May 7, 2014

How to Live with iOS 7.1+

iOS 7.1+ အတွက် Jailbreak ကို Evasi0n က ထပ်မံထုတ်ပေးဖို့ မသေချာတော့ပဲ နောက်ထပ်၍ အချောသပ်ထွက်လာမယ့် iOS 8 ရောက်အောင် စောင့်နေတယ်လို့ သတင်းများ ထွက်ပေါ်လျှက်ရှိပါတယ်။

အတည်မပြုနိုင်သော်လည်း ယခုအခြေအနေသည် iOS 6.1.3 နှင့် iOS 7 ကြား ကာလတုန်းက ကဲ့သို့ Apple က iOS 7 ကို minor fix လေးတွေ လိုက်ပြုပြင်နေတဲ့ အတွက် version တွေ ဆက်တိုက် ထွက်လာပေမယ့် ထူးထူးခြားခြား ပြောင်းလဲမှု ဘာမှမရှိခဲ့ပါဘူး။

ဒါကြောင့်မို့ iOS 8 ထွက်လာတော့မှသာ Jailbreak ထုတ်ပေးတော့မယ် ဆိုတဲ့ သတင်းဟာ ဖြစ်နိုင်ခြေ ရာနှုန်းများနေပါတယ်...

Update လေးပေးရင် ခေတ်နောက်ကျခဲ့မှာ စိုးရိမ်လို့ ခြေမြန်လက်မြန်နဲ့ iOS 7.1+ ကို update အပြေးလေး တင်မိသူများ Jailbreak မရတော့တဲ့ အခါ မြန်မာစာတွေ ဖတ်မရ၊ သုံးနေကြ App တွေ မသုံးရလို့ စိတ်ညစ်နေသူများ အတွက် "iOS 7 နှင့် အဆင်ပြေစွာ နေထိုင်နည်း" ဆောင်ပါးလေးကို ပြန်လည်ပြီး ဖတ်ရှုစေချင်ပါတယ်။

>> iOS 7 နှင့် အဆင်ပြေစွာ နေထိုင်နည်း

မြန်မာစာ ဖတ်ရှုနိုင်ရန် အတွက် နောက်ထပ် Update သတင်း

"MyFont"

Jailbreak မလုပ်ထားတဲ့ iDevice တွေမှာ မြန်မာစာ ဖတ်နိုင်ရန် အတွက် (ယခင် FontFace code) ကို Developer "ဟိန်းသက်ခင်ဇော်" က Application တစ်ခု အဖြစ် ဖန်တီးပေးထားပြီး AppStore မှာ Free ရယူနိုင်ပါတယ်။
'Zawgyi-One' နှင့် 'Tharlon' font နှစ်မျိုးပါရှိပြီး 'Safari' မှာ ကောင်းမွန် မှန်ကန်စွာဖြင့် မြန်မာစာကို ဖတ်ရှုနိုင်ပါတယ်။

>> MyFont (AppStore)

iOS 8 အထိ အားတင်းထားလိုက်ကြပါဦး...




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....


မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

No comments:

Post a Comment

Followers