Sep 2, 2014

Blue screens of death ပြဿနာများ ဖြစ်ပွားခြင်းကြောင့် Windows 8.1 update များကို uninstall လုပ်ရန် Microsoft အကြံပြု

လွန်ခဲ့သည့် ရက်သတ္တပတ်က Windows 8.1 patch ကို download ပြုလုပ်ပြီး အသုံးပြုသူများသည် blue screens of death နှင့် restart ထပ်ခါတလဲလဲ ဖြစ်သည့် ပြဿနာများနှင့် ကြုံတွေ့ခဲ့ရပြီးနောက် Windows Update မှ patch များကို uninstall ပြုလုပ်ရန် Microsoft မှ အကြံပြုခဲ့သည်။
အဆိုပါ ပြဿနာများသည် patch လေးခုနှင့် သက်ဆိုင်ကြောင်း Microsoft မှ ပြောကြားခဲ့သည်။ ၎င်း patch များသည် system ကို တည်ငြိမ်မှု မရှိစေဘဲ ကွန်ပျူတာရှိ မည်သည့် font များတွင်မဆို ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ဆိုသည်။
Microsoft ၏ အဆိုအရ %windir%\fonts\ မှလွဲ၍ အခြားမည်သည့် နေရာတွင်မဆို install လုပ်ထားသည့် font များကို ပြောင်းလဲနိုင်ခြင်း မရှိကြောင်း၊ ပြောင်းလဲရန် ကြိုးပမ်းသည့်အခါ “File in use” error message နှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း သိရသည်။
ပြဿနာများ ဖြစ်ပွားစေသည့် patch လေးခုမှာ သြဂုတ်လအတွင်း ဖြန့်ချိခဲ့သည့် 2982791 MS14-045, 2970228 Update, 2975719 August 2014 update နှင့် 2975331 August 2014 update တို့ဖြစ်သည်။
အကယ်၍ အဆိုပါ patch များကို Windows 8.1 တွင် install လုပ်ခဲ့ပါက Programs > Programs and Features သို့သွားပြီး ၎င်း Programs and Features ၏ ဘယ်ဘက်ခြမ်းတွင် View installed updates ကိုနှိပ်ကာ install လုပ်ထားသည့် update များကို ကြည့်ရှုနိုင်သည်။

အဆိုပါ update များကို uninstall ပြုလုပ်ရန်အတွက် ၎င်းတို့ကို click နှိပ်ပြီး uninstall ကိုနှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

Ref: DigitalTrends


Credit Internet Journal

No comments:

Post a Comment

Followers