Jun 6, 2014

iOS 8 Safari မှ တိုက်ရိုက် Scan ဖတ်နိုင်

iOS 8 ၏ New feature တစ်ခုအဖြစ် Safari browser ကို အသုံးပြုသူများ Online purchase လုပ်ရာတွင် လိုအပ်သော Credit card နံပါတ်များကို ရိုက်သွင်းရမည့်အစား Device ၏ ကင်မရာကို အသုံးပြုပြီး Credit card ကို တိုက်ရိုက် Scan ဖတ်နိုင်သွားပါပြီ...

ပုံမှန်အားဖြင့် Online purchase လုပ်တဲ့အခါ မိမိရဲ့ Credit card နံပါတ်ကို ရိုက်သွင်းလိုက်တာနဲ့ Safari က ယခင်က stored လုပ်ထားခဲ့တဲ့ credit cards နဲ့ ပက်သက်သက်တဲ့ အချက်လက်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ယခု iOS 8 ရဲ့ Safari မှာတော့ အပေါ်ကပုံစံအတိုင်း manual ရိုက်သွင်းနိုင်မည့်အပြင် "Scan Credit Card" option ကို အသုံးပြုပြီး card ကို ဓါတ်ပုံရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။ Optical character recognition နည်းပညာကို အသုံးပြုပြီး ဖြည့်သွင်းရမယ့် နေရာမှာ နံပါတ်တွေ အလိုလျှောက် ဖြည့်ပေးသွားပါလိမ့်မယ်။


Website developer တွေအနေနဲ့ အဆိုပါ feature အတွက် website မှာ ဘာမှ ထပ်မံပြုပြင်စရာ မလိုပါဘူး၊ Credit card နံပါတ် လိုအပ်လို့ တောင်းလာချိန်မှာ Safari က အလိုလျှောက် လုပ်ဆောင်သွားပါလိမ့်မယ်။

iPad iOS ရဲ့ Safari မှာ OS X Yosemite ရဲ့ desktop view ကဲ့သို့ အသုံးပြုနိုင်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်..

Enjoy iOS 8 !!!




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား Side bar တွင် "Donate" လုပ်ခြင်းဖြင့် မေတ္တာတုံပြန်နိုင်ပါသည်...

မိုးသိကြား

No comments:

Post a Comment

Followers