည်ချလို့  ရစေမှာပါ။
-Zip ဖိုင်၊RaR ဖိုင် ပြုလုပ်ပြီး တင်ရတာလည်း အကြောင်းအရင်း ရှိပါတယ်။Apk တွေ ဆယ်ခုလောက်ကို တစ်ခုချင်းစီ Upload တင်နေမယ့်အစား၊ Zip(သို့မဟုတ်)RaR အဖြစ် ချုံ့ပြီး ပြောင်းလဲ တင်ပေးလိုက်ခြင်းအားဖြင့် File Size လည်းသေးသွားစေမှာဖြစ်ပြီး အလုပ်ရှုပ် သက်သာစေကာ၊ဒေါင်းလုဒ်ယူသူများ အနေဖြင့်လည်း ဖိုင်ဆိုဒ်သေးသွားသောကြောင့် မြန်ုမြန် ဆန်ဆန် ဒေါင်းယူနိုင်မှာပဲဖြစ်ပါတယ်။
Apk တွေအများကြီးကို Zip/Rar ဖို်င်အနေနဲ့ ပြောင်းလဲချုံ့ ထားတာမို့ လင့်ခ် အနေနဲ့ကလည်း တစ်ခုထဲဖြစ်၊ဖိုင်ဆိုဒ်ကလည်း သေးသွားတာ ကြောင့် Upload တင်သူအဖို့မှာလည်း မြန်ဆန်ပြီး အချိန်ကုန်သက်သာ စေမှာ ဖြစ်သလို၊Download ရယူသူအဖို့မှာလည်း မြန်ဆန်ပြီး အချိန်ကုန်သက်သာစေမှာ ပဲဖြစ်ပါတယ်-
-နောက်တစ်ခုကတော့ Zip ဖိုင်၊RaR ဖိုင်အဖြစ် ပြုလုပ်ထားခြင်းကြောင့် မိမိ Upload တင်ထားတဲ့ Data File ဟာ Virus နှောက်ယှက်ဖျက်ဆီးခြင်း အန္တရယ်မှလည်း အလိုလို ကာကွယ်ထားပြီးဖြစ်ကာ၊လင့်ခ် သေခြင်းကိုလည်း ဖြစ်စေမည် မဟုတ်ပါ။
အဲ့ဒိတော့ Zip ဖိုင်/Rar ဖိုင် အဖြစ်ပြုလုပ်တင် ပေးထားခြင်းသည်_______
၁။ Files ဖိုင်အများကြီးကို ဖိုင်တစ်ခုထဲ အဖြစ် ချုံ့ ပေးထားခြင်းဖြစ်ပြီး ဖိုင်ဆိုဒ် သေးသွားခြင်း
၂။ Share ပေးသူမှာ Upload တင်ရာတွင် မြန်ဆန်ပြီး၊အလုပ်ရှုပ် အချိန်ကုန်မှု သက်သာ စေခြင်း
၃။Download ရယူသည့် User များ ဒေါင်းလုဒ်ယူရာတွင်လည်း မြန်ဆန်ပြီး အလုပ်ရှုပ် အချိန်ကုန်မှာသက်သာစေခြင်း
၎။Upload တင်ပေးထားသည့် Download Links များ လင့်ခ် မသေခြင်း
၅။Upload တင်ထားသည့် Data များကို Virus ပိုး ကိုက်ဖြတ်စားသောက်ဖျက်ဆီး သည့် အန္တရယ်မှ ကင်းဝေးစေခြင်း
၆။ဖိုင်ဆိုဒ်ကြီးကြီးများကို Upload တင်၍ အဆင်ပြေစေခြင်း_______________________
စတဲ့ ကောင်းကျိုးအချက်များ ရရှိစေခြင်းတို့ ကြောင့်လည်း Developer,Blogger တို့က Zip File အဖြစ်၊RaR ဖိုင် အဖြစ် Upload တင် လင့်ခ်ချ၍ Share ပေး၊မျှဝေရခြင်းပဲ ဖြစ်ပါတယ် ခင်ဗျား-
-အခုကစပြီး Android ဖုန်းမှာ Zip ဖိုင်/Rar ဖိုင် ဖြည်ချနည်းနဲ့ မိမိကိုယ်တိုင် ဇစ်ဖိုင် အဖြစ်ပြုလုပ်တတ်စေဖို့အတွက် အောက်က စာအုပ်ကို ဒေါင်းယူပြီး လေ့လာ နိုင်ပါပြီ-
____________________________________________________________________________
♕ဇစ်ဖြည်ဆော့ဖ်ဝဲ အားဒေါင်းရန်♕ 
   (B1 Free Archiver Apk)
 http://www.mediafire.com/?arm8q9c9nsxuhia 
♕ပြုလုပ်နည်းစာအုပ်အား ဒေါင်းရန်♕ 
 http://cdn.2safe.com/3467036120/zip&rar-easy-extract-method-by-kozawthwin.pdf 
 -Android ကိုအခုမှ စကိုင်တဲ့ စသုံးကာစ User များအတွက်တော့ Zip ဖိုင်တို့ RaR ဖိုင်တို့ကို ဖြည်ရာမှာ အခက်အခဲတွေ့စေတာ မှန်ပါတယ်-
-ဒါပေမယ့် တစ်ချို့ User တွေက ကိုယ့်ရဲ့ နားမလည်မှု၊မကျွမ်းကျင်သေးမှု၊ကိုယ့်ရဲ့ အားနည်းချက်ကို ကိုယ့်ကိုယ်ကို ပြန်မမြင်ပဲ နဲ့ အားလုံးကောင်းကျိုးအတွက်၊အားလုံး အဆင်ပြေပြေနဲ့ အဆင်သင့် လွယ်လင့်တကူ ရရှိအသုံးပြုနိုင်စေဖို့အတွက်၊ကိုယ့်ထမင်း ကိုယ်စားပြီး အချိန်ကုန်ခံ၊ပိုက်ဆံကုန်ခံ၊မျက်စိ
-နည်းပညာဆိုဒ်တို့၊နည်းပညာ groupတို့၊ နည်းပညာ fan page တွေဟာ Porn ဆိုဒ်၊ အောဆိုဒ်၊ကလေကချေဆိုဒ်တွေလိုမျိုး ရင့်ရင့်သီးသီး comment ဝင်ရေးတာတို့၊post တင်သူတွေရဲ့ "မဟာစေတနာ"ကိုစော်ကားတဲ့ စကားလုံး မျိုးတွေ လိုလားမှာ မဟုတ်ပါဘူး၊နှစ်သက်မှာ လည်းမဟုတ်ဘူး၊ခွင့်ပြုငြိမ်ခံနေမှာလည်း မဟုတ်ဘူးဆိုတာကို မေတ္တာရပ်ခံတဲ့အနေနဲ့
ဒီ post ကနေပြီး အသိပေး ရေးသားလိုက်ပါတယ်-
-Developer ဆိုတာကလည်း ဘာမှမသိခင် က User အဆင့်ပါပဲ။ပြီးပြည့်စုံတဲ့ ပညာရပ်ဆို တာမရှိပါဘူး။လေ့လာမှုမှာ ဆုံးခန်းတိုင်တယ်ဆိုတာလည်း မရှိပါဘူး။
အဲ့ဒိတော့ဗျာ Blogger နဲ့ User အတူတူ လက်တွဲဖေးမပြီး တယောက်နားမလည်တာ တယောက်ကူညီရင်းနဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာလောကကြီးကို ရှာဖွေ၊ဆည်းပူး၊ လေ့လာ စမ်းစစ် ဆန်းသစ် ရင်းနဲ့ ကမ္ဘာ့နည်းပညာကို ကျုပ်တို့ မြန်မာတွေ အတူတူ ရင်ပေါင်တန်းနိုင်စေဖို့ ဆန္ဒပြုရင်း___
            အဆင်ပြေပါစေ။
                           ကိုဇော်သွင်(နည်းပညာ)
ဆော့ဝဲမြို့တော်
No comments:
Post a Comment
Followers