Nov 29, 2014

Allwinner A23 Tablet firmware Download နဲ့ တင်နည်း








 
 
 အခုနောက်ပိုင်း တရုတ် tablet တော်တော်များများက Allwinner A23 chip တွေနဲ့ပဲလာတော့ပါတယ်..အဲဒီမှာ အရင် A13 ပဲတွေ့ဖူးနေတော့ firmware တင်ဖို့အခက်တွေ့ရပါတယ်....ကျွန်တော်ကိုယ်တိုင် ရှာဖွေပေမယ့် မြန်မာပြန် post တစ်ခုမှမတွေ့ရပါ...အဲဒါနဲ့ ဒီ post ကိုရေးရခြင်းဖြစ်ပါတယ်... (အရင်ဆုံးလုပ်ရမှာက မိမိစက်ထဲမှာရှိတဲ့ antivirus တွေအကုန်လုံး disable လုပ်ဖို့ပါ) ပေးထားတဲ့လင့်ထဲက suite လေးကိုဒေါင်းပြီး ဖြည်ချလိုက်ပါ အဲဒီထဲက PhoenixUSBPro.exe ကို run လိုက်ပါ(ပုံ-၁) ပြီးလျှင် suite ထဲက KEY ဆိုတဲ့ buttom လေးကို နှိပ်ပြီး ဒေါင်းလို့ရလာတဲ့ထဲက KEY file လေးကိုရွေးပေးလိုက်ပါ (ပုံ-၂/၃) အဲဒီနောက် IMAGE buttom ကိုနှိပ်ပြီး သက်ဆိုင်ရာ firmware image file ကိုရွေးပေးလိုက်ပါ (ပုံ-4) (Firmware ကတော့ မိမိ Mainboard မှာပါတဲ့ ID အတိုင်းရှာဒေါင်းလိုက်ပေါ့) ကျွန်တော်စမ်းသပ်အောင်မြင်ထားတဲ့ firmware ကို လင့်ပေးထားပါတယ် လိုအပ်တယ်ဆိုဒေါင်းထားလိုက်ပေါ့ (ပုံ-၅) ပြီးရင် START buttom ကိုနှိပ်လိုက်ပါ (ပုံ-၆) အဲဒီမှာ ညာဘက်ဒေါင့်နားလေးမှာ အမှတ်ခြစ်အစိမ်းရောင်လေးပေါ်လာရပါမယ် ချက်ချင်းမပေါ်လျှင်စောင့်လိုက်ပါ(ပုံ-၇) အဲဒီနောက်မှာတော့ tablet မှ Vol + ကိုနှိပ် USB ကြိုးထိုးပြီး Power buttom ကို ခုနစ်ချက်နှိပ်ပါ driver searching လုပ်ပါမယ် driver မသိလျှင် My computer > right click > properties > device manager > ထဲက unknown device ကို right click > update driver software ကိုနှိပ် Browse my computer for driver software > Browse > လုပ်ပြီး ဒေါင်းလို့ရလာတဲ့ထဲက USB driver folder ကိုညွှန်းပေးပြီး next လုပ်လိုက်လျှင် driver သိသွားပါမယ် (ပုံ-၈) အဲဒီနောက်မှာတော့ suite က firmware တင်ခြင်းကို စတင်နေပါပြီ (ပုံ-၉) မှာ အနီပြထားတဲ့အကွက်ထဲမှာ % တွေတက်လာပြီး 100% ပြည့်လျှင်တော့ firmware တင်ခြင်းပြီးဆုံးပါပြီ.....အားလုံးအဆင်ပြေကြပါစေ...
အသုံးဝင်တယ်ထင်လျှင် ၀ိုင်း Share ပေးကြပါ
 
http://www.thantoeaung.net
 
 
suite link - http://d-h.st/DxM
firmware link - https://yadi.sk/d/tCD-IyTRY4KRi

credit - Sithu Myo
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ

No comments:

Post a Comment

Followers