Jul 11, 2014

Mac Firmware Password ပေးခြင်း

efi
Enabling Firmware Password Protection on Your Mac
Method 1
Mac တွေမှာ single user mode ကိုဝင်ပြီး admin password ကို command သုံးကြောင်းလောက်ရိုက်ပြီး အလွယ်တကူဖယ်နိုင်ပါတယ်။ ဒါကြောင့် Mac ကမလုံးခြုံတော့ဘူးလား လို့ မေးလာခဲ့ပါက လုံခြုံမူအရှိဆုံး firmware password ပေးထားပြီး ကာကွယ်နိုင်ပါတယ်။
အရေးအကြီးဆုံးသတိထားရမယ့်အချက်ကတော့ firmware password များပေးထားပြီးမေ့သွားခဲ့လျင်တော့ windows laptop, PC တွေလို့ CMOS shock တိုက်၊ battery ဖြုတ်လောက်ရုံနဲ့ မရပါဘူး။ Apple Service ကိုပို့ပြီး ဖြုတ်ရုံမှလွဲပြီး အခြားနည်းလမ်းမရှိသေးပါဘူး။ အချို့ Mac frimware password ဖြုတ်ပေးမယ် US$90 ဆိုတဲ့ ကြေငြာတွေကလည်း Mac ကိုပို့ပေးမှရမှာပါ။ ဒါကြောင့် မလိုအပ်ပဲမစမ်းသပ်သင့်ပါဘူး။
ဒီ firmware password ဆိုတာ Intel processors အသုံးပြု Mac တွေမှာ Extensible Firmware Interface (EFI) ကိုအသုံးပြုပြီး Mac ကို hardware level ထိ အကာအကွယ်ပေးထားပါတယ်။
ပုံမှန်အားဖြင့်တော့ firmware password ဟာ disabled လုပ်ထားပေးပါတယ်။ ဒါကို enable လုပ်လိုက်ရင်တော့ ပုံမှန် စက်ဖွင့်သုံးလုပ်ငန်းစဉ်မှာ password တောင်းမှာမဟုတ်ပေမယ့် user ဟာ firmware setting ပြင်မယ်၊ single user mode ဝင်မယ်၊ အခြား ဟာ (ဥပမာ USB ) အသုံးပြုပြီး Boot လုပ်မယ်ဆိုတဲ့အချိန်မှာ password တောင်းပါတယ်။
ထပ်ပြောပြီးသတိပေးပါမယ့် ဒီ firmware မေ့သွားပြီဆိုရင်တော့ mobile တွေလို firmware ပြန်တင်မယ်စိတ်မကူးပါနဲ့ မရပါဘူး။ ဒါကြောင့် မဖြစ်မနေ အခြေနေကာကွယ်မှုမျိုးလိုအပ်မှ firmware password ပေးပါ။ ဘယ်နေရာတော့ အသုံးဝင်မလဲဆိုရင်တော့ Mac အခိုးခံရတယ်။ firmware password လည်းပေးထားမယ်ဆိုရင်တော့ Apple ကို serial no နဲ့ ပျောက်ဆုံးကြောင်း အကြောင်းကြားထားလို့ရပါတယ်။ ဘာလို့လဲဆိုတော့ Apple Service နေရာများမှလွဲလို့ အလွယ်တကူဖြုတ်လို့မရလို့ပဲဖြစ်ပါတယ်။
ဒါဆို ဘယ်လို firmware password ပေးကြမလဲ။ ပုံမှန်ပေးနည်း (၁)
OS X 10.7 အထက်ဆို စက်အဖွင့်မှာ Option နိုပ်ထားပါ။ ပြီးအခြားBoot (ဥပမာ Recovery HD) ရွေးပါ။ (10.6 အောက်ဆိုရင်တော့ Boot DVD သုံးပါ)။
ပြီးရင် Utilities > Firmware Password Utility ရွေးပါ။
ပြီးရင် ပေးချင်တဲ့ password နှစ်ကြိမ်ရိုက်ပြီးပေးလိုက်ပါ။
နောက် restart လုပ်ပါ။ မူရင်; Boot ပြန်ရွေးရအောင် Option တခါရွေးပါ။
ဒီတခါ password တောင်းပါလိမ့်မယ်။ ဒါဆို ခုန password ပေးပြီးဝင်လိုက်ပါ။ ပြီးမူလ boot hd partition ပြန်ရွေးလိုက်ပါ။
ပြန်ပြီး password protect disabled လုပ်ချင်ပါက အပေါ်အဆင့်တွေအတိုင်းသွားပါ။ password ရိုက်ပြီး disabled လုပ်လိုက်ရုံပါပဲ။

Credit Apple4mm
+++++++++++++++++++++++++++++++++++++++++++++++++++++++

No comments:

Post a Comment

Followers